ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို မြို့နယ်အနီးမှာရှိတဲ့ ကမ္ဘာကျော် ဂုတ်ထိပ် တံတားကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ပူးပေါင်း အဖွဲ့တွေက ထိန်းချူပ်ထားတယ်လို့ မြေပြင် စစ်ရေး သတင်းရင်းမြစ်တွေက ဧရာ၀တီကို ပြောပါတယ်။
ဂုတ်ထိပ်တံတားဟာ တည်ဆောက်ထားတဲ့ နည်းပညာ အဆင့်မြင့်မှုနဲ့ သဘာဝ ပတ်ဝန်းကျင်လှပမှုတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားတဲ့ တံတားဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းမှာလည်း ပါဝင်ပါတယ်။
လက်ရှိ ၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေး မှာတော့ နောင်ချိုမြို့မှာ ရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၁၁၄ နဲ့ ၁၁၅ တပ်စခန်းအပြင် မြို့ပေါ် ဌာနဆိုင်ရာ ရုံးတွေနဲ့ အရေးပါတဲ့ နေရာတွေကို TNLA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပြီး ကျန်နေသေးတဲ့ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်။
#TNLA #ဂုတ်ထိပ်တံတား #နောင်ချို #၁၀၂၇စစ်ဆင်ရေး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR