• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

by ဧရာဝတီ
13 September 2023
in သတင်း
A A
စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

တမူး - ကလေးတောလမ်းများမှ ကုန်ပစ္စည်းများ သယ်ဆောင်နေကြသည့် ဒေသခံများ (ဓာတ်ပုံ- UzarNi)

1.4k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်သို့ ဝင်ရောက်သည့် လမ်းကြောင်းများ ၄ လနီးပါးအထိ ပိတ်ဆို့ခံထားရသည့်အတွက် အခြေခံစားသောက် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာသလို ကုန်ပစ္စည်းများ ပြတ်လာသဖြင့် ဒေသခံတချို့ မြို့ကို ယာယီ စွန့်ခွာမှုများရှိနေကြောင်း တမူးမြို့ခံများက ပြောသည်။

တမူးမြို့နယ်၏ အဓိက ဆက်သွယ်ရေးလမ်းကြောင်း ကလေး- တမူးကားလမ်းကို ပြီးခဲ့သည့် ဇွန် ၁၅ ရက်ကတည်းက စစ်ကောင်စီနှင့် တော်လှန်ရေးတပ် နှစ်ဖက်စလုံး ပိတ်ဆို့ထားပြီး စားသောက်ရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ လူမှုရေး အဘက်ဘက်မှ အကျပ်ရိုက်လာသဖြင့် ဒေသခံများ မြို့မှနေ ယာယီနေရပ်စွန့်ခွာပြီး အခြား မြို့ကြီးများနှင့် ဆွေမျိုးမိတ်ဆွေများရှိရာသို့ ပြောင်းရွှေ့နေထိုင်မှုများရှိလာကြောင်း မြို့ခံများက ဆိုသည်။

တမူးမြို့ခံ အမျိုးသမီးတဦးက “ကလေး- တမူးကားလမ်းလည်းပိတ်၊ အိန္ဒိယနယ်စပ်ကိုလည်း ပိတ်ထားတော့ လူတွေ အလုပ်မရှိ၊ ဝင်ငွေမရှိတဲ့အချိန် ကုန်ဈေးနှုန်းက မိုးထိအောင် တက်နေတယ်။ အဲဒီကြားထဲမှာ လုံခြုံရေးလည်း မကောင်းတော့ ဓားပြတိုက်တာတွေလည်း ရှိနေတယ်။ အဲဒါကြောင့် တမူးမြို့က လူနေလို့ မရတော့တဲ့အထိ ဖြစ်နေ တယ်။ ဂေါ်ရခါးလူမျိုးတချို့နဲ့ ပိုက်ဆံရှိတဲ့တချို့ဆိုရင် မန္တလေး၊ မြစ်ကြီးနား အဲဒီဘက်ကို သွားနေထိုင်တာတွေ ရှိ တယ်” ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလောတွင် မြို့နယ်အတွင်း၌ စားအုန်းဆီမှာ ဝယ်ယူ၍ မရနိုင်အောင် ပြတ်လပ်နေသလို၊ ရိုးရိုးဆန် ၁ အိတ်လျှင် ကျပ် ၈၀၀၀၀ ရှိရာမှ ယခု ၁၇၀၀၀၀၊ ဓာတ်ဆီ ၁ လီတာ ကျပ်၂၅၀၀ မှ ယခု ၈၀၀၀၊ ကြက်ဥ ၁ လုံး ၃၀၀ မှ ယခု ကျပ် ၇၀၀၊ နို့ဆီဗူး ၁ လုံး ကျပ် ၃၂၀၀ ကနေ ယခု ၄၀၀၀ စသည်ဖြင့် ကုန်ဈေးနှုန်းများ အဆမတန်တက်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

တမူးမြို့ခံတဦးက “ကားလမ်းပိတ်တာက အခုဆိုရင် ၄ လနီးပါးတောင်ရှိပြီဆိုတော့ လူတွေ မသေရုံပဲ ရှိတော့တယ်။ ခရမ်းချဉ်သီး ၃ လုံး ၁ ထောင်၊ ကြက်ဥ ၁ လုံး ၇၀၀၊ အဲဒါတောင်မှ ဆိုင်တွေမှာ မရှိလို့ ကယ်ရီသမားတွေဆီက အလု အယက် ဝယ်ကြရတာ” ဟု ဧရာဝတီကို ပြောသည်။

တမူး- ကလေးကားလမ်း ပြန်ဖွင့်ရာ ယနေ့ ၅၁ မိုင်တွင် အတက်ကား အစီး ၂၀ကို စတင်လွှတ်သည်(ဆာကူရာဖိုးတင်)

ယင်းပြင် တမူးမြို့နယ်၏ အဓိက ကူးသန်းရောင်းဝယ်သည့် အိန္ဒိယနယ်စပ်တလျှောက် ဝင်ပေါက်ထွက်ပေါက်ဂိတ်များ မှာလည်း ပြီးခဲ့သည့်ဇွန်လက မဏိပူရပြည်နယ်အတွင်း ကူကီးနှင့်ကသည်းလူမျိုးတို့ကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် နယ်စပ်ဂိတ်များကို အိန္ဒိယအစိုးရက လုံးဝ ပိတ်ထားလိုက်ကြောင်း မြို့ခံများက ပြောသည်။

ထိုသို့ လမ်းကြောင်းများပိတ်ဆို့ခြင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရခြင်းကြောင့် ဘက်ပေါင်းစုံမှ အကျပ်ရိုက် မှုရှိလာသည့်အတွက် စက်တင်ဘာ ၁၁ ရက်မှစ၍ ကလေး- တမူးကားလမ်းကို ပြန်ဖွင့်ပေးကြောင်း၊ ကလေး- ရေဦး- တန့်ဆည်- မဟာမြိုင်လမ်းကြောင်းပေါ် ရောက်ရှိနေသော ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များမှာ ယမန်နေ့ ကစ၍ တမူးသို့ စတင်ထွက်ခွာနေကြကြောင်း တမူးဒေသခံကုန်သည်တချို့က လူမှုကွက်ရက်ပေါ်တွင် ရေးသားထား သည်ကို တွေ့ရသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
169
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
106
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ယင်းသတင်းနှင့်ပတ်သက်၍ ဧရာဝတီက မေးမြန်းရာတွင် တမူးမြို့ခံတဦးက “ဒီအတိုင်းပိတ်ထားရင် မလွယ်ဘူး၊ သေကြရတော့မယ်လေ။ လမ်းကြောင်း ပြန်ဖွင့်တယ်လို့တော့ ကြားတယ်။ အဲဒါလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အခုညနေပိုင်းအထိ ကားတွေဘာတွေ ဝင်လာတာ ဘာမှတော့ မတွေ့သေးဘူး” ဟု ပြောသည်။

တမူး – ကလေးတောလမ်းများမှ ကုန်ပစ္စည်းများ သယ်ဆောင်နေကြသည့် ဒေသခံများ (ဓာတ်ပုံ- UzarNi)

ကလေးနှင့် တမူးကားလမ်းမသည် မိုင် ၈၇ ကွာဝေးကာ ပြီးခဲ့သည့် ဇွန် ၁၅ ရက်က တမူးမြို့နှင့် ၇ မိုင်ခန့်ဝေးသည့် ပန်း သာကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သလို၊ ဇူလိုင်၂၃ ရက်ကလည်း ကလေး- တမူးကားလမ်းပေါ်ရှိ ခါမ်းပါတ်မြို့ပေါ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့ပေါ်သို့ လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းပြင် သြဂုတ် ၁၈ ရက် ညနေပိုင်းတွင် ခါမ်းပါတ်မြို့မှနေ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်တို့ကြား တမူးနှင့်၂၄ မိုင်ခန့်ကွာဝေးသည့် ဘုက္ကန်ရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ညအချိန် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဘုက္ကန်ရွာအပါအဝင် အနီးဝန်းကျင်ရှိရွာသားများမှာ အိန္ဒိယ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

ထိုသို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ကလေး- တမူးကားလမ်းမတလျှောက်တွင် စစ်ရေးတင်း မာနေပြီး အပြန်အလှန် လမ်းပိတ်ဆို့ထားသည့်အတွက် ဇွန် ၁၅ ရက်နောက်ပိုင်းကတည်းက ဒေသခံများ ယင်းလမ်း ကြောင်းကို အသုံးပြုခွင့်မရဘဲ တောလမ်းများကနေတဆင့် စစ်ကောင်စီစခန်းများကိုကွေ့ပတ်ကာ ဆိုင်ကယ်များဖြင့် ခဲရာခဲဆစ် ရိက္ခာဝယ်ယူစားသောက်ကြရကြောင်း ဒေသခံများက ပြောသည်။

မြန်မာ- အိန္ဒိယနယ်စပ်မြို့ဖြစ်သည့် တမူးမြို့နယ်အတွင်း၌ ချင်းတိုင်းရင်းသားများအပါအဝင်၊ နာဂ၊ ဗမာ၊ ဂေါ်ရခါးလူမျိုး တို့ အများဆုံးနေထိုင်ကြပြီး စုစုပေါင်း လူဦးရေ ၁ သိန်းခွဲဝန်းကျင်ရှိကြောင်း သိရသည်။

You may also like these stories:

တိုက်ပွဲ ကြောင့် လမ်းများပိတ်သဖြင့် တမူး၌ ကုန်ဈေးနှုန်း အဆမတန်တက်

စစ်ပွဲနဲ့ ကုန်ဈေးနှုန်းကြားက စစ်ရှောင်တောင်သူတို့ရဲ့ ဘ၀

ကလေးမြို့တွင် စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ပြတ်

Your Thoughts …
Tags: ကုန်ဈေးနှုန်းတမူးကားလမ်းတိုက်ပွဲအိန္ဒိယနယ်စပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

Next Post
ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

ထိုင်းပိုင်နက်ထဲ စစ်ကောင်စီတပ် ဝင်ရောက်မှု စုံစမ်းစစ်ဆေးရန် တိုက်တွန်း

ထိုင်းပိုင်နက်ထဲ စစ်ကောင်စီတပ် ဝင်ရောက်မှု စုံစမ်းစစ်ဆေးရန် တိုက်တွန်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved