၂၀၂၅ နှစ်သစ်ကူးချိန်ကနေ ၁၄ ရက်ကြာ ကာလအတွင်း မြို့ပေါင်း ၁၃ မြို့ မှာ လေကြောင်း တိုက်ခိုက်မှု ၁၅ ကြိမ်ထက် မနည်းရှိခဲ့ပြီး၊ သေဆုံးသူ ၁၀၀ နီးပါးရှိပြီဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့ မနေ့ကတရက်ထဲမှာပဲ ကချင်ပြည်နယ် ဖားကန့် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ကျောက်မဲမြို့တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဟာ ဇန်နဝါရီ ၁၀ ရက်နေ့က ကျရောက်တဲ့ ကချင်ပြည်နယ်နေ့ နှစ်သစ်ကူး သဝဏ်လွှာမှာ ငြိမ်းချမ်းရေးစကားပြောဆိုထားပြီး ဇန်နဝါရီ ၁၁ ရက်နေ့မှာပဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ လက်နက်စွန့်ပြီး ငြိမ်းချမ်းရေးလာရောက် ဆွေးနွေးကြဖို့ ဆက်တိုက် ဖိတ်ခေါ်နေပေမယ့် လက်တွေ့မှာ တော့ နှစ်သစ်ကူးပြီးနောက် လေယာဉ် ၂ စင်း ထပ်မံအားဖြည့်ခဲ့ပြီး လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု တွေကို အဆက်မပြတ် လုပ်ဆောင်နေတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy