• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေစက်တော်ဘုရားပွဲဖွင့်နိုင်ရေး အနီးနားကျေးရွာများ စစ်တပ် စစ်ကြောင်းထိုး

by ဧရာဝတီ
14 January 2025
in သတင်း
A A
ရွှေစက်တော်ဘုရားပွဲဖွင့်နိုင်ရေး အနီးနားကျေးရွာများ စစ်တပ် စစ်ကြောင်းထိုး

ရွှေစက်တော် ဘုရားပွဲကျင်းပခဲ့စဉ် (ပုံဟောင်း)/ MOI

1k
VIEWS
Share on FacebookShare on Twitter

မကွေးတိုင်း မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရွှေစက်တော်ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပွဲတော်ကျင်းပရန်အတွက် ကိုင်းမကြီးရွာအနီး ရွှေစက်တော်ဘုရားအဝင်မုခ်ဝ၊ ဘုရားရွာ၊ ပဒေါင်းရွာတို့၌ အင်အား အလုံးအရင်းဖြင့် စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များက တပ်စွဲထားသလို အနီးနားကျေးရွာများအား စစ်ကြောင်းထိုး၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၀ ရက်မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းဖြင့် ရွှေစက်တော်အနီး အိမ်ခြေ ၁၅၀ ကျော်ရှိ အိုးပြင်မဲကျေးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၃၇ လုံး မီးရှို့ဖျက်ဆီးခဲ့ရာ မင်းဘူးမြို့နယ်အတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

“ ဆည်တော်လေးလမ်းမှာ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ ရှိတယ်ဆိုပြီး သူတို့ ထိုးလာတာပေါ့၊ ငဖဲဘက်မှာလည်း စစ်ကြောင်းတွေကတော့ ရှိနေတယ်၊ ငဖဲဘက်ကတော့ AA နဲ့ ဆက်စပ်တယ်၊ နောက်တခုက ရွှေစက်တော်ဘုရားကို သူတို့ ဖွင့်ချင်နေတာပေါ့ဗျာ၊ အဲဒါကြောင့် အခုလို စစ်ကြောင်းထိုးနေတာ၊ ကျနော်တို့နဲ့ ထိတွေ့တာမျိုး တွေ မရှိဘဲ ရွှေစက်တော် အနီးနားက အိုးပြင်မဲရွာကို ဝင်စီးပြီးတော့ ရွာတောင်ပိုင်း ကွက်သစ်က အိမ်တွေကို မီးရှို့သွားကြတာ ” ဟု မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောသည်။

စစ်ကြောင်းတွင် မကွေးမြို့နယ် အခြေစိုက် အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် (တမခ ၈၈) နှင့် လက်အောက်ခံ စကု အခြေစိုက် ခလရ ၁၀၊ မီကျောင်းရဲအခြေစိုက် ခလရ ၈၃၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) လက်အောက်ခံ မင်းဘူး အခြေစိုက် ခလရ ၈၈ မှ စုပေါင်းထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်ပြီး အိုးပြင်မဲ၊ အိုင်းမ၊ အောက်ကျောင်း၊ လက်ပတော၊ တင်ပြင်ခွေ၊ ဆည်ရွာကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

“လက်ရှိ အိုးပြင်မဲတရွာလုံး စစ်ရှောင်နေရတယ်၊ နောက်တခု အနီးဝန်းကျင်ရွာတွေလည်း စစ်ရှောင်နေရတယ်ဗျ၊ လက်ရှိ ရွှေစက်တော်ဘက်မှာ တပ်က ထိုင်နေတာဗျ၊ ရွှေစက်တော်ဘက်တော့ မကျဘူးပေါ့ဗျာ၊ အိုးပြင်မဲဆိုတာ အိုင်းမတို့ လက်ပတောတို့ဘက်မှာပေါ့လေ၊ တင်ပြင်ခွေအထိ စစ်ကြောင်းထိုးလာတယ်၊ အဲဒီကနေပြီးတော့ ရွှေစက်တော်ကို တက်တဲ့ လမ်းရှိတယ်၊ ဆည်တော်လေး လမ်းပေါ့နော်၊ ကျနော်တို့အဖွဲ့တွေက အဲဒီဘက်မှာ အထိုင်ချတပ်စွဲထားတာမျိုးတော့ မရှိဘူးဗျ”ဟု မင်းဘူးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

မီးရှို့ခံရသော အိုးပြင်မဲကျေးရွာမြင်ကွင်း/ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)

အိုးပြင်မဲရွာကို ဒီဇင်ဘာ ၂၂ ရက်က ဝင်ရောက်စီးနင်းရာတွင် ထွက်မပြေးနိုင်ဘဲ နေအိမ်၌ ကျန်ရစ်ခဲ့သော နာမကျန်း ဖြစ်နေသည့် ဦးတင်အေးဆိုသူ အစာရေစာ ပြတ်၍ သေဆုံးခဲ့သလို ကျေးရွာအတွင်းရှိ နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်း ခိုးယူသွားပြီး ဘုန်းကြီးကျောင်းရှိ နာရေးကားများကိုလည်း ကရိန်းဖြင့် သယ်ယူသွားသေးကြောင်း ဒေသခံများက ဆိုသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

ရွှေစက်တော်ဘုရားသည် မင်းဘူးမြို့အနောက်တောင်ဘက် ၂၆ မိုင်ခန့်အကွာ စကုမြို့၏ အနောက်တောင်ဘက် ၁၆ မိုင်အကွာ အနောက်ရိုးမအရှေ့ဘက်ဆုံး တောင်စွယ်ပေါ် တွင်တည်ရှိကာ မင်းဘူး၊ စကုမြို့များမှ ကားလမ်းဖြင့် သွားနိုင်ပြီး ဘုရားပွဲတော် ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်ထိ ကျင်းပသည်။

ယခုနှစ်တွင် ဆိုင်ခန်းပေါင်း ၄၀၀ ခန့်၊ လူနေ တည်းခိုဆောင် ၈၀၀ ခန့် ဆောက်လုပ်ပေးသွားမည်ဖြစ်သလို ဘုရားဖူးများ ညအိပ်တည်းခိုခွင့် ပေးသွားမည်ဖြစ်ကာ ဘုရားအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကိုပါ ဘုရားပွဲနှင့်အတူ ဖွင့်လှစ်ထားမည်ဟု ရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။

လက်ရှိ ရွှေစက်တော်ဘုရားအနီးဝန်းကျင်၌ နယ်မြေရှင်းလင်းရေးပုံစံဖြင့် စစ်တပ် စစ်ကြောင်းထိုးနေမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ဘုရားပွဲတော်ကာလ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု များပြားနိုင်ပြီး မင်းဘူးမြို့နှင့်ဆက်စပ်နေသည့် အထင်ကရနေရာများသို့လည်း လာရောက်မှု များပြားနိုင်သည်ဟု ရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတဦးက ဆိုသည်။

အိုးပြင်မဲရွာအတွင်း တွေ့ရသော စစ်ကောင်စီတပ်သား အချို့

“ရွှေစက်တော်က မင်းဘူးဘက်မှာတော့ ရက်ရှည်ပွဲတော်ကြီးတခုပေါ့၊ တနိုင်ငံလုံးကနေ ဘုရားဖူးလာကြတဲ့ ပွဲတော်ကြီး လည်းဖြစ်တယ်၊ ဘုရားရှင်ရဲ့ ခြေတော်ရာအစစ်ဆိုပြီးတော့ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားကြတယ်၊ မန်းရွှေစက်တော် ပါဒစေတီတော်၊ အထက်စက်တော်ရာ၊ အောက်စက်တော်ရာတွေအပြင် မကွေးမြသလွန်၊ ရှင်ပင်စက္ကိန်းတဲ၊ နဂါးပွက်တောင်၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာစတာတွေနဲ့ ခရီးစဉ်တခုတည်းဖြစ်နေတာလည်း ပါတာပေါ့၊ အခုနိုင်ငံရေး ဖြစ်စဉ်တွေကြောင့် အရင်ကလောက်တော့ ဘုရားဖူးလာတာမျိုး မများတော့ဘူးဗျ”ဟု မင်းဘူးဒေသခံတဦးက ပြောသည်။

ရွှေစက်တော်ဘုရားကို မင်းဘူး၊ စကုမြို့မှတဆင့် သွားလာ၍ ရပြီး မုံရွာ-ပုသိမ်လမ်းပိုင်းပေါ်ရှိ ၈ မိုင်၊ ၃ မိုင်များမှလည်း ဝင်ရောက်နိုင်သလို မင်းဘူးမြို့မှ ၃၇ မိုင်ခန့်ကွာဝေးသော ပဒါန်းလမ်းဘက်မှလည်း ဝင်ရောက်နိုင်ကြောင်း သိရသည်။

ယခုနှစ် ရွှေစက်တော်ဘုရားပွဲတော် ကျင်းပနိုင်ရေးအတွက် ပွဲတော်ကျင်းပမည့် နေရာများနှင့်အတူ လမ်းပိုင်းများတွင်လည်း လုံခြုံရေးတိုးမြှင့်ထားမည်ဟု စစ်ကောင်စီက ဆိုသည်။

စစ်ကောင်စီက ပြည်သူများအား အကြမ်းဖက် ဖမ်းဆီးမှုများရှိနေခြင်းကြောင့် မန်းရွှေစက်တော်ဘုရားအနီး ပြည်သူများ လာရောက်ခြင်းမပြုကြရန် ပြည်သူ့ကာကွယ်‌ရေးတပ်မတော် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ဇန်နဝါရီလ ၇ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

You may also like these stories:

တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် ရခိုင်-မကွေးနယ်စပ်တွင် တိုက်ပွဲများဖြစ်နေ

အမ်း-ပဒါန်းလမ်းပေါ်မှ စခန်းများ AA ပူးပေါင်းတပ်တို့ တိုက်ခိုက်

Your Thoughts …
Tags: စစ်ကြောင်းထိုးမီးရှို့ရွှေစက်တော် ဘုရားပွဲအိုးပြင်မဲရွာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

by ဧရာဝတီ
25 August 2023
11.2k

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

by ဧရာဝတီ
6 February 2024
8.8k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီက မြို့တောင်ဘက်နှင့် မြောက်ဘက် နှစ်ဖက်ညှပ်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မန္တလေးနန်းတွင်း တိုက်ခိုက်ခံရအပြီး လူငယ် ၁၀ ဦးခန့် စစ်တပ်ဖမ်းထား

မန္တလေးနန်းတွင်း တိုက်ခိုက်ခံရအပြီး လူငယ် ၁၀ ဦးခန့် စစ်တပ်ဖမ်းထား

by ဧရာဝတီ
25 December 2023
5.9k

မန္တလေးမြို့တွင် လူ ၁၀ ဦးကျော်ထိ ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သလို ပုသိမ်ကြီးမြို့နယ် မန္တလေးမြို့ အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ဘေးကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းနေ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

by ဧရာဝတီ
17 May 2025
5.8k

ယာယီအပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်သည် နိုင်ငံတဝန်း နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင် စစ်ကြောင်းများပါထိုးပြီး ကလေးများ အပါအဝင် အရပ်သားပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည်။

မတ္တရာကို အင်အားသုံး စစ်ကြောင်းထိုးနေ၍ PDF စခန်းအချို့ ယာယီဆုတ်ခွာ

မတ္တရာကို အင်အားသုံး စစ်ကြောင်းထိုးနေ၍ PDF စခန်းအချို့ ယာယီဆုတ်ခွာ

by ဧရာဝတီ
7 October 2024
5.1k

စစ်တပ်က နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးလာမှု ကြောင့် သုံးဆယ်ပေးကျေးရွာမှ စတင် ဆုတ်ပေးထားရပြီး ယခုအခါစစ်တပ်က ယင်းရွာတွင် လက်နက်ကြီး အထိုင်ချထားကြောင်း

ကား ၃စီး မီးရှို့ခံရမှု စစ်တပ်က ဒေသခံများကို လျော်ကြေးတောင်း

ကား ၃စီး မီးရှို့ခံရမှု စစ်တပ်က ဒေသခံများကို လျော်ကြေးတောင်း

by ဧရာဝတီ
8 May 2024
4.1k

ပြီးခဲ့သည့် မေလ ၃ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ရေးမြို့နယ်အတွင်းရှိ ကုလားကုတ်ကျွန်းကို တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လမိုင်းမြို့မှ အိမ်စီးကား ၃ စီးဖြင့် စစ်ကူစေလွှတ်ခဲ့ပြီး အဆိုပါကားများ ကူးတို့ဆိပ်ကျေးရွာထဲ ရပ်ခဲ့ချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း

Next Post
ဝန်ကြီးတွေရောက်လာရင် တိုင်စရာတွေအများကြီးရှိတယ် (ရုပ်/သံ)

ဝန်ကြီးတွေရောက်လာရင် တိုင်စရာတွေအများကြီးရှိတယ် (ရုပ်/သံ)

စစ်တပ်ကိုအနိုင်တိုက်ဖို့ လက်နက်ကိုင်ထားသောလူအုပ်ကြီးဖြစ်လို့မရဘူး (ရုပ်/သံ)

စစ်တပ်ကိုအနိုင်တိုက်ဖို့ လက်နက်ကိုင်ထားသောလူအုပ်ကြီးဖြစ်လို့မရဘူး (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved