• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

by ဧရာဝတီ
17 May 2025
in သတင်း
A A
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

ဂန့်ဂေါ၊ လယ်မရွာသို့ စစ်ကြောင်းထိုးပြီး ၁၁ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ် / CJ

5.8k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက မေ ၃၁ရက်အထိ ယာယီအပစ်ရပ်သည်ဆိုသော်လည်း နေစဉ်လိုလို နိုင်ငံတဝှန်း လေကြောင်းသာမက မြေပြင်ကပါ စစ်ကြောင်းထိုးနေသဖြင့် ကလေးများ အပါအဝင် အရပ်သားပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရသည်။

ထင်ရှားသော ဖြစ်ရပ်က မေ ၁၂ရက်က ကျောင်းသား ၂၂ ဦး၊ ဆရာ ၂ ဦး စုစုပေါင်း ၂၄ ဦး သေဆုံးကာ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်း ဗုံးကြဲမှုဖြစ်ပြီး၊ မိတ္ထီလာလေတပ်မှ တိုက်လေယာဉ် တစီးက ထပ်ဆင့်ပေါက်ကွဲစေသော ဖျက်အားပြင်း ကလပ်စတာဗုံး သုံး၍ တိုက်ခိုက်ခဲ့ခြင်းဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က ဆိုထားသည်။

နောက်တရက်မှာ အာရက္ခတပ်တော် (AA)၏ ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်း ဗုံးကြဲခံရပြီး အမျိုးသမီးများ ကလေးများ ၁၂ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိကာ အိမ် ၃၁ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကောင်စီ၏ အပစ်ရပ်ကာလ အတွင်းရခိုင်ပြည်နယ်ကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုအကြိမ်ရေ ၅၀၀ ကျော်ရှိသည်ဟုလည်း AA က ထုတ်ပြန်သည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာတော့ မေ ၁၂ရက် နံနက်စောစောမှာ မြို့နှင့် ၅ မိုင်ခန့်အကွာ အိမ်ခြေ ၂၀၀ ကျော်ရှိသည့် လယ်မရွာကို ဂန့်ဂေါအခြေစိုက် ခလရ ၅၀နှင့် အမြောက်တပ်မှ အင်အား ၁၀၀ခန့်က ရုတ်တရက်ဝင်စီးသဖြင့် ရှောင် ချိန်မရဘဲ ကလေးငယ် ၄ ဦး၊ စေတနာ့ဝန်ထမ်း ဆရာတဦးအပါ ပြည်သူ ၁၁ ဦး အသတ်ခံခဲ့ရသည့်အပြင် ၂၃ဦး အဖမ်းခံ ခဲ့ရသည်။

ယင်းဖြစ်စဉ်အပေါ် ဒေသခံတဦးက “သတ်ဖြတ်ခံရတာမှာ ကလေးငယ်တွေလည်းပါတယ်။ တနေရာတည်းမှာပဲ အစုလိုက် အပြုံလိုက် သတ်သွားတာ။ ကလေးတွေကို သေနတ်နဲ့ပစ်သတ်သွားပြီး လူကြီးတွေကိုတော့ ကြိုးတုပ်နှိပ်စက်ပြီးမှ သတ် သွားတာလို့ ယူဆရတယ်။ အများကြီး အသတ်ခံလိုက်ရတာရော၊ အဖမ်းခံရတာတွေရောကြောင့် တရွာလုံး ထိတ်လန့် သွားကြပြီး ရွာထဲမှာ မနေရဲလောက်အောင် ဖြစ်သွားကြတယ်” ဟု ပြောသည်။

ဖမ်းဆီးသွားသူများအနက် ၁၃ ဦးမှာ မေ ၁၂ ရက်၌ပင် ပြန်လွတ်လာခဲ့သော်လည်း ဂန့်ဂေါမြို့ ခလရ ၅၀ တပ်အတွင်းသို့ ခေါ်ဆောင်သွားသည့် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၃ ဦးတို့မှာ ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိ သေးဘဲ ၎င်းတို့၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေရကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

ယောခရိုင်မှ စစ်ရေးသတင်းရင်းမြစ်တဦးက “ယာယီအပစ်ရပ်တယ်လို့ ကြေညာထားပေမယ့် နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မြေပြင်စစ်ကြောင်းထိုးတာတွေလုပ်တယ်။ ရွာတွေကိုဝင်စီးတာမှာ ပစ်တာခတ်တာတွေရှိရင် ရွာကို မီးရှို့ တယ်၊ ရွာသားတွေကို ဖမ်းတယ်။ ဒီလိုမျိုးတွေက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ပုံစံတွေ ဖြစ်နေတော့တာ။ နောက်တမျိုးက စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေ ထိတွေ့တိုက်ပွဲဖြစ်ရင်လည်း တိုက်ပွဲဖြစ်ရာအနီးက ရွာတွေကိုဝင်စီးပြီး မီးရှို့ ဖျက်ဆီးတာတွေ လုပ်တယ်၊ အထိနာရင် ပိုဆိုးတယ်” ဟု ပြောသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှ စခန်းသာ၊ ငါးပိအိုး၊ ရှိမ်းမကား၊ ရွှေပန်းကုံး၊ သစ်ဆိမ့်ကြီး၊ ရွာတော်ကုန်း၊ အောင်မြေ၊ မဲတောကုန်းကျေးရွာများကို မေ ၁၀ ရက်မှ ၁၃ ရက်ထိ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါ ၁၆ ဦး သေဆုံးပြီး ၄၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Wetlet Informational Network ထံမှ သိရသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62
ရသေ့တောင် ထွန်းရဝေကျေးရွာဟောင်း ဗုံးကြဲခံရမှု ကလေးငယ်များအပါ ၁၂ ဦး သေဆုံး/ CJ

ထိခိုက်ဒဏ်ရာရသူများမှာ ဆေးဝါးကုသမှုခံယူနေပြီး အသက်အန္တရာယ် စိုးရိမ်ရသူတချို့ ပါဝင်နေသဖြင့် သွေးနှင့် ဆေးဝါး အကူအညီများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ သေဆုံးသူ ၁၆ ဦးတွင် ဆေးကုသမှုခံယူစဉ် ဆေးဝါးမလုံလောက်မှု ကြောင့် သေဆုံးရသူ ၃ ဦး ပါဝင်နေကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း မေလဆန်းပိုင်းမှစတင်ကာ လေကြောင်းတိုက်ခိုက်မှု အပြင် စက်တပ်လေထီး(ပါရာမိုတာ)များဖြင့်ပါ ဆက်တိုက်ဗုံးကြဲခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဆိုသည်။

မုံရွာ-မန္တလေးလမ်းမကြီးအား စိုးမိုးရေး စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး မေ ၁၃ ရက်၌ မုံရွာ-မန္တလေးလမ်း ပေါ်ရှိ ခင်မွန်ကျေးရွာအား စစ်ကြောင်းထိုးဝင်ရောက်၍ ပြည်သူတဦးကို သတ်ဖြတ်ကာ ဒေသခံ ၂၀ အား ဖမ်းဆီးခေါ် ဆောင်သွားပြီး ယနေ့အချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးသလို အဆက်သွယ်လည်းပြတ်နေကြောင်း သိရသည်။

ချောင်းဦးပကဖ သတင်းတာဝန်ခံက “အဓိကတော့ ပါရာမိုတာ၊ လေကြောင်းကတော့ အထူးအထွေ ရှောင်ရတိမ်းရတာ မရှိဘူး။ ကျနော်တို့အဖွဲ့တွေ ရှိနိုင်တယ်ဆိုပြီး လုပ်နေတာမျိုးပဲ။ တကယ်တမ်းမြေပြင်မှာက ပြည်သူတွေပဲ ရှိတာဆိုတော့ သေဆုံးထိခိုက်တာရဲ့ ၉၀ ရာခိုင်နှုန်းက ပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒီလထဲမှာပဲ လေကြောင်းရော၊ ပါရာမိုတာ ရောနဲ့ပါ တိုက်ခိုက်တာ ခပ်စိပ်စိပ်ဖြစ်နေတော့ တမြို့နယ်လုံးအတိုင်းအတာနဲ့ ပြည်သူတွေ စိုးရိမ်စိတ် မြင့်မားနေတာပေါ့” ဟု ပြောသည်။

ချောင်းဦးမြို့နယ်တွင် ကင်မွန်းတော်၊ ကန်ကြီးကုန်း ပျူစောထီး ၂ ရွာသာ ကျန်တော့ပြီး တော်လှန်ရေးအင်အားစုများက ဖြတ် ၄ ဖြတ်ဖြင့် ပိတ်ဆို့ဝိုင်းရံထားရာ ပျူစောထီးရွာများမှနေ၍ ပတ်ဝန်းကျင်သို့ စစ်ကြောင်းထိုးနိုင်ခြင်းမျိုး မရှိတော့ ကြောင်း၊ ချောင်းဦးမြို့ပေါ်အထိုင်နှင့် မုံရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာမှတဆင့် စစ်ကြောင်းထိုးဝင်နေခြင်းဖြစ်ကာ ယင်းလမ်းပိုင်း များမှာ တော်လှန်ရေးအင်အားစုများ စိုးမိုးထားနိုင်သော်လည်း အပြည့်ဝထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

စစ်ကောင်စီက ဝေဟင်တိုက်ခိုက်မှုများအတွက် တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်များဒရုန်းများ အပြင် စက်တပ်လေထီး (ပါရာမိုတာ သာမက ၎င်းထက်အဆင့်မြင့်သည့် Gyrocopter များကို စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း များအတွင်း အများဆုံးသုံးပြုလာရာ အရပ်သား သေဆုံးထိခိုက်မှုလည်း ပိုများလာကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“စက်တပ်လေထီးသုံးတာက လေယာဉ်ဆီသုံးတာကို လျှော့ချလိုတာကြောင့်ပဲ။ သူက စရိတ်နည်းနည်းနဲ့ လေကြောင်း ကနေ ဗုံးကြဲနိုင်သလို လေယာဉ်တွေလို စက်သံအကျယ်ကြီးမကြားရဘဲ သေနတ်မမီတဲ့ အမြင့်မျိုးဆိုတော့ ပစ်ချဖို့ကလည်း ခက်ခဲ တယ်။ ပြီးတော့ ညဘက်နဲ့မနက်အစောပိုင်း အလင်းရောင်မရသေးတဲ့အချိန်တွေမှာ အများဆုံးလာတာဆိုတော့ တန်ပြန် တိုက်ခိုက်ဖို့ အခက်အခဲတွေ ရှိနေပါတယ်” ဟု စစ်တပ် CDM တဦးက ပြောသည်။

၂၀၂၁ အာဏာသိမ်းပြီးချိန်မှ ၂၀၂၅ ခုနှစ် ဧပြီလထိ စစ်ကောင်စီ ကျူးလွန်သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၇၈ ခု ရှိပြီး သေဆုံးသူ ၄,၀၂၃ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မေ ၈ ရက်၌ ထုတ်ပြန်သည်။

ထို့ပြင် စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့သည့် ၂၀၂၅ မတ် ၂၈ မှ မေ ၉ ရက်အတွင်း ပြည်နယ်နှင့်တိုင်း ၁၃ ခု၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၇၂ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၃၃၄ ဦး သေဆုံးပြီး ၅၅၂ ဦး ဒဏ်ရာရခဲ့သည်။

You may also like these stories:

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို လက်ယဉ်နေသော စစ်ကောင်စီ

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

Your Thoughts …
Tags: စစ်ကောင်စီစစ်ကြောင်းထိုးလေကြောင်းသတ်ဖြတ်အစုလိုက်အပြုံလိုက်အပစ်ရပ်အရပ်သား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved