• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် ရခိုင်-မကွေးနယ်စပ်တွင် တိုက်ပွဲများဖြစ်နေ

by ဧရာဝတီ
27 November 2024
in သတင်း
A A
တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် ရခိုင်-မကွေးနယ်စပ်တွင် တိုက်ပွဲများဖြစ်နေ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းတွင် စစ်ရေးဖော်ဆောင်နေသည့် လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (မကွေး) တပ်ဖွဲ့ဝင်များကို ဩဂုတ်လက တွေ့ရစဉ် / PRA (Magway)

1.8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် အမ်း-ပဒါန်းလမ်းတွင် ဒေသခံ တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်ကူနှင့် ရိက္ခာဖြည့်တင်းမှုများ အာရက္ခတပ်တော် (AA) က ဝိုင်းပတ်ထားသည့် အမ်းသို့ မရောက်စေရန် ကြိုးစားတားဆီးကြသောကြောင့် ထိုတောင်တန်းဒေသတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားသည်။

AA သည် အမ်းမြို့နယ်ကို ထိန်းချုပ်ရန် ကြိုးစားနေပြီး အမ်းမြို့နယ်မှ စစ်ကောင်စီတပ်ရင်းဌာနချုပ်နှင့် အခြေစိုက်စခန်း အများအပြားကို သိမ်းပိုက်ထားကာ ထိုမြို့တွင် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိသည်။

အမ်း-ပဒါန်း အဝေးပြေးလမ်းသည် အမ်းသို့ စစ်ကောင်စီ တပ်ကူများနှင့် ရိက္ခာများ ပို့ဆောင်ရာတွင် မရှိမဖြစ် လိုအပ်သည်ဟု ဒေသခံ တော်လှန်ရေးအင်အားစုများက ပြောသည်။ လွန်ခဲ့သောနှစ် နိုဝင်ဘာလတွင် AA က စစ်ကောင်စီကို အဓိကထိုးစစ် ပြန်လည် စတင်ပြီးနောက် ထိုလမ်းကြောင်းသည် စစ်ကောင်စီက တပ်ကူများနှင့် ရိက္ခာများ ပို့ဆောင်ရန် အဓိကလမ်းကြောင်း ဖြစ်သည်။

၎င်းတို့သည် မကွေးတိုင်း၊ ငဖဲမြို့နယ်မှ အမ်း-ပဒါန်းလမ်းတွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်ကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီတွင် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ချင်းကာကွယ်ရေးတပ် (အရှို) က ပြောသည်။

ထိုစစ်ကောင်စီတပ်များသည် အမ်း-ပဒါန်းလမ်းမှတဆင့် မကွေးတိုင်းမှ စစ်ကူနှင့် ရိက္ခာပို့သည့် ယာဉ်တန်းကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ပေးထားသည့်တပ်များ ဖြစ်သည်။

ထိုခြုံခိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ စစ်သား ၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြကာ စစ်လက်နက်ပစ္စည်းအချို့ကို သိမ်းပိုက်မိကြောင်း ချင်းကာကွယ်ရေးတပ် (အရှို) က ပြောသည်။

သို့သော် ၎င်းတို့သည် အမ်းမြို့နယ်သို့ ဝင်ရောက်လာသည့် စစ်ထရပ်ကားအချို့ကို မတားဆီးနိုင်ခဲ့ကြောင်း ထိုအဖွဲ့၏ ပြောခွင့်ရသူတဦးက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဧရာဝတီသတင်းဌာနသို့ ပြောသည်။

လွန်ခဲ့သော နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (မကွေး) က ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းရှိ ဂျုတ်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်သား ၄၀ ခန့်ကို ခြုံခိုတိုက်ခဲ့သည်ဟု ထိုတော်လှန်ရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေပြီး အခြား ၁၀ ဦး ဒဏ်ရာရသည်ဟု လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (မကွေး) က ပြောသည်။

ထိုသေဆုံး ဒဏ်ရာရမှုကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

အမ်းမြို့အပါအဝင် ရခိုင်ပြည်နယ်မှ မြို့ လေးမြို့ကို သိမ်းပိုက်တော့မည်ဟု AA က နိုဝင်ဘာလ အစောပိုင်းတွင် ကြေညာသည်။

AA က ၎င်းတို့သည် အမ်းမြို့ကို တိုက်ခိုက်ရာတွင် စစ်ကောင်စီ တပ်ရင်းဌာနချုပ် ရှစ်ခုနှင့် စစ်ဆေးရုံသာမက သံချပ်ကာတပ်ရင်းကိုလည်း သိမ်းပိုက်သည်ဟု ကြေညာသည်။

အမ်းတွင်ရှိသည့် တပ် ၁၀ ခုအနက် ၂ တပ်သာ တိုက်ခိုက်ရေးတပ်ဖြစ်ပြီး ကျန်တပ်များသည် လက်ရုံးတပ်များ ဖြစ်သည်ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် AA တပ်များ ဝိုင်းထားသည့် အမ်းမှ လက်ကျန်စခန်းများသို့ တပ်ကူများနှင့် ရိက္ခာများပို့ရန် ရဟတ်ယာဉ်များကို အားကိုးနေရသည်ဟု သတင်းများက ဖော်ပြသည်။

လွန်ခဲ့သောနှစ် အောက်တိုဘာလက မြို့တော်လားရှိုး အပါအဝင် ရှမ်းပြည်မြောက်ပိုင်းမြို့ ၂၅ မြို့ကို သိမ်းပိုက်သည့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီဆန့်ကျင်ရေး အောင်မြင်သော ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်သည့် ညီနောင်မဟာမိတ်အဖွဲ့တွင် AA က အဖွဲ့ဝင် ဖြစ်သည်။

AA သည် စစ်ဆင်ရေးများကို လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် မိခင်ပြည်နယ် ရခိုင်တွင် တိုးချဲ့ပြီး ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၁ ခုနှင့် ပြည်နယ်ချင်းစပ် ချင်းပြည်နယ်မှ ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Resistance, Myanmar Junta Forces Clash on Rakhine-Magwe Border ကို ဘာသာပြန်သည်။)

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

You may also like these stories:

အမ်းစစ်ဌာနချုပ်၏ ဗျူဟာကုန်း သိမ်းပိုက်နိုင်ရေး AA ဆက်လက်ထိုးစစ်ဆင်

ရခိုင်စစ်မျက်နှာ အောင်ပွဲနှင့် ရခိုင်ရိုးမ အရှေ့ဘက် စစ်မျက်နှာ

တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်တပ်စခန်း CDF အရှိုတပ်ဖွဲ့ တိုက်ခိုက်

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၁)

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAချင်းကာကွယ်ရေးတပ် (အရှို)စစ်ကောင်စီညီနောင်မဟာမိတ် သုံးဖွဲ့တော်လှန်ရေးအင်အားစုပဒါန်းလူထုတော်လှန်ရေး မဟာမိတ်အင်အားစု (မကွေး)အမ်းအာရက္ခတပ်တော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ချင်းစစ်ရှောင်များ အနွေးထည်နှင့်စောင် အရေးပေါ်လိုအပ်နေ

ချင်းစစ်ရှောင်များ အနွေးထည်နှင့်စောင် အရေးပေါ်လိုအပ်နေ

တောင်ခမ်းတွင် စစ်ကောင်စီနှင့် TNLA စစ်ဆိုင်နေ

တောင်ခမ်းတွင် စစ်ကောင်စီနှင့် TNLA စစ်ဆိုင်နေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved