• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးနန်းတွင်း တိုက်ခိုက်ခံရအပြီး လူငယ် ၁၀ ဦးခန့် စစ်တပ်ဖမ်းထား

by ဧရာဝတီ
25 December 2023
in သတင်း
A A
မန္တလေးနန်းတွင်း တိုက်ခိုက်ခံရအပြီး လူငယ် ၁၀ ဦးခန့် စစ်တပ်ဖမ်းထား

မန္တလေးမြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့/ CJ

5.9k
VIEWS
Share on FacebookShare on Twitter

နန်းတွင်း အပါအဝင် ၅ နေရာကို ဒီဇင်ဘာ ၂၀ ရက်က တပြိုင်တည်း တိုက်ခိုက်ခံရပြီးနောက် မန္တလေးမြို့တွင် လူ ၁၀ ဦးခန့်ကို ဖမ်းဆီးကာ ပုသိမ်ကြီးမြို့နယ် မန္တလေးမြို့ အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ဘေးကျေးရွာ များတွင် လည်း စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းနေကြောင်း ဒေသခံများထံက သိရသည်။

ဒီဇင်ဘာ ၂၁ ရက်က မန္တလေးနှင့် စစ်ကိုင်း ထိစပ်နေသည့် အမရပူရမြို့နယ် နှာပေါက်ဂိတ်၌ ဆိုင်ကယ်စီးလာသော လူငယ် ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၂ ရက် တရက်တည်းမှာတင် မဟာအောင်မြေမြို့နယ် ၄၁ လမ်းနှင့် ၈၆ လမ်းထောင့်တွင် အိမ်စီးကားဖြင့် ရောက်ရှိနေသည့် စစ်ကောင် စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်က ဆိုင်ကယ် စီးနင်းလာသော လူငယ် ၂ ဦးနှင့် ချမ်းမြသာစည်မြို့နယ် ၁၀၁ လမ်းနှင့် ၁၀၂ လမ်း ကြား၊ ၆၂ လမ်းပေါ်တွင် လူငယ် ၃ ဦး လိုက်ပါ လာသော အိမ်စီးကားအား စစ်ကောင်စီတပ်ဖွဲ့က ကား ၃ စီးဖြင့် ပိတ်ဆို့ ဖမ်းဆီးခဲ့သည်။

ထို့ပြင် ဒီဇင်ဘာ ၂၄ ရက်တွင်လည်း မဟာအောင်မြေမြို့နယ်၌ ပိတ်ဆို့ စစ်ဆေးရှာဖွေခြင်းများပြုလုပ်နေသည့် စစ် ကောင်စီ လက်အောက်ခံ ပူးပေါင်းအဖွဲ့များက လူငယ် ၄ ဦးအား ဖမ်းဆီးခဲ့ကြောင်း မန္တလေးသတင်းများကို ဖော်ပြ ပေးနေသည့် Voice of Mandalay နှင့် တော်လှန်ရေး အင်အားစုများထံက သိရသည်။

မန္တလေးခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “လူငယ်တွေ အဖမ်းခံရတယ်ဆိုတာ တက်လာတဲ့ သတင်းတွေ အရ သိရတာပေါ့နော်။ အဓိကတော့ နန်းတွင်းနဲ့ ရဲစခန်းတွေ တိုက်ခိုက်ခံရတာကြောင့် အခုလိုမျိုးတွေ ဖမ်းဆီးနေတာ၊ ကျနော်တို့ စုံစမ်းလို့ သိရသလောက်ကတော့ အဖမ်းခံရတဲ့သူတွေက တော်လှန်ရေးနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ သာမန် အရပ်သားပြည်သူတွေသာ ဖြစ်တယ်။ လက်ရှိအချိန်ထိ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကနေ ဖမ်းဆီးခံရတာ မျိုး မရှိသေးပါဘူး” ဟု ပြောသည်။

ထို့ပြင် မန္တလေးနန်းတွင်းအား ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်၌ မှတ်ချက်ရေး ခဲ့သည်ဆိုသော အမျိုးသမီးကို ဖမ်းဆီးရာတွင် ဖမ်းမမိသဖြင့် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၃လမ်းနှင့် ၆၄ လမ်းကြား၊ စံပြ လမ်း၌ ဖွင့်လှစ်ထားသော ကားပစ္စည်းအမျိုးမျိုး ပြုပြင်ရောင်းဝယ်ရေးဆိုင်ကို ဒီဇင်ဘာ ၂၂ ရက်တွင် စစ်ကောင်စီ က ချိပ်ပိတ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

မန္တလေး အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တဖွဲ့ဖြစ်သည့် Drop For Justice မှ တာဝန်ရှိသူတဦးက “သူတို့အတွက် လုံခြုံတယ်ဆိုတဲ့ နန်းတွင်းလိုနေရာမျိုးကို ကျနော်တို့ တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် သူတို့ ခွေးရူးတွေလိုမျိုး ဖြစ်သွားကြ တာ၊ တွေ့သမျှလူကို ဆွဲမယ်၊ သူတို့ မသင်္ကာတဲ့နေရာတွေကို စစ်ကြောင်းထိုးမယ်ဆိုတာမျိုးတွေထိ ဖြစ်သွားတာက သူ တို့ နေရထိုင်ရတာ မလုံခြုံတော့ဘူးဆိုတဲ့ စိတ်ဖိစီးမှုမျိုး ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ အခုလိုမျိုးတွေ လုပ်နေပေ မယ့်လည်း ကျနော်တို့ကတော့ လုပ်စရာရှိတာကို ဆက်လုပ်ဆောင်သွားမှာပါ” ဟု ပြောသည်။

ဒီဇင်ဘာ ၂၁ ရက် နံနက် ၂ နာရီကျော်အချိန်၌ နန်းမြို့တွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိုင်းမှူး များနေသောနေရာများအထိ ပစ်မှတ်ထားကာ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို မြို့ပြ အထူးစစ်ဆင်ရေး (U.S.O) အဖြစ် Brave Warriors For Myanmar (BWM) ၏ ကူညီပံ့ပိုးမှုဖြင့် No More Dictatorship(NMD-PDF) ၊ Mandalay Security and Special Task Force (MDY-SSTF)၊ ပြင်ဦးလွင် ခရိုင် ပကဖတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်းဟု Brave Warriors For Myanmar (BWM) က ထုတ်ပြန်ထားသည်။

ထို့အတူ ဒီဇင်ဘာ ၂၀ ရက် ညပိုင်းက ရွှေပြည်စိုး စစ်ဆင်ရေးအဖြစ် မန္တလေးခရိုင် တပ်ရင်း ၃၊ ၄၊ ၅၊ ၆ နှင့် Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team-6 Drop For Justice တို့ ပူးပေါင်းကာ မန္တလေးမြို့ပေါ်ရှိ အမှတ် ၄ ရဲစခန်း၊ အမှတ် ၆ ရဲစခန်း၊ အမှတ် ၉ ရဲစခန်း၊ အိုးဘိုထောင်နှင့် မန္တလေးနန်းမြို့တွင်းရှိ တိုင်းမှူးအဆောင်၊ ဒုတိုင်းမှူးအဆောင်၊ အမှတ် ၁၆၁ တပ်ထိန်းဌာနခွဲအပါအဝင် စစ်ခေါင်းဆောင် မိသားစုပိုင်ဆိုင်သော ရတနာပုံခန်းမတို့ကို Shar Htoo Waw နည်းပညာ KAMEKAZE အပါအဝင် မောင်းသူမဲ့ ဒရုန်းများဖြင့် တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများက ထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဒီဇင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းမှ စတင်ကာ စစ်တပ်က မြို့တွင်း၌ လုံခြုံရေး အထူးတင်း ကျပ်ကာ ပိတ်ဆို့ စစ်ဆေးနေသလို မန္တလေးနှင့်စစ်ကိုင်း အဝင်အထွက် မန္တလေးဘက်ခြမ်း (နှာပေါက်)တွင် ဆိုင်ကယ် များနှင့် ကားများကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့ခံတဦးက “မြို့ပေါ်မှာ တိုက်ခိုက်ခံရတာတွေရှိတယ်ဆိုရင် အခုလိုမျိုး အစစ်အဆေးကြမ်းနေတာ ပုံမှန်လို ဖြစ်နေပါပြီ။ ဒီရက်ပိုင်းမှာ ပုံမှန်ထက်ပိုတဲ့ အစစ်အဆေးကြမ်းနေတာဆိုတော့ အဖမ်းခံရတာတွေလည်း ရှိနိုင်ပါတယ်၊ ကျနော်တို့ သိရသလောက်ကတော့ ၂၁ ရက်ကနေ ဒီနေ့အထိ ဖမ်းဆီးခံရတာ ၁၀ ယောက်အထက်ရှိနိုင်တယ်၊ လူငယ် တွေ အများဆုံး အဖမ်းခံရတာလို့ သိရတယ်” ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်များအပေါ် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက မန္တလေးနန်းတွင်းအပါအဝင် ရဲစခန်းများ တိုက်ခိုက်ခံရမှုမရှိဘဲ စိတ်ကူးယဉ် လုပ်ကြံဖန်တီးထားသော သတင်းတု၊ သတင်းအမှားများသာဖြစ်ပြီး နန်းတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်နိုင်ရန်အတွက် ဒရုန်းများတောင် ကပ်နိုင်ခြင်းမျိုးမရှိဘဲ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သူ ၁၀ ဦးထက် မနည်း ဖမ်းဆီးထားသည်ဟု ဝါဒဖြန့်ထားကြသည်။

Drop For Justice မှ တာဝန်ရှိသူတဦးက “လော်ဘီတွေကတော့ သတင်းတွေကို တတ်နိုင်သမျှ လျှို့ဝှက်စွာနဲ့ ဖုံးဖို့ ကြိုးစားကြတာမျိုးပါပဲ၊ ကျနော်တို့ဆိုရင် ရွှေပြည်စိုးနဲ့ ပူးပေါင်းပြီးလုပ်တာ ပထမဆုံးဆိုပေမယ့် နန်းတွင်းထဲကို လုပ် တာ အခုအကြိမ်နဲ့ဆိုရင် ၃ ကြိမ် ရှိသွားပါပြီ။ နန်းတွင်းထဲက ဖြစ်စဉ်တွေကို အပြင်ကို မပေါက်ကြားအောင် ဖုံးပစ်တာ မျိုးတွေကို လုပ်ခဲ့ကြတာကြောင့် လူတွေ သိပ်မသိခဲ့ကြဘူး၊ အတွင်းဖရဲသီးတွေရဲ့ သတင်းပေးမှုတွေအရ နန်းတွင်း ထဲမှာ ဂယက်ထခဲ့တယ်ဆိုတာတော့ သိရပါတယ်” ဟု ပြောသည်။

ထို့ပြင် မန္တလေးမြို့နှင့် တမိုင်ခွဲခန့်သာ ကွာဝေးသည့် မန္တလေးမြို့အနောက်ဘက်ခြမ်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ဘေးကျေးရွာများဖြစ်သည့် သံဘိုကျွန်း၊ သရက်တပင်၊ ဟင်းရွက်စု၊ စက်ရိပ်(တ)၊ စက်ရိပ်(မ)၊ ညောင် ပင်သာကျေးရွာများသို့ ဒီဇင်ဘာ ၂၁ ညနေပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ဖြင့် စစ် ကြောင်းထိုး ဝင်ရောက်ကာ စီးနင်းရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
32
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
26
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
208

မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “နန်းတွင်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခံရတော့ ဘယ်နေရာကနေ ပစ်သလဲဆိုတဲ့ ခန့်မှန်းချက်နဲ့ အခုလိုမျိုး စစ်ကြောင်းထိုးပြီး ရွာတွေကို ဝင်စီးတာမျိုးပဲဗျ၊ ပြီးတော့ စစ်ဆင်ရေး ဖော်ဆောင်တဲ့အဖွဲ့တွေက အဲဒီရွာတွေဘက်က တက်လာတယ်လို့ ယူဆချက်တွေလည်း ပါတာပေါ့၊ ရွာတွေကို ဝင်ပြီး ရှာဖွေ စစ်ဆေးတာတွေ လုပ်တယ်၊ မသင်္ကာရင် ဖုန်းတွေပါ စစ်တယ်၊ ဒေသခံတွေ ဖမ်းဆီးခံရတယ်ဆိုတာမျိုးတော့ မကြားရသေးပါဘူး” ဟု ပြောသည်။

စစ်ကောင်စီ ဝင်ရောက်စီးနင်းခဲ့သော ကျေးရွာများတွင် ဧရာဝတီမြစ်အတွင်းမှ ရေလယ်ကျွန်းကျေးရွာများလည်း ပါဝင်နေရာ လက်ရှိအချိန်ထိ မြစ်အတွင်း၌ ရေယာဉ်များ ဆိုက်ကပ်ပြီး ကျောက်ချ တပ်စွဲထားကြောင်း သိရသည်။

ယခုအခါ အဆိုပါကျေးရွာများနှင့် တဆက်တည်း ရှိသော မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရှိ သုံးဆယ်ပေး၊ ကျောက်တံတား၊ ဒေါင်းကျွန်း၊ သဖန့်ဒေါင့် စသည့် ကျေးရွာ ၁၀ ရွာကျော်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများအား ဖမ်းဆီးခြင်းများကိုလည်း ပြုလုပ်နေခြင်းကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(လပခ) တည်ရှိရာ မန္တလေးနန်းမြို့တွင်း တိုက်ခိုက်ခံရပြီးနောက် လက်ရှိအချိန်ထိ ကျုံးပတ်လည်နှင့် မြို့တွင်းနေရာ အနှံ့အပြားတွင် စစ်ဆေးမှုပိုတင်းကျပ်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ် ဝတ်များဖြင့်ပါ စောင့်ကြည့်မှုများ ရှိနေကြောင်း မြို့ခံများက ဆိုသည်။

You may also like these stories:

ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

စစ်တပ် လော်ဘီချန်နယ်များ လှုံ့ဆော်မှုကြောင့် မန္တလေး၌ တပတ်အတွင်း ၁၆ ဦး အဖမ်းခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

Your Thoughts …
Tags: စစ်ကောင်စီစစ်ကြောင်းထိုးမန္တလေးနန်းတွင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်း စက်သုံးဆီကုမ္ပဏီများသို့ ရောင်းပေးရန် စစ်ကောင်စီ ညွှန်ကြား

ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်း စက်သုံးဆီကုမ္ပဏီများသို့ ရောင်းပေးရန် စစ်ကောင်စီ ညွှန်ကြား

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

19 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved