အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊အတွင်းဝန်တွေနဲ့ တာဝန်ရှိသူတွေကို စုစည်းပြီး စစ်ကိုင်းတိုင်း အတွင်းမှာရှိတဲ့ လွတ်မြောက် နယ်မြေတွေမှာ အစိုးရရုံးတွေ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ NUG တာဝန်ရှိသူတွေက ထုတ်ပြောလာပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းနဲ့ အညာဒေသက NUG စိုးမိုးတဲ့ မြို့နယ်တွေမှာ NUG ကဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တွေနဲ့ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေတာပါ။
မြေပြင်မှာရှိနေတဲ့ ပကဖ၊ ပလဖ၊ ပအဖ အဖွဲ့တွေဟာ ဒေသခံပြည်သူတွေနဲ့ဒေသကာကွယ်ရေးတပ်တွေအကြား ပဋိပက္ခတွေရှိနေပြီး သံယံဇာတ ခွဲဝေရေးနဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေမှာလည်း အငြင်းပွားမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီလိုပြဿနာတွေများစွာရှိနေတဲ့ စစ်ကိုင်းတိုင်းကို အစိုးရဝန်ကြီးအဖွဲ့တွေရုံးထိုင်မယ် ဆိုရင် ပြည်သူတွေအနေနဲ့ တင်ပြစရာတွေအများကြီးရှိမယ်လို့ဧရာဝတီကို ပြောကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













