အရှေ့တောင်အာရှ ပင်မကုန်းမြေသည် မူးယစ်မှောင်ခိုမှု၊ ငွေကြေးခဝါချမှုနှင့် မကြာသေးမီက အွန်လိုင်းငွေကြေးလိမ်လည်မှုများ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၏ ဗဟိုချက်ဖြစ်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
အရှေ့တောင်အာရှမှ အစိုးရအများအပြားသည် ယခုဆယ်စုနှစ်အတွင်း ရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲကြသော်လည်း ထိုဂိုဏ်းများ၊ အထူးသဖြင့် တရုတ်ဂိုဏ်းများသည် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံ နယ်စပ်များဆုံတွေ့သည့် ရွှေတြိဂံဒေသသို့ ရွှေ့ပြောင်းကြသည်။
အချို့သည် လာအိုနှင့် မြန်မာမှ ဒေသခံလက်နက်ကိုင်များ အုပ်ချုပ်ပြီး လုပ်ထုံးလုပ်နည်း အကန့်အသတ်ရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးစီးပွားရေးဇုန်များသို့ ရွှေ့ပြောင်းကြသည်။ တရုတ်နိုင်ငံသည် ထိုဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်။
တရုတ်အစိုးရသည် အရှေ့တောင်အာရှ ပင်မကုန်းမြေကို တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ၂၀၂၂ ခုနှစ်တွင် စတင်လိုက်သည့် ကမ္ဘာ့လုံခြုံရေးအစီအစဉ် (GSI) ၏ ရှေ့ပြေးဇုန်အဖြစ် သတ်မှတ်သည်။
GSI သည် ကမ္ဘာ့လုံခြုံရေးစနစ်ကို ပြန်လည်ဖွင့်ဆိုသည့် တရုတ်၏ သေနင်္ဂဗျူဟာဖြစ်ပြီး အမေရိကန် လွှမ်းမိုးသည့် ကမ္ဘာ့စနစ်အတွက် အစားထိုးအဖြစ် တရုတ်ကို နေရာပေးထားသည်။ ထိုအစီအစဉ်သည် ခေတ်ပြိုင် စိန်ခေါ်မှုများ၊ အထူးသဖြင့် ၎င်း၏အရေးပါသော အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် တရုတ်၏ ရှည်ကြာသော လုံခြုံရေးဆိုင်ရာမူများနှင့် စံနှုန်းများကို မူဘောင်အဖြစ် အလေးထားသည်။
အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အရ ဒေသတွင်းငြိမ်ချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးတွဲကာကွယ် စောင့်ရှောက်ရေး၊ အထူးသဖြင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုနှင့် ဆိုက်ဘာလုံခြုံရေးကဲ့သို့ သမားရိုးကျ မဟုတ်သည့် လုံခြုံရေးပြဿနာများကို အာရုံစိုက်သည်။
အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အရ ဒေသတွင်းငြိမ်ချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးတွဲကာကွယ် စောင့်ရှောက်ရေး၊ အထူးသဖြင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုနှင့် ဆိုက်ဘာလုံခြုံရေးကဲ့သို့ သမားရိုးကျ မဟုတ်သည့် လုံခြုံရေးပြဿနာများကို အာရုံစိုက်သည်။
လာမည့်နှစ်များတွင် ဒေသတွင်းနှင့် အခြားနေရာများတွင် တရုတ်က GSI ကို မည်သို့ အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ပြသနေသောကြောင့် ထိုသမားရိုးကျ မဟုတ်သည့် လုံခြုံရေးပြဿနာများကို ကိုင်တွယ်ရာတွင် အရှေ့တောင်အာရှ ပင်မကုန်းမြေနိုင်ငံများနှင့် တရုတ် မည်သို့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သည်ကို လေ့လာစောင့်ကြည့်သင့်ပေသည်။
မြန်မာကို အချက်အခြာဒေသအဖြစ် ရှုမြင်ခြင်း
မြန်မာသည် ရာဇဝတ်ဂိုဏ်းများအတွက် အဓိကနေရာဖြစ်နေပြီး အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ထိုသို့ဖြစ်လာသည်။ ရာဇဝတ်ဂိုဏ်းများသည် ၎င်းတို့၏ ရာဇဝတ်လုပ်ငန်းများ တောင့်တင်းစေရေးအတွက် မြန်မာမှ ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့များ၏ လက်နက် အလွန်လိုအပ်နေခြင်းကို အသုံးချသောကြောင့် နိုင်ငံ၏ ဒေသအနှံ့အပြားတွင် ဥပဒေကင်းမဲ့ခြင်းသည် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ရန် သင့်တော်သော အခြေအနေကို ဖန်တီးပေးသည်။
ထိုင်းနှင့်မြန်မာအကြား နယ်စပ် မြဝတီမြို့နယ်မှ ဒေသခံလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ရွှေကုက္ကိုလ်မြို့သည် အွန်လိုင်းလောင်းကစား၊ ငွေကြေးလိမ်လည်မှုနှင့် လူကုန်ကူးမှုများကို လက်ခံထားသော ကြီးမားသည့် ခြံဝင်းများနှင့် အဆောက်အအုံများ ကြီးထွားလာသည်။

ထိုမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများမှ ရာဇဝတ်မှုများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှ စတင်ပြီး အကြီးအကျယ် ကျယ်ပြန့်လာပြီး ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်လာသည်။
ထိုစစ်ဆင်ရေးတွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဟုခေါ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တရုတ်နယ်စပ် ရှမ်းပြည်မြောက်ပိုင်းမှ စစ်တပ်စခန်းများကို ထိုးစစ်ဆင်ပြီး ငွေကြေးလိမ်လည်သည့် ခြံဝင်းများကို ဝင်ရောက်စီးနင်းကာ ဂိုဏ်းခေါင်းဆောင် အများအပြားကို နှိမ်နင်းရန် တရုတ်လက်သို့ အပ်လိုက်သည်။
ထို့နောက် ဂိုဏ်းအများအပြားသည် ၎င်းတို့၏လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်သို့ ပြောင်းရွှေ့ကြသည်။ သို့သော် ငွေကြေးလိမ်လည်သည့် လုပ်ငန်းများ မေလ ၁ ရက် နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ခြောက်လအတွင်း ရွှေကုက္ကိုလ်မှ ထွက်ခွာရန် အမိန့်ကြောင့် ထိုဂိုဏ်းများသည် ထိုင်း-မြန်မာနယ်စပ်တလျှောက် ဘုရားသုံးဆူအနီး ဥပဒေမဲ့သောနေရာများသို့ ပြောင်းရွှေ့ကြသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ရာဇဝတ်လုပ်ငန်းများ ထွန်းကားမှုသည် ဒေသလုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်သည်။ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ ဖိလစ်ပိုင် သာမက အီသီယိုးပီးယား၊ ကင်ညာနှင့် ဘရာဇီးအထိ ဝေးကွာသောနိုင်ငံများ အပါအဝင် နိုင်ငံများစွာမှ နိုင်ငံသားများသည် ထိုင်းနိုင်ငံဟု ယူဆသည့် နေရာများမှ လစာကောင်းသော အလုပ်များ ကမ်းလှမ်းခံရပြီးနောက် ထိုဒေသသို့ လူကုန်ကူးခံရသည်။ ဘန်ကောက်နှင့် ရန်ကုန်မှ သံရုံးများသည် လူကုန်ကူးခံရသူများ လွတ်မြောက်ရေးနှင့် အိမ်ပြန်ပို့နိုင်ရေးအတွက် ရုန်းကန်နေရသည်။
တရုတ်အစိုးရသည်လည်း ခြွင်းချက်မဟုတ်ပေ။ တရုတ်သည် ရာဇဝတ်ခြံဝင်းများတွင် ပိတ်မိနေသော တရုတ်နိုင်ငံသားများ လွတ်မြောက်ရေးနှင့် ရာဇဝတ်လုပ်ငန်းများ၊ အထူးသဖြင့် တရုတ်ပြည်သူများကို ပစ်မှတ်ထားသည့် အွန်လိုင်းနှင့် ဆက်သွယ်ရေးလိမ်လည်မှု လုပ်ငန်းများကို ဖြိုခွဲရေးတွင် ထဲထဲဝင်ဝင် ပတ်သက်လာရသည်။
တရုတ်အစိုးရသည် ထိုဒေသများမှ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရန်အတွက် အရှေ့တောင်အာရှအစိုးရများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ရပြီး ဒေသတွင်းမှ ၎င်း၏ GSI မူဘောင်အောက်တွင် နိုင်ငံရေးသြဇာ တဖြည်းဖြည်း ပိုမိုထူထောင်ရေးအတွက် အခြေအနေကို ဖြစ်စေသည်။
တရုတ်အစိုးရသည် ထိုဒေသများမှ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရန်အတွက် အရှေ့တောင်အာရှအစိုးရများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ရပြီး ဒေသတွင်းမှ ၎င်း၏ GSI မူဘောင်အောက်တွင် နိုင်ငံရေးသြဇာ တဖြည်းဖြည်း ပိုမိုထူထောင်ရေးအတွက် အခြေအနေကို ဖြစ်စေသည်။
ထိုင်း၊ အရှေ့တောင်အာရှအစိုးရများနှင့် တရုတ်၏ GSI
အရှေ့တောင်အာရှ ပင်မကုန်းမြေဒေသတွင် GSI အကောင်အထည်ဖော်ရေးအတွက် ထိုင်းနိုင်ငံ အရေးပါနိုင်သည်။ မကြာသေးမီ နှစ်များအတွင်း တရုတ်ရာဇဝတ်ဂိုဏ်းများသည် ထိုင်းနိုင်ငံအတွက် သမားရိုးကျ မဟုတ်သည့် လုံခြုံရေးခြိမ်းခြောက်မှု ပိုမိုဖြစ်လာသည်။ ထိုင်းနိုင်ငံသည် တရုတ်အတွက် လွန်စွာ စိုးရိမ်စရာဖြစ်သည့် နယ်စပ်မြို့ ရွှေကုက္ကိုလ် ကဲ့သို့သော အခြားရာဇဝတ်မှု အဓိကနေရာများနှင့် နယ်မြေအရ နီးကပ်သည်။
GSI မူဘောင်ကို ထောက်ခံရေးအတွက် တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံကို ဖျောင်းဖျရန် “ဆွေမျိုးပေါက်ဖော်” ဟူသော အသုံးအနှုန်းကို ချမှတ်ထားသည်။ GSI ကို သမ္မတ ရှီကျင့်ဖျင် ကြေညာပြီး ရက်အနည်းငယ်အကြာတွင် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဟန်ကျီချန်သည် GSI မူဘောင်အောက်တွင် တရုတ်နှင့် ပူးပေါင်းဆောင်ရာတွင် ထိုင်းအစိုးရပါဝင်နိုင်သည့် အခန်းကဏ္ဍကို ယုံကြည်စေရန် ကြိုးစားသည့် ကြေညာချက်တစောင် ထုတ်ပြန်သည်။
ဟန်ကျီချန်က နှစ်နိုင်ငံအကြား ရှည်ကြာသော ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားသည့် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင် “အရှေ့အာရှ အိုအေစစ်” ကို ထိန်းသိမ်းရေးအတွက် အတူတကွ လုပ်ဆောင်ရန် လိုအပ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် အလေးထားပြောသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံခြင်းသည် GSI မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် လုံခြုံရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် နီးကပ်သော ဆက်သွယ်ရေး၊ ညှိနှိုင်းဆောင်ရွက်မှု ထိန်းသိမ်းရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက်ရသည်။
ထို့နောက် ကျင်းပသည့် နှစ်နိုင်ငံအကြား အဆင့်မြင့် အစည်းအဝေးများတွင် GSI အကောင်အထည်ဖော်ရေးသည် ဆွေးနွေးသည့် အကြောင်းအရာတခု ဖြစ်လာသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ထိုစဉ်က ထိုင်းဝန်ကြီးချုပ် ဆက်ထာ ထာဝီဆင်နှင့် သမ္မတ ရှီကျင့်ဖျင်တို့ အစည်းအဝေးတခုသည်လည်း နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေး၊ အထူးသဖြင့် မူးယစ်မှောင်ခိုခြင်း၊ လူကုန်ကူးခြင်း၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်း ဒစ်ဂျစ်တယ် ဆက်သွယ်ရေး ငွေကြေးလိမ်လည်မှု၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးကိုလည်း ကတိကဝတ်ပြုသည်။ ထိုကိစ္စများအားလုံးသည် GSI မူဘောင်အောက်မှ သမားရိုးကျ မဟုတ်သော အရေးပါသည့် လုံခြုံရေးစိန်ခေါ်မှုများ ဖြစ်သည်။

စာရေးသူ၏အမြင်အရ အရှေ့တောင်အာရှ ပင်မကုန်းမြေတွင် ထိုင်းနှင့် ညှိနှိုင်းပြီး တရုတ်၏ GSI အကောင်အထည်ဖော်ခြင်းသည် ငွေကြေးလိမ်လည်သူများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် လူကုန်ကူးမှုများကို တိုက်ဖျက်ရေးဖြင့် တဖြည်းဖြည်း အကောင်အထည်ပေါ်လာသည်။
၂၀၂၃ ခုနှစ်က ကျော်ကြားသည့် No More Bets ဇာတ်ကားကြောင့် တရုတ်အများအပြားသည် ထိုကိစ္စများကို အကြီးအကျယ် စိတ်ပူပန်ကြသည်။ ရာဇဝတ်လုပ်ငန်းများသည် ထိုင်းနိုင်ငံမှ တရုတ်ခရီးသွားလုပ်ငန်းအား ဆိုးကျိုးဖြစ်စေမည်ကို ထိုင်းက စိုးရိမ်သောကြောင့် ထိုဇာတ်ကားကို ထိုင်းနိုင်ငံကလည်း အာရုံစိုက်သည်။ တရုတ်နှင့် ထိုင်းတို့သည် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များနှင့် ပတ်သက်သည့် သတင်းအချက်အလက် ဖလှယ်ရေးနှင့် ပူးပေါင်း စုံစမ်းစစ်ဆေးခြင်းကိုလည်း ပို၍ လက်တွဲမိစေသည်။
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းအပြင် တရုတ်အစိုးရသည် ဒေသခွဲအဆင့်တွင် မြန်မာနှင့် လာအိုအပါအဝင် အခြားနိုင်ငံများ ပါဝင်သည့် GSI မူဘောင်အောက်မှ သမားရိုးကျ မဟုတ်သော ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရေး လုပ်ကိုင်ရန် ထိုင်းနိုင်ငံကိုလည်း ဖိတ်ခေါ်သည်။
၂၀၂၃ ခုနှစ် တလျှောက်လုံးတွင် ထို လေးနိုင်ငံသည် အွန်လိုင်းလောင်းကစား၊ ငွေကြေးလိမ်လည်မှုနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အစီအစဉ်အများအပြား ချမှတ်ပြီး ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ကြသည်။
၂၀၂၃ ခုနှစ်၊ မတ်လတွင် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ တော်ဝင်ထိုင်းရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကိုယ်စားလှယ်များသည် လူကုန်ကူးမှုနှင့် ပတ်သက်သည့် ပထမဆုံး သုံးပွင့်ဆိုင် အစည်းအဝေးကျင်းပပြီ ထိုင်း-မြန်မာ နယ်စပ်မှ ကြီးထွားနေသည့် လူကုန်ကူးသူများ၏ လှုပ်ရှားမှုများကို တိုက်ဖျက်ရန် ရည်ရွယ်သည်။
ဒေသတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုများကို တိုက်ဖျက်ရန်အတွက် တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့သည် ပူးတွဲစစ်ဆင်ရေးဌာန ထူထောင်ရန် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် သဘောတူကြသည်။
ထိုသို့သော အစီအစဉ်များ ရှိသော်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ရာဇဝတ်မှုများ မြန်မာတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေကြောင်းပြောပြီး ပိုမိုလုပ်ဆောင်ရန် နေပြည်တော်ကို တိုက်တွန်းသည်။
ထိုသို့သော အစီအစဉ်များ ရှိသော်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ရာဇဝတ်မှုများ မြန်မာတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေကြောင်းပြောပြီး ပိုမိုလုပ်ဆောင်ရန် နေပြည်တော်ကို တိုက်တွန်းသည်။
၂၀၂၄ ခုနှစ်၊ မတ်လက ပူးတွဲစစ်ဆင်ရေတခုတွင် တရုတ်နိုင်ငံသား ၁ ထောင်နီးပါး အပါအဝင် လူအများအပြားကို မြဝတီမြို့နယ်ရှိ ခြံဝင်းများမှ လွတ်မြောက်စေပြီး ထိုတရုတ်နိုင်ငံသားများ နေရပ် ပြန်နိုင်ရေးအတွက် ထိုင်းက ကူညီသည်။
အဆိုပါ တရုတ်နိုင်ငံသားများကို တရုတ်အစိုးရက သံသယရှိသူများဟု ရည်ညွှန်းသောကြောင့် ၎င်းတို့ကို လှည့်ဖျားခံရသူများအဖြစ် သတ်မှတ်သည်၊ မသတ်မှတ်သည်ကို မသိရသေးသော်လည်း တရုတ် ငွေကြေးလိမ်လည်သူများကို တရုတ်ဥပဒေအရ ဖမ်းဆီးအပြစ်ပေးမည်ဖြစ်ကြောင်း သတင်းများက အတိအလင်း ဖော်ပြနေသည်။
အရှေ့တောင်အာရှတွင် တရုတ်၏ ထဲထဲဝင်ဝင် ပါဝင်မှုနှင့် သြဇာ
တရုတ်ရာဇဝတ်ဂိုဏ်းများ အရှေ့တောင်အာရှတွင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေခြင်းသည် တရုတ်နိုင်ငံနှင့် ကမ္ဘာ့အမြင်တွင် တရုတ်၏ဂုဏ်သတင်းကို ထိခိုက်စေသည်။ ထိုအခြေအနေသည် တရုတ်အနေဖြင့် ဒေသတွင်းတွင် GSI ကို အကောင်အထည်ဖော်ရန် ဖြစ်ပေါ်လာစေသည်။
တရုတ်က ထိုအားထုတ်မှုများကို ပေါက်ဖော်ဆက်ဆံရေး အကောင်အထည်ဖော်သည်ဟု ခေါ်ပြီး စစ်ဆင်ရေးသြဇာ ထူထောင်ရန် တရုတ်နိုင်ငံသားများအပေါ် ထိခိုက်မှုနှင့် ပတ်သက်သည့် ဒေသတွင်း လုံခြုံရေးစိန်ခေါ်မှုများနှင့် စိုးရိမ်ပူပန်မှုကို ပူးတွဲစစ်ဆင်ရေးများ သို့မဟုတ် အထူးတပ်ဖွဲ့များမှတဆင့် အသုံးချသည်။
အရှေ့တောင်အာရှ ပင်မကုန်းမြေတွင် GSI အကောင်အထည်ဖော်သည့် ပုံစံသည် ဒေသတွင်း လုံခြုံရေးစနစ် လှုပ်ရှားမှု၌ တရုတ် ရေရှည်ပါဝင်ပတ်သက်မှုအတွက် လမ်းပွင့်သွားနိုင်သည်။ ထိုအားထုတ်မှုများဖြင့် GSI အကောင်အထည်ဖော်ခြင်းသည် တရုတ်စည်းမျဉ်းများဖြင့် လုံခြုံရေးနယ်ပယ်တွင် ဦးဆောင်မှု ထူထောင်ခြင်းဆိုသည့် တရုတ် အခြေခံဦးတည်ချက်ကို အကျိုးပြုသည်။
(USIP ပါ Bhanubhatra Jittiang ၏ How Crime in Southeast Asia Fits into China’s Global Security Initiative ကို ဘာသာပြန်သည်။ ဒေါက်တာ ဘာနုဘာထရာ ဂျစ်တီယန်သည် ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံ လက်ထောက်ပါမောက္ခနှင့် နယ်လ်ဆင် မန်ဒဲလားဌာန ဒါရိုက်တာဖြစ်သည်။)
You may also like these stories:
လွတ်မြောက်လာသူတွေပြောပြတဲ့ ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်ငန်းတွေအကြောင်း (ရုပ်/သံ)
စစ်ကောင်စီအပေါ် တရုတ်ဖိအား လျှော့ချပြီးနောက် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ အလျင်အမြန် ပြန်အသက်ဝင်
ရုပ်ရှင်မင်းသားအမှုကြောင့် ထိုင်းခရီးစဉ်များ တရုတ်တွေ ဖျက်သိမ်း
ပြန်ပေးဆွဲ ကျွန်ပြုမှု များလာသော မြန်မာသို့ မသွားရန် ကင်ညာအစိုးရ သတိပေး
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော












