• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Airbus က တရုတ်နဲ့ပေါင်းပြီး စစ်ကောင်စီကို လူသတ် ဂျက်လေယာဉ်ရောင်း

by ဧရာဝတီ
16 September 2024
in သတင်း
A A
Airbus က တရုတ်နဲ့ပေါင်းပြီး စစ်ကောင်စီကို လူသတ် ဂျက်လေယာဉ်ရောင်း

Airbus သည် မြန်မာစစ်ကောင်စီသို့ စစ်လေယာဉ်များနှင့် လက်နက်များ ရောင်းချသည့် တရုတ်အာကာသလေကြောင်းလုပ်ငန်းကြီးတခုနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းမလာလျှင်ပင် ဆက်လက်ပူးပေါင်းနေသည်

1.6k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများ ပိုမိုများပြားလာချိန်တွင်ပင် ကမ္ဘာ့အကြီးမားဆုံးလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း Airbus သည် မြန်မာစစ်ကောင်စီသို့ စစ်လေယာဉ်များနှင့် လက်နက်များ ရောင်းချသည့် တရုတ်အာကာသလေကြောင်းလုပ်ငန်းကြီးတခုနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းမလာလျှင်ပင် ဆက်လက်ပူးပေါင်းနေသည်ဟု ယမန်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတစောင်အရ သိရသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တနိုင်ငံလုံးမှ တော်လှန်ရေး အင်အားစုများကို တုံ့ပြန်ရာတွင် မြန်မာစစ်ကောင်စီသည် အရပ်သားများကို သိမ်းကြုံး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၂၄ ခုနှစ် မတ်လအတွင်း မြန်မာတွင် အရပ်သားများကိုလေကြောင်းတိုက်ခိုက်မှု ၅ ဆ တိုးလာသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
6
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
51
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
18

လူ့အခွင့်အရေးအဖွဲ့ ၂ ခုဖြစ်သည့် Justice for Myanmar နှင့် ပြင်သစ်အခြေစိုက် Info Birmanie တို့ကပြုစုသည့် စာမျက်နှာ ၃၇ မျက်နှာပါသည့် “#Airbusted” အစီရင်ခံစာသည် Airbus နှင့် Aviation Industry Corporation of China (AVIC) အကြား ဆက်စပ်မှုကို ဖေါ်ထုတ်ရန် ကုလသမဂ္ဂ အစီရင်ခံစာများအပါအဝင် အများပြည်သူသိရှိနိုင်သည့် အချက်အလက်များ၊ ပေါက်ကြား စာရွက်စာတမ်းများနှင့် အခြားသတင်းရင်းမြစ်များကို မှီခိုအားထားပြီး Airbus အနေဖြင့် မြန်မာစစ်ရာဇဝတ်မှုများတွင် AVIC ၏ ကြံရာပါမှု လျှော့ချရန် မည်သို့လုပ်သင့်သည်ကို အကြံပြုသည်။

Airbus အနေဖြင့် စစ်ရာဇဝတ်မှုကျူးလွန်သည့် စစ်ကောင်စီကို ရောင်းချမှုရပ်ရန် ၎င်း၏ စီးပွားဖက်ကို ဖိအားပေးခြင်း သို့မဟုတ် ထိုသို့လုပ်ဆောင်ခြင်း မရှိပါက ထိုစီးပွားဖက်နှင့် အဆက်အသွယ်ဖြတ်သင့်သည်။

Airbus သည် “ဘေးကင်းလုံခြုံညီညွတ်သည့် ကမ္ဘာအတွက် ရေရှည်တည်တံ့သည့် အာကာသလေကြောင်းရှေ့ဆောင် လမ်းပြမည်” ဟု ကြွေးကျော်သည့် ဥရောပလုပ်ငန်းစုကြီးဖြစ်သည်။

Airbus ၏ စီးပွားဖက် AVIC နှင့် ၎င်း၏လုပ်ငန်းခွဲများသည် ဂျက်တိုက်လေယာဉ်များ၊ တိုက်လေယာဉ်များ၊ စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်များကို မြန်မာစစ်တပ်သို့ရောင်းချနေပြီး အရပ်သားများကို သိမ်းကြုံး ဗုံးကြဲရာတွင် ထိုလေယာဉ်များကို အသုံးပြုနေသည်မှာ အများသိသောအချက်ဖြစ်သည်ဟု “#Airbusted” အစီရင်ခံစာက ဖေါ်ပြသည်။

“မြန်မာမှ ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို လက်နက်တပ်ဆင်ရာတွင် AVIC ၏ ရှင်းလင်းသော အခန်းကဏ္ဍရှိသော်လည်း Airbus သည် AVIC ထိန်းချုပ်ကုမ္ပဏီများ နှင့် ပူးပေါင်းဆောင်ရွက်မှု ထိန်းသိမ်းထားရုံသာမက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သည်” ဟု ထိုအစီရင်ခံစာနှင့် ပူးတွဲထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

“မြန်မာစစ်ကောင်စီကို စစ်လေယာဉ်နှင့် လက်နက်များလွှဲပြောင်းပေးရာတွင် AviChina ၏ ဆက်စပ်မှုများကြောင့် အခြားရင်းနှီးမြှုပ်နှံသူများ ထွက်ခွာသွားစဉ် ထိုသို့ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်” ဟု ထိုထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

Airbus ၏ အဓိက ရှယ်ယာရှင်များအနက် ၃ ဦးမှာ ပြင်သစ်၊ စပိန်နှင့် ဂျာမန် အစိုးရများဖြစ်ပြီး ထိုအစိုးရများအားလုံးသည် မြန်မာမှ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနှင့် ထိုနောက်ပိုင်း စစ်ရာဇဝတ်မှုများကို လူသိရှင်ကြား ရှုတ်ချကြသည်။

“ထိုအစိုးရများသည် မြန်မာစစ်တပ်၏ ရာဇဝတ်မှုများကို လူသိရှင်ကြား ရှုတ်ချပြီး လက်နက်စီးဆင်းမှုရပ်အောင် လုပ်ရန် ကတိပြုသော်လည်း Airbus က နောက်ကွယ်တွင် AVIC နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေသည်ကို နှုတ်ဆိတ်နေပုံရသည်” ဟု အထက်ပါ အစီရင်ခံစာက ဖေါ်ပြသည်။

“Airbuc က AVIC ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်နဲ့ မသမာတဲ့ ရောင်းချမှုတွေကို လျစ်လျူရှုထားတာ အလွန် ကြာမြင့်ပြီ ဖြစ်တယ်” ဟု Justice For Myanmar ပြောခွင့်ရသူ မရတနာမောင် ပြောသည်။

“မြန်မာက လူ့အခွင့်အရေးအကျပ်အတည်းနဲ့ပတ်သက်တဲ့ ယုံကြည်စိတ်ချရတဲ့ မှတ်တမ်းတွေနဲ့ ကုလသမဂ္ဂ အစီရင်ခံစာတွေအရ Airbus ဟာ သူ့ရဲ့ အဓိက စီးပွားဖက် AVIC က မြန်မာစစ်ကောင်စီကို လေယာဉ်တွေ၊ လက်နက်တွေ၊ ပြုပြင်ထိန်းသိမ်းရေး နည်းပညာ ဝန်ဆောင်မှုတွေပေးနေတယ်ဆိုတာကို သိရမယ်” ဟုလည်း သူပြောသည်။

Airbus တွင် ရှယ်ယာပိုင်ဆိုင်သည့် ဥရောပနိုင်ငံများအနေဖြင့် အရေးယူဆောင်ရွက်ရန် Info Birmanie မှ ညှိနှိုင်းရေးမှူး ဂျိုဟန်နာ ချာဒွန်နီရာရက် တောင်းဆိုသည်။ “ပြင်သစ်၊ စပိန်နဲ့ ဂျာမန်အစိုးရတွေဟာ Airbus ရဲ့စီးပွားဖက်တွေနဲ့ ကိုယ်စားလှယ်တွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေတဲ့အခါ အရေးယူဖို့ တာဝန်ရှိတယ်” ဟု သူပြောသည်။

AVIC ၏ စစ်ကောင်စီနှင် Airbus သို့ဆက်စပ်မှုများ

AVIC သည် ပြည်တွင်းနှင့်နိုင်ငံတကာတွင် လုပ်ငန်းခွဲအများအပြားရှိသည့် တရုတ်နိုင်ငံပိုင် အာကာသလေကြောင်းနှင့် ကာကွယ်ရေး လုပ်ငန်းစုကြီးဖြစ်သည်။ ၎င်းသည် ကမ္ဘာ့အကြီးမားဆုံး လက်နက်ကုမ္ပဏီများအနက် တခုဖြစ်သည်။ ထိုလုပ်ငန်းသည် ၎င်း၏ ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် လုပ်ငန်းခွဲ AviChina Industry & Technology Company Limited (AviChina) မှတဆင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများထံမှ ရန်ပုံငွေရှာသည်။

၎င်း၏ ဝက်ဘ်ဆိုက်တွင် AviChina က Airbus ကို သေနင်္ဂဗျူဟာကျသည့် ရှယ်ယာရှင် တဦးဟု ဖေါ်ပြသည်။ “နယ်သာလန်တွင် ဌာနချုပ်ရှိသော ထို ဥရောပကုမ္ပဏီသည် ထိုဟောင်ကောင်စတော့ အိတ်ချိန်းစာရင်းဝင် တရုတ်လုပ်ငန်း၏ ဒုတိယအကြီးမားဆုံး ရှယ်ယာရှင်ဖြစ်ကြောင်း “#AIRBUSTED” အစီရင်ခံစာ အရသိရသည်။ ထိုကုမ္ပဏီသည် အထက်ပါတရုတ်လုပ်ငန်းတွင် ရှယ်ယာ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ဝန်ထမ်း ၇၁၀၀၀ ရှိကြောင်း Financial Times အရ သိရသည်။

AVIC ၏ ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် ရှယ်ယာများအပြင် Airbus သည် စစ်ကောင်စီသို့ စစ်လေယာဉ်ရောင်းပြီး ထိုစစ်လေယာဉ်အချို့နှင့်ပတ်သက်သည့် သုတေသနများပြုလုပ်သော AVIC လုပ်ငန်းခွဲများနှင့် ဆက်စပ်ကုမ္ပဏီများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်။

Airbus Helicopters သည် ၎င်း၏ အပေါ့စား ရဟတ်ယာဉ် EC120 Colibri ၏ ဒီဇိုင်းအတွက် China National Aero-Technology Import & Export Corporation (CATIC) ပူးပေါင်းဆောင်ရွက်သည်ဟု “#AirBusted” က ဖေါ်ပြပြီး AVIC ၏ လုပ်ငန်းခွဲ Harbin Aircraft Industry Group (HAIG) သည်လည်း အထက်ပါရဟတ်ယာဉ် ဒီဇိုင်းအတွက် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းဖြစ်ကြောင်း ဆက်လက်ဖေါ်ပြသည်။

CATIC သည် မြန်မာစစ်ကောင်စီသို့ ဂျက်တိုက်လေယာဉ်များ၊ တိုက်လေယာဉ်များနှင့် စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်များ ရောင်းချကြောင်း စစ်ကောင်စီက အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုမြင့်တက်လာသည့် ၂၀၂၂ ခုက နောက်ဆုံးပေးပိုမှု ပြုလုပ်ခဲ့ကြောင်း အထက်ပါ အစီရင်ခံစာက ဖေါ်ပြသည်။

AVIC ၏ လုပ်ငန်းခွဲ Guizhou Aviation 20 Industries Corporation (GAIC) သည်လည်း စစ်ကောင်စီသို့ လေယာဉ်များ ရောင်းချပြီး အထင်ရှားဆုံးမှာ FTC 2000G လေယာဉ်ဖြစ်ပြီး ထိုလေယာဉ်များကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလက စတင်ပေးပို့ကြောင်း ဖေါ်ပြထားသည်။ FTC 2000G သည် လေကြောင်းတိုက်ခိုက်မှုလုပ်ရန် ဒုံးပျံ၊ ဒုံးကျည် သို့မဟုတ် ဗုံး ၃ တန်အထိ သယ်ဆောင်နိုင်သည်ဟု China Daily သတင်းကဖေါ်ပြကြောင်း “#Airbusted” က ကိုးကားဖေါ်ပြသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလက မြန်မာလေတပ် ၇၅ နှစ်မြောက်နေ့တွင် ပြသထားသည့် ထိုလေယာဉ် ၆ စီးနှင့် AVIC ၏ လုပ်ငန်းခွဲများက ထုတ်လုပ်သည့် အခြားလေယာဉ်များ ၏ဓာတ်ပုံများကိုလည်း ထိုအစီရင်ခံစာတွင် ဖေါ်ပြထားသည်။ မြန်မာလေတပ် ဦးစီးချုပ်ရုံးနှင့် CATIC ကိုယ်စားလှယ်များအကြား တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၁,၆၀၀,၀၀၀ တန်ဖိုးရောင်းဝယ်သည့် ပေါက်ကြားလာသော စာရွက်စာတမ်းတခုကိုလည်း ထိုအစီရင်ခံစာတွင် ဖေါ်ပြထားသည်။

Airbus သည် စစ်ကောင်စီက အရပ်သားများကိုတိုက်ခိုက်ရာတွင် သုံးသည့် Y-12 လေယာဉ်များနှင့်လည်း ဆက်စပ်နေသည်။ Y-12 ကို HAIG က ထုတ်လုပ်ပြီး HAIG သည် EC120 Colibri ဒီဇိုင်းအတွက် Airbus ၏ မိတ်ဘက်ဖြစ်သည်။ ထိုကုမ္ပဏီ ၂ ခုသည် AC352 ရဟတ်ယာဉ်များ ပူးတွဲထုတ်လုပ်ကြသည်ဟု “#Airbusted” ကဖေါ်ပြပြီး HAIG ကို AviChina ကပိုင်ဆိုင်ကြောင်း ဆက်လက်ဖေါ်ပြသည်။ AviChina သည် AVIC ၏ဟောင်ကောင်စတော့အိတ်ချိန်းဝင် လုပ်ငန်းဖြစ်ပြီး Airbus ကို သေနင်္ဂဗျူဟာကျသည့် ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း ဖေါ်ပြသည်။

လျှို့ဝှက်ချက်မဟုတ်

မြန်မာလေတပ်နှင့် တရုတ်မှ Airbus ၏ စီးပွားဖက်များအကြား ဆက်စပ်မှုများကို Airbus က မသိဘဲ မရှိနိုင်ကြောင်း ထိုအစီရင်ခံစာက ဖေါ်ပြသည်။

AVIC သည် စစ်ကောင်စီကို လေယာဉ်များရောင်းပြီး လေယာဉ်မှူးများကို လေ့ကျင့်ပေးကာ လေယာဉ်များ ဆက်လက် ပျံသန်းနိုင်ရန် အပိုပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းရေးများ လုပ်ဆောင်ပေးကြောင်း များပြားသော ကုလသမဂ္ဂနှင့် စစ်ကောင်စီထိန်းချုပ် မီဒီယာ အပါအဝင် မီဒီယာသတင်းများက အတည်ပြုသည်။

နော်ဝေးအစိုးရ အငြိမ်းစားလစာ ရန်ပုံငွေသည် AviChina ကို ၎င်းတို့၏ အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုစာရင်းမှ လွန်ခဲ့သောနှစ် ဇန်နဝါရီလတွင် ပယ်ဖျက်ခဲ့ပြီး စစ်အပြုအမူနှင့် ပတ်သက်သော နိုင်ငံတကာစည်းမျဉ်းများအား စနစ်တကျ အပြင်းအထန် ချိုးဖောက်သောနည်းလမ်းဖြင့် လက်နက်များကို အသုံးပြုသည့် နိင်ငံတခုသို့ ထိုလုပ်ငန်းက လက်နက်ရောင်းသောကြောင့် လက်မခံနိုင်သော အန္တရာယ်ဖြစ်စေသည်ဟု ဖေါ်ပြသည်။

Airbus က ၎င်းသည် တရုတ်၏ အရပ်ဘက်လေကြောင်းလုပ်ငန်းနှင့်သာ ပတ်သက်သည်ဟု လူသိရှင်ကြားပြောသော်လည်း Horizon Advisory ၏ ၂၀၂၂ ခုနှစ်အစီရင်ခံစာက ထိုအချက်ကို ပယ်ချသည်။ Airbus-တရုတ် ဆက်ဆံရေးတွင် တရုတ်စစ်တပ်နှင့် ကြီးမားသော ဆက်ဆံရေးနှင့် ကုန်စည်ပေးသွင်းရေး မှီခိုမှုများ၊ နည်းပညာမျှဝေခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အပါအဝင် စစ်ဘက်-အရပ်ဘက် ရောထွေးနေသည့် ယန္တရားများပါဝင်သည်ဟု “#Airbusted” က ကိုးကားသော ထိုအစီရင်ခံစာတွင် ဖေါ်ပြထားသည်။

၎င်းတို့၏ စုံစမ်းဖေါ်ထုတ်မှုကို တုံ့ပြန်ရန်အတွက် Airbus ကို အခွင့်အလမ်းပေးခဲ့ကြောင်း Justice for Myanmar နှင့် Info Birmanie က ဖေါ်ပြပြီး ဖိတ်ခေါ်မှုကို ဧပြီလ ၂၉ ရက်နေ့တွင် ပေးပို့ကြောင်း ပြောသည်။ Airbus မှ အဓိက ရှယ်ယာရှင်များဖြစ်သည့် ပြင်သစ်၊ ဂျာမဏီနှင့် စပိန်အစိုးရများသည်လည်း ထိုနေ့တွင်ပင် ဖိတ်ကြားစာရရှိကြသည်။

လေးလကျော်ကြာသည့်တိုင် ၎င်းတို့ထံမှ စကားတလုံးမျှ အကြောင်းပြန်ခြင်း မရှိပေ။

“Airbus နဲ့ သူ့ရဲ့ နိုင်ငံတော်ရှယ်ယာရှင်တွေဟာ လူမျိုးတုံးသတ်တဲ့ မြန်မာစစ်တပ်ဆီကို AVIC က လက်နက်စီးဆင်းမှု ရပ်အောင်လုပ်ရမယ် ဒါမှမဟုတ် Airbus ဟာ AVIC နဲ့ စီးပွားရေးကို အပြီးတိုင်အဆုံးသတ်ရမယ်” ဟု Justice For Myanmar မှ မရတနာမောင်ပြောသည်။

“သူတို့မှာ မြန်မာစစ်ကောင်စီသက်ဆိုးရှည်စေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိနေရင် စပိန်၊ ဂျာမဏီနဲ့ ပြင်သစ်က မြန်မာ စစ်ရာဇဝတ်မှုတွေကို ရှုတ်ချတယ်ဆိုတာကို ကျမတို့ ဘယ်လိုအလေးနက်သဘောထားရမလဲ” ဟု သူမေးသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Airbus Partnering With Chinese Titan Selling Killer Jets to Myanmar’s Junta: Report ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာလေတပ်က အရပ်သားများကို ဗုံးကြဲနေစဉ် ထိုင်းလေတပ်က အကူအညီများ ချပေးနေ

စစ်ကောင်စီကို အရေးယူရာ၌ ဗုံးကြဲမှုများက မှတ်တမ်းဖြစ်ဟုဆို

AA ၏ ထိန်းသိမ်းရေးစခန်း ၂ ခု ဗုံးကြဲခံရ ၆၀ ကျော် သေဆုံး

နမ့်ခမ်း၊ ဖယ်ခုံ၊ နောင်ချို၊ မြိုင်မြို့နယ်များ ဗုံးကြဲခံရမှု အရပ်သား ၂၈ ဦးခန့် သေဆုံး

စစ်ကောင်စီ တိုက်ခိုက်မှု ၉ ရက်အတွင်း သေဆုံးသူ အရပ်သား ၄၀ ကျော် ရှိလာ

အိန္ဒိယ၊ တရုတ်နှင့် အာဆီယံတို့သည် မြန်မာ အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်နေမှု ကြံရာပါများ ဖြစ်ကြသည်

Your Thoughts …
Tags: #AirbustedAirbusAVICInfo BirmanieJustice for Myanmarဂျက်လေယာဉ်ရောင်းစစ်ကောင်စီတရုတ်အာကာသလေကြောင်းလုပ်ငန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပအိုဝ်းလက်နက်ကိုင် PNLO / PNLA အဖွဲ့ နှစ်ခြမ်းကွဲ

ပအိုဝ်းလက်နက်ကိုင် PNLO / PNLA အဖွဲ့ နှစ်ခြမ်းကွဲ

ပြန်လှန်ထိုးစစ်လား၊ ဆိုက်ဝါးလား၊ မစားရတဲ့အမဲ သဲနှင့်ပက်တာလား အပိုင်း ၂

ပြန်လှန်ထိုးစစ်လား၊ ဆိုက်ဝါးလား၊ မစားရတဲ့အမဲ သဲနှင့်ပက်တာလား အပိုင်း ၂

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved