• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပအိုဝ်းလက်နက်ကိုင် PNLO / PNLA အဖွဲ့ နှစ်ခြမ်းကွဲ

by ဧရာဝတီ
16 September 2024
in သတင်း
A A
ပအိုဝ်းလက်နက်ကိုင် PNLO / PNLA အဖွဲ့ နှစ်ခြမ်းကွဲ

PNLO/ PNLA တပ်ဖွဲ့ဝင်များ

5.2k
VIEWS
Share on FacebookShare on Twitter

စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ကျော်အကြာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) အတွင်း နိုင်ငံရေးအရ သဘော ထားကွဲလွဲမှုများကြောင့် သီးခြားစီ ရပ်တည်သွားတော့မည်ဟု ပြီးခဲ့သည့်ရက်က နှစ်ဖက်ကြေညာချက် အသီးသီးထုတ်ပြန်သည်ကို တွေ့ရ သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မူအား စွဲကိုင်ထားသည်ဆိုကာ ခွဲထွက် PNLO ဟုသုံးနှုန်း၍ အဖွဲ့က နုတ်ထွက်ကြောင်း စက်တင်ဘာ ၁၀ ရက်က ကြေညာသကဲ့သို့ ဥက္ကဋ္ဌ ခွန်သူရိန်ဦးဆောင်သည့်အဖွဲ့ကလည်း PNLO အား ခေါင်းဆောင် ၅ ဦးဖြင့်သာ ဆက်လက် ဦးဆောင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်က ကြေညာသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “NCA လက်မှတ်ထိုးပြီး ၈ နှစ်ပြည့်တော့မှ ရလလဖ က လာတဲ့အဖွဲ့က NCA ကို လက်မခံတော့ဘူး စစ်ပွဲတွေပြန် ဖော်ဆောင်မယ်ဆိုပြီး ခွဲထွက်သွားတာပေါ့။ ကျနော်တို့ကတော့ NCA လမ်းကြောင်းအတိုင်း သွားမယ်။ NCA ကိုပဲ ဆက်လက်ဆုပ်ကိုင် မယ်ဆိုတော့ လမ်းခွဲလိုက်တဲ့ သဘောပါပဲ။ ၂၀၀၉ က တွဲခဲ့တာ အခုပြန်လမ်းခွဲတဲ့ သဘောပါပဲ။ ကျနော်က စစ်အာရှင်ဆန့်ကျင်ရေး PNLO အခြမ်းနဲ့ မဆိုင်တော့ပါဘူး။ ကျနော်နဲ့ဆိုင်တဲ့အခြမ်းကိုပဲ အလုပ် ဆက်လုပ်တော့မယ့်သဘောပါ” ဟု ပြောသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA)ကို ၂၀၀၉ ခုနှစ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ခွဲထွက်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ- SNPLO) မှ ခွဲထွက်လာသည့် ဗိုလ်မှူးကြီး ခွန်သူရိန်တို့ ဦးဆောင်ကာ ထိုင်းနိုင်ငံ၊ မယ်ဟောင် ဆောင်တွင် ညီလာခံတရပ် ကျင်းပပြီး ပူးပေါင်းဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

ထိုစဉ်က လက်နက်ကိုင်တော်လှန်ရေးအခြေခံသည့် အမျိုးသားလွတ်မြောက်ရေးမူကို ကျင့်သုံးရန် ချမှတ်ခဲ့ပြီး ဒီမိုကရေစီကျင့်စဉ်နှင့် အညီ သာယာဝပြောသော ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနှင့် လက်နက်ကိုင်တော်လှန်ရေး စွန့်လွှတ်ကာ စစ်အုပ်စု လက်ကိုင်တုတ် အဖြစ် အသုံးချခြင်းအား လုံးဝ လက်မခံရေးတို့ကို အခြေခံမူအဖြစ် သတ်မှတ်ခဲ့ကြသည်။

PNLO ဖွဲ့စည်းပြီးနောက် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်က NCA ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။

PNLO/ PNLA အဖွဲ့မှ နုတ်ထွက်သွားသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ (ဧရာဝတီ)

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်တွင် PNLO အား ဦးဆောင်ဖွဲ့စည်းခဲ့ကြသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ဗိုလ်မှူးကြီး ခွန်သူရိန် တို့ကြား သဘောထားကွဲလွဲမှုရှိခဲ့ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် NCA လမ်းကြောင်း ဆက်သွားမည်ဖြစ်သလို ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင် သောအဖွဲ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက် လုပ်ဆောင်မည်ဖြစ်သည်။

ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်သည့်ဘက်က NCA လမ်းကြောင်း ရပ်ဆိုင်းသွားပြီဖြစ်ကြောင်းပြောထားပြီး အဖွဲ့အား ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်သူရိန်၊ ဒုဥက္ကဋ္ဌ- ၁ ခွန်ထွန်းတင်၊ ဒုဥက္ကဋ္ဌ -၂ ဗိုလ်မှူးချုပ် ခွန်ကျော်ထင်၊ အထွေထွေအတွင်းရေးမှူး ခွန်အောင်မန်းနှင့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တဦးဖြစ်သည့် ဒုဗိုလ်မှူးကြီး ခွန်အာဠာရတို့ ၅ ဦးအဖွဲ့၏ ဦးဆောင်ဆုံးဖြတ်မှုများနှင့်သာ PNLO လုပ်ငန်းစဉ်များအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

PNLO အား ဆက်လက် ဦးဆောင်ရန် ခေါင်းဆောင် ၅ ဦးကို တာဝန်ပေးမှုအား စက်တင်ဘာ ၁၁ ရက်က ကျင်းပသည့် ဗဟိုအလုပ်အမှု ဆောင် ကော်မတီအစည်းအဝေးတွင် ကော်မတီဝင် ၈၄ ရာခိုင်နှုန်း သဘောတူခဲ့ကြောင်းနှင့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ အဖွဲ့ချုပ်တွင်း အခြေအနေများအရ ဦးဆောင်မှုကျစ်လစ်ရန် တာဝန်ပေးလိုက်ခြင်းဖြစ်ကြောင်း ဦးဆောင်သူ ၅ ဦးတွင်ပါဝင်သည့် အထွေထွေ အတွင်းရေးမှူး ခွန်အောင်မန်းက ဧရာဝတီကို ပြောသည်။

ခွန်အောင်မန်းက “အခုလို ဆုံးဖြတ်လည်းဆိုတော့ ၂၀၀၉ ခုနှစ် ညီလာခံက ချမှတ်ပေးခဲ့တဲ့ မူတွေနဲ့အညီ အဖွဲ့ချုပ်က ဆက်လက်ချီ တက်နိုင် ဖို့ပါ။ ဒီမူတွေက ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ မူကြမ်းရေးပြီး ညီလာခံမှာ အကျေအလည်ဆွေးနွေးပြီး ချမှတ်ခဲ့ကြတာပါ၊ အဖွဲ့ချုပ် ရဲ့ မူတွေ၊ နိုင်ငံရေးဦးတည်ချက်တွေမှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဆိုတာ ပါပြီးဖြစ်တဲ့အတွက် PNLO (AD) ဆိုတာ လည်း လုပ်စရာ မလိုပါဘူး။ အမှန်တော့ PNLO မှာ PNLO (ခွဲထွက်)တို့ PNLO (AD)တို့ စသဖြင့် ဆုံးဖြတ်ထားတာ၊ ကြေညာထားတာမရှိပါဘူး၊ ဒါကတော့ နာယကကြီး ထွက်ထားတာ ထင်ပါတယ်” ဟု ပြောသည်။

လက်ရှိ စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံနေသည့် NCA လက်မှတ်ရေးထိုးထားသောအဖွဲ့များ၊ 7 EAOs Alliance တို့တွင် PNLO က ကိုယ်စားလှယ် စေလွှတ်ထားခြင်းမရှိကြောင်းလည်း ဗိုလ်ချုပ် ခွန်သူရိန်တို့ဘက်က ဆိုထားသည်။

လက်ရှိ PNLO/ PNLA ကို ဦးဆောင်နေသည့် ဗိုလ်မှူးကြီး ခွန်သူရိန်

ခွန်အောင်မန်းက “လက်ရှိနိုင်ငံရေး စစ်ရေးအခြေအနေအရ NCA ကို အကောင်အထည်ဖော်နိုင်မဲ့ အနေအထားမရှိပါဘူး၊ NCA ကို စစ်ရေး အခြေခံ နိုင်ငံရေးအဓိကဆိုတဲ့ အဖွဲ့ချုပ်ရဲ့မူအရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်တဲ့အခင်းအကျင်းမှာ ပါဝင်ခဲ့ တဲ့မူကို အကောင်အထည်ဖော်လုပ်ဆောင်ခဲ့တဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ NCA ကတော့ အကောင်အထည်ဖော်လို့မရတဲ့ စာချုပ်အနေနဲ့ တော့ ရှိနေမှာဖြစ်ပါတယ်” ဟု ပြောသည်။

NCA အား ဆက်လက်ဆုပ်ကိုင်ထားသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက နိုင်ငံရေးအရဖြေရှင်းရေး၊ လူထုကိုအကာအကွယ်ပေးရေး၊ လူသားချင်း စာနာမှုအကူအညီများဆောင်ရွက်ရေးနှင့် အခြေအနေပေးပါက နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး NCA လက် မှတ်ထိုးစဉ်က ပါဝင်သည့် တိုင်ရင်းသားလက်နက်ကိုင် ၇ ဖွဲ့က ဖွဲ့စည်းထားသော 7 EAOs Alliance တွင်လည်း ဆက်လက်ပါဝင်မည်ဖြစ် ကြောင်း ပြောသည်။

၎င်းအနေဖြင့် NCA လက်မှတ်ထိုးစဉ်က အမည်ဖြစ်သည့် PNLO အမည်ဖြင့် အချို့ကိစ္စရပ်များအား ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ပအိုဝ်းလူထုကြား ကွင်းဆင်းဆောင်ရွက်မှုများအတွက် သီးခြားအဖွဲ့အစည်းတခုအမည်ဖြင့် ဆောင်ရွက်သွားရန်ရှိကြောင်းလည်း ပြော သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကြားထဲမှာ ဘယ်ဘက်မှ မပါဘဲနဲ့ ဇတေဇဝါဖြစ်နေတဲ့ အင်အားစုတွေ အဖွဲ့ဝင်တွေရှိနေတော့ သူတို့ကို စောင့်တဲ့အနေနဲ့ ကျနော်တို့ဘက်က စုဖွဲ့မှု အခိုင်အမာ မလုပ်သေးပါဘူး။ တလတန်သည် နှစ်လတန်သည်စောင့်ပါဦးမယ်။ စောင့်လို့ ရသွားရင်တော့ ဖွဲ့စည်းပြီးကြောင်းတခါတည်း ကြေညာဖို့ရှိပါတယ်။ PNLO အနေနဲ့ အလုပ်တချို့ကို ဆက်လုပ်မယ်၊ သို့သော် ပအိုဝ်းပြည်သူတွေကြားမှာ အလုပ်လုပ်မယ်၊ ကွင်းဆင်းမယ်ဆိုရင်တော့ တခြားနာမည်လေးတခုလုပ်ထားပါတယ်၊ အဲဒါကတော့ အချိန်ကျတော့ ထပ်ကြေညာပါ့မယ်။ ကျနော်တို့ ဘာဆက်လုပ်မယ် ဘယ်သူတွေပါမယ်ဆိုတာ ထပ်ပြီးကြေညာပါ့မယ်” ဟု ပြောသည်။

PNLO/PNLA နှင့် စစ်တပ်ကြားတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်ကာ တင်းမာမှုများရှိခဲ့ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်းက ဆီဆိုင်မြို့ပေါ် ပတ်ဝန်းကျင်ဒေသများအား PNLA တပ်များက ထိုးစစ်ဆင်တိုက်ခိုက်၍ ထိန်းချုပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်တပ်က ပအိုဝ်းပြည်သူစစ်အဖွဲ့ (PNO/PNA) နှင့် ပူးပေါင်းကာ ပြန်လည်ထိုးစစ်ဆင် ထိန်းချုပ်နိုင်ခဲ့သည်။

ဆီဆိုင်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် တိုက်ပွဲများအတွင်း လူထုသေဆုံးဒဏ်ရာရမှုနှင့် နေအိမ်ပျက်စီးမှုများပြားခဲ့ပြီး လက်ရှိတွင်လည်း ဆီဆိုင်ဒေသအတွင်း PNLA တပ်များနှင့် စစ်တပ်၊ PNA ပူးပေါင်းအဖွဲ့တို့ကြား ထိတွေ့ပစ်ခတ်မှုများ ရှိနေဆဲဖြစ်သည်။

အလားတူ စစ်ကောင်စီ၏ စည်းရုံးရေးအောက်တွင် ရှိသည့် ဦးအောင်ခမ်းထီ ခေါင်းဆောင်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)က လည်း ပင်လောင်းဒေသတွင် လူ ၁ သောင်းစုကာ ကာကွယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်ကို တွေ့ရသည်။

You may also like these stories:

ပင်လောင်းမှာ လူ ၁သောင်းစုပြီး နေပြည်တော်ကို ကာကွယ်ဖို့ ပြင်နေသလား

PNLA နှင့် နေဝင်းထွန်း၏ ပအိုဝ်းပြည်သူစစ်တို့ ဆီဆိုင်၌ တိုက်ပွဲပြင်းထန်

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

တကျော့ပြန် တိုက်ပွဲကြောင့် ဆီဆိုင်ဒေသခံ ၁ သောင်းကျော် ထပ်မံ စစ်ရှောင်ရ

Your Thoughts …
Tags: NCAPNLO/PNLAဗိုလ်မှူးကြီး ခွန်သူရိန်ဗိုလ်မှူးကြီး ခွန်ဥက္ကာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

Next Post
ပြန်လှန်ထိုးစစ်လား၊ ဆိုက်ဝါးလား၊ မစားရတဲ့အမဲ သဲနှင့်ပက်တာလား အပိုင်း ၂

ပြန်လှန်ထိုးစစ်လား၊ ဆိုက်ဝါးလား၊ မစားရတဲ့အမဲ သဲနှင့်ပက်တာလား အပိုင်း ၂

မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ်တိုးတက်မှု (အပိုင်း ၂)- ၈၈ အရေးတော်ပုံ ဘာကြောင့် တော်လှန်ရေးအဆင့် မရောက်ခဲ့သလဲ

မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ်တိုးတက်မှု (အပိုင်း ၂)- ၈၈ အရေးတော်ပုံ ဘာကြောင့် တော်လှန်ရေးအဆင့် မရောက်ခဲ့သလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved