လားရှိုးထိုးစစ်
လက်ရှိ ရမခ ဌာနချုပ်ကို မိုင်းရယ်တွင် ဖွင့်လှစ်ထားပြီး တောင်ကြီး၊ ခိုလန်၊ မိုင်းနောင်၊ မိုင်းရှူး၊ မိုင်းရယ်၊ တန့်ယန်းသို့ လက်နက်ခဲယမ်း၊ ရိက္ခာစစ်အင်အားများပို့ပြီး လားရှိုးကို ပြန်လည် ထိုးစစ်ဆင်မည်ဟု ဆို၏။ ထိုလမ်းကြောင်းသည် လုံခြုံစိတ်ချရမှု မရှိသည့်အပြင် လမ်းကြောင်းရှည်သည်။ လမ်းလည်း မကောင်းပေ။
ထိုသို့သော လမ်းကြောင်းကို အသုံးပြုပြီး လားရှိုးအား ထိုးစစ်ဆင်ရန် မဖြစ်နိုင်ပေ။ ၁၀၂၇ စစ်ဆင်ရေးတွင် တပ်မ ၁၁ မှ စုပေါင်းစပ်ပေါင်းတပ်များအား ကျောက်ဂူမှတဆင့် ဒုဋ္ဌဝတီမြစ်ကိုဖြတ်၍ ကျောက်မဲသို့ စစ်ကူလွှတ်ရာ အကူအထောက်မပါ၊ လုံခြုံမှုမရှိသည့် လမ်းကြောင်းဖြစ်၍ တပ်လုံးပြုတ်ခဲ့ပြီဖြစ်သည်။ ယခုလည်း ဤလမ်းကြောင်းကို သုံး၍ လားရှိုးအား ထိုးစစ်ဆင်ပါက အလားတူကံကြမ္မာ ကြုံရပေလိမ့်မည်။
စစ်တပ်သည် မိုင်းရယ်နှင့် တန့်ယန်းတွင်လည်းကောင်း၊ ခိုလန်၊ မိုင်းနောင်၊ မိုင်းရှူး၊ မိုင်းရယ် ကားလမ်းလုံခြုံရေးအားလည်းကောင်း UWSA နှင့် SSPP ၏ အကာအကွယ်ယူပြီး နေနေရခြင်းဖြစ်၏။ အမှီခိုကင်းကင်းပင် မရပ်တည်နိုင်ပေ။ UWSA နှင့် SSPP သည် မြောက်ပိုင်းသုံးဖွဲ့၏ မဟာမိတ်များဖြစ်ရာ စစ်ကောင်စီသည် မိုင်းရယ်၊ တန့်ယန်းအား အခြေပြုပြီး လားရှိုးကို ထိုးစစ်ဆင်ရန် ကြံရွယ်ခြင်းသည် မိုက်မဲမှုသာ ဖြစ်လိမ့်မည်။
ထို့ပြင် စစ်တပ်သည် မိုင်းရယ်နှင့် တန့်ယန်းတွင်လည်းကောင်း၊ ခိုလန်၊ မိုင်းနောင်၊ မိုင်းရှူး၊ မိုင်းရယ် ကားလမ်းလုံခြုံရေးအားလည်းကောင်း UWSA နှင့် SSPP ၏ အကာအကွယ်ယူပြီး နေနေရခြင်းဖြစ်၏။ အမှီခိုကင်းကင်းပင် မရပ်တည်နိုင်ပေ။ UWSA နှင့် SSPP သည် မြောက်ပိုင်းသုံးဖွဲ့၏ မဟာမိတ်များဖြစ်ရာ စစ်ကောင်စီသည် မိုင်းရယ်၊ တန့်ယန်းအား အခြေပြုပြီး လားရှိုးကို ထိုးစစ်ဆင်ရန် ကြံရွယ်ခြင်းသည် မိုက်မဲမှုသာ ဖြစ်လိမ့်မည်။
လားရှိုးသို့ ထိုးစစ်ဆင်ရန် သင့်လျော်သည့်လမ်းကြောင်းမှာ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးလမ်းကြောင်းသာ ဖြစ်သည်။ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းသည်။ လက်နက်ကြီးများ သယ်ဆောင်ရန်၊ တင့်ကား၊ သံချပ်ကာကားများ ချီတက်ရန် အဆင်ပြေသည့် မိုင် ၁၀၀ ကျော်သာ ခရီးအကွာအဝေး ရှိသည်။ လက်ရှိတွင် ပြင်ဦးလွင်မှ နောင်ချိုကို ထိုးစစ်ဆင်ပါက တောင်ခမ်း၊ ကျောက်ဂူသို့ ထိုးစစ်ဆင်နေသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် (DPLA) တပ်များကို နောက်ကျောက ဖြတ်တိုက်နိုင်သည်။ သို့သော် ယခုအထိ တိုက်ခိုက်နိုင်ခြင်း မရှိပေ။
လားရှိုးသို့ မိုင်းရယ်၊ တန့်ယန်းမှတဆင့် ထိုးစစ်ဆင်မည်ဟု ဆိုနေသော်လည်း လက်တွေ့တွင် တန့်ယန်းနှင့် မိုင်းရယ်၌ မူလ ရမခ လက်အောက်ခံ တိုင်းတပ်အချို့၊ လားရှိုးတိုက်ပွဲကာလက စစ်ကူပို့သည့် စကခ ၁၂ မှ တပ်အချို့၊ ရလခမှ တပ်အချို့သာရှိ၏။
စကခ ၁၂ မှူးက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီး ရလခ တပ်များကို ဦးစီးလာသည့် တိုင်းစစ်ဦးစီးအရာရှိချုပ်က ဒဏ်ရာရကာ နောက်တန်းသို့ ပြန်ပို့ခဲ့ရသည့် အစမကောင်းသည့် တပ်များဖြစ်သည်။ ထိုတပ်အင်အားနှင့် လားရှိုးအား ထိုးစစ်မဆင်နိုင်ပါ။
ထို့ပြင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်များသည် တန့်ယန်း၊ မိုင်းရယ် လမ်းဆုံအနီး ဟိုရကို ဗဟိုပြု၍ မြောက်ဖက် နန့်ပေါင်၊ မိုင်းယော်၊ တောင်ဘက် ဆောင်ကြဲ၊ နောင်ကော်လုံ တို့တွင်ပါ ဖြန့်ခွဲပြီး လားရှိုးလုံခြုံရေးအတွက် နေရာယူထားရာ လားရှိုးမရောက်ခင် တိုက်ရမည့် စစ်မျက်နှာက ကျယ်ပြောသည်။ လားရှိုးသို့ အလွယ်တကူ မဝင်နိုင်ပါ။
တန့်ယန်း၊ မိုင်းရယ်သို့ စစ်ကားအတက်အဆင်း များနေခြင်းမှာ တန့်ယန်းအနီး မန်ကတ်ရှိ အမှတ် ၈ တပ်မတော်တန်းမြင့်သင်တန်းကျောင်း (တကက ၈) သို့ လေ့ကျင့်ရေး တပ်သားသစ်များပို့ခြင်း၊ သင်တန်းဆင်း တပ်သားများအား ပြန်ခေါ်ယူခြင်းတို့ဖြစ်၏။
လားရှိုးမဆိုထားနှင့် နောင်ချိုကို တိုက်ပြီး တောင်ခမ်းအထိကျွံဝင်ကာ တိုက်ခိုက်နေသည့် TNLA ကို နောက်ကျောမှ ပိတ်ဆို့ဖြတ်တောက် ချေမှုန်းနိုင်သည့် ထိုးစစ်ပင် မဆင်နွှဲနိုင်ပေ။ TNLA နှင့် DPLA တပ်ဖွဲ့များ တောင်ခမ်းကိုကျော်၍ ဓနုဒေသနှင့် ကျောက်ဂူ၊ ရပ်စောက်နယ်တွင်း ထိုးဖောက်မလာနိုင်ရန်သာ အသည်းအသန် ခုခံနေသည်ကို တွေ့ရ၏။
စစ်တပ်၏ စစ်အင်အားပြဿနာ
ပြဿနာမှာ စစ်တပ်၏ စစ်အင်အားပြဿနာ ဖြစ်၏။ လက်ရှိအချိန်တွင် စစ်တပ်သည် တိုင်းစစ်ဌာနချုပ်တခု၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တခု၊ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် လေးခု၊ ခြေလျင်/ခြေမြန်တပ်ရင်းဌာနချုပ် ၇၆ ခု၊ အမြောက်တပ်ရင်း (အမတ) ဌာနချုပ် ရှစ်ခု၊ လကတ ဌာနချုပ် တခု၊ တင့်/သံချပ်ကာ တပ်ရင်းဌာနချုပ် တခုနှင့် လက်ရုံးတပ်၊ ဝန်ထမ်းတပ်များအပါအဝင် တပ်ရင်းတပ်ဖွဲ့ ၁၂၃ ခုခန့် စစ်အင်္ဂါစဉ်ထဲမှ လုံးဝ ပျောက်ကွယ်သွားပြီး ကျန် တပ်မ/စကခ ၂၆ ခုနှင့် တိုင်းတပ်များအနက် စကခ ၁၈ တခုမှလွဲ၍ ကျန်တပ်အများစုမှ အထိနာနေသည်။ တိုက်ပွဲမရှိသည့် ရန်ကုန်တိုင်း၊ နေပြည်တော်မှ တိုင်းတပ်များကို နောင်ချို၊ ပြင်ဦးလွင်တွင် တွေ့ရသကဲ့သို့ ဧရာဝတီတိုင်းမှ တပ်များသည်လည်း ရခိုင်တွင် အထိနာနေသည်။
ကျန်တိုင်း၊ တပ်မ၊ စကခ များမှာလည်း သူ၏ စစ်ဆင်ရေးနယ်မြေနှင့်သူ မနိုင်မနင်း ဖြစ်နေသည်။ မန္တလေးမြောက်ဘက်တွင် PDF, TNLA နှင့် ပူးပေါင်းအင်အားများ စစ်ဆင်ရေး ပြုလုပ်လာသောအခါ စစ်ကိုင်းတိုင်းတွင် စစ်ဆင်ရေးတာဝန်ယူနေသော စကခ ၄ မှ တဗျူဟာ၊ စကခ ၁၀ မှ တဗျူဟာ ဆွဲထုတ်စေလွှတ်သည်ကို တွေ့ရ၏။
တပ်အင်အား မလုံလောက်၍ ကျောက်မဲစစ်ကူတွင် လက်ရုံးတပ်မှ စစ်သားအိုများ ထည့်သွင်းသကဲ့သို့ ယခုအခါ အတွေ့မကြုံမရှိသည့် အတင်းကောက်လာသော စစ်သားသစ်များကို ရှေ့တန်းပို့နေရသည်။ မတ္တရာတွင် ခံစစ်ပြင်နေသည့် စကခ ၁၀ တွင် အင်အား ၁၀၀ ခန့်ရရှိရန် လက်ရုံးတပ်ပေါင်းများစွာမှ တဖွဲ့လျှင် ၄၊ ၅ ယောက်စီကို ခေါ်ယူစုဖွဲ့ထားသည်ကို တွေ့ရ၏။
တပ်အင်အား မလုံလောက်၍ ကျောက်မဲစစ်ကူတွင် လက်ရုံးတပ်မှ စစ်သားအိုများ ထည့်သွင်းသကဲ့သို့ ယခုအခါ အတွေ့မကြုံမရှိသည့် အတင်းကောက်လာသော စစ်သားသစ်များကို ရှေ့တန်းပို့နေရသည်။ မတ္တရာတွင် ခံစစ်ပြင်နေသည့် စကခ ၁၀ တွင် အင်အား ၁၀၀ ခန့်ရရှိရန် လက်ရုံးတပ်ပေါင်းများစွာမှ တဖွဲ့လျှင် ၄၊ ၅ ယောက်စီကို ခေါ်ယူစုဖွဲ့ထားသည်ကို တွေ့ရ၏။
TNLA တိုက်ခိုက်နေသည့် သီပေါရှိ အခြေစိုက် တပ်ရင်းသုံးရင်းသို စစ်ကူပို့ထပ်သည့် တပ်ရင်းသုံးရင်းမှာ စကခ/ တပ်မ တခုစီမှဖြစ်၏။ လက်ရှိ ပြင်ဦးလွင် လုံခြုံရေးအတွက် ပို့နေသော တပ်ရင်းများမှာ ရန်ကုန်တိုင်း၊ နေပြည်တော်နှင့် စကခ ၆ မှ တပ်ရင်းများ ထုတ်နုတ်ပို့နေခြင်းဖြစ်၏။ တပ်မ/စကခ အလိုက်၊ ဗျူဟာအလိုက် စစ်ဆင်ရေးတာဝန်ယူရန် တပ်အသင့်မရှိပေ။
သို့ဖြစ်ရာ လက်ရှိ စစ်သင်တန်းဆင်းစ၊ အတင်းအဓမ္မစုဆောင်းထားသော တပ်သားသစ်များ၊ စစ်သားအိုများဖြင့် စစ်ဆင်ရေးတရပ် ပြုလုပ်ခြင်းသည် ထိုသူများအား သေတွင်းသို့ ပို့ခြင်းသာဖြစ်လိမ့်မည်။ စကခ တခုသာ အင်ပြည့်အားပြည့်ရှိသည့် အခြေအနေအောက်တွင် တကယ်တမ်း လားရှိုးကို တပ်အင်အားစုစည်းပြီး ပြန်လည်ထိုးစစ်ဆင်ရန် အလားအလာနည်းသည်။
မန္တလေးစစ်ဆင်ရေး
ထို့ပြင် မန္တလေးမြောက်ဘက်တွင်လည်း သပိတ်ကျင်းနယ်အတွင်း လက်ကျန်တပ်များကို မဆုတ်တမ်း ခံစစ်ဆင်ခိုင်းထားပြီး မန္တလေးမှ ပြန်လည် ထိုးစစ်ဆင်ရန် တပ်အင်အား မလုံလောက်ပေ။ သပိတ်ကျင်း လက်ကျန်တပ်စခန်းများကို မဆုတ်တမ်းခံစစ် ဆင်ခိုင်းပြီး မတ္တရာ၌ စုပေါင်းစပ်ပေါင်းတပ်ဖြင့် ရင်ဆိုင်နေရ၏။ မန္တလေး၊ ပြင်ဦးလွင်တို့တွင် ခံစစ်ပြင်ခြင်း၊ တပ်အသင့်ပြင်ခြင်း၊ ပတ်ဝန်းကျင်သို့ လှုပ်ရှားတပ်ဖွဲ့ငယ်များ ကာကင်းထုတ်၍ ခံစစ်ရှင် ကျင့်သုံးနေသည်ကို တွေ့ရ၏။
စစ်ကိုင်းတိုင်း စစ်ဆင်ရေး
စစ်ကိုင်းတိုင်းတွင် ပင်လည်ဘူး၊ အင်းတော်၊ ထီးချိုင့်တို့အား PDF တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေရာ အသည်းအသန် ခုခံနေရ၏။
စစ်ကူပို့သည့် စစ်ကြောင်းများ ဖြတ်တောက်ချေမှုန်းခံရ၍ ထပ်မံစစ်ကူပို့နေသည်ကို တွေ့ရ၏။ စစ်ကိုင်းတိုင်းအနှံ့ PDF များ၏ ပြောက်ကျားစစ်ဆင်နေမှုအား ဟန့်တားနိုင်ရန် အင်အားလိုအပ်ဆဲဖြစ်၏။
ရခိုင်စစ်ဆင်ရေး
ရခိုင်တွင် AA တပ်ဖွဲ့က သိမ်းပိုက်လုဆဲဆဲဖြစ်သည့် မောင်တော၊ မြို့သူကြီးစခန်းအား စစ်ကူ ပစ်ကူပို့ရခြင်း၊ ဂွမြို့အား ကာကွယ်ရန် အင်အားဖြည့်တင်းရခြင်းအပြင် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်းတို့ လုံခြုံရေးအတွက် အင်အားဖြည့်တင်းရန် လိုအပ်နေဆဲဖြစ်၏။
အခြားဒေသ စစ်ဆင်ရေးများ
ထို့ပြင် ကချင်၊ ချင်း၊ ကရင်၊ မွန်၊ တနင်္သာရီ၊ မကွေး၊ ပဲခူးရိုးမ စသည့်ဒေသများရှိ တိုက်ပွဲများအတွက် ခုခံကာကွယ်နိုင်ရန် စစ်ကောင်စီအတွက် စစ်အင်အားများ လိုအပ်နေရာ ထိုးစစ်ကြီးတခု ဆင်နွှဲရန် တပ်အင်အား စုစည်းရန် ခက်ခဲပါသည်။
စစ်တပ်၏ လက်ရှိအခြေအနေ
၂၀၁၅ ခုနှစ် ရှမ်းမြောက်နှင့်ကချင်၌သာ တိုက်ပွဲရှိစဉ်ကာလက ကိုးကန့်ဒေသကို တပ်အင်အား အလုံးအရင်းစုပြီး ထိုးစစ်ဆင်နိုင်သည့် အခြေအနေမျိုး ယနေ့ကာလတွင် စစ်ကောင်စီတွင် မရှိတော့ပေ။
တပြည်လုံးအနှံ့ တိုက်ခိုက်နေရသဖြင့် တပ်အင်အား မလုံလောက်သည့်အပြင် စစ်ကောင်စီတပ်များ စစ်ပန်းနေပြီ ဖြစ်သည်။ အဓမ္မခေါ်ယူစုဆောင်းထားသည့် တပ်သားသစ်များကလည်း တိုက်စိတ်ခိုက်စိတ် မရှိသည့်အပြင် အတွေ့အကြုံလည်း မရှိကြသေးပေ။
တပြည်လုံးအနှံ့ တိုက်ခိုက်နေရသဖြင့် တပ်အင်အား မလုံလောက်သည့်အပြင် စစ်ကောင်စီတပ်များ စစ်ပန်းနေပြီ ဖြစ်သည်။ အဓမ္မခေါ်ယူစုဆောင်းထားသည့် တပ်သားသစ်များကလည်း တိုက်စိတ်ခိုက်စိတ် မရှိသည့်အပြင် အတွေ့အကြုံလည်း မရှိကြသေးပေ။
စစ်ကောင်စီတပ်၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ချုပ်၍ဆိုရလျှင် အဓိကအချက်နှစ်ချက်ကို တွေ့ရ၏။
ပထမ အချက်မှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခါစက စစ်ဆင်ရေးတာဝန်ကို တိုင်းအလိုက် တိုင်းလက်အောက်ခံ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ စစ်ဗျူဟာအခြေချ (စဗခ)၊ လှုပ်ရှားစစ်ဗျူဟာ (စဗဟ) တို့အားလည်းကောင်း၊ တပ်မ/စကခ နှင့် လက်အောက်ခံ နည်းဗျူဟာ (နဗဟ) တို့အားလည်းကောင်း ခွဲဝေပေးနိုင်သည်။ ယခုအခါ တပ်အင်အား မလုံလောက်သဖြင့် တိုင်း၊ တပ်မ၊ စကခ တို့မှ တပ်ရင်းတရင်းစီ ထုတ်နုတ်ပေါင်းစပ်ပြီး စုပေါင်းစပ်ပေါင်း တာဝန်ပေးနေရ၏။ စစ်တပ်စုဖွဲ့ပုံ၊ ကွပ်ကဲပုံ မှန်တမ်းအနေအထားတွင် မရှိတော့။
ဒုတိယအချက်အနေဖြင့် တပ်ရင်းစစ်သည်အင်အား မပြည့်၍ လက်ရုံးတပ်၊ ဝန်ထမ်းတပ်များမှ စစ်သားအိုများ၊ အတွေ့အကြုံမရှိသည့် စစ်သားများဖြည့်တင်းနေရသည်။ ယခုနှစ်ပိုင်းတွင် အဓမ္မတပ်သားစုထားသည့် အတွေ့အကြုံ မရှိသည့် တပ်သားသစ်များ ဖြည့်တင်းနေသည်ကို တွေ့ရ၏။
တပ်ရင်းအလိုက် တိုက်ခိုက်ရေးအင်အား လျော့ကျနေသည့်အပြင် တိုက်ခိုက်ရေး အတွေ့အကြုံ လျော့ကျနေ၏။
ဆိုက်ဝါးလော၊ တကယ်လော
သို့သော် စစ်ကောင်စီက သူဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်ရရှိရေးအတွက် ပြန်လည် ထိုးစစ်ဆင်သွားမည်ဟု ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်သည်ကို တွေ့ရ၏။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားနိုင်သည့် နယ်မြေများ၊ PDF များ နေထိုင်မှုရှိနေသည့် ဒေသများတွင် စစ်ကောင်စီက လိုအပ်သလို တန်ပြန် တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုသည်။
လက်တွေ့တွင် စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာဒေသများအား ဖြတ်လေးဖြတ်ပြုလုပ်ခြင်း၊ နေ့နေ့ညည လေကြောင်းဖြင့် အရပ်သားပစ်မှတ်များအား တိုက်ခိုက်ပြီး အဆိုပါဒေသများ မတည်ငြိမ်အောင် လူထုကြောက်ရွံ့ထိတ်လန့်စေရန် ရည်ရွယ်ပြီး ပြုလုပ်နေသည်ဟု ဆိုရမည်။ တဆက်တည်းတွင် ရန်နိုင်မင်း၊ ဆင်ဖြူရှင် စသည့် စစ်ဆင်ရေးအမည်များဖြင့် ခြောက်လှန့်နေသည်ကို တွေ့ရ၏။
တပြည်လုံးရှိ နေရာအများစုတွင် စစ်ဆင်နေရသည့် စစ်ကောင်စီအတွက် တပ်သားသစ်ဖြည့်တင်းရန် လိုအပ်သည်။ လက်တွေ့ ပြန်လှန်ထိုးစစ်ဆင်ရေး စစ်အင်အားဖြည့်တင်းရန် စစ်ကောင်စီအတွက် အချိန်လိုအပ်သည်။ ဒေသတချို့အား စွန့်လွှတ်၍ ဒေသအချို့အား ထိုးစစ်ဆင်မည့်စိတ်ကူးမျိုးလည်း စစ်ကောင်စီတွင် မတွေ့ရပေ။ လောပိတ ရေအားလျှပ်စစ်ရှိသည့် ကရင်နီပြည်နယ်နှင့် နေပြည်တော်တို့ကဲ့သို့ မခြိမ်းခြောက်နိုင်၊ မည်သည့်အကျိုးစီးပွားမှလည်း မရှိသည့် ချင်းပြည်နယ်ထက် ပိုအလေးထားခြင်းမျိုးသာ ရှိနိုင်သည်။
လက်ရှိတွင် စစ်တပ်လုပ်လာနိုင်သည်မှာ ဒေသအလိုက် ဒရုန်းစစ်ဆင်ရေးကို တိုးမြှင့်လုပ်လာနိုင်ခြင်းဖြစ်သည်။ အရည်သွေးမြင့် ဒရုန်းများ ဝယ်ယူအသုံးပြုနိုင်သည့် စစ်တပ်သည် ပျူစောထီးများအပါအဝင် သူ၏လက်အောက်ခံ တပ်ဖွဲ့များကို ဒရုန်းများတပ်ဆင်ပြီး ဒေသအလိုက် ဒရုန်းစစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်၍ တော်လှန်ရေးတပ်ဖွဲ့များကို အမှည့်ခြွေ ခြွေရန် တိုးမြှင့်ကြိုးစားနေမည် ဖြစ်၏။
တဖက်က တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများရှိ အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်၍ အရပ်သားပြည်သူလူထုအား ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ပြီး ထိန်းချုပ်ဒေသများ တည်ငြိမ်မှုမရှိဘဲ ထိတ်လန့်တကြားဖြစ်နေစေရန် ရည်ရွယ်မည်။ မစားရသည့်အမဲ သဲနှင့်ပက်လိမ့်မည်။
တဖက်က တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများရှိ အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်၍ အရပ်သားပြည်သူလူထုအား ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ပြီး ထိန်းချုပ်ဒေသများ တည်ငြိမ်မှုမရှိဘဲ ထိတ်လန့်တကြားဖြစ်နေစေရန် ရည်ရွယ်မည်။ မစားရသည့်အမဲ သဲနှင့်ပက်လိမ့်မည်။
တချိန်တည်းတွင် ဆိုက်ဝါးများ လွှင့်ထုတ်၍ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ပြီး ထိုးနှက်နေမည်။ ဤသို့ပြုလုပ်ရင်း ပြန်လှန်ထိုးစစ်အတွက် ပြင်ဆင်ရန် အချိန်ယူနေပေလိမ့်မည်။ မင်းအောင်လှိုင်၏ ခရီးစဉ်များသည် ပြန်လှန်ထိုးစစ်ဆင်ရန်ထက် စိတ်ဓာတ်ကျဆင်းနေသည့် သူ၏စစ်တပ်များကို စိတ်ဓာတ်မြှင့်တင်ရန် သူကိုယ် တိုင်ထွက်၍ လုပ်မှရသည့်အခြေအနေသို့ ဆိုက်နေသည်ကို ပြသခြင်းသာဖြစ်သည်။
သို့ဖြစ်ရာ လက်ရှိအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များ အထူးသတိပြုရမည်မှာ စစ်တပ်၏ ဒေသတိုင်းတွင် တိုးမြှင့်လာမည့် ဒရုန်းတိုက်ခိုက်မှု၊ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ဒေသများရှိ အရပ်သားများအား လေကြောင်းမှ တိုက်ခိုက်သတ်ဖြတ်မှုနှင့် ဆိုက်ဝါး စိတ်ဓာတ်စစ်ဆင်ရေးများ ဆိုသည့် အချက်သုံးချက် ဖြစ်ပါသည်။
အကယ်၍သာ တပ်သားသစ်များ၊ စစ်သားအိုများအား သေတွင်းပို့ရန် လက်မတွန့်သည့် စစ်ကောင်စီသည် ရှိစုမဲ့စု အင်အားကို ထုတ်၍ မိုင်းရယ်၊ တန့်ယန်းဘက်မှ လားရှိုးသို့ ထိုးစစ်ဆင်လာပါက တိုင်းရင်းသားတပ်ဖွဲ့များအဖို့ လက်ခမောင်းထခတ်ရန်သာ ရှိ၏။ ထိုစစ်ဆင်ရေး အောင်မြင်ရန် မဖြစ်နိုင်ဘဲ ချေမှုန်းခံရမည်သာ ဖြစ်၏။
ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များအဖို့ အခိုင်အမာ ခံစစ်စခန်းကြီးများကို တိုက်ရသည်ထက် လှုပ်ရှားချီတက်လာသည့် စစ်ကြောင်းများကို တိုက်ရသည်က ပို၍လွယ်ကူပါသည်။
စစ်ကောင်စီသည် အချိန်တခုယူ၍ တပ်အင်အားစုစည်းပြီး ပြန်လှန်ထိုးစစ်ဆင်နိုင်မည်ဟု ယူဆနေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ တိုးတက်လာမည့် အခြေအနေများဖြစ်သည့် စစ်ကောင်စီတပ်များအား အဆက်မပြတ်ချေမှုန်းခြင်း၊ နယ်မြေများ ထပ်မံသိမ်းပိုက်ခြင်း၊ စစ်မျက်နှာသစ်များ ထပ်မံ ဖွင့်လှစ်ခြင်းတို့အောက်တွင် စစ်ကောင်စီသည် အစဉ် လက်ဦးမှုမဲ့နေပေလိမ့်မည်။
စစ်ကောင်စီ၏ စစ်ရေးနှင့်ပတ်သက်သည့် အခြေခံအမှားမှာ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ် သုံးသပ်သကဲ့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့တပ်ဖွဲ့၏ စစ်ရေးအခြေအနေကို မှန်ကန်စွာ သုံးသပ် နိဂုံးချုပ်နိုင်မှု မရှိခြင်းဖြစ်ပါသည်။
(ပြီးပါပြီ)
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ပြန်လှန်ထိုးစစ်လား၊ ဆိုက်ဝါးလား၊ မစားရတဲ့အမဲ သဲနှင့်ပက်တာလား -၁
လားရှိုးကို စစ်ကောင်စီ ဗုံးကြဲ (ရုပ်/သံ)
လားရှိုး ရမခ ကျဆုံးပြီးနောက် ဘာဆက်ဖြစ်မလဲ
ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်ထိ AA ထိုးစစ် ဆင်းလာ
တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ
လားရှိုးတိုက်ပွဲ တလအတွင်း အရပ်သား ၁၀၀ ခန့် ထိခိုက်သေဆုံး
တရုတ် ဖြတ်လေးဖြတ်နှင့် မြန်မာ့ အင်္ဂါဂြိုဟ်