• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

တောင်ငူမြို့တွင်း ရေဘေးသင့်နေရာများ ကယ်ဆယ်ရေးများလိုအပ်နေ

by ဧရာဝတီ
17 September 2024
in Environment
A A
တောင်ငူမြို့တွင်း ရေဘေးသင့်နေရာများ ကယ်ဆယ်ရေးများလိုအပ်နေ

ရေဘေးသင့် တောင်ငူဒေသခံများ (CJ)

634
VIEWS
Share on FacebookShare on Twitter

စစ်တောင်းမြစ်ရေကြောင့် ပဲခူးတိုင်း အရှေ့ခြမ်း တောင်ငူမြို့နယ်တွင် ရေကြီးခဲ့ရာ ယခုအခါ အနည်းငယ်ပြန်ကျပြီ ဖြစ်သော်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လိုအပ်နေကြောင်း သိရသည်။

တောင်ငူမြို့ပေါ် ရပ်ကွက်များအပါအဝင် မြို့နယ်တွင်းရှိ တပြေး၊ မိုးကောင်း၊ နောင်ဖို၊ ဒိုးအင်း၊ လေးအိမ်စု၊ အရှေ့ဆင်၊ ကျေးအင်း၊ ထုံးဘို၊ ကွမ်းသီးပင်၊ သဖန်းပင် အစရှိသည့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများ ရေနစ်မြုပ် လျက်ရှိရာ ရေအနည်းငယ်ပြန်ကျလာပြီ ဖြစ်သော်လည်း အချို့သောနေရာများမှာ ကယ်ဆယ်ရေးများ မရောက် ရှိသည့် အတွက် လိုအပ်ချက်များနေဆဲဖြစ်ကြောင်း သိရသည်။

Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေး ပရဟိတအဖွဲ့မှ တာဝန်ရှိသူတဦးက “လိုအပ်ချက်ကတော့ အများကြီးပဲ။ ကျမတို့က ရေထဲဆင်းပြီး ပိတ်မိနေတဲ့လူတွေပဲ အဓိက ကယ်ဆယ်ရေးလုပ်နေတော့ ကုန်းပေါ်မှာမရှိဘူးပေါ့။ အလှူရှင် တွေလာရင်လည်း မတွေ့လိုက်တာနဲ့ပဲ မရလိုက်ပါဘူး။ ရေဘေးသင့်တာ နေရာတိုင်းမှာ ထောင်ကျော်ရှိ တယ်” ဟု ပြောသည်။

ယမန်နေ့ စက်တင်ဘာ ၁၅ ရက်နေ့က ရေဘေးဒုက္ခသည်များကို ကူညီကယ်ဆယ်နေသူတဦး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ် ရေစီးနှင့် မျောပါ သေဆုံးသွားကြောင်းလည်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

သေဆုံးသူသည် ရှင်ပေါလုအသင်းတော် ကူညီကယ်ဆယ်ရေးအဖွဲ့မှ ၂၆ နှစ်အရွယ် စောနော်ဂျာဖြစ်ပြီး ၎င်းသည် ကလေးငယ်တဦးအား အသက်ကယ်အင်္ကျီပေး၍ ကယ်ဆယ်ရင်း ရေစီးဖြင့် မျောပါကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေဘေးသင့် ကလေးငယ်ကို ကူညီရင်း အသက်ဆုံးရသည့် ရှင်ပေါလု အသင်းတော် ကူညီကယ်ဆယ်ရေးအဖွဲ့မှ အသက် ၂၆နှစ်ရှိ စောနော်ဂျာ (CJ)

တောင်ငူမြို့ရှိ လူမှုကူညီရေးအသင်းတခုက “ရှင်ပေါလုအဖွဲ့က ပရဟိတသမားတဦးလည်း တနေ့က ဆုံးသွားတယ်။ သူ့ရဲ့ အသက်ကယ် အင်္ကျီကို ချွတ်ပြီး ကလေးအန္တရာယ်ဖြစ်မှာစိုးပြီး ပေးဝတ်လိုက်တဲ့အချိန် ပြုတ်ကျပြီးတော့ ရေစီးသန်တဲ့ထဲပါသွားတာ ဓာတ်တိုင်ပလက်ဖောင်းနဲ့ ရိုက်မိပြီး မေးပြုတ်သွားတာ” ဟု ပြောသည်။

စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ စစ်တောင်းမြစ်ရေမြင့်တက်လာခြင်းကြောင့် တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၃၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူသောင်းချီရှိနေပြိး လက်ရှိအချိန်ထိ ပိတ်မိနေ၍ နေရပ်မပြန်နိုင်သေးခြင်းများ ရှိနေကြောင်း သိရသည်။

တောင်ငူဒေသခံတဦးက “ရေကတော့ ကျသွားပါပြီ။ တောင်ငူပတ်ပတ်လည် တနေ့ကို ၁ပေခွဲစီနဲ့ တအိအိကျတယ်။ မိုးရွာတော့မရှိသေးဘူး။ အဆိုးဆုံးနေရာတွေကတော့ စစ်တောင်းတံတားအရှေ့ဘက်ကမ်းပဲ။ သေဆုံးတာတွေတော့ ရှိတယ်။ လူဦးရေ အတိအကျတော့ မသိသေးဘူး။ ရေတက်တာတော့ မြန်တာပေါ့။ နာရီဝက်အတွင်း ၃ပေ ၄ပေ လောက် ထိ တက်သွားတာ။ တချို့တွေကျတော့ မိဘတွေက ကလေးတွေကိုထားပြီး ဈေးသွားနေတာ ပြန်မလာတတ် တော့ ကလေးတွေပဲ ပိတ်မိပြီး ကျန်ခဲ့တာတွေရှိတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် တောင်ငူမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများမှာ မြို့ပေါ်နှင့် ကျေးရွာအချို့ရှိ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြပြီး စက်တင်ဘာ ၁၁ ရက်နေ့မှ ယနေ့အထိ ရေဘေးကြောင့် သေဆုံးသူ ၄ ဦးခန့်ရှိနေ ကြောင်းနှင့် ထပ်မံသေဆုံးသူများလည်း ရှိနိုင်ကြောင်း သိရသည်။

ရေနစ်မြုပ်နေသည့် နေရာများမှာ ရေစီးသန်သည့်အတွက်လည်း ကယ်ဆယ်ရေးပြုလုပ်သည့်အခါတွင် အခက်အခဲဖြစ်နေပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲများလည်း ရှိနေကြောင်း သိရသည်။

RelatedPosts

မြစ်ဆုံစီမံကိန်း ပြန်လုပ်ဖို့ အမိန့်စာနဲ့ စစ်တပ်ခြေလှမ်းစ

မြစ်ဆုံစီမံကိန်း ပြန်လုပ်ဖို့ အမိန့်စာနဲ့ စစ်တပ်ခြေလှမ်းစ

27 December 2025
356
၂၀၁၄ ခုနှစ်က မြစ်ဆုံတွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ လှုပ်ရှားမှု  / KDNG

မြစ်ဆုံစီမံကိန်း လူထုဆန္ဒသာ အဓိကဟု KIO ပြော

20 December 2025
771
လူအများအပြားသေဆုံးစေခဲ့သော အာရှက နိုဝင်ဘာမိုးများ

လူအများအပြားသေဆုံးစေခဲ့သော အာရှက နိုဝင်ဘာမိုးများ

14 December 2025
130
တိရစ္ဆာန်များလည်း ရေဘေးကြောင့် ဤသို့ ခိုလှုံနေကြရသည် (CJ)

တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် တောင်ငူ အပါအဝင် အုတ်တွင်း၊ ရေတာရှည်၊ ထန်းတပင်မြို့များမှ ရေဘေးသင့်ပြည်သူ ၈ သောင်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

နိုင်ငံတဝန်းရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၃ သိန်း ၂သောင်းကျော် အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး သေဆုံးသူ ၁၁၃ ဦးအထိရှိလာကြောင်း စစ်ကောင်စီက စက်တင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။

Your Thoughts …
Tags: ကယ်ဆယ်ရေးကူညီစစ်တောင်းတောင်ငူမြစ်ရှင်ပေါလုအသင်းတော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နေပြည်တော်နယ်မြေ ရေကြီးပြီး ၄ ရက်မြောက်နေ့ စစ်ခေါင်းဆောင် ထွက်ပေါ်လာ

နေပြည်တော်နယ်မြေ ရေကြီးပြီး ၄ ရက်မြောက်နေ့ စစ်ခေါင်းဆောင် ထွက်ပေါ်လာ

by ဧရာဝတီ
14 September 2024
5.1k

ယနေ့အထိ ပုဗ္ဗသီရိမြို့နယ် ဝက်ကုန်း-ပေါက်တောလမ်းတလျှောက် လူနေအိမ်များ ရေဝင်ရောက်နေဆဲ ဖြစ်သလို ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ သိုက်ချောင်းကျေးရွာမှ စိုက်ဧကများ ထိခိုက်ပျက်စီးမှုများခဲ့ကာ ကျေးရွာများအတွင်း ရေဝင်ရောက်နေဆဲဖြစ်ကြောင်း

ငလျင်ဘေး ဝင်ကူတဲ့ PDF တချို့ကို စစ်ကောင်စီဖမ်းဆီး (ရုပ်/သံ)

ငလျင်ဘေး ဝင်ကူတဲ့ PDF တချို့ကို စစ်ကောင်စီဖမ်းဆီး (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
4k

ငလျင်ဒဏ်သင့်ဒေသက ပြည်သူတွေကို ကယ်ဆယ်ရေးဝင်လုပ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) တချို့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ဧရာဝတီကို ပြောပါတယ်။

ပဲခူးမြို့၊ ပဲခူးရိုးမတောင်

ပဲခူးမြို့၊ ပဲခူးရိုးမတောင်

by ဧရာဝတီ
9 March 2025
3.4k

ပဲခူးဟာ သမိုင်းအရ ဟံသာဝတီ အမည် နဲ့ ဟံသာဝတီ မင်းဆက် နဲ့ တောင်ငူ မင်းဆက်တို့ရဲ့ မင်းနေပြည်တော် အဖြစ် ထင်ရှားခဲ့တဲ့ မြို့တော် ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။

ပြိုကျ အဆောက်အဦအောက်ထဲက ကယ်ဆယ်ရေးလုပ်သား

ပြိုကျ အဆောက်အဦအောက်ထဲက ကယ်ဆယ်ရေးလုပ်သား

by ဧရာဝတီ
4 April 2025
3k

ကိုယ်ကျိုးမဖက် အနစ်နာခံသည့် ပြည်တွင်းကယ်ဆယ်ရေးသမားများ မရှိမဖြစ်လိုအပ်နေသည်သာမက မည်သည့်အကာအကွယ် အထောက်အကူ ပစ္စည်းမပါဘဲ မိမိအသက် ပဓာနမထား ဝင်ရောက်လုပ်ကိုင်နေကြရသည့် ရပ်ရွာရှိ စေတနာ့ ဝန်ထမ်းများ၏ လုပ်အားကိုက အသိအမှတ်ပြုရ မည်ဖြစ်သည်။

မုန်တိုင်း ကယ်ဆယ်ရေး မြင်ကွင်းထဲက ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ် (ရုပ်/သံ)

မုန်တိုင်း ကယ်ဆယ်ရေး မြင်ကွင်းထဲက ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ် (ရုပ်/သံ)

by ဧရာဝတီ
12 September 2024
3k

ဗီယက်နမ်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ အင်အားပြင်း ယာဂိမုန်တိုင်းရဲ့ ရိုက်ခတ်တဲ့ဒဏ်ကို ထိုင်းနိုင်ငံရော၊ မြန်မာနိုင်ငံပါ ကြုံနေရပြီး ၂ နိုင်ငံလုံး ရေးဘေးအန္တရာယ်ကြုံနေကြရပါတယ်။ မြေပြင်ကယ်ဆယ်ရေးမှာတော့ ၂ နိုင်ငံအကြားမှာ ကွာခြားလွန်းတာတွေ့မြင်ရပါတယ်။

ငလျင်ဒဏ်ကြားက မန္တလေးကို ကူကြပါ

ငလျင်ဒဏ်ကြားက မန္တလေးကို ကူကြပါ

by ကံ့ကော်
29 March 2025
2.9k

ကူရာကယ်ရာမဲ့ မန္တလေးသူ မန္တလေးသားတွေရဲ့ ဖြစ်ရပ်တွေကို ဆိုရှယ်မီဒီယာ ကနေတဆင့် တွေ့မြင်ကြရတယ်၊ မြို့ပျက်ကြီးတခုလို ပျက်စီးသွားတဲ့ မန္တလေးမြို့အခြေအနေကို တွေ့မြင်ရတယ်။

Next Post
အားလုံးရဲ့ ရှေ့မှာ ပစ်သတ်လိုက်တာ (ရုပ်/သံ)

အားလုံးရဲ့ ရှေ့မှာ ပစ်သတ်လိုက်တာ (ရုပ်/သံ)

မန္တလေး ရွှေဆိုင် ဓားပြတိုက်မှု ပြည်သူ့စစ်များပါဝင်ဟု ဆို

မန္တလေး ရွှေဆိုင် ဓားပြတိုက်မှု ပြည်သူ့စစ်များပါဝင်ဟု ဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved