၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျပြီး ပြင်ဦးလွင် ခေါ် မေမြို့ကို ခြိမ်းခြောက်လာသကဲ့သို့ မန္တလေးမြောက်ဘက်ရှိ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းမြို့များကျပြီးနောက် မန္တလေးကို ခြိမ်းခြောက်လာသည်။
ထိုသို့သော အခြေအနေတွင် ဗျူဟာမှူး၊ ဒုတပ်မ/စကခမှူး၊ တပ်မမှူး/စကခမှူး၊ တိုင်းမှူးအဆင့်များအထိ (ဗိုလ်မှူးကြီးမှ ဗိုလ်ချုပ်အထိ) ပြုတ်သူ၊ သေသူ၊ အဖမ်းခံရသူ၊ ထောင်ဒဏ်၊ သေဒဏ် အပေးခံသူများနှင့် စည်ကားပြီး အခြားအဆင့်များဆိုလျှင် ဆိုဖွယ်ရာမရှိ၊ ပွဲပျက်နေသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေး၊ တောင်ကြီး၊ လွိုင်ကော်၊ ဆီဆိုင်မြို့များသို့ လူလုံးထွက်ပြပြီး ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်မည် ဟူသည့်စကားကို တွင်တွင်ပြောကာ စိတ်ဓာတ်ကျဆင်းနေသော သူ၏ စစ်တပ်အား စိတ်ဓာတ်ပြန်တင်ရန် ကြိုးစားလာသည်
ဤသို့သော အခြေအနေအောက်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေး၊ တောင်ကြီး၊ လွိုင်ကော်၊ ဆီဆိုင်မြို့များသို့ လူလုံးထွက်ပြပြီး ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်မည် ဟူသည့်စကားကို တွင်တွင်ပြောကာ စိတ်ဓာတ်ကျဆင်းနေသော သူ၏ စစ်တပ်အား စိတ်ဓာတ်ပြန်တင်ရန် ကြိုးစားလာသည်ကို တွေ့ရ၏။
တဖက်ကလည်း စစ်ကောင်စီက အမှန်တကယ် ထိုးစစ်ပြန်ဆင်လာဖွယ်ရှိသည်၊ သတိပြုရန် လိုသည်ဟု ကြည့်မြင်လာသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ထိုစစ်ရေးအခြေအနေနှင့် ပတ်သက်၍ မြေပြင်အခြေအနေများအရ အောက်ပါအတိုင်း တွေ့ရ၏။
တပြည်လုံးစစ်ရေး အခြေအနေ
မြန်မာပြည်မြောက်ဘက် ဆွမ်ပရာဘွမ်တဝိုက်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပြီး ပူတာအိုနှင့် မြစ်ကြီးနားကြား ပိတ်ဆို့ထား၏။ အလားတူ တနိုင်း၊ ဖားကန့်ဒေသများကိုလည်း KIA နှင့် ပူးပေါင်းတပ်များက ပိတ်ဆို့ထား၏။ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ နန့်စီအောင်အထိ သံလမ်းရိုးတလျှောက် စစ်တပ်က ထိန်းချုပ်ထားပြီး သံလမ်းရိုးနှင့် ဧရာဝတီမြစ်ကြား KIA နှင့် ကချင်ပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) များ ထိန်းချုပ်ထားသည်။ နန့်စီအောင်တောင်ဘက် မော်လူးကို PDF များ ထိန်းချုပ်ထား၏။

မန္တလေးမှ မြစ်ကြီးနားကြား ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် စစ်တပ် ထိန်းချုပ်ထားသည်မှာ ဝိုင်းမော်၊ ဗန်းမော်၊ မံစီ၊ ရွှေကူ၊ မတ္တရာ၊ မန္တလေးတို့သာရှိပြီး ကျန်မြို့နှင့် ဒေသများကို PDF နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များ ထိန်းချုပ်ထား၏။
မန္တလေးနှင့် ပြင်ဦးလွင်အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်ရှိ ရှမ်းမြောက်ဒေသတွင် မူဆယ်၊ တန့်ယန်း၊ မိုင်းရယ်နှင့် သီပေါမြို့ပြင် တပ်စခန်းအချို့သာ မြန်မာစစ်တပ်က ထိန်းချုပ်နိုင်ပြီး ကျန်မြို့များနှင့် နယ်မြေအများစုကို EAO များက ထိန်းချုပ်နေ၏။ မန်းမြောက်နှင့်ရှမ်းမြောက် စစ်ရေးအခြေအနေက ပြင်ဦးလွင်နှင့် မန္တလေးကို စစ်ရေးအရ ခြိမ်းခြောက်နေ၏။
စစ်ကိုင်းတိုင်းမြောက်ပိုင်း ပင်လည်ဘူး၊ အင်းတော်၊ ထီးချိုင့်မြို့များကို PDF တို့က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ကျန် စစ်ကိုင်းတိုင်းနယ်မြေများတွင် ပြောက်ကျားလှုပ်ရှားမှု အားကောင်း၏။ မန္တလေးတောင်ဘက် မြင်းခြံခရိုင်၊ တံတားဦး၊ ညောင်ဦးခရိုင်များ၊ မကွေးတိုင်း ပခုက္ကူ၊ ဂန့်ဂေါခရိုင်များတွင် ပြောက်ကျားလှုပ်ရှားမှု အားကောင်း၏။ မင်းဘူးခရိုင်တွင် လှုပ်ရှားမှု အသင့်အတင့်ရှိ၏။
ရခိုင်တွင် မောင်တော ကျလုဆဲဆဲဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်းတို့ ဝိုင်းပတ်ထားကာ ဂွမြို့သို့ ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်နေ၏။ ကျန်မြို့နယ်အားလုံးကို AA က သိမ်းပိုက်ထားပြီးဖြစ်၏။
ချင်းပြည်နယ်တွင် မြောက်ပိုင်း၌ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ တီးတိန်မြို့များ၊ တောင်ပိုင်း၌ မင်းတပ်နှင့် ကန်ပက်လက်မြို့များသာ စစ်တပ်ထိန်းချုပ်နိုင်ပြီး ကျန်နယ်မြေအများစုကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များက ထိန်းချုပ်ထား၏။ ရခိုင်တွင် မောင်တော ကျလုဆဲဆဲဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်းတို့ ဝိုင်းပတ်ထားကာ ဂွမြို့သို့ ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်နေ၏။ ကျန်မြို့နယ်အားလုံးကို AA က သိမ်းပိုက်ထားပြီးဖြစ်၏။
ပဲခူးရိုးမအရှေ့ခြမ်းတွင် စစ်တောင်းမြစ်အရှေ့ဘက် ရွှေကျင်၊ ကျောက်ကြီးတဝိုက် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF များ လှုပ်ရှားစိုးမိုးနေပြီး တောင်ငူလေတပ်စခန်းသည် PDF များ၏ ဒုံးကျည် စမ်းသပ်ပစ်ခတ်သည့် စခန်းဖြစ်နေ၏။
ပဲခူးရိုးမ အနောက်ခြမ်း သာယာဝတီခရိုင်၊ ပြည်ခရိုင်တို့တွင် ပဲခူးရိုးမအား အခြေပြုသည် ပြောက်ကျားလှုပ်ရှားမှုများ အားကောင်းသည်။
ရှမ်းပြည်တောင်ပိုင်းတွင် ဆီဆိုင်၊ ပင်လောင်းနှင့် အင်းဒေသများတွင် PDF, KNDF, ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO) တပ်များ လှုပ်ရှားတိုက်ခိုက်မှုများရှိ၏။ ကရင်နီတွင် သံလွင်အရှေ့ခြမ်း၌ ရှားတော၊ မယ်စဲ့မြိုနယ်များကို ကရင်နီအင်အားစုများက ထိန်းချုပ်ထားပြီး လွိုင်ကော်၊ ဖားဆောင်း၊ ဘောလခဲ၊ ဖရူးဆိုး၊ ဒီးမော့ဆိုစသည့် မြို့ပြများအား စစ်တပ်က ထိန်းချုပ်ထားသည်။ သို့သော် ဆက်သွယ်ရေး လမ်းကြောင်းများနှင့် နယ်မြေအများစုကို ကရင်နီအင်အားစုများက ထိန်းချုပ်ထား၏။ ဤအကြိမ် စစ်တပ်၏ ပြန်လှန်ထိုးစစ်တွင် လွိုင်ကော်မြို့ပေါ်အများစုကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်သွား၏။
ကရင်ပြည်နယ်မြောက်ပိုင်းတွင် ဖာပွန်ကို KNU က ထိန်းချုပ်ထားပြီး သံလွင်မြစ်နှင့် စစ်တောင်းမြစ်ကြားတွင် KNU, PDF, ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) တပ်များ ထိန်းချုပ်လှုပ်ရှားနေ၏။ ဘားအံ၊ လှိုင်းဘွဲ့၊ ကမမောင်းဒေသ၊ နဘူး၊ ကျုံဒိုး၊ ကော့ကရိတ်တို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး ကော့ကရိတ်နှင့် မြဝတီကြား အာရှလမ်းမအား KNU နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။ ကော့ကရိတ်နှင့် မြဝတီ ကားလမ်း၏ တောင်ဘက်တွင် လေးကေ့ကော်အမြောက်ကုန်းနှင့် အနန်းကွင်းဗျူဟာအား တိုက်ခိုက်နေဆဲဖြစ်ပြီး ဝေါ်လေစခန်းတခုသာ စစ်တပ်က ထိန်းချုပ်ထားနိုင်၏။
မွန်ပြည်နယ်တွင် သိမ်ဇရပ်မှ မော်လမြိုင်အထိ၊ မော်လမြိုင်မှ ရေး-ထားဝယ် ကားလမ်းအထိ ပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားလှုပ်ရှား၍ ထိန်းချုပ်သည့်နယ်မြေ ဖြစ်၏။ တနင်္သာရီတိုင်းတွင် မြိတ်၊ ထားဝယ်ခရိုင်များ၌ ပြောက်ကျားလှုပ်ရှားမှု အားကောင်း၏။

စစ်တပ် ကောင်းစွာထိန်းချုပ်နိုင်သည့် သို့မဟုတ် တိုက်ပွဲမဖြစ်ပွားသည့်ဒေသများမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတွင် ပြည်လမ်းကြီးနှင့် ဧရာဝတီမြစ်ကြား၊ မကွေးတိုင်း၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ ချောက်ခရိုင်၊ အောင်လံခရိုင်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မန္တလေးမြို့၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နှင့် ညောင်ဦးခရိုင်၊ ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်၊ ရှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းယန်း၊ မိုင်းတုံခရိုင်တို့ ဖြစ်၏။
ရှမ်းတောင် နန့်စန်၊ လွိုင်လင်၊ မိုင်းရှူးခရိုင်တို့တွင် တိုက်ပွဲမဖြစ်ပွားသော်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) များ အခြေချလှုပ်ရှားနေ၏။
စစ်ရေးလှုပ်ရှားမှု မရှိသေးသော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပန်းတောင်းနှင့် မင်းဘူးခရိုင် အခြေအနေမှာလည်း ရခိုင်တောင်ပိုင်း ကျသွားပါက ပြောင်းလဲသွားပေလိမ့်မည်။
စစ်ရေးလှုပ်ရှားမှု မရှိသေးသော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပန်းတောင်းနှင့် မင်းဘူးခရိုင် အခြေအနေမှာလည်း ရခိုင်တောင်ပိုင်း ကျသွားပါက ပြောင်းလဲသွားပေလိမ့်မည်။
စစ်ကောင်စီ၏ စစ်ဆင်ရေးအမြင်
စစ်ကောင်စီသည် မြန်မာပြည်တဝန်းကို ထိန်းချုပ်နိုင်ရန် မြို့များ၊ ဆက်သွယ်ရေး လမ်းကြောင်းများပေါ်တွင် စစ်စခန်းကြီးငယ် ၅,၀၀၀ ကျော် ဖြန့်ခွဲထားခဲ့၏။ တော်လှန်ရေးတပ်ဖွဲ့များ တစတစ အားကောင်းလာပြီး စခန်းငယ်များကို သိမ်းပိုက်လာသောအခါ စစ်စခန်းအငယ်များအား ဖြုတ်သိမ်းပြီး အဓိကမြို့ကြီးများကို ထိန်းချုပ်ရန် အင်အားရာဂဏန်းမှ ထောင်ဂဏန်းအထိရှိသည့် စစ်စခန်းများ တည်ဆောက်ပြီး မဆုတ်တမ်းခံစစ် စခန်းကြီးများအဖြစ် သတ်မှတ်ခဲ့သည်။
လက်ရှိကာလတွင် တွေ့ရသည်မှာ ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ ချင်း၊ ဧရာဝတီအနောက်ခြမ်းရှိ မကွေးတိုင်းနယ်မြေများ၊ ကရင်နီ၊ ကရင်၊ မွန်၊ တနင်္သာရီတို့တွင် မထိန်းနိုင်တော့ဘဲ မြို့များကို အဓိက၊ ဆက်သွယ်ရေး လမ်းကြောင်းကြီးများကို ဒုတိယနေရာတွင်ထားပြီး မဆုတ်တမ်းခံစစ်စခန်းများ ပြင်နေသည်ကို တွေ့ရ၏။
ထိုမဆုတ်တမ်းခံစစ်စခန်းကြီးတွင် အသေအကြေ ခုခံခိုင်းထားပြီး ဆုတ်ခွာပါက တာဝန်ရှိသူ တပ်မမှူး၊ ဒုတပ်မမှူးများကို သေဒဏ်ပေး၍ ပြင်းပြင်းထန်ထန် အရေးယူသည်ကို တွေ့ရ၏၊၊ မန္တလေးမြောက်ပိုင်းမှ စခန်းအချို့အပါအဝင် စခန်းအချို့အား လွယ်လွယ်ကူကူ စွန့်လွှတ်သည်ကို တွေ့ရသော်လည်း အဆိုပါ စွန့်လွှတ်မှုများမှာ အောက်ခြေတပ်မှူးများ၏ ဆုံးဖြတ်ချက်ဖြစ်ပြီး စစ်ကောင်စီစစ်ရုံးချုပ် သဘောထား မဟုတ်ပေ။ ဆုတ်ခွာသူများကို အရေးယူသည်ကို တွေ့ရသည်။ စစ်ရုံးချုပ်၏ သဘောထားအရ ဆုတ်ခွာမှုများ၊ ဒေသတွင်းစိုးမိုးနိုင်ရန် ဖြန့်ခွဲထားသည့် စခန်းငယ်များ လုံခြုံရေးစိတ်မချရတော့ပါက ဒေသတွင်း စခန်းကြီးများတွင် စုစည်း၍ မဆုတ်တမ်းခံစစ် ပြင်ခြင်းသာ ရှိ၏။
လက်ရှိ စစ်ကောင်စီသဘောထားမှာ မည်သို့ပင် ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်စေကာမူ အင်အားရာဂဏန်း စုစည်းထားသော စခန်းကြီးများသည် မဆုတ်တမ်းခံစစ်စခန်းများအဖြစ် ခုခံတိုက်ရမည်ဖြစ်ပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူပေးမည်၊ လေကြောင်းမှ လက်နက်ခဲယမ်း ထောက်ပို့ပေးမည်ဟု ဆုံးဖြတ်လုပ်ကိုင်နေသည်ကို တွေ့ရ၏။

လက်ရှိ သီပေါအခြေစိုက် တပ်ရင်းသုံးရင်းအား နောက်ထပ်တပ်ရင်း သုံးရင်းခန့် အင်အားထပ်မံ ဖြည့်တင်းပြီး မဆုတ်တမ်းခံစစ်ဖြင့် ခုခံနေ၏။ တကယ်တမ်းတွင် သီပေါသည် လားရှိုး၊ နောင်ကော်လုံကြားတွင် ပိတ်မိနေသော်လည်း ပေ၍ မဆုတ်တမ်းခံစစ်အဖြစ် ခုခံခိုင်းသည်ကို တွေ့ရ၏။
မူဆယ်သည်လည်း အလားတူပိတ်မိနေသော်လည်း ခံစစ်ယူထားသည့်မြို့ ဖြစ်၏။
လိုင်ဇာ၊ ဒေါဖုန်းယန်၊ စိန်လုံကဘာတို့မှ ဆုတ်လာသော အင်အားများကို မိုးမောက် ခမရ ၄၃၇ တွင် ခံစစ်ဆင်ခိုင်းခြင်း၊ သံတွဲမြို့နယ်အတွင်းမှ ဆုတ်ခွာခဲ့ရသောတပ်များကို မောင်ရွှေလေး ရေတပ်စခန်းတွင် စုစည်း၍ ခံစစ်ဆင်ခိုင်းခြင်းကဲ့သို့ အဆင့်ဆင့် ခံစစ်ဆင်ခြင်းကို စစ်ကောင်စီ ပြုလုပ်နေသည်။
ထို့ပြင် လိုင်ဇာ၊ ဒေါဖုန်းယန်၊ စိန်လုံကဘာတို့မှ ဆုတ်လာသော အင်အားများကို မိုးမောက် ခမရ ၄၃၇ တွင် ခံစစ်ဆင်ခိုင်းခြင်း၊ သံတွဲမြို့နယ်အတွင်းမှ ဆုတ်ခွာခဲ့ရသောတပ်များကို မောင်ရွှေလေး ရေတပ်စခန်းတွင် စုစည်း၍ ခံစစ်ဆင်ခိုင်းခြင်းကဲ့သို့ အဆင့်ဆင့် ခံစစ်ဆင်ခြင်းကို စစ်ကောင်စီ ပြုလုပ်နေသည်ကို တွေ့ရ၏။
ခံစစ်ထဲက ပြန်လှန်ထိုးစစ်
လားရှိုးတိုက်ပွဲတွင် ဆုတ်ပေးရသော တပ်ရင်းဌာနချုပ်များကို ပြန်လှန်ထိုးစစ်ဆင်မှု တွေ့ရ၏။ သို့သော် အောင်မြင်မှုမရပေ။ မိုးမောက်မြို့ ခမရ ၄၃၇ စခန်းကြီး ကျပြီးနောက် ဗန်းမော်က တပ်အင်အားစုပြီး ပြန်လည်ထိုးစစ်ဆင်သော်လည်း လမ်းတွင် ဖြတ်တောက် တိုက်ခိုက်ခံရပြီး ရှေ့မတိုးနိုင်ပေ။
ရခိုင်တွင် အများစုနေရာများ၌ ပြန်လည်ထိုးစစ်ဆင်ရန်ပင် သဘောထားရှိပုံ မရပေ။ တမြို့ကျသည်နှင့် ကျန်မြို့သို့ အလွယ်တကူမလာနိုင်အောင် တံတားများအား မိုင်းခွဲဖျက်ဆီးရာ ယခု ရခိုင်တွင် စစ်ကောင်စီ မိုင်းခွဲဖျက်ဆီးသည့် တံတားပေါင်း ၂၂ စင်း ရှိပြီဖြစ်၏။
ယခု စစ်တွေမြို့ အတိုက်ရခံနီးပြီဟု တွက်ဆ၍ မင်းဂံတဝိုက် ထွက်ပြီး နယ်မြေရှင်းရန် ကြိုးစားသည့် စစ်ကြောင်းထိုးသော တပ်များမှာလည်း အထိနာပြီး ပြန်ဆုတ်သွားသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ခံစစ်အတွင်း ပြန်လည်ထိုးစစ်ဆင် လှုပ်ရှားသည်မှာ အနည်းငယ် တွေ့ရသော်လည်း အောင်မြင်မှု မရှိပေ။
ခံစစ်များကို အားဖြည့်ခြင်း
တိုက်ပွဲများဖြစ်ပွားသည့် ခံစစ်စခန်းများကို အားဖြည့်ရာတွင် ပြဿနာမှာ စစ်ကောင်စီတွင် တပ်အင်အား မလုံလောက်ခြင်း ဖြစ်၏။ ၂၀၂၄ ခုနှစ် သံတွဲတိုက်ပွဲတွင် တပ်မ ၁၁၊ စကခ ၇ စသည့်တပ်များကို စစ်ကူပို့ပေးနိုင်သေးသော်လည်း ချေမှုန်းခံလိုက်ရ၏။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် ကျောက်မဲသို့ စစ်ကူအဖြစ်ပို့ရာ၌ တပ်မ ၁၁ နောက်ချန်တပ်များအား ထောက်ပို့ စသည့် လက်ရုံးတပ်များမှ စစ်သားအိုများ ဖြည့်တင်းပြီး စစ်ကူလွှတ်ရာ အားလုံးချေမှုန်းခံလိုက်ရ၏။
မဆုတ်တမ်းခံစစ်စခန်းများကို အားဖြည့်ရန်မှာ အတွေ့အကြုံမရှိသည့် တပ်သားသစ်များသာ ကျန်တော့သည်ကို တွေ့ရ၏။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလဆန်းတွင် ပင်လည်ဘူးသို့ စစ်ကူလွှတ်သည့်စစ်ကြောင်းကို PDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ရာ အင်အား ၈၀ ခန့် ဖမ်းဆီးရမိ၏။ ထိုအထဲတွင် စစ်သားဟောင်း ၁၂ ယောက်သာပါပြီး ကျန် ၇၀ ခန့်မှာ အဓမ္မစုဆောင်းလာသည့် စစ်သားသစ်များ ဖြစ်နေ၏။ သို့ဖြစ်ရာ မဆုတ်တမ်းခံစစ်စခန်းများကို အားဖြည့်ရန်မှာ အတွေ့အကြုံမရှိသည့် တပ်သားသစ်များသာ ကျန်တော့သည်ကို တွေ့ရ၏။
ကရင်နီထိုးစစ်
လောလောဆယ်တွင် စစ်ကောင်စီတပ်သည် လွိုင်ကော်အား ထိုးစစ်ဆင်ပြီး ကရင်နီ၊ လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ထားနိုင်၏။ ကရင်နီအင်အားစုများသို့ မြောက်ပိုင်းမှ သယ်လာသည့် လက်နက်ခဲယမ်းလမ်းကြောင်း ပိတ်ဆို့ထားပြီး အနည်းဆုံး သုံးကြိမ်ခန့် ဖမ်းဆီးမိထားသည့် အခြေအနေအောက်တွင် လက်နက်ခဲယမ်းအခြေအနေကြောင့်၊ ကရင်နီအင်အားစုများ၏ အခြားစစ်ရေး ရည်မှန်းချက်တို့ကြောင့် ကရင်နီအင်အားစုများက ယာယီဆုတ်ပေးထားရ၏။ သို့သော် လွိုင်ကော်မြို့မှ ကျန်မြို့များသို့ ဆက်လက် ထိုးစစ်ဆင်ရန် ခက်ခဲနေဆဲဖြစ်ပြီး ကရင်နီအင်အားစုများက ဖြတ်တောက် တိုက်ခိုက်နိုင်နေဆဲ ဖြစ်၏။
ပအိုဝ်းနယ် ဆီဆိုင်မြို့ကိုလည်း စစ်ကောင်စီတပ်များက ပြန်လည်ထိန်းချုပ်ထားနိုင်၏။ သို့သော် ဟိုပုန်းနှင့်ဆီဆိုင်ကြား ကားလမ်းကို စစ်ကောင်စီနှင့် ပအိုဝ်း PNO ပြည်သူ့စစ်များ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိပေ။ PNLO နှင့် ကရင်နီအင်အားစုများ လှုပ်ရှားစိုးမိုးထားနိုင်သည်ကို တွေ့ရ၏။
ထို့ပြင် လွိုင်ကော်သည်လည်း ကရင်နီအင်အားစုများ၏ လက်နက်ကြီးတကမ်းတွင်သာရှိပြီး လုံခြုံစိတ်ချရသည်ဟု ဆိုရန်ခက်ပါသေးသည်။ သို့သော်လည်း စစ်ကောင်စီအတွက် လွိုင်ကော်ကို ပြန်ထိန်းချုပ်နိုင်ခြင်းသည် ဧရာမအောင်ပွဲကြီးတခုအဖြစ် မှတ်ယူနေပုံရ၏။
သို့သော်လည်း ကရင်နီတွင် စစ်ကောင်စီ၏ အဓိက ရည်ရွယ်ချက်မှာ ကရင်နီပြည်နယ်တခုလုံးအား ပြန်လှန်ထိုးစစ်ဆင်ရန်ထက် ပင်လောင်း၊ နောင်တရားရှိ PNO ပအိုဝ်း ပြည်သူ့စစ်များနှင့်တွဲ၍ နေပြည်တော် အရှေ့ဘက် ပင်လောင်းဒေသကို ထိန်းချုပ်ပြီး နေပြည်တော် လုံခြုံရေးယူရန် အဓိကဖြစ်ပုံရ၏။ လက်ရှိ စစ်ကောင်စီ၏ တပ်အင်အား စုဖွဲ့ထုတ်နုတ်နိုင်မှုအရ စစ်ကောင်စီ၏ ကရင်နီထိုးစစ်မှာ ဤထက်ပိုနိုင်မည် မဟုတ်ပေ။
(ဆက်လက်ဖော်ပြပါမည်)
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
လားရှိုးကို စစ်ကောင်စီ ဗုံးကြဲ (ရုပ်/သံ)
လားရှိုး ရမခ ကျဆုံးပြီးနောက် ဘာဆက်ဖြစ်မလဲ
ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်ထိ AA ထိုးစစ် ဆင်းလာ
တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ
မင်းအောင်လှိုင် ရှေ့ထွက်ပြလည်း စစ်ပွဲကတော့ ဆက်ရှုံးနေဦးမည်













