• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

လားရှိုး ရမခ ကျဆုံးပြီးနောက် ဘာဆက်ဖြစ်မလဲ

by အောင်ဇော်
9 August 2024
in Military, သူ့အတွေး သူ့အမြင်
A A
လားရှိုး ရမခ ကျဆုံးပြီးနောက် ဘာဆက်ဖြစ်မလဲ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA သိမ်းပိုက်အပြီး / The Kokang

6.3k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးမှ စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျဆုံးခြင်းသည် စစ်တပ်အတွက် အကြီးအကျယ် သိက္ခာကျဆင်းစေရုံသာမက အဓိက ထိုးနှက်ခံရခြင်းလည်း ဖြစ်သည်။ စစ်ကောင်စီ နိဂုံး၏ နိဒါန်းဟု လေ့လာသူများက ဟောကိန်းထုတ်နေကြသည်။

၁၉၇၂ ခုနှစ်က တည်ထောင်ခဲ့သည့် ထိုစစ်တိုင်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် တိုင်းရင်းသားတပ်မတော်များအပေါ် စစ်မြေပြင်အောင်ပွဲ အများအပြားရခဲ့သည်။ စစ်တပ်က လားရှိုးတွင် တပ်စွဲခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း ကာကွယ်ရေး အဆောက်အအုံများကို အကြီးအကျယ် တည်ဆောက်ခဲ့သည်။

ထိုစစ်စခန်းသည် အနောက်ဘက်တွင် အိမ်နီးချင်း မန္တလေးတိုင်းမှ မြောက်ဘက်နှင့် အရှေ့ဘက်တွင် တရုတ်နယ်စပ်အထိ ဒေသတွင် စစ်ရေးလှုပ်ရှားမှု အားလုံးကို ကွပ်ကဲသည်။ ရမခ စစ်တိုင်းသည် မြန်မာနိုင်ငံ၏ စစ်တိုင်း ၁၄ ခုအနက် တခုဖြစ်သည်။

ယခုအခါ ရမခ စစ်တိုင်း ကျဆုံးသွားပြီ ဖြစ်သည်။ ရခိုင်နှင့် ကချင်ပြည်နယ်များမှ စစ်တိုင်းဌာနချုပ်များလည်း အလားတူ ကံကြမ္မာကို ရင်ဆိုင်ရနိုင်သည်။ မိမိတို့ စောင့်ကြည့်ရမည်။ ယခု မေးစရာမေးခွန်းမှာ စစ်ကောင်စီတပ်သည် ပြိုလဲမှတ်သို့ ရောက်နေပြီလားဆိုသည့် မေးခွန်းဖြစ်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးခြင်းသည် ကြီးမားသော အကျိုးဆက်များ ရှိလာမည်ဖြစ်သည်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ခေါင်းဆောင်မှုကို အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ဩဂုတ်လ ၅ ရက်နေ့က နိုင်ငံသို့ပြောသည့် မိန့်ခွန်းတွင် သူသည် သူ့ကိုယ်သူမှလွဲပြီး လူတိုင်းကို အပြစ်တင်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးခြင်းသည် ကြီးမားသော အကျိုးဆက်များ ရှိလာမည်ဖြစ်သည်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ခေါင်းဆောင်မှုကို အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ဩဂုတ်လ ၅ ရက်နေ့က နိုင်ငံသို့ပြောသည့် မိန့်ခွန်းတွင် သူသည် သူ့ကိုယ်သူမှလွဲပြီး လူတိုင်းကို အပြစ်တင်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်တွင်းစစ်တွင် ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်နေသည်ဟု စွပ်စွဲသည်။ ထိုနိုင်ငံ၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း တရုတ်ကို ရည်ညွှန်းကြောင်း ထင်ရှားသည်။ လက်တွေ့တွင် သူသည် သူ့တပ်များက အပြစ်တင်မှုနှင့် တာဝန်ခံမှု ရှိရမည့်သူသာ ဖြစ်သည်။

စစ်တပ်သည် ၎င်းတို့ သုံးနှစ်ကျော်ကြာ တိုက်ခိုက်နေသည့် တိုင်းရင်းသားတပ်မတော်များနှင့် ခုခံတော်လှန်ရေးတပ်များထက် စစ်လက်နက်ပစ္စည်းနှင့် လူအင်အားအရ အသာစီးရနေဆဲဖြစ်သည်ဆိုသည့် အချက်ကြောင့် ထိုသို့ ချေမှုန်းခံရခြင်းသည် ပိုမိုထူးခြားသည်။

စစ်တပ်သည် စစ်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ အမြောက်ကြီးများ၊ ရေတပ်သင်္ဘောများ၊ သံချပ်ကာယာဉ်များနှင့် ဒုံးကျည်များကို ပိုင်ဆိုင်သည်။ စစ်တပ်အတွက် အရှက်ရစရာကောင်းသည်မှာ ထိုစစ်လက်နက်ပစ္စည်းများအနက် မည်သည်ကမှ ရှမ်းပြည်အရှေ့မြောက်ပိုင်းမှ စစ်တိုင်းဌာနချုပ် ဆုံးရှုံးရခြင်းကို မတားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်သည် နောက်ဆုံးတွင် စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်လှုပ်ရှားမှုကို အောင်နိုင်မည်ဆိုသည့် စိတ်ကူးယဉ် အိပ်မက်ကို ခေါင်းမာစွာ ဖက်တွယ်ထားသူများအတွက် ထိုဆုံးရှုံးမှုသည် နာကျင်စရာကောင်းသော သတိပေးချက် ဖြစ်သည်။

(အဝါရောင်) ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် သိမ်းလိုက်သည့် မြို့များ။ (အပြာရောင်) ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် သိမ်းလိုက်သည့် မြို့များ။ (အစိမ်းရောင်) စစ်ကောင်စီ ထိန်းချုပ်မြို့များ။

ညီနောင်မဟာမိတ် သုံးဖွဲ့ကို ဖွဲ့စည်းထားပြီး လွန်ခဲ့သောနှစ် အောက်တိုဘာလမှ စတင်ကာ စစ်တပ်ကို အောင်ပွဲ အများအပြားရနေသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) နှင့် ၎င်းတို့၏ ခုခံတော်လှန်ရေး မဟာမိတ်များသည် လက်နက်ကြီးနှင့် ဒရုန်းအနည်းငယ်သာ ပိုင်ဆိုင်သည်။

လားရှိုးကို ကာကွယ်ရန် ကြိုးစားသည့်အနေဖြင့် စစ်ကောင်စီသည် မည်သည့်ထိုးစစ်ကိုမဆို တားဆီးရန် တရုတ် ကြားဝင်စေ့စပ်သည့် ဇန်နဝါရီလမှ ဇွန်လအထိ အပစ်အခတ်ရပ်စဲရေးအတွင်း ခံစစ်စည်းပြင်ဆင်ရန် ကျယ်ကျယ်ပြန့်ပြန့် လုပ်သည်။ စစ်တပ်၏ ခံစစ်စွမ်းရည်သည် တိုးတက်လာခဲ့ပုံရသည်ဟု သုတေသီအချို့ ထိုစဉ်က အကောင်းမြင် သုံးသပ်ရေးသားကြသည်။

လားရှိုးကို သိမ်းပိုက်ရန်အတွက် MNDAA သည် ထိုမြို့ကို ကာကွယ်နေသည့် ခန့်မှန်းခြေ စစ်သား ၁၀,၀၀၀ (အမြဲတမ်းတပ်သား ၆,၀၀၀ ခန့်နှင့် ပြည်သူ့စစ်များ) ကို ဝိုင်းပတ်ပိတ်ဆို့သည်။

MNDAA သည် တပ်မဟာ သုံးခုကို အသုံးပြုပြီး စစ်တပ်၏ ကာကင်းစခန်းများကို တဖြည်းဖြည်း ဖျက်ဆီးကာ ကာစည်းများကို အင်အားချိနဲ့စေ၍ မြို့တွင်းသို့ ထိုးဖောက်သည်။

ကိုးကန့်စစ်တပ်နှင့် မဟာမိတ်များသည် စစ်ရေးကျွမ်းကျင်မှု၊ ဒေသထောက်ခံမှု၊ ထောက်လှမ်းရေး သတင်းနှင့် သေနင်္ဂဗျူဟာ ရှင်လင်းမှု မြင့်မားစွာရှိကြောင်း ဒေသခံ လေ့လာသူများက ပြောသည်။ ထိုအချက်များ အားလုံးသည် တိုက်ပွဲတွင် ၎င်းတို့ကို အသာစီးရစေပြီး လားရှိုးတိုက်ပွဲတွင် အောင်နိုင်စေသည်ဟုဆိုသည်။

ကိုးကန့်စစ်တပ်နှင့် မဟာမိတ်များသည် စစ်ရေးကျွမ်းကျင်မှု၊ ဒေသထောက်ခံမှု၊ ထောက်လှမ်းရေး သတင်းနှင့် သေနင်္ဂဗျူဟာ ရှင်လင်းမှု မြင့်မားစွာရှိကြောင်း ဒေသခံ လေ့လာသူများက ပြောသည်။ ထိုအချက်များ အားလုံးသည် တိုက်ပွဲတွင် ၎င်းတို့ကို အသာစီးရစေပြီး လားရှိုးတိုက်ပွဲတွင် အောင်နိုင်စေသည်ဟု ဆိုသည်။

ပိုမို အရေးပါသောအချက်မှာ ဗမာပြည်သူများသည် ယခင်ကနှင့်မတူဘဲ စစ်တပ်၏နောက်တွင် မရှိတော့ခြင်း ဖြစ်သည်။ ဗမာအများစုသည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ် ရိုင်းစိုင်းမှုများ တွေ့မြင်ခံစားရပြီးနောက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်မြေပြင်တွင် စစ်တပ်က တန်ဖိုးကြီးမားစွာ ပေးဆပ်နေရသည်ကို ကျေနပ်နေသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးသည့် သတင်းကို အများစုက လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည်။ လားရှိုးကို ကာကွယ်ရန် တာဝန်ရှိသည့် စစ်တပ်ထိပ်တန်းအရာရှိ အများအပြားကို MNDAA က ဖမ်းဆီးပြီး စစ်ဆေးနေသည်။

သို့သော် ယခုအခါ တရုတ်က ခန့်အပ်သည့် အစိုးရ ပေါ်ပေါက်လာရန် အချိန်နီးကပ်နေပြီလားဟု သုတေသီများနှင့် သံတမန်များက မေးခွန်းထုတ်လာနေသည်။

တရုတ်သည် MNDAA နှင့် ၎င်း၏မဟာမိတ်များ လားရှိုးကို တိုက်ခိုက်မှုရပ်ရန် ဖိအားပေးသည်ဆိုသည့် သတင်းများမှာ သတိပြုဖွယ်ရာဖြစ်သည်။ ဇူလိုင်လကုန်တွင် စစ်ကောင်စီသည် အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လ သက်တမ်း တိုး၊ မတိုး တရုတ်က စောင့်ကြည့်လိုသည်ဟု သုတေသီများက ခန့်မှန်းသည်။ မျှော်လင့်ထားသည့်အတိုင်း မင်းအောင်လှိုင် အတိအကျ လုပ်ပြီး ယခုအခါ ယာယီသမ္မတ ဖြစ်လာသည်။ လားရှိုးနှင့် ဒေသဆိုင်ရာ စစ်တိုင်းကျဆုံးခြင်းသည် အရေးပေါ် အခြေအနေသက်တမ်းတိုးပြီး သုံးရက်အကြာတွင် ဖြစ်လာသည်မှာ မှတ်သားစရာကောင်းသည်။

လားရှိုးတွင် ချေမှုန်းခံရခြင်းသည် စစ်တပ်ကို တုန်လှုပ်စေမည်မှာ သံသယဖြစ်စရာ မလိုပေ။ စစ်တပ်ထောက်ခံသူများအကြား အရှုံး၊ အကြောက်တရား၊ ဒေါသ၊ စိတ်ပျက်ခြင်းနှင့် သိက္ခာကျဆင်းခြင်း ခံစားချက်များသည် သိသာထင်ရှားနေသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ဦးစီးချုပ် မဟုတ်သလို နိုင်ငံ၏ ခေါင်းဆောင်လည်း မဟုတ်။ သူသည် လူသတ်သမားဂိုဏ်းချုပ်၊ စစ်ရာဇဝတ်ကောင်နှင့် သူရဲဘောကြောင်သူသာ ဖြစ်သည်။ သူနုတ်ထွက်ပြီး ပြည်ပသို့ထွက်ပြေးရန် တောင်းဆိုမှုများ ရှိသည်။ သို့သော် မည်သည်ကိုမှ သူ မလုပ်ပေ။

လာမည့်လများတွင် နောက်ထပ် ထိုးစစ်များကို တွေ့ရမည့်အဓိပ္ပာယ်ဖြစ်သည်။ လားရှိုးကျဆုံးပြီးနောက် မန္တလေး-လားရှိုးလမ်းပေါ်မှ ကျောက်မဲကို TNLA က သိမ်းပိုက်သည်။

နောက်ထပ် ကျဆုံးမည့်မြို့မှာ ပြင်ဦးလွင် ဖြစ်မည်လား။

တပ်မြို့တွင် လူသူကင်းမဲ့နေ

ကျောက်မဲနှင့် မဝေးလှသည့် မန္တလေးတိုင်းအတွင်းရှိ ဗြိတိသျှ တောင်ပေါ်စခန်းမြို့ ပြင်ဦးလွင်မှ စစ်မှုထမ်းဟောင်းများနှင့် အပန်းဖြေ နေအိမ်ဝယ်ယူသူများသည် မကြာမီ စစ်ပွဲရောက်လာတော့မည်ဟု စဉ်းစားပြီး မြို့ကို စွန့်ခွာသွားကြသောကြောင့် ထိုမြို့မှ အိမ်ခြံမြေဈေးကွက် ပြိုလဲသည်။ ထိုမြို့သည် ယခုနှစ်အတွင်း ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှု ခံလာရသည့်မြို့လည်း ဖြစ်သည်။

စစ်ကောင်စီသည် စစ်တက္ကသိုလ် (DSA) တည်ရှိရာ ပြင်ဦးလွင်မှ ဗိုလ်လောင်းများနှင့် စစ်ဆေးရုံဝန်ထမ်းများကို ရန်ကုန်တိုင်း၊ မှော်ဘီသို့ ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားသည်ဆိုသည့် အတည်မပြုနိုင်သော သတင်းများ ထွက်နေသည်။

စစ်ကောင်စီသည် စစ်တက္ကသိုလ် (DSA) တည်ရှိရာ ပြင်ဦးလွင်မှ ဗိုလ်လောင်းများနှင့် စစ်ဆေးရုံဝန်ထမ်းများကို ရန်ကုန်တိုင်း၊ မှော်ဘီသို့ ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားသည်ဆိုသည့် အတည်မပြုနိုင်သော သတင်းများ ထွက်နေသည်။

ပြင်ဦးလွင်ပြီးလျှင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ မန္တလေးမြို့သည် တော်လှန်ရေး အင်အားစုများ၏ နောက်ထပ် ပစ်မှတ်ဖြစ်ကြောင်း သုတေသီများ ပြောသည်။

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်နှင့် TNLA သည် မန္တလေးတိုင်းမှ မန္တလေးမြို့အနီးတွင် လှုပ်ရှားနေသောကြောင့် တိုက်ပွဲများ ထိုဒေသတွင် ဖြစ်ပွားနေသည်။ ထိုဒေသမှ ကျေးရွာများကို ဗုံးကြဲရန် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များ စေလွှတ်သောကြောင့် အရပ်သားများနှင့် ကလေးအများအပြား သေဆုံးကြသည်။

၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့ သိမ်းပိုက်သည်အထိ မြန်မာ၏ ထီးနန်းမြို့တော် မန္တလေးမှ ဒေသခံများသည် ကားဖြင့် ငါးနာရီ ခရီးသာဝေးသည့် လားရှိုးသတင်းကြောင့် လှုပ်လှုပ်ရွရွဖြစ်နေသည်။

သို့သော် ထိုမြို့မှ လူများသည် စစ်နှင့် မစိမ်းပေ။ ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များက ဂျပန်ကို တိုက်ခိုက်သောအခါ မန္တလေးမြို့နှင့် နန်းတော်ကို စစ်လေယာဉ်များက ဗုံးကြဲခဲ့ဖူးသည်။

ယခုနှစ် ဆောင်းရာသီတွင် ထိုမြို့တော်သို့ စစ်ကျယ်ပြန့်လာပါက ထိုစစ်သည် ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ အောင်ဇော်၏ The Myanmar Junta’s North Eastern Command Has Fallen: What’s Next? ကို ဘာသာပြန်သည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.4k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
643
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.7k

You may also like these stories:

ရမခ ဇာတ်သိမ်း အပိုင်း (၁)

စစ်ခေါင်းဆောင် လက်ထက် ပထမဆုံး ကျရှုံးခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်

ရမခ တိုင်းစစ်ဌာနချုပ် ကျဆုံးခြင်းက အဆုံးသတ်တိုက်ပွဲရဲ့ အစလား

ဖမ်းမိထားတဲ့ ရမခ ခေါင်းဆောင်ပိုင်းတွေကို MNDAA စစ်ဆေးနေ (ရုပ်/သံ)

ရမခ ကျရှုံးမှု စစ်ခေါင်းဆောင်ထိုင်ခုံ လှုပ်စေသလား (ရုပ်/သံ)

စစ်ရှုံးသော်လည်း ရမခ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ရာထူးတိုး

ကျရှုံးမှုတွေကို စစ်ခေါင်းဆောင်ကိုယ်တိုင်ဝန်ခံ (ရုပ်/သံ)

Your Thoughts …
Tags: AADSAMNDAAPDFTNLAစစ်ကောင်စီစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်ဒရုန်းတိုက်ခိုက်မှုပြည်တွင်းစစ်မန္တလေး PDFရမခလားရှိုးအပစ်အခတ်ရပ်စဲရေးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်
အောင်ဇော်

အောင်ဇော်

အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပြင်ဦးလွင်က စစ်ကျောင်းကြီးတွေ ရွှေ့ရတော့မလား

ပြင်ဦးလွင်က စစ်ကျောင်းကြီးတွေ ရွှေ့ရတော့မလား

“လေဆာ သမ္မတကြီး” ၏ မိန့်ခွန်းအပေါ်  သုံးသပ်ချက်

“လေဆာ သမ္မတကြီး” ၏ မိန့်ခွန်းအပေါ် သုံးသပ်ချက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

23 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved