• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ်တိုးတက်မှု (အပိုင်း ၂)- ၈၈ အရေးတော်ပုံ ဘာကြောင့် တော်လှန်ရေးအဆင့် မရောက်ခဲ့သလဲ

by ကျော်စွာမိုး
17 September 2024
in သူ့အတွေး သူ့အမြင်
A A
မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ်တိုးတက်မှု (အပိုင်း ၂)- ၈၈ အရေးတော်ပုံ ဘာကြောင့် တော်လှန်ရေးအဆင့် မရောက်ခဲ့သလဲ
5.6k
VIEWS
Share on FacebookShare on Twitter

၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ပေါက်ကွဲဖို့ အဆင်သင့်ဖြစ်နေပါပြီ။ နှိုင်းယှဉ်ရရင် ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်နေဝင်းက ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖောက်ခွဲခဲ့သလိုပဲ ပြင်းပြင်းထန်ထန် ပေါက်ကွဲမယ့် အနေအထားပါ။

“အာရှရဲ့ စပါးကျီ Asia’s rice bowl” လို့တင်စားခံခဲ့ရတဲ့ နိုင်ငံဟာ ၁၉၈၈ မှာ ကုလသမဂ္ဂက ဖွံဖြိုးမှု အနည်းဆုံး တိုင်းပြည်အဖြစ် သတ်မှတ်ခံရပြီး ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ စာရင်းထဲ ရောက်သွားခဲ့ပါပြီ၊ ဒီမိုကရေစီ အငွေ့အသက်တွေ ဆိတ်သုဉ်းသွားခဲ့တာလည်း ကြာခဲ့ပြီ၊ နိုင်ငံအတွက် ဂုဏ်ယူစရာ သိက္ခာလည်း ဘာမှ မကျန်တော့ပါဘူး။ ဒီအခြေအနေကတော့ ဗိုလ်ချုပ်နေဝင်းရဲ့ စစ်တပ် အာဏာသိမ်းမှုကြောင့် ၂၆ နှစ်တာ ကာလတလျှောက် ဆိုးကျိုးတွေ ခံခဲ့ရတဲ့ ကျနော်တို့ နိုင်ငံရဲ့ အခြေအနေပါ။

နိုင်ငံပေါက်ကွဲတဲ့အခါ ဗိုလ်နေဝင်းရဲ့ စနစ်တခုလုံးကို လှုပ်ခါသွားစေခဲ့ပါတယ်။ အဲဒါကတော့ ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံပါပဲ။ အရှက်တကွဲ အကျိုးနည်းနဲ့ နုတ်ထွက်တာကလွဲလို့ သူ ဘာမှ မတတ်နိုင်တော့ပါဘူး။ သမိုင်းက ရာဇဝင်ကြွေး တောင်းတယ်လို့ ဆိုရမှာပါ။ ဒါတောင် သူ မနုတ်ထွက်ခင်မှာ ဆန္ဒပြ ပြည်သူတွေကို နိုင်ငံပိုင် ရုပ်သံကနေ ကြမ်းတမ်းစွာ ခြိမ်းခြောက်ခဲ့ပါတယ်။ “နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး။ အဲ့တော့နောင်ကို ဆူဆူပူပူလုပ်တယ် ဆိုရင်တော့ တပ်ကိုသုံးလို့ရှိရင်တော့ ဆူတဲ့သူတွေ မသက်သာဘူးသာမှတ်” လို့ သူ့မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ အာဏာသိမ်း စစ်ဗိုလ်ချုပ်ဟောင်း တယောက်ရဲ့ပါးစပ်က ဒီလိုတရားမဲ့တဲ့ စကားလုံးတွေထက်ပိုပြီး ဘာမှမျှော်လင့်လို့ မရပါဘူး။ ဒါကြောင့်လည်း သူဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး စစ်အာဏာရှင် အနေနဲ့ မှတ်တမ်းတင်ခံရတာပါ။

၁၉၆၂ ခုနှစ် ပထမဆုံး အာဏာသိမ်းမှုဟာ ဆန့်ကျင်ဆန္ဒပြမှု သိပ်ရင်မဆိုင်ရပေမယ့် နောက်ပိုင်း အာဏာသိမ်းမှုတွေမှာတော့ အဲ့ဒီလို မဟုတ်တော့ပါဘူး။ “၈၈ အရေးတော်ပုံ” နဲ့ “၂၀၂၁ နွေဦးတော်လှန်ရေး” တွေမှာ တနိုင်ငံလုံးလူထုပါဝင် ဆန့်ကျင်မှုဟာ “အရေးတော်ပုံ” အဆင့်ထိ တောင်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် မတူညီတဲ့ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။

၁၉၆၂ ခုနှစ် ပထမဆုံး အာဏာသိမ်းမှုဟာ ဆန့်ကျင်ဆန္ဒပြမှု သိပ်ရင်မဆိုင်ရပေမယ့် နောက်ပိုင်း အာဏာသိမ်းမှုတွေမှာတော့ အဲ့ဒီလို မဟုတ်တော့ပါဘူး။ “၈၈ အရေးတော်ပုံ” နဲ့ “၂၀၂၁ နွေဦးတော်လှန်ရေး” တွေမှာ တနိုင်ငံလုံးလူထုပါဝင် ဆန့်ကျင်မှုဟာ “အရေးတော်ပုံ” အဆင့်ထိ တောင်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် မတူညီတဲ့ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ အဲဒီ အာဏာသိမ်းမှု ၂ ခုကြားမှာ အရေးပါပေမယ့် လူအများစု သတိမမူမိတဲ့ ပထမဆုံး အချက်ကို အရင်ကြည့်ရအောင်ပါ။

၁၉၈၈ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ရဲ့ တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချဖို့ ဒီမိုကရေစီ အရေးတော်ပုံ ပေါက်ပေါက်လာပြီး တလနဲ့ ဆယ်ရက်အကြာမှ စစ်တပ်က အာဏာသိမ်းတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ တိုင်းပြည်ကတည်ငြိမ်ပြီး ပြည်သူတွေက မျှော်လင့်ချက်တွေနဲ့ သူတို့ ရွေးကောက်ထားတဲ့ အစိုးရသစ်ကို ကြိုဆိုမျှော်လင့်နေတဲ့ အချိန်မှာ အာဏာသိမ်းခံရတာပါ။

၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ရှစ်လေးလုံးအရေးတော်ပုံ လူထုအုံကြွ ဆန္ဒပြမှု

ပိုရှင်းအောင် ပြောရရင်တော့ ၁၉၈၈ ခုနှစ်မှာ တနိုင်ငံလုံး အုံကြွမှုကြောင့် စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာတော့ အကြောင်းမရှိ လိမ်ညာပြီး အာဏာသိမ်းမှုကြောင့် အုံကြွမှု ဖြစ်ခဲ့တာပါ။ လုံးဝ ပြောင်းပြန်လို့ ဆိုရမှာပါ။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
21
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.7k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.5k

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ တက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကို လုံထိန်းတပ်တွေက ပစ်သတ်လိုက်တဲ့ အဓိကရုဏ်းကနေ ကျောင်းသားသပိတ်တွေ ဖြစ်ခဲ့ပါတယ်။ မဆလ တပါတီ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုနဲ့ မှားယွင်းတဲ့ ပေါ်လစီတွေကြောင့် ၂၆ နှစ်ကြာပြီးတဲ့နောက် နိုင်ငံရေး မကျေနပ်ချက်တွေနဲ့ စီးပွားရေး ကျပ်တည်းမှုတွေဟာ ရေဆူမှတ်ကို ရောက်နေတာကြောင့် အဲဒီ ကျောင်းသားသပိတ်ဟာ ဒီမိုကရေစီတောင်းဆိုမှုအဖြစ် အသွင်ပြောင်းလဲခဲ့တာပါ။ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ သြဂုတ်လ ၈ ရက်နေ့မှာ တနိုင်ငံလုံးပါဝင်တဲ့ “၈ လေးလုံး” ဒီမိုကရေစီ အရေးတော်ပုံဖြစ်လာတဲ့အခါ ဗိုလ်နေဝင်းနဲ့ သူ့ကိုဆက်ခံသူတွေဟာ သူတို့ရဲ့ တပါတီ စနစ်ကို ပါတီစုံစနစ်နဲ့ အစားထိုးမယ်လို့ ပြည်သူတွေကို အယုံသွင်းဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ပြည်သူတွေဟာ ဆိုရှယ်လစ်စနစ် အမည်ခံထားတဲ့ စစ်အာဏာရှင်စနစ်ကို အပြီးသတ်ဖယ်ရှားဖို့ ဆန္ဒပြပွဲတွေကို မရပ်ခဲ့ပါဘူး။ နေ့စဉ် ဆန္ဒပြပွဲတွေဟာ တနိုင်ငံလုံးမှာ အရှိန်အဟုန်နဲ့ အာဏာသိမ်းတဲ့ စက်တင်ဘာလ ၁၈ ရက်နေ့အထိ ဆက်ဖြစ်ခဲ့ပါတယ်။ (ဒီနေရာမှာ စစ်တပ်ခေါင်းဆောင်တွေဟာ အာဏာကို အင်အားသုံး သိမ်းယူတာမဟုတ်ဘဲ ဦးနေဝင်းရဲ့ ဆိုရှယ်လစ်အစိုးရဆီက လွှဲပြောင်းယူလိုက်တယ် ဆိုတာကို နားလည်ဖို့ လိုပါတယ်။ ဦးနေဝင်းရဲ့ သဘောတူညီချက်နဲ့ အာဏာသိမ်းခဲ့တာမှန်ပေမယ့် အာဏာသိမ်းမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူ့အရေးတော်ပုံကို အင်အားသုံးရပ်တန့်ဖို့နဲ့ သူတို့အတွက် ပိုမိုဆိုးရွားနိုင်တဲ့ ရလဒ်တွေကို တားဆီးဖို့ဖြစ်ပါတယ်။)

အာဏာသိမ်းမှုကို ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့သစ္စာခံ တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမောင်၊ ဒုဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ ဗိုလ်မှူးချုပ် ခင်ညွန့်တို့က ဦးဆောင်ခဲ့ပါတယ်။ အာဏာသိမ်း စစ်အစိုးရက ဆန္ဒပြသူ သုံး၊ လေးထောင်ခန့်ကို သတ်ခဲ့ပြီး အခြားဆန္ဒပြသူ ထောင်ပေါင်းများစွာကိုလည်း ဖမ်းဆီးအရေးယူပြီး ၈၈ အရေးတော်ပုံကြီး ကိုရပ်တန့်ခဲ့ပါတယ်။ အဲဒီလို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းမှုတွေကြောင့် ပြည်သူတွေဟာ အားမတန်လို့ မာန်လျှော့ခဲ့ရပေမယ့် သူတို့ရဲ့ ဒေါသအိုးကို ပိုပေါက်ကွဲ စေခဲ့ပါတယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်မှုနဲ့ ဒီမိုကရေစီ အပြောင်းအလဲကို လိုလားတဲ့ ပြည်သူတွေရဲ့ ဆန္ဒကတော့ ခိုင်မာပြင်းထန် နေဆဲဖြစ်ပါတယ်။ ဒီပြတ်သားတဲ့ စိတ်ဓာတ်တွေက ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်း ပေးထားခဲ့ပါတယ်။ စစ်အစိုးရကို ဆက်လက် တွန်းလှန်ဖို့ နည်းလမ်းတွေ၊ အယူအဆတွေ အမျိုးမျိုးလည်း ရှိနေခဲ့ကြတယ်။ ဒါပေမယ့် နဝတ လို့အတိုခေါ်တဲ့ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ဆိုတဲ့ စစ်အစိုးရရဲ့ နိုင်ငံရေးလမ်းကြောင်းသစ်ဟာ နိုင်ငံရေး အခင်းအကျင်းသစ်တခုကို ဖော်ဆောင်ပေးခဲ့ပါတယ်။

နိုင်ငံရေး အခင်းအကျင်းသစ်

၁၉၈၈ အာဏာသိမ်းပြီးပြီးခြင်းမှာပဲ စစ်အစိုးရက “ပါတီစုံ ဒီမိုကရေစီစနစ်” အောက်မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာပြီး သူ့အရင် ဆိုရှယ်လစ်အစိုးရရဲ့ တပါတီစနစ်ကို တဆစ်ချိုး ပြောင်းလဲခဲ့ပါတယ်။

နိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊ ကွန်မြူနစ်ဟောင်းတွေ၊ ဗိုလ်ချုပ်ဟောင်းတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ လူငယ်ကျောင်းသားတွေတောင်မှ နိုင်ငံရေးပါတီတွေ ထူထောင်ကြပါတယ်။ ၂၆ နှစ်ကြာ ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တခုတည်းရှိတဲ့ နိုင်ငံမှာ နေ့ချင်းညချင်း ပါတီပေါင်း ၂၃၀ ကျော် မှတ်ပုံတင် ဖွဲ့စည်းခဲ့ပါတယ်။

ချက်ခြင်းဆိုသလိုပဲ နိုင်ငံရေးအင်အားစုတွေဟာ ပါတီတွေဖွဲ့စည်း ခဲ့ကြတယ်။ နိုင်ငံရေးသမားဟောင်းတွေနဲ့ မျက်နှာသစ်တွေဟာ ပါတီ ခေါင်းဆောင်တွေ ဖြစ်လာပါတယ်။ နိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊ ကွန်မြူနစ်ဟောင်းတွေ၊ ဗိုလ်ချုပ်ဟောင်းတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ လူငယ်ကျောင်းသားတွေတောင်မှ နိုင်ငံရေးပါတီတွေ ထူထောင်ကြပါတယ်။ ၂၆ နှစ်ကြာ ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တခုတည်းရှိတဲ့ နိုင်ငံမှာ နေ့ချင်းညချင်း ပါတီပေါင်း ၂၃၀ ကျော် မှတ်ပုံတင် ဖွဲ့စည်းခဲ့ပါတယ်။ (ရွေးကောက်ပွဲကျင်းပတဲ့ အခါမှာတော့ ၉၃ ပါတီ ယှဉ်ပြိုင်ခဲ့ပါတယ်)။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရေးဟာ အဓိကနိုင်ငံရေး လမ်းကြောင်းတခု ဖြစ်လာပါတယ်။ ဒီနိုင်ငံရေး လမ်းကြောင်း ပေါ်လျှောက်လှမ်းသူတွေကို အဲဒီအချိန်က ခေါ်တဲ့အတိုင်း “မြို့ပြနိုင်ငံရေး” (Urban politics) အုပ်စုလို့ ခေါ်ရပါမယ်။

အဲဒီအချိန် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံကို ကြည့်မယ်ဆိုရင် ဆိုဗီယက်ယူနီယံ မပြိုကွဲသေးသလို အဲဒီနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင် မစ်ခေးလ် ဂေါ်ဘာချက်ဗ်ကလည်း USSR ရဲ့တပါတီစနစ်ကို ပြုပြင်ပြောင်းလဲဖို့ သူ့ရဲ့ ဂလပ်စနော့ လို့ခေါ်တဲ့ “ပွင့်လင်းမှု” နဲ့ ပယ်ရက်စ်ထရိုက်ကာ ဆိုတဲ့ “ပြန်လည်တည်ဆောက်ခြင်း” မူဝါဒတွေကို မစတင်ရသေးပါဘူး။ အရှေ့ဥရောပမှာ ကွန်မြူနစ်ဝါဒ ပြိုလဲခြင်းနဲ့ ကမ္ဘာ့ဇာတ်ခုံမှာ စစ်အေးတိုက်ပွဲ မပြီးဆုံးခင်မှာပဲ မြန်မာ့ ၈၈ အရေးတော်ပုံဟာ ဆိုရှယ်လစ်အစိုးရကို ဖြုတ်ချပြီး တပါတီ နိုင်ငံရေးစနစ်ကနေ ပါတီစုံစနစ်ကို ပြောင်းဖို့ စစ်အစိုးရကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါတင်မက ၂၆ နှစ်ကြာကျင့်သုံးခဲ့တဲ့ တံခါးပိတ်မူဝါဒ ကိုအဆုံးသတ်ပြီး ဈေးကွက်စီးပွားရေးကိုလည်း ပြောင်းလဲ နိုင်ခဲ့ပါတယ်။ အဲဒီလိုအခြေအနေတွေအောက်မှာ ဒါဟာ ၈၈ ဒီမိုကရေစီ အရေးတော်ပုံရဲ့ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကနေ တိုင်းပြည်ကို ယူဆောင်ပေးနိုင်ခဲ့တဲ့ အရေးပါတဲ့ အပြောင်းအလဲတွေ ဖြစ်ပါတယ်။

“AS” နဲ့ မြေအောက်လှုပ်ရှားမှု

နိုင်ငံရေးပါတီတွေ မှိုလိုပေါက်လာချိန်မှာပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး အခြားပုံစံ နှစ်မျိုးပါ ပေါ်ထွက်လာပါတယ်။ တခုကတော့ လက်နက်ကိုင်တော်လှန်ရေး (အဲဒီအချိန်က နိုင်ငံရေးလှုပ်ရှားသူ ကျောင်းသားတွေ အများစုခေါ်တဲ့ အတိုင်းဆိုရင် “AS”) ဖြစ်ပါတယ်။ နောက်တခုကတော့ (တရားဝင် ရပ်တည်ခွင့်မရှိတဲ့) ကျောင်းသားသမဂ္ဂတွေရဲ့ မြေအောက်လှုပ်ရှားမှု ဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုတွေကို ကျောင်းသားတွေ ဦးဆောင်ကြပါတယ်။ အာဏာသိမ်းပြီး ဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နင်းပြီးနောက်ပိုင်းမှာ “AS” လမ်းကြောင်းကို လိုက်လိုတဲ့ ကျောင်းသားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အခြေစိုက်ကြတဲ့ နယ်စပ်ဒေသတွေဆီ ထွက်ခွာကြပါတယ် (တနည်းအားဖြင့် “တောခို” တယ်လို့ သုံးတာပေါ့)။ အဲဒီမှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေဟာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို ကျောင်းသားတပ်မတော်အဖြစ် ထူထောင်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးစောမောင်၊ ဒုဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ ဗိုလ်မှူးချုပ် ခင်ညွန့်

မြေအောက်သမဂ္ဂအဖွဲ့ဝင် ကျောင်းသားတွေဟာလည်း မြို့ပေါ်မှာ သူတို့ရဲ့ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှု (သို့) ဒီမိုကရေစီ လှုပ်ရှားမှုတွေကို လျှို့ဝှက်ပြီး ဆက်လက်ဆောက်ရွက်ခဲ့ကြတယ်။ သူတို့ရဲ့လှုပ်ရှားမှုတွေကတော့ ပြည်သူလူထုကို နိုင်ငံရေးအသိ နိုးကြားနေစေဖို့ နဲ့ သတင်းတွေ မျက်ခြေမပြတ်ဖို့ မြို့လယ်ခေါင်မှာ ပြောက်ကျားဆန္ဒပြတာ၊ မြေအောက် နိုင်ငံရေး စာစောင်တွေနဲ့ ကြေညာချက်တွေ ထုတ်ဝေဖြန့်ချိတာ စတဲ့ လှုပ်ရှားမှုတွေကို ထောင်ကျခံပြီး စွန့်စားဆောင်ရွက်ကြပါတယ်။ ကျနော်ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အဲဒီလှုပ်ရှားမှုဟာ “AS” လမ်းကြောင်းနဲ့ ကွဲပြားပြီး အကြမ်းမဖက်လှုပ်ရှားမှု နည်းလမ်းတွေပေါ် အခြေခံပါတယ်။

ဒါပေမယ့် အဲဒီနည်းလမ်း ၃ ခုဖြစ်တဲ့ နိုင်ငံရေးပါတီများ၊ မြေအောက်ကျောင်းသား သမဂ္ဂများနဲ့ လက်နက်ကိုင်တော်လှန်ရေး “AS” တို့ဟာ စစ်ကောင်စီကို ဖိအားပေးရာမှာ တခုနဲ့တခု အထောက်အကူပြုတယ်လို့ အဲဒီအချိန်နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားတဲ့ လူအများစုက သဘောထားပါတယ်။ (၂၀၂၁ ခုနှစ်မှာတော့ အဲဒီလို မဟုတ်တော့ပါဘူး။ စစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို ပြည်သူအများစုက လက်မခံဘဲ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းသူကြံရာပါတွေအဖြစ် သတ်မှတ်ပါတယ်။ ဒီနေရာမှာ စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့တယ်ဆိုတဲ့ အချက်ကအရေးကြီးပါတယ်။)

အဓိကနိုင်ငံရေး လမ်းကြောင်း

ဒါပေမယ့် ၁၉၈၈ အရေးတော်ပုံနောက်ပိုင်းထွက်ပေါ်လာတဲ့ လမ်းကြောင်း သုံးခုမှာ လူထုထောက်ခံမှု အများဆုံးကတော့ ပါတီနိုင်ငံရေးလို့ ဆိုရမှာပါ။ အသစ်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီအများစုဟာ ဦးနေဝင်းရဲ့ ဆိုရှယ်လစ်ပါတီကို အသွင်ပြောင်းထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကို အနိုင်ယူပြီး ဒီမိုကရေစီ အစိုးရတရပ် ဖွဲ့ခွင့်ရဖို့ မျှော်လင့်ခဲ့ ကြပါတယ်။ တိုင်းရင်းသား ပါတီတွေဟာလည်း မြို့ပြနိုင်ငံရေးမှာ အဓိကအင်အားစုတခု ဖြစ်ပြီး မြို့ကြီးတွေနဲ့ တိုင်းရင်းသားပြည်နယ်တွေမှာပါ ရွေးကောက်ပွဲဝင်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒီပါတီတွေဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် မပတ်သက်ဘူး လို့ဆိုရမှာပါ။

စစ်အစိုးရက နိုင်ငံရေးပါတီဝင်တွေ၊ သူတို့ကို ဆန့်ကျင်တဲ့ ကျောင်းသားတွေနဲ့ အတိုက်အခံတွေကို ဆက်လက်ဖမ်းဆီးနှိပ်စက်ပြီး ထောင်နှစ်ရှည်တွေချခဲ့ပါတယ်။ ဒါပေမယ့် အကြမ်းမဖက်လှုပ်ရှားမှု နည်းလမ်းတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ တော်တော် ထိရောက်လာပါတယ်။ အဲဒီလမ်းကြောင်းဟာ အာဏာသိမ်းမှုနောက်ပိုင်း အဓိကနိုင်ငံရေး လမ်းကြောင်းဖြစ်လာပြီး ပြည်သူအများစုကလည်း ထောက်ခံကြပါတယ်။

ဒီနိုင်ငံရေး အခင်းအကျင်းသစ်မှာ အားသာချက်တွေရှိပါတယ်။ နိုင်ငံရေးပါတီတွေဟာ တနိုင်ငံလုံးမှာ ပါတီရုံးခန်းတွေ ဖွင့်နိုင်တယ်။ ပါတီလှုပ်ရှားမှုတွေကို တရားဝင် လုပ်နိုင်ပြီး၊ ပြည်သူတွေကလည်း သူတို့ကြိုက်တဲ့ပါတီတွေကို ပွင့်ပွင့်လင်းလင်း ထောက်ခံနိုင်ကြတယ်။ အဓိကအားဖြင့် ပါတီတွေဟာ စစ်အစိုးရကို အတိုင်းအတာတခုထိ ပေါ်ပေါ်ထင်ထင် ဝေဖန်မှုတွေလုပ်နိုင်ပါတယ်။ နိုင်ငံရေး လှုပ်ရှားနိုင်မှုတွေ ရှိလာပေမယ့် စစ်အစိုးရက နိုင်ငံရေးပါတီဝင်တွေ၊ သူတို့ကို ဆန့်ကျင်တဲ့ ကျောင်းသားတွေနဲ့ အတိုက်အခံတွေကို ဆက်လက်ဖမ်းဆီးနှိပ်စက်ပြီး ထောင်နှစ်ရှည်တွေချခဲ့ပါတယ်။ ဒါပေမယ့် အကြမ်းမဖက်လှုပ်ရှားမှု နည်းလမ်းတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ တော်တော် ထိရောက်လာပါတယ်။ အဲဒီလမ်းကြောင်းဟာ အာဏာသိမ်းမှုနောက်ပိုင်း အဓိကနိုင်ငံရေး လမ်းကြောင်းဖြစ်လာပြီး ပြည်သူအများစုကလည်း ထောက်ခံကြပါတယ်။

စစ်အုပ်စုဟာ ကတိပြုထားတဲ့အတိုင်း ၁၉၉၀ ခုနှစ်မေလ ၂၇ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် ၃၀ လုံး (နောက်ဆုံး လွတ်လပ်တဲ့ ရွေးကောက်ပွဲကို ၁၉၆၂ ခုနှစ် အာဏာမသိမ်းခင် ၂ နှစ်ဖြစ်တဲ့ ၁၉၆၀ ခုနစ်မှာ ကျင်းပခဲ့တယ်။) မဲပေးပိုင်ခွင့် ငြင်းပယ်ခံထားရတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေ တက်တက်ကြွကြွ မဲပေးခဲ့ကြပါတယ်။

ရွေးကောက်ပွဲမှာ သူတို့ ပစ်မှတ်ထား ဖိနှိပ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက သောင်ပြိုကမ်းပြိုနိုင်လို့ ဗိုလ်ချုပ်တွေ အံ့အားသင့် တုန်လှုပ်သွားခဲ့တယ်။ စစ်အစိုးရဟာ အနိုင်ရ NLD ပါတီကို အာဏာလွှဲပေးဖို့ ငြင်းဆန်ခဲ့တဲ့ အပြင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အများအပြားကို ဖမ်းဆီးထောင်ချခဲ့တယ်။ တချို့ က အဖမ်းမခံရဖို့ နိုင်ငံကနေ ထွက်ပြေးကြရတယ်။

ဒါကြောင့် ၁၉၉၀ ခုနှစ် နှောင်းပိုင်းမှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ဆိုတဲ့ စင်ပြိုင်အစိုးရကို KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ မာနယ်ပလောမှာ ဖွဲ့စည်းခဲ့ကြတယ်။ NLD နဲ့ အခြားပါတီတွေက ရွေးကောက်ခံ ကိုယ်စားလှယ်များပါဝင်တဲ့ NCGUB ကို ၁၉၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖေါ်ဖို့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ။ ဒါပေမယ့် ဒီပြည်ပရောက် စင်ပြိုင်အစိုးရ အနေနဲ့ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးပိုင်းကို ခြိမ်းခြောက်ဖို့ လုံလောက်တဲ့ အရှိန်အဟုန် မရခဲ့ဘူး။

ဒါပေမယ့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ဟာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကထွက်ပေါ်လာတဲ့ အဓိက နိုင်ငံရေးမှတ်တိုင်တခု ဖြစ်ခဲ့ပါတယ်။ ၎င်းကို “နိုင်ငံရေးအရ တရားဝင်မှု” (legitimacy) အနေနဲ့ နိုင်ငံတကာအသိုက်အဝန်းက စစ်အုပ်စုကို ဖိအားပေးတဲ့ နေရာမှာ တောက်လျှောက် နိုင်ငံရေး လက်နက်တခု အနေနဲ့ သုံးနိုင်ခဲ့ပါတယ်။

“AS” ဘာကြောင့် အလုပ်မဖြစ်ခဲ့သလဲ

၁၉၈၈ အာဏာသိမ်းပြီး နောက်ပိုင်း “AS” ခေါ်တဲ့ ကျောင်းသား လက်နက်ကိုင်တော်လှန်ရေး ကတော့ ထင်သလောက် ခရီးမရောက်ခဲ့ပါဘူး။ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအပါအဝင် တခြား မြို့ကြီးမြို့ငယ်တွေက တိမ်းရှောင် (အဲဒီအချိန်က သုံးတဲ့အတိုင်းဆို “တောခို” သွားတဲ့ကျောင်းသားများ) သွားတဲ့ အများအားဖြင့် ဗမာကျောင်းသား အများစုနဲ့ ဖွဲ့စည်းထားတဲ့ ကျောင်းသားတပ်မတော် (ABSDF) နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ စစ်အစိုးရတပ်တွေကို တိုက်တဲ့ တိုက်ပွဲတွေဟာ ထူးထူးခြားခြား အောင်မြင်မှု မရခဲ့ဘူး။ ( ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးနဲ့ လုံးဝကွဲပြားခြားနားပါတယ်။)

အဲ့ဒီလိုဖြစ်ရတဲ့ အကြောင်းရင်း တွေရှိပါတယ်။ တခုကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ကျောင်းသားတပ်မတော်ကို အပြည့်အ၀ ထောက်ခံဖို့ အနေအထားမှာ မရှိပါဘူး။ (၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှု နောက်ပိုင်း အသစ်ဖွဲ့စည်းတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ EAOs တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ လုံးဝကွဲပြားခြားနားပါတယ်။) နောက်ထပ်အကြောင်းရင်းတွေထဲက တခုကတော့ မြို့ပေါ်ကလာတဲ့ ကျောင်းသားလူငယ်တွေဟာ ကြမ်းတမ်းတဲ့ တောတွင်းဘဝနဲ့ လိုက်လျှောညီထွေ မနေနိုင်တာကြောင့် ဖြစ်ပါတယ်။ ရောက်လာပြီး မကြာမီမှာပဲ စစ်အုပ်စုက လွတ်ငြိမ်းခွင့် ပေးတဲ့အခါ ထောင်နဲ့ချီတဲ့ကျောင်းသားတွေ လက်နက်ကိုင်တာကိုစွန့်ပြီး အိမ်ပြန်ခဲ့တယ်။ တချို့လည်း တတိယနိုင်ငံလို့ခေါ်တဲ့ အနောက်နိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံဖို့ တောထဲကနေ ခွာခဲ့ကြတယ်။

ကျောင်းသားတွေရဲ့ လက်နက်ကိုင်တိုက်ပွဲကို ထိခိုက်စေတဲ့ နောက်ထပ် အကြောင်းရင်းကြီး တခုကတော့ စစ်အစိုးရကအကောင်အထည်ဖော်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် စစ်အစိုးရရဲ့ အတွင်းရေးမှူး ၁ ဖြစ်ပြီး ထောက်လှမ်းရေးအကြီးအကဲလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ အတော်အားထုတ်ခဲ့ပါတယ်။

ကျောင်းသားတွေရဲ့ လက်နက်ကိုင်တိုက်ပွဲကို ထိခိုက်စေတဲ့ နောက်ထပ် အကြောင်းရင်းကြီး တခုကတော့ စစ်အစိုးရကအကောင်အထည်ဖော်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် စစ်အစိုးရရဲ့ အတွင်းရေးမှူး ၁ ဖြစ်ပြီး ထောက်လှမ်းရေးအကြီးအကဲလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ အတော်အားထုတ်ခဲ့ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့အပါအဝင် အဓိကကျတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်အစိုးရကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ကြတယ်။ ဒါပေမယ့် ပြည်သူ အများစုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ၈၈ အရေးတော်ပုံက ဖော်ဆောင်ခဲ့တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးလမ်းကြောင်းက သွေဖည်ပြီး လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ စစ်တပ်နဲ့ မဟာမိတ်ဖွဲ့ (သို့) အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့ “မိတ်ဖက်” တွေလို့ သတ်မှတ်ခဲ့ကြပါတယ်။

နိုင်ငံရေးအမြင်အရ ကြည့်မယ်ဆိုရင် ဒီကိစ္စဟာ ဒီမိုကရေစီရေး အင်အားစုတွေကို သွေးခွဲဖို့ စစ်အစိုးရရဲ့ အတုအယောင် နိုင်ငံရေးလှည့်ကွက်တခု ဆိုတာကို နားလည်ဖို့လွယ်ကူပါတယ်။ အဲဒီအချိန်မှာ စစ်အစိုးရအတွက် အဓိကရန်သူ နိုင်ငံရေးအင်အားစု ၂ ခုရှိပါတယ်။ ပြည်တွင်းက နိုင်ငံရေးပါတီတွေနဲ့ နယ်စပ်တလျှောက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။ အဲဒီအုပ်စု ၂ ခုအနက် နိုင်ငံရေးပါတီတွေအပေါ် ပြည်သူက တခဲနက်ထောက်ခံတာကြောင့် ဗိုလ်ချုပ်တွေအတွက် ပိုပစ်မှတ်ထားဖို့ အဓိကကျပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး အထူးစီးပွားရေး လုပ်ကိုင်ခွင့်တွေပေးလိုက်ရင် စစ်မျက်နှာတခုလျော့ပြီး ပြည်တွင်း နိုင်ငံရေးအင်အားစုတွေဖြစ်တဲ့ ပါတီတွေနဲ့ ကျောင်းသားသမဂ္ဂ တို့ကို ချေမှုန်းဖို့ ဗိုလ်ချုပ်တွေက တွက်ချက်ပြီး လုပ်ခဲ့တာပါ။

အဲဒီကာလတွေမှာ ပြည်တွင်းက NLD နဲ့ တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်အများအပြား အဖမ်းခံကြရတယ်။ ၁၉၉၀ မေလ ရွေးကောက်ပွဲ နီးလာတဲ့အခါ ဖမ်းဆီးဖိနှိပ်မှုတွေ ဟာပိုပြင်းထန်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပါအဝင် အဓိကကျတဲ့ ပါတီ ခေါင်းဆောင်အများအပြားကို စစ်အစိုးရက ဖမ်းဆီးခဲ့တယ်။

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားတွေ ကိုလည်း နှစ်ရှည် ပြစ်ဒဏ်တွေနဲ့ ထောင်သွင်းအကျဉ်းချခဲ့တယ်။ ဥပမာအနေနဲ့ ၁၉၉၁ ခုနှစ်က ဆန္ဒပြပွဲ တခုတည်းမှာကို ကျနော်အပါအဝင် ကျောင်းသား ၁၄၀ လောက် ဖမ်းဆီးခံခဲ့ရတယ်။ ကျနော်တို့ တဦးချင်းကို စစ်ခုံရုံးက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ် ကနေ နှစ် ၂၀ ထိ ချခံခဲ့ရတယ်။ အခြား ကျောင်းသားဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေကိုလည်း စစ်အစိုးရက အလားတူ ဖမ်းဆီးမှုတွေလုပ်ခဲ့တယ်။ ၁၉၈၈ ခုနှစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဒီမိုကရေစီအရေး တက်ကြွဆောင်ရွက်တဲ့ သူမှန်သမျှ ထောင်မကျဖူးတဲ့သူ မရှိသလောက်ပါပဲ။

စစ်အစိုးရဟာ ကျနော်တို့လူငယ်တွေရဲ့ နိုင်ငံရေး နိုးကြားမှုနဲ့ မတရားမှုတွေကို တွန်းလှန် ဆန့်ကျင်တဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ဖို့၊ နောက်မျိုးဆက်သစ်တွေကို အဲဒီစိတ်ဓာတ် လက်ဆင့်ကမ်းမပေးနိုင်အောင်လို့ နိုင်ငံရေးပါတီအလံအောက်ကဖြစ်စေ ကျောင်းသားသမဂ္ဂအလံအောက်ကဖြစ်စေ စစ်အစိုးရကို ဆန့်ကျင်တဲ့သူ အားလုံးကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ ဒါကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေထက် မြို့ပြ နိုင်ငံရေးအင်အားစုကို အမြစ်ဖြတ်ဖို့ စီစဉ်တဲ့ စစ်အစိုးရရဲ့ နိုင်ငံရေးဗျူဟာပဲဖြစ်တယ်။ ဒီနိုင်ငံရေးဗျူဟာ အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေ တခုလုံးကို သရုပ်ခွဲလေ့လာရရင် အဓိက မြို့ပြနိုင်ငံရေး အင်အားစုဖြစ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ နယ်စပ်တလျှောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားအပါအဝင် ကျောင်းသားလက်နက်ကိုင်လှုပ်ရှားမှု တွေကြားမှာ ဒီမိုကရေစီအရေး ရည်မှန်းချက်တွေ ကွဲပြားသလို ဟန်ချက်ညီတဲ့ နိုင်ငံရေးပုံစံလည်း မရှိခဲ့ဘူး။ ဒါတွေကတော့ ၁၉၈၈ အာဏာသိမ်းပြီး နောက်ပိုင်းမှာ “AS” ဆိုတဲ့ လက်နက်ကိုင်တော်လှန်ရေး မအောင်မြင်ခဲ့ရတဲ့ အရင်းခံ အကြောင်းတရား တချို့ပါ။

နိုင်ငံရေး သင်ခန်းစာများ

၁၉၈၈ ခုနှစ် သြဂုတ်လ ဆန္ဒပြပွဲများ အရှိန်အဟုန်မြင့်လာချိန် လက်နက်ကိုင် စစ်သားများ ရန်ကုန်မြို့ လမ်းများပေါ် တပ်စွဲလာစဉ် / Alain Evrard

မြို့ပြနိုင်ငံရေး အင်အားစုဟာ စစ်တပ်ရဲ့ စနစ်တကျ နှစ်ပေါင်းများစွာဖြိုခွဲမှုကြောင့် အင်အားချိနဲ့ခဲ့တယ်။ ဒါပေမယ့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးအရ တရားဝင်မှုရပြီး ၁၉၈၈ အရေးတော်ပုံရဲ့ အရေးကြီးဆုံး အောင်မြင်မှုဖြစ်လာတယ်။ ကုလသမဂ္ဂဦးဆောင်တဲ့ နိုင်ငံတကာ အသိုက်အဝန်းက စစ်အစိုးရကို ဖိအားပေးဖို့ အဲဒီရွေးကောက်ပွဲရလဒ်ကို နိုင်ငံရေး လက်နက်တခုအဖြစ် အသုံးပြုပြီး အာဏာလွှဲပေးဖို့ (သို့မဟုတ်) ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီနဲ့ ဆွေးနွေးညှိနှိုင်းဖို့ တောင်းဆိုလေ့ရှိခဲ့တယ်။ စစ်ဗိုလ်ချုပ်တွေဟာ အဲဒီ ရွေးကောက်ပွဲရလဒ်ကို အစားထိုးပယ်ဖျက်နိုင်ဖို့ နောက်နှစ်ပေါင်း ၂၀ တိတိ အချိန်ယူပြီး ၂၀၁၀ ခုနှစ်မှာ သူတို့စိတ်တိုင်းကျ ရွေးကောက်ပွဲတခုကို ထပ်ဆင်နွှဲခဲ့တယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ် ၂ ခုကြာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို အမည်တပ်ရမယ်ဆိုရင် အဓိက နိုင်ငံရေးလမ်းကြောင်းဖြစ်ခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကာလ လို့ ခေါ်ရမှာဖြစ်ပါတယ်။ ပြောရရင် ၁၉၈၈ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်း အာဏာရှင်စစ်အစိုးရကို ဆန့်ကျင်မှုဟာ လက်နက်ကိုင် တော်လှန်ရေး အဆင့်ကို မရောက်ခဲ့ဘူး။

ဒါပေမယ့် ၁၉၈၈ ခုနှစ် အာဏာသိမ်းမှု၊ အပြစ်မဲ့ပြည်သူတွေကို ရက်စက်စွာသတ်ဖြတ်မှု၊ နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်မှု၊ ပြည်သူတွေရွေးချယ်ခဲ့တဲ့ ပါတီကို အာဏာလွှဲပြောင်းပေးဖို့ ငြင်းဆန်မှု စတဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ် လိမ်ညာမှုတွေဟာ မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ နောက်တကြိမ် နာကျင်ခဲ့ရပြန်တယ်။ ဒုတိယအကြိမ်မြောက် စစ်တပ်ရဲ့ လိမ်လည်လှည့်ဖြားမှုကို ပြည်သူတရပ်လုံး ခံရတာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်တွေဟာ အဲဒီလို ပြည်သူအပေါ် သစ္စာမဲ့မှုတွေကို ၁၉၆၂ ခုနှစ်ကစတင်ပြီး အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်။ သူတို့ရဲ့ အဲဒီ ပြည်သူအပေါ် လိမ်လည်သစ္စာမဲ့မှုတွေဟာ စစ်တပ်အင်စတီကျူးရှင်းရဲ့ နိုင်ငံရေး ယဉ်ကျေးမှုအဖြစ် အမြစ်တွယ်လာခဲ့တယ်။ အကျင့်သိက္ခာမဲ့မှုနဲ့ ရက်စက်မှုတွေဟာ စစ်တပ်ရဲ့ “ယဉ်ကျေးမှု” ဖြစ်လာပြီး ပြည်သူတွေဟာ သူတို့ကို အာဏာသိမ်း ဖိနှိပ်အုပ်ချုပ်တဲ့ စစ်ဗိုလ်ချုပ်တွေ ကိုသာမက စစ်တပ်တခုလုံးကိုပါ ဒေါသထွက် ဆန့်ကျင်တဲ့ အထိကို ပြောင်းလဲလာခဲ့တယ်။

ဗိုလ်ချုပ်တွေဟာ အဲဒီလို ပြည်သူအပေါ် သစ္စာမဲ့မှုတွေကို ၁၉၆၂ ခုနှစ်ကစတင်ပြီး အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်။ သူတို့ရဲ့ အဲဒီ ပြည်သူအပေါ် လိမ်လည်သစ္စာမဲ့မှုတွေဟာ စစ်တပ်အင်စတီကျူးရှင်းရဲ့ နိုင်ငံရေး ယဉ်ကျေးမှုအဖြစ် အမြစ်တွယ်လာခဲ့တယ်။ အကျင့်သိက္ခာမဲ့မှုနဲ့ ရက်စက်မှုတွေဟာ စစ်တပ်ရဲ့ “ယဉ်ကျေးမှု” ဖြစ်လာပြီး ပြည်သူတွေဟာ သူတို့ကို အာဏာသိမ်း ဖိနှိပ်အုပ်ချုပ်တဲ့ စစ်ဗိုလ်ချုပ်တွေ ကိုသာမက စစ်တပ်တခုလုံးကိုပါ ဒေါသထွက် ဆန့်ကျင်တဲ့ အထိကို ပြောင်းလဲလာခဲ့တယ်။ အဲဒီနောက်ပိုင်း စစ်တပ်ကိုမနှစ်မြို့တဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ဟာ တိုးသထက်ပိုတိုးလာခဲ့တယ်။

ဒီနေရာမှာ ၁၉၈၈ အရေးတော်ပုံနဲ့ နောက် ဆယ်စုနှစ် ၂ ခုကြာ စစ်အာဏာရှင် စနစ်အောက်မှာ ပြည်သူတရပ်လုံး ကိုယ်တွေ့ ကြုံ လေ့လာခဲ့ရတဲ့ နိုင်ငံရေးသင်ခန်းစာတွေကို ထုတ်ကြည့်မယ်ဆိုရင်
-လူထုအုံကြွမှုနဲ့ အာဏာရှင်ကို ဖြုတ်ချလို့မရခဲ့ဘူး (စစ်ဗိုလ်ချုပ်တွေက ဖိနှိပ်ဖြိုခွဲတာကြောင့်)။
-ရွေးကောက်ပွဲ နည်းလမ်း (သောင်ပြိုကမ်းပြို ရွေးကောက်ပွဲရလဒ်) လည်း စစ်အစိုးရကို ဖယ်မချနိုင်ပါဘူး (ဗိုလ်ချုပ်တွေက ပြောင်ပြောင်တင်းတင်း အာဏာလွှဲဖို့ ငြင်းဆန်တာကြောင့်)။
-အကြမ်းမဖက်လှုပ်ရှားမှုနည်းလမ်းတွေလည်း အလုပ်မဖြစ်ခဲ့ဘူး (စစ်အစိုးရက အကြမ်းဖက်မှုနဲ့ တုံ့ပြန်တဲ့အတွက်)။
-နိုင်ငံတကာရဲ့ ဖိအားတွေလည်း မထိရောက်ပါဘူး (ဗိုလ်ချုပ်တွေက နိုင်ငံတကာစံနှုန်း တွေကို ဘယ်တော့မှ မလိုက်နာလို့)။

ဒီသင်ခန်းစာတွေအပေါ်မှာ ထပ်ရလိုက်တဲ့ နောက်ထပ် သင်ခန်းစာကတော့ စစ်ဗိုလ်ချုပ်တွေတဦးစီအနေနဲ့ ဖြစ်ဖြစ် (သို့) စစ်တပ် အင်စတီကျူရှင်း တခုလုံးအနေနဲ့ဖြစ်ဖြစ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ လွတ်လပ်အေးချမ်းစွာ ရှင်သန် နေထိုင် သေဆုံးဖို့ ဆိုတဲ့ ပြည်သူတွေရဲ့ အခြေခံဆန္ဒကိုတောင် မဖြည့်ဆည်းဘဲ နည်းလမ်းပေါင်းစုံနဲ့ ညစ်ပတ်ရက်စက် တယ်ဆိုတာပါပဲ။

ဒါပေမယ့် အဲဒီ စိတ်ဓာတ်ကျစရာ သင်ခန်းစာတွေဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို မရိုက်ချိုးနိုင်သလို သူတို့ ဒီမိုကရေစီ တိုက်ပွဲကိုလည်း မရပ်တန့်စေနိုင်ပါဘူး။ ဒါဟာ မြန်မာပြည်သူတွေရဲ့ သဘာဝပဲဖြစ်ပါတယ်။ နောက်ဆောင်းပါးမှာ ဒီသင်ခန်းစာတွေကနေ သူတို့ရဲ့ မပြီးဆုံးသေးတဲ့ တိုက်ပွဲကို ဘယ်လိုဆက်ဆင်နွှဲလဲ ဆိုတာကို ကျနော်တို့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်းဌာန အမှုဆောင်အယ်ဒီတာ ဖြစ်ပြီး သူ၏ Evolution of the Myanmar Revolution (Part 2): Why the ’88 Uprising Didn’t Evolve Into Revolution ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ် တိုးတက်မှု (အပိုင်း ၁)- ပထမဆုံး အာဏာသိမ်းမှု ဘာကြောင့် ခုခံမှု နည်းရသလဲ

မင်းအောင်လှိုင် ရှေ့ထွက်ပြလည်း စစ်ပွဲကတော့ ဆက်ရှုံးနေဦးမည်

မင်းအောင်လှိုင်ရာထူး ဘယ်သူဆက်ခံမလဲ

တရုတ် ဖြတ်လေးဖြတ်နှင့် မြန်မာ့ အင်္ဂါဂြိုဟ်

တော်လှန်ရေး အင်အားစုက မန္တလေးကို ဝင်သိမ်းမလား

စစ်ကောင်စီကို တရုတ်က ဘဏ္ဍာရေး အသက်ဆက်မပေးရန် လိုသည်

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

Your Thoughts …
Tags: ၁၉၆၂ ခုနှစ်၈၈ အရေးတော်ပုံMother Coupစစ်ခေါင်းဆောင် မင်းအောင်လှိုင်စစ်အာဏာရှင်စနစ်စစ်အာဏာသိမ်းမှုဆင့်ကဲဖြစ်ပေါ် တိုးတက်မှုဆိုရှယ်လစ်နွေဦးတော်လှန်ရေးဗိုလ်ချုပ်နေဝင်းမြန်မာ့တော်လှန်ရေး
ကျော်စွာမိုး

ကျော်စွာမိုး

ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ အကြီးတန်းအယ်ဒီတာ ဖြစ်သည်။

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

Next Post
တောင်ငူမြို့တွင်း ရေဘေးသင့်နေရာများ ကယ်ဆယ်ရေးများလိုအပ်နေ

တောင်ငူမြို့တွင်း ရေဘေးသင့်နေရာများ ကယ်ဆယ်ရေးများလိုအပ်နေ

အားလုံးရဲ့ ရှေ့မှာ ပစ်သတ်လိုက်တာ (ရုပ်/သံ)

အားလုံးရဲ့ ရှေ့မှာ ပစ်သတ်လိုက်တာ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved