• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

AA ၏ ထိန်းသိမ်းရေးစခန်း ၂ ခု ဗုံးကြဲခံရ ၆၀ ကျော် သေဆုံး

by ဧရာဝတီ
10 September 2024
in သတင်း
A A
AA ၏ ထိန်းသိမ်းရေးစခန်း ၂ ခု ဗုံးကြဲခံရ ၆၀ ကျော် သေဆုံး

စက်တင်ဘာ ၉ ရက်က မောင်တောရှိ သုံ့ပန်းစခန်း ဗုံးကြဲခံရပြီး တွေ့ရစဉ်/AA

1.8k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက အာရက္ခတပ်တော် (AA) ၏ နေရာများကို လေကြောင်းမှ ဆက်တိုက် ဗုံးကြဲရာ ရခိုင်တိုက်ပွဲအတွင်း ဖမ်းမိ သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ထိန်းသိမ်းထားသောစခန်းများ ထိမှန်သဖြင့် စစ်သုံ့ပန်းများအပါအဝင် သေဆုံးသူ ၆၀ ကျော်ရှိကြောင်း သိရသည်။

ဖမ်းမိသည့် စစ်သုံ့ပန်းများကို မောင်တောမြို့အနီး ၅ မိုင် နယ်ခြားစောင့်တပ်စခန်း နခခ (၂) ၌ ထားရှိရာ ထိုစခန်းကို စက်တင်ဘာ ၉ ရက် ည နာရီကျော်အချိန်က တိုက်လေယာဉ် ၂ စီးဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၅၀ ကျော် ပွဲချင်းပြီး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ အမြောက်မြားလည်းရှိခဲ့ကြောင်း AA က ယနေ့ ထုတ်ပြန်သည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
681

အဆိုပါ နခခ ၂ စစ်သုံ့ပန်းထားရှိရာ အဆောက်အဦအား တိုက်ခိုက်မှုအပြီး ယင်းညနေပိုင်းတွင် မောင်တောမြို့ ၃ မိုင်နှင့် ဝေသာလီကျေးရွာကြားရှိ UN အဆောက်အဦကိုလည်း စစ်ကောင်စီက ထပ်မံ၍ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း AA က ဆိုသည်။

စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သော နခခ ၂ နယ်ခြားစောင့်တပ်စခန်းသည် ၂၀၂၄ ဇူလိုင် ၆ ရက်ကတည်းက AA တပ်ဖွဲ့အပြီးတိုင် သိမ်းပိုက်ရရှိခဲ့သော နေရာတခုလည်း ဖြစ်သည်ဟု ဆိုထားသည်။

ယင်းစခန်းဗုံးကြဲခံရမှုအတွင်း သေဆုံးသူများမှာ မောင်တောမြို့သိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့် RSO၊ ARSA စသည့် မွတ်စလင်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်း မွတ်စလင် လက်နက်ကိုင်များ၊ စစ်ကောင်စီ သတင်းပေးများနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ဆက်စပ်သူများပါဝင်ကြောင်း AA ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “စစ်ကောင်စီ သူတို့ စစ်ရှုံးတာကို မခံမရပ်နိုင်ဖြစ်ပြီးတော့ အရပ်သားရှိတဲ့နေရာ တွေကိုပါ မချန် ပစ်မှတ်ထား ဗုံးကြဲနေတာ ရခိုင်ပြည်မှလို့မဟုတ်ပါဘူး သူတို့ တနိုင်ငံလုံးကို ပတ်ပြီး သူတို့ အားသန်တဲ့ လေကြောင်း တိုက်ခိုက်မှုကို လုပ်နေတာဖြစ်တယ်။ ဒါဟာ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တခုပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

စက်တင်ဘာ ၉ ရက်က မောင်တောရှိ သုံ့ပန်းစခန်း ဗုံးကြဲခံရပြီး တွေ့ရစဉ်/AA

စက်တင်ဘာ ၈ ရက် ညနေပိုင်းကလည်း ပေါက်တောမြို့နယ်အတွင်း ရှင်ရွာကျေးရွာအနီး စစ်သုံ့ပန်းများထားရှိရာ နေရာတခု အား လေကြောင်းဖြင့် ၂ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၇ ဦး ပွဲချင်းပြီး သေဆုံးကာ ၁၀ ဦးထက်မနည်းထိခိုက် ဒဏ်ရာရရှိခဲ့ကြကြောင်း AA က သတင်းထုတ်ပြန်သည်။

အဆိုပါ ရှင်ရွာကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများသည် စစ်ကောင်စီ၏ သုံ့ပန်းများထဲမှ ကျန်းမာရေး ဆိုဝါး၍ ဆေးကုသရန် လိုအပ်နေသော အရာရှိကြီးတချို့၊ စစ်တပ်သတင်းပေးများ၊ AA နှင့် ပတ်သက်သည့်သတင်းများအား စစ်ကောင်စီထံ ပေးပို့နေသည်ဟူသော သံသယဖြင့် ဖမ်းဆီး စစ်ဆေးနေသူများ၊ ပြစ်ဒဏ်ကျခံနေရသူတချို့ ယင်း အကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းတချို့နှင့် ပတ်ဝန်းကျင်ရှိ အရပ်သား ပြည်သူ၊ ကလေး တချို့ ပါဝင်ကြောင်း AA ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်ထားသည်။

ထိုသို့ ဗုံးကြဲမှုများကြောင့် ဒဏ်ရာရသူအများအပြားနှင့် အသက်အန္တရာယ်စိုးရိမ်ရသူများလည်းရှိနေကြောင်း AA က ဆိုသည်။

စစ်ကောင်စီသည် ယခုလအတွင်း ဆုံးရှုံးနယ်မြေများအား ပြန်သိမ်းနိုင်ရန် ရည်ရွယ်၍ ရန်နိုင်မင်းစစ်ဆင်ရေးဟု ဆိုကာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ် တောင်ပိုင်း၊ ကရင်နီ၊ ကရင်ပြည်နယ်တို့တွင် ရက်ဆက်ဆိုသလို လေကြောင်းမှ ဗုံးကြဲလျက်ရှိရာ စက်တင်ဘာ ၁ ရက်မှ ၉ ရက်နေ့ထိ သေဆုံးသူ ၄၀ ကျော်ရှိခဲ့ပြီး ယခု ရခိုင်ပြည်နယ်ပါမည် ဆိုပါက ၁၀ ရက်အတွင်း ဗုံးကြဲမှုကြောင့် သေဆုံးသူ ဦးရေမှာ ၁၀၀ ကျော် ရှိလာပြီ ဖြစ်သည်။

You may also like these stories:

စစ်ကောင်စီ တိုက်ခိုက်မှု ၉ ရက်အတွင်း သေဆုံးသူ အရပ်သား ၄၀ ကျော် ရှိလာ

နမ့်ခမ်း၊ ဖယ်ခုံ၊ နောင်ချို၊ မြိုင်မြို့နယ်များ ဗုံးကြဲခံရမှု အရပ်သား ၂၈ ဦးခန့် သေဆုံး

Your Thoughts …
Tags: AAစစ်သုံ့ပန်းမောင်တောရခိုင်လေကြောင်းတိုက်ခိုက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

Next Post
စစ်တပ်ရှိတဲ့နေရာမှာပဲ လူမျိုးရေး ဘာသာရေး ပဋိပက္ခ မီးတောက်နေတယ်

စစ်တပ်ရှိတဲ့နေရာမှာပဲ လူမျိုးရေး ဘာသာရေး ပဋိပက္ခ မီးတောက်နေတယ်

လားရှိုး တောင်သူများ၏ မျှော်လင့်ချက်ရောင်ခြည်

လားရှိုး တောင်သူများ၏ မျှော်လင့်ချက်ရောင်ခြည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved