• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပင်လယ်နှင့် စွမ်းအင်ပစ်မှတ်များ တိုက်ခိုက်မှု ရပ်ရန် ရုရှားနှင့် ယူကရိန်းသဘောတူ

by ဧရာဝတီ
27 March 2025
in သတင်း
A A
ပင်လယ်နှင့် စွမ်းအင်ပစ်မှတ်များ တိုက်ခိုက်မှု ရပ်ရန် ရုရှားနှင့် ယူကရိန်းသဘောတူ

ပူတင်၊ ထရမ့်နှင့် ဇယ်လန်းစကီး

909
VIEWS
Share on FacebookShare on Twitter

ပင်လယ်ပြင်တွင်းနှင့် စွမ်းအင်ကဏ္ဍ ပစ်မှတ်များကို တိုက်ခိုက်မှုရပ်ရန် အမေရိကန် ပြည်ထောင်စုသည် ရုရှား၊ ယူကရိန်းတို့နှင့် သီးခြား သဘောတူညီချက်များ မတ်လ ၂၅ ရက်နေ့တွင် ရရှိပြီး ရုရှားအပေါ် အရေးယူပိတ်ဆို့မှုအချို့ ရုပ်သိမ်းရန် တွန်းအားပေးရေး အမေရိကန်က သဘောတူသည်။

ထိုပင်လယ်နက် ရေကြောင်း သဘောတူညီချက် မည်သည့်အချိန်တွင် မည်သို့ စတင်မည်ကို မသိရသော်လည်း ဒေါ်နယ် ထရမ့် သမ္မတဖြစ်လာပြီးနောက် စစ်ဖြစ်နေသည့် နှစ်နိုင်ငံအကြား ပထမဆုံး တရားဝင် ကတိကဝတ်များ ဖြစ်သည်။ ထရမ့်သည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် တွန်းအားပေးနေပြီး ရုရှားနှင့် လျင်မြန်စွာ ပြေငြိမ်းသောကြောင့် ယူကရိန်းနှင့် ဥရောပနိုင်ငံများတွင် စိုးရိမ်မှုဖြစ်စေသည်။

အမေရိကန် ပြည်ထောင်စုနှင့် ရုရှားသဘောတူညီချက်သည် ယူကရိန်းနှင့် သဘောတူညီချက်ထက် ကျော်လွန်ပြီး ရုရှား၏ ကာလကြာရှည် တောင်းဆိုမှုဖြစ်သော စိုက်ပျိုးရေးနှင့် မြေသြဇာပို့ကုန်များကို နိုင်ငံတကာအရေးယူမှု ရုတ်သိမ်းရေးကူညီရန် အမေရိကန်က ကတိပြုသည်။

အမေရိကန်က ကြေညာချက်များ ထုတ်ပြန်ပြီး မကြာမီ ရုရှားဘဏ်အချို့နှင့် နိုင်ငံတကာ ဘဏ္ဍာရေးစနစ်အကြား ချိတ်ဆက်မှု ပြန်လည်မပေးလျှင် ပင်လယ်နက် သဘောတူညီချက်များ သက်ဝင်မည် မဟုတ်ကြောင်း ရုရှား ကရင်မလင်နန်းတော်က ကြေညာသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များသည် အရေးယူပိတ်ဆို့မှု လျှော့ပေါ့ခွင့် မလိုအပ်ကြောင်း၊ ချက်ချင်း အသက်ဝင်မည်ဟု နားလည်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောပြီး ကရင်မလင်နန်းတော်၏ ပြောကြားချက်သည် ထိုသဘောတူညီချက်များကို လိုသလို အသုံးချရန် ကြိုးစားမှုဖြစ်သည်ဟုလည်း ပြောသည်။

“သူတို့က ဒီသဘောတူညီချက်တွေကို ပုံဖျက်ဖို့ ကြိုးစားနေပြီ။ တကယ်တော့ သူတို့က ကျနော်တို့ရဲ့ ကြားခံတွေကိုသာမက တကမ္ဘာလုံးကို လိမ်နေတယ်” ဟု ညစဉ် ဗီဒီယို မိန့်ခွန်းတွင် မစ္စတာ ဇယ်လန်စကီးက ပြောသည်။

အကောင်အထည်ဖော်ရန် အမေရိကန်ကို အားထားမည်ဖြစ်ကြောင်း ယူကရိန်းနှင့် ရုရှားက ပြောပြီး ထိုသဘောတူညီချက်များကို အခြားတဖက်က လိုက်နာမည်မဟုတ်ဟု သံသယရှိကြောင်းလည်း နှစ်ဖက်လုံးက ပြောသည်။

“ရှင်းလင်းပြတ်သားတဲ့ အာမခံချက်တွေ ကျနော်တို့ လိုလိမ့်တယ်။ ကိယက်ဗ်နဲ့ သဘောတူညီချက်တွေ အတွေ့အကြုံအရ အဲဒီအာမခံချက်တွေဟာ ဇယ်လန်စကီးနဲ့ အဖွဲ့ကို ဒါပဲလုပ်၊ ဟိုဟာတွေ မလုပ်နဲ့လို့ အမိန့်ပေးမှ ရမယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဘရော့ဗ်က ပြောသည်။

ရုရှားနှင့် ယူကရိန်ကြား ပဋိပက္ခရပ်စဲရေး ရုရှားနှင့် အမေရိကန်တို့ တွေ့ဆုံဆွေးနွေးခဲ့သည့် ဆော်ဒီအာရေဘီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့ရှိ ရစ်ဇ်-ကာလ်တန် ဟိုတယ် / Reuters

ရုရှားက ထိုသဘောတူညီချက်များ ချိုးဖောက်လျှင် နောက်ဆက်တွဲ အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်နှင့် ယူကရိန်းအတွက် လက်နက်များ ပိုမိုပေးရန် ထရမ့်ကိုပြောမည်ဟု ဇယ်လန်စကီးက ပြောသည်။

“ရုရှားတွေကို ကျနော်တို့ မယုံပေမယ့် အပြုသဘောလုပ်ဆောင်မယ်” ဟု ၎င်းကပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
17
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
20
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
147

ထိုကြေညာချက်များနောက်ပိုင်း နာရီပိုင်းတွင် ရုရှားနှင့် ယူကရိန်းတို့က ဒရုန်းတိုက်ခိုက်မှုများ လုပ်သည်ဟု အပြန်အလှန် စွပ်စွဲကြသော်လည်း ပင်လယ်နက်နှင့် စွမ်းအင်ပစ်မှတ်များကို တိုက်ခိုက်သည့်သတင်း မရသေးပေ။

သို့သော် ရုရှားသည် စစ်ပွဲအဆုံးသတ်ရန် နှောင့်နှေးအောင် ကြိုးစားနိုင်ကြောင်း သမ္မတ ထရမ့်က Newsmax သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ဝန်ခံသည်။

“ရုရှားက စစ်ပွဲအဆုံးသတ်တာ မြင်ချင်တယ်လို့ ထင်ပေမယ့် သူတို့ ဒရွတ်စွဲနေနိုင်တယ်။ အဲဒီကိစ္စကို ကျနော်လုပ်နေတာ နှစ်နဲ့ချီကြာပြီ” ဟု မစ္စတာ ထရမ့်ကပြောသည်။

ကျယ်ပြန့်သော အပစ်ရပ်ရေး အလားအလာများ

ဆော်ဒီအာရေးဘီးယားတွင် တပြိုင်နက် ဆွေးနွေးပွဲများပြုလုပ်ပြီး ပြီးခဲ့သည့် သီတင်းပတ်တွင် သမ္မတ ထရမ့်က သမ္မတ ဇယ်လန်စကီး၊ သမ္မတ ပူတင်တို့နှင့် သီးခြား ဖုန်းပြောဆိုပြီး ထိုသဘောတူညီချက်များ ရခြင်းဖြစ်သည်။

အကောင်အထည်ဖော်နိုင်ပါက ထိုသဘောတူညီချက်များသည် လွန်ခဲ့သော သုံးနှစ်က ရုရှား၏ အင်အားသုံး ကျူးကျော်မှုကြောင့် စတင်သည့် ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ထရမ့်၏ ပိုမို ကျယ်ပြန့်သည့် ရည်မှန်းချက်အတွက် အရေးပါသော ပထမဆုံး ခြေလှမ်းဖြစ်နိုင်သည်။

ယူကရိန်းက ယခင်ထောက်ခံထားသည့် ရက်ပေါင်း ၃၀ ကြာ လုံးဝ အပစ်အခတ်ရပ်စဲရေးအတွက် သမ္မတ ထရမ့်၏ အဆိုပြုချက်ကို သမ္မတ ပူတင်က ပယ်ချခဲ့သည်။

“တိုးတက်မှုတွေ အများကြီးရနေပြီ” မတ်လ ၂၅ ရက်နေ့တွင် သတင်းထောက်များကို သမ္မတ ထရမ့်က ပြောပြီး ဆွေးနွေးပွဲများအတွင်း ဒေါသပေါက်ကွဲမှု အလွန်များကြောင်းလည်း ပြောသည်။

“အမုန်းတရားတွေ အရမ်းများတယ်လို့ ခင်ဗျားတို့ ပြောချင်ပြောနိုင်တယ်။ ဒါဟာ လူတွေကို စုစည်းပေးတယ်၊ ကြားဝင်ပေးတယ်၊ ဆုံးဖြတ်ပေးတယ်။ ဒါကို ရပ်တန့်အောင် လုပ်နိုင်၊ မလုပ်နိုင် ကျနော်တို့ ကြည့်ရမယ်။ ဒါ အလုပ်ဖြစ်မယ်လို့ ကျနော်ထင်တယ်” ဟုလည်း ၎င်းကပြောသည်။

မကြာသေးမီ ရက်များအတွင်း အမေရိကန်သည် ရုရှားနှင့်ပတ်သက်သည့် စကားများ ပျော့ပျောင်းလာပြီး သမ္မတ ထရမ့်၏ အထူးသံတမန် မစ္စတာ စတိဝစ်ကော့ဖ်က “ပူတင်ကို လူဆိုးဟု မသတ်မှတ်ကြောင်း” ပြောသောကြောင့် ရုရှားခေါင်းဆောင်ကို အန္တရာယ်များသည့် ရန်သူတဦးအဖြစ် သတ်မှတ်သည့် ဥရောပအရာရှိများအကြား စိုးရမ်ပူပန်စေသည်။

၂၀၀၄ ခုနှစ်ကတည်းက ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို ဦးဆောင်သည့် ဝါရင့်သံတမန် မစ္စတာ လက်ဘရော့ဗ်ကလည်း အပစ်အခတ်ရပ်စဲရေး မကြာမီ ဖြစ်လာနိုင်သည်ဟုပြောသည့် မစ္စတာ ဝစ်ကော့ဖ်၏ အကောင်းမြင်မှုသည် ယူကရိန်း၏ ဥရောပမဟာမိတ်များကို ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း ပြောသည်။

“ဇယ်လန်စကီးရဲ့ ဥရောပ အထက်တန်းနိုင်ငံတွေကို အရမ်းတွက်ထားတာ။ သူတို့က ဇယ်လန်စကီး အလျှော့ပေးဖို့ ခွင့်မပြုဘဲ သူ့ကို မနိုင်တဲ့တာဝန်တွေ ထမ်းစေချင်ကြတယ်” ဟု မစ္စတာ လက်ဘရော့ဗ်က ပြောသည်။

ယူကရိန်းနှင့် ၎င်း၏ ဥရောပမဟာမိတ်များက သမ္မတ ထရမ့်သည် ၎င်းတို့လုံခြုံရေးကို ထိခိုက်စေပြီး မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) သို့ ယူကရိန်း ဝင်ရောက်ရေးနှင့် ရုရှားက တောင်းသည့် ပိုင်နက်များပေးရေး အပါအဝင် သမ္မတ ပူတင်၏ တောင်းဆိုမှုများကို အလျင်စလို အလျှော့ပေး သဘောတူညီမှု လုပ်မည်ကို စိုးရိမ်ကြသည်။

၂၀၂၂ ခုနှစ်အတွင်း ယူကရိန်းက တိုက်ခိုက်ဖျက်ဆီးခဲ့သော ရုရှစစ်သင်္ဘောတစီး/AFP

စွမ်းအင်အဆောက်အအုံများကို တိုက်ခိုက်မှု ရပ်စဲခြင်း

ရုရှားနှင့် ယူကရိန်းမှ စွမ်းအင်ပစ်မှတ်များ တိုက်ခိုက်မှုကို သမ္မတ ပူတင်နှင့် သမ္မတ ထရမ့် စတင်ဆွေးနွေးသည့် မတ်လ ၁၈ ရက်နေ့မှစတင်ပြီး ရက်ပေါင်း ၃၀ ရပ်စဲရန် သဘောတူခဲ့ကြောင်း၊ ထိုသဘောတူညီချက်ကို တိုးချဲ့ရန် လမ်းဖွင့်ထားကြောင်း ကရင်မလင်နန်းတော်က မတ်လ ၂၅ ရက်နေ့နှောင်းပိုင်းတွင် ပြောသည်။

ထိုသို့သော ရပ်နားမှုကို တရားဝင် သဘောတူညီချက်ရရှိပြီးပါက လက်ခံမည်ဖြစ်ကြောင်း ယူကရိန်းက လွန်ခဲ့သောအပတ်တွင် ပြောသည်။

ရုရှားသည် ယူကရိန်း၏ မဟာဓာတ်အားလိုင်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်နေပြီး ယူကရိန်းကလည်း ရုရှား၏ ရေနံနှင့်ဓာတ်ငွေ့ ပစ်မှတ်များကို တာဝေးမှ ပစ်ခတ်မှုပြုလုပ်နေကာ ထိုတိုက်ခိုက်မှုများသည် တနိုင်ငံစီ၏ စစ်ရေးအားထုတ်မှုများကို ထိခိုက်စေသည့် စစ်ပွဲ၏ အဓိကအချက် ဖြစ်လာသည်။

စွမ်းအင်ပစ်မှတ်များကို တိုက်ခိုက်မှုရပ်စဲခြင်းသည် အစီအစဉ်သစ်ဖြစ်သော်လည်း ပင်လယ်နက် ရေကြောင်းလုံခြုံရေး သဘောတူညီချက်သည် စစ်ပွဲအစောပိုင်းက အရေးပါသော ပြဿနာ ဖြစ်ခဲ့သည်။ ထိုစဉ်က ရုရှားသည် ကမ္ဘာ့အကြီးမားဆုံး ကောက်ပဲသီးနှံတင်ပို့သည့် နိုင်ငံများအနက် တနိုင်ငံဖြစ်သည့် ယူကရိန်းကို ထိထိရောက်ရောက် ရေကြောင်းပိတ်ဆို့ထားပြီး ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေသည်။

ယူကရိန်းက အောင်မြင်သော တိုက်ခိုက်မှု အများအပြား လုပ်နိုင်သောကြောင့် ရုရှားသည် ပင်လယ်နက် အရှေ့ပိုင်းမှ ရေတပ်များ ရုပ်သိမ်းထားပြီး မကြာသေးမီက ရေကြောင်းစစ်ပွဲများ အနည်းငယ်သာ ဖြစ်ပွားသည်။

ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးထားသည့် ပင်လယ်နက် သင်္ဘောသွားလာရေး သဘောတူညီချက် ပျက်စီးသွားပြီး ဆိပ်ကမ်းများသည် ရုရှားလေကြောင်းတိုက်ခိုက်မှု ပုံမှန်ခံနေရသော်လည်း ယူကရိန်းသည် ၎င်း၏ ဆိပ်ကမ်းများကို ပြန်လည် ဖွင့်လှစ်နိုင်ကာ ပြည်ပတင်ပို့ခြင်းကို စစ်မဖြစ်မီက အဆင့်သို့ ပြန်လည် မြှင့်တင်နိုင်ခဲ့သည်။ သမ္မတ ဇယ်လန်စကီးက သဘောတူညီချက်သည် ယင်းသို့သော တိုက်ခိုက်မှုများကို တားမြစ်နိုင်လိမ့်မည်ဟု ပြောသည်။

ပင်လယ်နက်အရှေ့ပိုင်း ပြင်ပတွင် ရုရှားစစ်သင်္ဘောများ၏ မည်သည့်လှုပ်ရှားမှုကိုမဆို ချိုးဖောက်မှုနှင့် ခြိမ်းခြောက်မှုဟု ယူဆမည်ဖြစ်ကြောင်းနှင့် ထိုသို့ဖြစ်ပါက အပြည့်အဝ ကာကွယ်မည်ဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး မစ္စတာ ရပ်စတန် ယူမာရော့ဗ်က ပြောကြားထားသည်။

ထိုသဘောတူညီချက်သည် ရုရှား၏ စိုက်ပျိုးရေးပို့ကုန်ဘဏ်ကို SWIFT နိုင်ငံတကာ ငွေပေးချေမှုစနစ်နှင့် ပြန်လည် ချိတ်ဆက်ပေးသည့် အရေးယူပိတ်ဆို့မှု လျှော့ပေါ့ခွင့် လိုမည်ဟု ရုရှားက ပြောသည်။ ထိုအချက်နှင့် အခြားခြေလှမ်းများသည် ဥရောပနိုင်ငံများမှ သဘောတူညီချက် လိုအပ်နိုင်သည်။

ကိုးကား ။ ။ Reuters သတင်း Russia, Ukraine agree to sea, energy truce; Washington seeks easing of sanctions

You may also like these stories:

အမေရိကန်-ယူကရိန်း ထိပ်တိုက်တွေ့မှုနှင့် မြန်မာ့အပေါ် ရိုက်ခတ်မှု ဆန်းစစ်ချက်

အမေရိကန်မပါဘဲ ပူတင်ကို တိုက်ရမည့် ဥရောပ၏ အိပ်မက်ဆိုး

အိမ်ဖြူတော်ရန်ပွဲ အလွန် ယူကရိန်းစစ်ပွဲ (ရုပ်/သံ)

ယူကရိန်းစစ်ပွဲတွင် ကျဆုံးသည့် ရုရှားဗိုလ်ချုပ်အရေအတွက် “မယုံနိုင်အောင် များပြား”

ရေပိုင်နက် ကျူးကျော်သည်ဆိုကာ ယူကရိန်းစစ်သင်္ဘောများ ရုရှားပစ်ခတ်ဖမ်းဆီး

Your Thoughts …
Tags: ကျူးကျော်စစ်နေတိုးယူကရိန်းရုရှားအပစ်အခတ်ရပ်စဲရေးအမေရိကန်အရေးယူပိတ်ဆို့မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

by ဧရာဝတီ
31 August 2024
28.5k

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများကို အဓိက ထောက်ပံ့ပေးနေသူ မန္တလေးသားတဦး ရှိသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

Next Post
လွတ်မြောက်မှု ရောင်စုံပူဖောင်းများ

လွတ်မြောက်မှု ရောင်စုံပူဖောင်းများ

အာစရိယဂုဏော အနန္တော

အာစရိယဂုဏော အနန္တော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved