• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သမ္မတဟောင်း ထရမ့် အဖမ်းခံရတော့မလား

by ဧရာဝတီ
20 March 2023
in ဆောင်းပါး
A A
သမ္မတဟောင်း ဒေါ်နယ်ထရမ့် / Getty Image

သမ္မတဟောင်း ဒေါ်နယ်ထရမ့် / Getty Image

3.1k
VIEWS
Share on FacebookShare on Twitter

မတ်လ ၂၁ ရက် (အင်္ဂါနေ့) တွင် အဖမ်းခံရမည်ဟု မျှော်လင့်ထားကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပြီး လူထုဆန္ဒပြပွဲများပြုလုပ်ရန် သူ့ကိုထောက်ခံသူများအား တိုက်တွန်းထားသည်။

သို့သော် တရားဥပဒေစိုးမိုးရေးဌာနများက ဆက်သွယ်ခြင်း မရှိကြောင်းနှင့် သမ္မတဟောင်းက လူမှုကွန်ရက်တွင် ရေးသားခြင်းသည် မီဒီယာသတင်းများကို အခြေခံပြောခြင်းဖြစ်ကြောင်း သူ၏ရှေ့နေက ပြောသည်။

အစိုးရရှေ့နေများသည် မစ္စတာ ထရမ့်ကို စွဲချက်တင်ရန် ဖြစ်နိုင်ခြေများကို လေ့လာနေသည်။ ယခုအပတ်အတွင်း ဖြစ်နိုင်သည်ဟု သတင်းများတွင် ဖော်ပြသည်။

ထိုသို့စွဲချက်တင်ခံရပါက ထိုအမှုသည် သမ္မတဟောင်းတဦးကို ရာဇဝတ်မှုဖြင့် ပထမဆုံး စွဲချက်တင်ခြင်းဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

ထိုအမှုသည် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီက အပြာရုပ်ရှင်သရုပ်ဆောင် စတော်မီ ဒန်နီရယ်သို့ ထရမ့်ကိုယ်စား သူ၏ရှေ့နေက နှုတ်ပိတ်ခပေးသည့်ကိစ္စဖြစ်သည်။

ထိုအမှုသည် အသက် ၇၆ နှစ်ရှိပြီဖြစ်သော မစ္စတာ ထရမ့်ကို စုံစမ်းစစ်ဆေးနေသည့် အမှုများစွာအနက် တခုဖြစ်သည်။ သို့သော် သူ့ကို မည်သည့်အမှုအတွက်မှ စွဲချက်မတင်သေးဘဲ သူကလည်းအမှုအားလုံးတွင် အမှားမလုပ်ကြောင်း ပြောသည်။

အမှုများအတွက် စွဲချက်တင်ခံရလျှင်ပင် မစ္စတာ ထရမ့်က ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် သမ္မတလောင်းဖြစ်ရန် လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ရန် ကတိပြုထားသည်။

လွှတ်တော်တွင် စွဲချက်တင်ရန် အားထုတ်မှု နှစ်ခု၊ ရုရှားနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုနှင့် မာအာလာဂို နေအိမ်ကို ဝင်ရောက်စီးနင်းမှု အပါအဝင် မစ္စတာ ထရမ့်ကို စုံစမ်းစစ်ဆေးရန် ယခင်က အားထုတ်မှုများသည် ၎င်းကို ထောက်ခံသူများအကြား ပိုမို လူကြိုက်များစေသောကြောင့် ယခု စွဲချက်တင်ပါကလည်း အလားတူပင် ဖြစ်နိုင်သည်။

သူ့ကို ယခုအပတ်အတွင်း ရာဇဝတ်မှုဖြင့် စွဲချက်တင်မည်၊ မတင်မည်ကို မသိရသေးသလို ယေဘုယျအားဖြင့် မည်သည့် စွဲချက်များဖြစ်နိုင်သည်ကိုပင် မသိရသေးပေ။

သို့သော် သမ္မတဟောင်းက အဖမ်းခံရမည်ဟု ပြောပြီး လူထုဆန္ဒပြရန် တောင်းဆိုသောကြောင့် မည်သို့ဖြစ်မည်ကို ခန့်မှန်းရန် ခက်သည်။

မစ္စတာ ထရမ့်ကို သစ္စာခံသည့် နောက်လိုက်များရှိပြီး ဆန့်ကျင်ကန့်ကွက်ရန် သူက အကြိမ်ကြိမ် တောင်းဆိုသောကြောင့် သူ့ကို ထောက်ခံသူများက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ အမေရိကန်ကွန်ဂရက်ကို တိုက်ခိုက်မှုကြောင့် စိုးရိမ်စရာကောင်းသော အခြေအနေသည် အကြမ်းဖက်မှုအဖြစ် အလျင်အမြန် ပြောင်းလဲသွားနိုင်ကြောင်း ပြသနေသည်။

မန်ဟက်တန် ရှေ့နေချုပ်ရုံးမှ တရားမဝင် ပေါက်ကြားမှုတခုတွင် သူကို အင်္ဂါနေ့တွင် ဖမ်းမည်ဟု ဖော်ပြနေကြောင်း မစ္စတာ ထရမ့်က သူ၏လူမှုကွန်ရက်ဖြစ်သော Truth Social တွင် စနေနေ့က ရေးသားခဲ့သည်။

ထိုခရိုင်ရှေ့နေချုပ်ရုံးက တစုံတရာ မှတ်ချက်မပေးသေးပေ။ ထရမ့်၏ရှေ့နေ ဆူဆန် နက်ရှ်လိစ်က သူနှင့်အဖွဲ့သည် တရားဥပဒေစိုးမိုးရေး ဌာနများထံမှ မည်သည့်ဆက်သွယ်မှုမှ မရရှိကြောင်းပြောသည်။

“အမှုက နိုင်ငံရေးစီရင်မှုဖြစ်တဲ့အတွက် ခရိုင်ရှေ့နေချုပ်ရုံးက သာမန်အမှုတွေမှာလို ထရမ့်ရဲ့ရှေ့နေတွေကို မဆက်သွယ်ဘဲ သတင်းလောကကို ပေါက်ကြားအောင် လုပ်တာ ဖြစ်နိုင်တယ်” ဟု သူကပြောသည်။

ရီပတ်ဘလစ်ကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက်ကာသီက ထရမ့်အပေါ် စုံစမ်းစစ်ဆေးမှုကို ဝေဖန်ပြီး ထိုလုပ်ရပ်သည် အစွန်းရောက် ခရိုင်ရှေ့နေချုပ်၏ အာဏာအလွဲသုံးစားလုပ်မှု ဖြစ်သည်ဟု ပြောသည်။

“နိုင်ငံရေးပယောဂ မကင်းသည့် တရားစီရင်မှုဖြင့်” ရွေးကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက်ရန် ဖက်ဒရယ်ပြည်ထောင်စု ငွေကြေးများ သုံးစွဲနေခြင်း ရှိ၊ မရှိ စုံစမ်း စစ်ဆေးမည်ဟုလည်း Twitter တွင် ၎င်းကရေးသားသည်။

မည်သည့် စွဲချက်မဆိုသည် ရီပတ်ဘလစ်ကန် ပါတီအတွင်းမှ ထရမ့်၏ ပြိုင်ဘက်များအတွက် ရှုပ်ထွေးသော တွက်ချက်မှုများကို ဖြစ်စေသည်။

မည်သည်တို့ဖြစ်လာမည်နည်း

-ဂျုရီအဖွဲ့စုံစမ်းစစ်ဆေးမှုပြီးစီး

မစ္စတာ ထရမ့်၏ ပုဂ္ဂလိက ရှေ့နေဟောင်း မိုက်ကယ် ကိုဟန်နှင့် သူ၏အရာရှိဟောင်းများ ဖြစ်ကြသော ကယ်လီယန်း ကွန်ဝေးနှင့် ဟုပ်ဟစ် တို့သည် သက်သေခံမည့်သူများတွင် ပါဝင်သည်။ ထရမ့်၏အဖွဲ့က ထရမ့်သည် ရုံးတော်သို့ ဖိတ်ခေါ်ခြင်းကို ငြင်းပယ်ခဲ့ကြောင်း ပြောသောကြောင့် အမှုသည် ပြီးစီးလုနီးဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

-စွဲချက်တင်၊ မတင် အစိုးရရှေ့နေများ ဆုံးဖြတ်

စုံစမ်းစစ်ဆေးမှု ပြီးစီးသောအခါ ဂျူရီလူကြီးများက ရာဇဝတ်မှုစွဲချက် တင်၊ မတင် မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ သို့သော် ၎င်းတို့၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ရန် မလိုပေ။ နောက်ဆုံးတွင် မန်ဟက်တန် ရှေ့နေချုပ် အယ်လ်ဗင် ဘရက်က မည်သည့် စွဲချက်တင်မည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ ထိုသို့လုပ်ရန် နောက်ဆုံးရက် ကန့်သတ်ချက် မရှိပေ။ သူယုံကြည်သောအရာကို ကျိုးကြောင်းဆီလျော်သော သံသယထက် ကျော်လွန် သက်သေပြရမည့် ဥပဒေအရ ဆုံးဖြတ်ခြင်းဖြစ်သလို နိုင်ငံရေးနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်နေသည့် ဆုံးဖြတ်ချက်လည်း ဖြစ်သည်။

-နယူးယောက်တရားရုံးသို့ ထရမ့် လာရောက်ရနိုင်

ယခင်က မည်သည့် သမ္မတဟောင်းမှ စွဲချက်တင်ခံရခြင်း မရှိသေးသော်လည်း မစ္စတာ ထရမ့်၏ ရှေ့နေက ထရမ့်သည် တရားရုံးလုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာမည်ဟု ပြောသည်။ ထုံးစံအတိုင်းဆိုပါက တရားခံကို ဖမ်းဆီး သို့မဟုတ် သွားရောက်အဖမ်းခံရသည်။ ကြီးမားသော ရာဇဝတ်မှုအတွက် စွဲဆိုခြင်းဖြစ်ပါက လက်ထိပ်ခတ်သည်။ ထိုနောက် ဓာတ်ပုံရိုက်ပြီး လက်ဗွေယူသည်။ ယခုကဲ့သို့သော လုပ်နည်းလုပ်ဟန်ရှိသည့် အမှုတွင် စွဲချက်တင်သော ကနဦးကြားနာမှုပြီးလျှင် တရားခံကို နောက်ရုံးချိန်အထိ ပြန်လွှတ်ထားပေးသည်။

ယခုအမှုသည် အပြာရုပ်ရှင်သရုပ်ဆောင် စတော်မီ ဒန်နီရယ်သို့ ထရမ့်၏ရှေ့နေက နှုတ်ပိတ်ခပေးသည့် ကိစ္စဖြစ်သည် / Getty Image

စတော်မီ ဒန်နီရယ်အမှုသည် သူ၏ရှေ့နေ မိုက်ကယ်ကိုဟန်က ဒန်နီရယ်သို့ ဒေါ်လာ ၁၃၀,၀၀၀ ပေးလိုက်ပြီးနောက် ထရမ့်က ကိုဟန်ကို မည်သို့ ငွေပြန်ပေးသည်ဆိုသည့် ကိစ္စနှင့်ပတ်သက်သော အမှုဖြစ်သည်။ ထိုသို့ ငွေပြန်ထုတ်ပေးသည့် မှတ်တမ်းတွင် ပေးချေမှုသည် “အကျိုးဆောင်ခ” ဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုသို့လုပ်ခြင်းသည် ထရမ့်က လုပ်ငန်းမှတ်တမ်းမှားအောင် လုပ်ထားသည်နှင့်တူကြောင်း အစိုးရရှေ့နေများက ပြောသည်။ ထိုအမှုသည် နယူးယောက်တွင် ရာဇဝတ်မှုအသေးစား ဖြစ်သည်။

နယူးယောက်မှ တရားဥပဒေ စိုးမိုးရေးဌာနသည် လာမည့်အပတ်တွင် မစ္စတာ ထရမ့်ကို စွဲချက်တင်ရေးနှင့် မန်ဟက်တန်တရားရုံးသို့ လာရောက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်နေကြောင်း အမေရိကန်မီဒီယာအဖွဲ့အစည်းများက ပြောသည်။

AP သတင်းဌာန၏ အဆိုအရ တရားဥပဒေစိုးမိုးရေးဌာနများသည် လုံခြုံရေး ပြဿနာများ အပါအဝင် သမ္မတဟောင်းကို တရားရုံးသို့ခေါ်ယူရေး လုပ်နိုင်ခြေများကို စဉ်းစားသုံးသပ်နေကြောင်း သိရသည်။

၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဂျော်ဂျီယာပြည်နယ်မှ မဲအနည်းငယ်ဖြင့် ရှုံးနိမ့်မှုကို ပယ်ဖျက်ရန် ကြိုးစားမှုအတွက်လည်း မစ္စတာ ထရမ့်ကို သီးခြားရာဇဝတ်မှုဖြင့် စစ်ဆေးနေသော်လည်း သူ့ကို တိုက်ရိုက်စစ်ဆေးခြင်း ရှိ၊ မရှိ မသိရပေ။

မစ္စတာ ထရမ့် ရာထူးမှထွက်ခွာပြီးနောက် အစိုးရ၏ လျှို့ဝှက်စာရွက်စာတမ်းများကို ထရမ့်က မှားယွင်းယူဆောင်သည့် ကိစ္စနှင့် ဇန်နဝါရီလ ၆ ရက်နေ့ တိုက်ခိုက်မှုအပါအဝင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ထိခိုက်စေသည့် အားထုတ်မှုတို့ကို တရားရေးဌာနက လေ့လာနေသည်။

ကိုးကား ။ ။ BBC သတင်း Ex-US President Donald Trump expects to be arrested on Tuesday

You may also like these stories:

သမ္မတဟောင်း ထရမ့်၏ အိမ်ကို FBI ဝင်ရောက်စီးနင်း

အမေရိကန်ကွန်ဂရက် စီးနင်းခံရမှုအပေါ် မြန်မာတွေရဲ့ အမြင်သဘောထား

ထရမ့်ကို ဇနီးနဲ့ သမီးက ရွေးကောက်ပွဲရလဒ် လက်ခံဖို့ တိုက်တွန်း

အမေရိကန် ကွန်ဂရက်လွှတ်တော် စီးနင်းခံရမှုကို နာဇီတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့ အာနိုး

Your Thoughts …
Tags: Truth Socialစတော်မီ ဒန်နီရယ်စွဲချက်တင်ခြင်းဒေါ်နယ်ထရမ့်နိုင်ငံရေးရာဇဝတ်မှုရီပတ်ဘလစ်ကန်ပါတီသမ္မတရွေးကောက်ပွဲအမေရိကန် ပြည်ထောင်စုအမေရိကန်လွှတ်တော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဥရောပ စစ်ပြင်နေသည်

ဥရောပ စစ်ပြင်နေသည်

by ဧရာဝတီ
25 November 2024
11.2k

ရုရှား၏ နျူကလီးယားခြိမ်းခြောက်မှုမှာ မကြုံစဖူးအဆင့်သို့ တိုးမြင့်လာသောအချိန်တွင် ယင်းသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

by Gwen Robinson
11 August 2023
10.9k

UOB ၏ မူဘောင်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံး အကျုံးဝင်မည်ဖြစ်သည်။

တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား

တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား

by Alastair McCready နှင့် Allegra Mendelson
12 August 2023
7.5k

မလေးရှား၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ကင်ညာနှင့် နီပေါမှ ထောင်ပေါင်းများစွာသော သူများ သွေးဆောင်ဖျားယောင်းခံရသည်။

မြန်မာက မြောက်ကိုရီးယားလို ဖြစ်လာမလား

မြန်မာက မြောက်ကိုရီးယားလို ဖြစ်လာမလား

by Jong Min Lee
11 March 2024
7.3k

မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အသုံးပြုရန် ပထမဆုံးကြိုးစားမှုသည် ပြည်ထောင်စု မြန်မာနိုင်ငံ အဏုမြူစွမ်းအင်ဌာနကို ၁၉၅၅ ခုနှစ်တွင် ထူထောင်ခြင်းဖြင့် စတင်သည်။

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

ပဲခူး စစ်ဆေးရေးစခန်းများတွင် အကြီးအကျယ် ဖမ်းဆီး သတ်ဖြတ်နေ

ပဲခူး စစ်ဆေးရေးစခန်းများတွင် အကြီးအကျယ် ဖမ်းဆီး သတ်ဖြတ်နေ

by ဧရာဝတီ
15 May 2024
6.9k

"လူ ၃၀ ကျော်ကို ရန်ကုန်-ပြည်လမ်းပေါ်က မီးနင်းချောင်း စစ်ဆေးရေးစခန်းမှာ ဖမ်းပြီး ကျန်တဲ့ ၂၀ ကျော်က ကွမ်းခြံကုန်း စစ်ဆေးရေးစခန်းမှာ အဖမ်းခံရတာ"

Next Post
၂၀၁၈ ခုနှစ်က ရန်ကုန်မြို့ သိမ်ကြီးဈေးအတွင်းရှိ ဆိုင်တချို့အား FDA အဖွဲ့များက စစ်ဆေးနေစဉ် / ဧရာဝတီ

အစားအသောက်နှင့်ဆေးဝါးများ အရည်အသွေး ကြပ်မတ်စစ်ဆေးမှု အားနည်းလာ ဟုဆို

ထိုင်းအစိုးရပိုင် ရေနံနှင့် စွမ်းအင်ကုမ္ပဏီ PTT Exploration & Production (PTTEP)ကုမ္ပဏီ အမှတ်တံဆိပ်

MOGE ကို အကျိုးအမြတ် ခွဲဝေမပေးရန် PTTEP ကို NUG သတိပေး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved