• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

MOGE ကို အကျိုးအမြတ် ခွဲဝေမပေးရန် PTTEP ကို NUG သတိပေး

by ဧရာဝတီ
21 March 2023
in သတင်း
A A
ထိုင်းအစိုးရပိုင် ရေနံနှင့် စွမ်းအင်ကုမ္ပဏီ PTT Exploration & Production (PTTEP)ကုမ္ပဏီ အမှတ်တံဆိပ်

ထိုင်းအစိုးရပိုင် ရေနံနှင့် စွမ်းအင်ကုမ္ပဏီ PTT Exploration & Production (PTTEP)ကုမ္ပဏီ အမှတ်တံဆိပ်

4.4k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ရတနာ ကမ်းလွန် လုပ်ကွက်မှ အကျိုးအမြတ်ခွဲ ဝေပေးနေမှုများကို ချက်ချင်း ရန်ဆိုင်းထားရန် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) က ထိုင်းအစိုးရပိုင် ရေနံနှင့် စွမ်းအင်ကုမ္ပဏီ PTT Exploration & Production (PTTEP)ကုမ္ပဏီသို့ တရားဝင် တောင်းဆိုစာ ပေးပို့ကာ သတိပေးလိုက်သည်။

NUG ၏ အဓိက တောင်းဆိုချက် ၂ ချက်မှာ PTTEP ကုမ္ပဏီနှင့် MOGEတို့ လုပ်ငန်းပူးပေါင်း ဆောင်ရွက်နေသော သတင်းအချက် အလက်များ ပေးပို့ရန် နှင့် ရတနာလုပ်ကွက်မှ အကျိုးအမြတ်များနှင့် ရှယ်ယာခွဲတမ်း ပေးချေမှုများကို ရပ်ဆိုင်းထားရန် ဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

၎င်းက “ MOGE ကနေတဆင့် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက်ကို အားကောင်း မောင်းသန် အထောက်အပံ့ဖြစ်နေတဲ့ ဝင်ငွေများကို ရပ်တန့်သွားနိုင်ရန် ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၂၂ ခုနှစ် ဒုတိယလေးလပတ်ကာလအတွင်းမှာပင် MOGE ၏ ဝင်ငွေသည် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်အထိရှိပြီး ထိုဝင်ငွေ၏ ရာခိုင်နှုန်းအများစုသည် PTTEP က အော်ပရေတာအဖြစ် ဆောင် ရွက်နေသော ရတနာကမ်းလွန် လုပ်ကွက်မှ အကျိုးအမြတ်များ ဖြစ်သည်။

ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ပြင်သစ်ကုမ္ပဏီ Total နှင့် အမေရိကန်ကုမ္ပဏီ Chevron တို့ ထွက်ခွာသွား၍ ထိုင်းကုမ္ပဏီ PTTEP နှင့် MOGE တို့သာ ကျန်ခဲ့တော့သည်။

ယခု PTTEP ကုမ္ပဏီသို့ ပေးပို့လိုက်သော တောင်းဆိုစာသည် MOGE နှင့် ရေနံတူးဖော် ထုတ်လုပ်သော နိုင်ငံခြားကုမ္ပဏီများကြား ချုပ်ဆိုထားသော ပဋိဉာဉ်ကတိကဝတ်များအရ တောင်းဆိုခြင်း ဖြစ်ပြီး PTTEP အနေဖြင့် ရက် ၃၀ အတွင်းတွင် NUG က မျှော်လင့်ထားသော ပူးပေါင်းဆောင်ရွက်မှုများ မလုပ်ဆောင်ပါက နိုင်ငံတကာဥပဒေများအရ စင်ကာပူနိုင်ငံရှိ အနုညာတ ခုံရုံးတွင် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

NUG ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း က “ အခု တောင်းဆိုစာ ပို့တာက PTTEP ကုမ္ပဏီကို ထိခိုက်နစ်နာစေလိုခြင်းမရှိသလို၊ သူတို့ လုပ်ငန်းများကိုလည်း ရပ်တန့် စေလိုခြင်း မရှိပါဘူး။ ကျနော်တို့ ပြည်သူတွေအတွက် လုပ်သင့်လို့ လုပ်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

လတ်တလောတွင် မြန်မာ့စွမ်းအင် နှင့် ရေနံလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ထွက်ခွာသွားခြင်းနှင့် ရတနာလုပ်ကွက်အပါဝင် ကမ်းလွန်လုပ်ကွက်တချို့မှ သဘာဝဓာတ်ငွေ့ ထွက်ရှိမှုနှုန်းများ လျော့ကျလာနေသော်လည်း စစ်ကောင်စီအတွက် လစဉ် အမေရိကန်ဒေါ်လာ သန်း ၈၀ မှ သန်း ၁၀၀ အထိ ဝင်ငွေရရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာစစ်အာဏာသိမ်းကောင်စီအား ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရနေသော ဝင်ငွေ ပိတ်ဆို့ ဖြတ် တောက်ရေး တောင်းဆိုမှုများ မြင့်တက်နေချိန်တွင် ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP က မြန်မာနိုင်ငံ၌ သဘာဝဓာတ်ငွေ့တူးဖော်ရေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအထိ ပါဝင် ပေါင်းစပ်ပေးမည့် စီမံကိန်းသစ်တခုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ယခုနှစ်အစပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသော ရတနာကမ်းလွန်လုပ်ကွက်စီမံကိန်း အပါအဝင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု စီမံကိန်းများကိုမူ ထိုသဘောဝဓာတ်ငွေ့များကို မှီခိုပြီး လျှပ်စစ်မီးရရှိနေသော မြန်မာနှင့် ထိုင်းနိုင်ငံသားများ ဒုက္ခမရောက်ရှိစေရန်အတွက် ရပ်ဆိုင်းသွားမည် မဟုတ်ကြောင်း PTTEP က ဆိုထားသည်။ မြန်မာနိုင်ငံ လျှပ်စစ်မီးပေးနေမှု၏ တဝက်နှင့် ထိုင်းနိုင်ငံ လျှပ်စစ်မီးပေးနေမှု၏ ၂၀ ရာခိုင်နှုန်းအတွက် PTTEP က ထုတ်လုပ်ပေးနေသည်။

NUG ၏ ယခုတောင်းဆိုမှုမှာလည်း PTTEP ၏ လုပ်ငန်းများရပ်ဆိုင်းရန်၊ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် မဟုတ်ဘဲ ရှယ်ယာ အကျိုးအမြတ်များကို စစ်ကောင်စီလက်အောက်ခံ MOGE သို့ ခွဲပေးနေမှုကို ရပ်ဆိုင်းကာ သီးခြားစာရင်း အကောင့်တခုတွင် ထိန်းသိမ်းထားရန် တောင်းဆိုခြင်း ဖြစ်သည်။ ထိုကဲ့သို့ သီးခြားအကောင့်တွင် ငွေသိမ်းဆည်း၍ ရကြောင်း ဥပမာကလည်း ရှိသည်။

တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသော ရွှေသဘာဝဓာတ်ငွေ့ကမ်းလွန်လုပ်ကွက်မှ MOGE အတွက် အကျိုးအမြတ်များသည် ဥရောပသမဂ္ဂ(EU) ၏ အရေးယူပိတ်ဆို့မှုများကြောင့် စစ်ကောင်စီထံသို့ စီးဆင်းခြင်းမရှိတော့ဘဲ သီးခြားစာရင်းအကောင့်တခုတွင် ထိန်းသိမ်းခံထားရပြီဖြစ်ကြောင်း NUG က ဆိုသည်။ ထိုပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်အထိရှိနိုင်ကြောင်း သိရသည်။

ထိုကမ်းလွန်လုပ်ကွက်ကို တောင်ကိုရီးယားကုမ္ပဏီ POSCO က အဓိကအော်ပရေတာအဖြစ် လုပ်ကိုင် ပြီး အိန္ဒိယကုမ္ပဏီ ONGC နှင့် GAIL၊ မြန်မာဘက်က MOGE တို့ကလည်း ရှယ်ယာပါဝင်ကြကာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကိုမူ တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံထားသည်။

စစ်ကောင်စီလက်အောက်ခံ MOGE သည် ကမ်းလွန် လုပ်ကွက် ၄ ခု ဖြစ်သည့် ရတနာ၊ ရွှေ ၊ ဇောတိက နှင့် ရဲတံခွန် စီမံကိန်းတို့မှ အဓိက ဝင်ငွေ ရရှိနေပြီး နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ကျော် အထိ ရှိနေသည်။ ထိုလုပ်ကွက်များမှ ထွက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့ များကို တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံထံသို့ အဓိက တင်ပို့ရောင်းချနေခြင်း ဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
41
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
773
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
220

မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး နိုင်ငံတကာကုမ္ပဏီကြီးများဖြစ်သော ပြင်သစ်ကုမ္ပဏီ Total ၊ အမေရိကန် ကုမ္ပဏီ Chevron၊ ဩစတြေးလျကုမ္ပဏီ Woodside ၊ မလေးရှား Petronas အစရှိသော ကုမ္ပဏီများက မြန်မာရှိ ၎င်းတို့၏ လုပ်ငန်းများ ရပ်ဆိုင်းပြီး ထွက်ခွာသွားကြသည်။

You may also like these stories:

ပြည်ပလုပ်ငန်းများ ထွက်ခွာသောကြောင့် သဘာဝဓာတ်ငွေ့ဝင်ငွေ ကျပ်တည်းလာ

မြန်မာက စီမံကိန်းသစ်ကို ထိုင်းကုမ္ပဏီ PTTEP ရွှေ့ဆိုင်း

Chevron ထွက်ပြီးနောက် MOGE ကိုအရေးယူရန် တောင်းဆိုမှု အားကောင်းလာ

ဥရောပသမဂ္ဂ အရေးယူသော်လည်း အာရှလုပ်ငန်းကြီးများ မြန်မာဓာတ်ငွေ့ ဆက်သုံးနေ

Your Thoughts …
Tags: MOGEPTTEPရတနာကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့အကျိုးအမြတ်ခွဲဝေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

by ဇေယျ (အညာ)
1 August 2024
11k

တကောင်းအနီးရှိ ကြာညှပ်ရွာ အပါအဝင် တချို့စခန်းများ ဆုတ်ခွာသွားကြသည်။ PDF တပ်ဖွဲ့များက အားကောင်းမောင်းသန် ဖြစ်လာသည်။

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
11k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

by Zachary Abuza
31 January 2024
9.7k

ပြည်တွင်းစစ်နှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ခံသည့် အားလုံး ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ နှစ်ခုလုံးအတွက် အရေးအပါဆုံးမှာ ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ဖြစ်သည်။

MOGE အရေးယူပိတ်ဆို့မှုကြောင့် ထိုင်းနှင့် တရုတ် ငွေချေရန် ခက်

MOGE အရေးယူပိတ်ဆို့မှုကြောင့် ထိုင်းနှင့် တရုတ် ငွေချေရန် ခက်

by ဧရာဝတီ
8 November 2023
7.7k

ငွေပေးချေမှု မလုပ်လျှင် မြန်မာက ချက်ခြင်း ဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းမည့် အလားအလာ မရှိ

စစ်ကောင်စီကို ဦးမိုက်ကယ်မိုးမြင့် ရေနံ ကူညီတူးပေးမည်

စစ်ကောင်စီကို ဦးမိုက်ကယ်မိုးမြင့် ရေနံ ကူညီတူးပေးမည်

by ဧရာဝတီ
3 June 2024
7.6k

နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သည် ဦးမိုက်ကယ်မိုးမြင့်၏ MPRL E&P ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

Next Post
တဲနှင့် တဲအိမ်ရှင် / S&C

ပြာပုံကြားက အညာသားများကို ထန်းတဲများလှူဒါန်းနိုင်သည်

ဗလာဒီမာပူတင်သည် သူ၏ "ချစ်မိတ်ဆွေကြီး" ရှီကျင့်ဖျင်ကို ကရင်မလင် နန်းတော်တွင် လက်ခံတွေ့သည်

ပူတင်က "ချစ်မိတ်ဆွေကြီး" ရှီကို ကရင်မလင်တွင် လက်ခံတွေ့

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved