• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

Chevron ထွက်ပြီးနောက် MOGE ကိုအရေးယူရန် တောင်းဆိုမှု အားကောင်းလာ

by ဧရာဝတီ
13 February 2023
in စီးပွားရေး
A A
ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး အမေရိကန် ကုမ္ပဏီ Chevron ကို မြန်မာစစ်တပ်အား ငွေမပေးရန် ဆန္ဒပြခဲ့ကြစဉ်

ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး အမေရိကန် ကုမ္ပဏီ Chevron ကို မြန်မာစစ်တပ်အား ငွေမပေးရန် ဆန္ဒပြခဲ့ကြစဉ်

4.1k
VIEWS
Share on FacebookShare on Twitter

အမေရိကန်၏ လွန်စွာကြီးမားသည့် ရေနံလုပ်ငန်း Chevron က မြန်မာကမ်းလွန် ရတနာ ဓာတ်ငွေ့လုပ်ကွက်မှ များပြားလှသော ရင်းနှီးမြှုပ်နှံမှုများကို ကနေဒါမှ MTI Energy သို့ ရောင်းချရန် သဘောတူလိုက်သောကြောင့် Justice for Myanmar အဖွဲ့က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဗြိတန်နှင့် ကနေဒါက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် တောင်းဆိုလိုက်သည်။

ရတနာ ဓာတ်ငွေ့စီမံကိန်းမှ ၎င်းတို့၏ ၄၁ ဒသမ ၁ ရာခိုင်နှုန်းသော ရင်းနှီးမြှုပ်နှံမှုများကို MTI Energy ၏ လုပ်ငန်းခွဲ Et Martem Holdings သို့ ရောင်းချရန် သဘောတူလိုက်ကြောင်း ‍Chevon ကအတည်ပြုပြောကြားခဲ့သည်။

သို့သော် ထိုသဘောတူညီမှု၏ စည်းကမ်းချက်များသည် အတွင်းသတင်းသာဖြစ်ပြီး သဘောတူညီမှု၏ တန်ဖိုးကိုလည်း အများပြည်သူသို့ ကြေညာမည် မဟုတ်ကြောင်း Chevron ပြောခွင့်ရသူတဦးက ပြောသည်။

“ရတနာသည် မြန်မာတွင် အကြီးမားဆုံး ဓာတ်ငွေ့ စီမံကိန်းဖြစ်ပြီး တရားမဝင် စစ်ကောင်စီအတွက် ဝင်ငွေအများဆုံးရစေသည့် လုပ်ငန်းထဲတွင် ပါဝင်သည်။ ဓာတ်ငွေ့မှ ရသော ဝင်ငွေသည် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ပေးနေသည်” ဟု လူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သော Justice for Myanmar က ပြောသည်။

ရတနာ စီမံကိန်းကို ပြင်သစ်ရေနံလုပ်ငန်းကြီး TotalEnergies က လွန်ခဲ့သောနှစ်တွင် ထွက်ခွာမသွားမီအထိ စီမံခဲ့သည်။ သို့သော် ထိုလုပ်ငန်းကြီး ထွက်ခွာသွားသည့်နောက်တွင် လုပ်ငန်း၏အရင်းအနှီးများကို ကျန်ဖက်စပ်လုပ်ငန်းများဖြစ်သည့် Chevron၊ ထိုင်းမှ PTTEP နှင့် MOGE တို့က အချိုးကျ ရယူရန် သဘောတူညီမှု ရှိပြီး PTTEP က ထိုလုပ်ငန်း စီမံခန့်ခွဲမှုကို တာဝန်ယူသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် TotalEnergies ဆုတ်ခွာသွားပြီးနောက် ၎င်းတို့အရင်းအနှီးအတွက် ပေးချေရန် မတောင်းဆိုသောကြောင့် Chevron ၏ ရှယ်ယာသည် ၂၈ ဒသမ ၂၆ ရာခိုင်နှုန်းမှ ၄၁ ဒသမ ၁ ရာခိုင်နှုန်းသို့ ယာယီတိုးသွားပြီး ကျန်ဖက်စပ် ကုမ္ပဏီ သုံးခုတွင် အများဆုံး ပိုင်ဆိုင်သူဖြစ်သည်။

အမေရိကန် ကုမ္ပဏီ Chevron ၏ ရပ်တည်မှုမှာ ၎င်းတို့ရှယ်ယာများကို ရောင်းချရန် ဖြစ်သည်။ Chevron ၏ စဉ်းစားမှုမှာ ၎င်းတို့ထွက်သွားလျှင် MOGE သည် ပိုမိုကြီးမားသည့် ရှယ်ယာများကို ပိုင်ဆိုင်ကာ ထိုစီမံကိန်းကို စီမံရာတွင် ပိုမိုပြောရေးဆိုခွင့် ရှိမည်ဆိုသည့်အချက်ဖြစ်သည်။

ကတိကဝတ်များကို ဖြည့်ဆည်းခြင်း

ဗြိတိန်မှ Guardian သတင်းစာက စတင်ဖော်ပြခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများ ရောင်းချကြောင်း သဘောတူညီချက်ကို အတည်ပြုပြီး Chevron ပြောခွင့်ရသူတဦးက “လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ရတနာစီမံကိန်း တိုးတက်ကြီးထွားမှုမှာ အခန်းကဏ္ဍတခုက ပါဝင်ရလို့ ကျနော်တို့ ဂုဏ်ယူတယ်” ဟု ပြောသည်။

“အခုရောင်းချမှု လုပ်ငန်းအဆင့်ဆင့်မှာလည်း ကျနော်တို့ ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ ကတိကဝတ်ကို ကျနော်တို့ ဖြည့်ဆည်းပြီး စနစ်တကျဘေးကင်းစွာ ကူးပြောင်းမှုဖြစ်စေမယ်၊ ထိခိုက်လွယ် ဒေသခံ လူမှုအသိုက်အဝန်းများအတွက် လူသားချင်းစာနာမှု လိုအပ်ချက်များကို ထောက်ပံ့မယ်” ဟုလည်း အဆိုပါ ပြောခွင့်ရသူက ပြောသည်။

“ဒီလူမှုအသိုက်အဝန်းတွေကို ထောက်ပံ့ဖို့ ကျနော်တို့ရဲ့ လက်ရှိကတိကဝတ်တွေကို ကျနော်တို့ ဖြည့်ဆည်းမယ်။ ၁၉၉၂ ခုနှစ် ကတည်းက Chevron ဟာ ကျန်းမာရေး၊ စီးပွားရေး တိုးတက်မှုနဲ့ ပြည်လည် ပြည့်ဖြိုးမြဲစွမ်းအင် အစီအစဉ်တွေကတဆင့် မြန်မာပြည်သူတွေရဲ့ ဘဝအရည်အသွေး တိုးတက်စေဖို့ ကျနော်တို့ ကူညီခဲ့တယ်” ဟုလည်း ၎င်းကပြောသည်။

ထိုရင်းနှီးမြုပ်နှံမှုများကို ဝယ်ယူသည့် ကနေဒါနိုင်ငံ၊ အယ်ဘာတာအခြေစိုက် MTI Energy Inc အကြောင်း အနည်းငယ်သာ သိရသော်လည်း ထိုကုမ္ပဏီက အွန်လိုင်းတွင် ၎င်းတို့သည် အာမခံချက်ရှိသော နယ်ပယ်များနှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တွင် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီဖြစ်ကြောင်း ဖော်ပြထားသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
58
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
66

စစ်ကောင်စီရာဇဝတ်မှုများတွင် ကြံရာပါ

“MTI Energy နဲ့ Chevron တို့အနေနဲ့ အဲ့ဒီအရောင်းအဝယ်ကတဆင့် စစ်အုပ်စုကို ဘဏ္ဍာငွေတွေ ဆက်ပေးနေပြီး စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ သူတို့ကိုယ်တိုင် ကြံရာပါ ပတ်သက်နေတာ ဖြစ်ပါတယ်” ဟု Justice for Myanmar က ပြောသည်။

MTI ၏ လုပ်ငန်းခွဲသည် အင်ဂိုလာနှင့် ဘရာဇီးမှ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုရှိကြောင်း သတင်းများက ဖော်ပြပြီး ဘရာဇီးသည် ပါပါတာရာ ရေနံမြေမှ Chevron ၏ ရင်းနှီးမြှုပ်နှံမှုများကို ဝယ်ယူရန် သဘောတူညီချက်တခုတွင် ပါဝင်နေကြောင်း သိရသည်။

MTI Energy သည် Chevron ၏ ရတနာ ရင်းနှီးမြှုပ်နှံမှုများကို ဝယ်ယူရာတွင် ဘာမြူဒါရှိလုပ်ငန်းခွဲ Et Martem Holdings ပါဝင်ပတ်သက်နေသည်ဟု Justice for Myanmar က ပြောကြားပြီး ထိုဒေသသည် ဗြိတိန်၏ ရေခြားမြေခြား ပိုင်နက်ဖြစ်သောကြောင့် နိုင်ငံတကာအရေးယူပိတ်ဆို့မှု လုပ်ထုံးလုပ်နည်း ၂၀၁၃ အရ မြန်မာကို အရေးယူပိတ်ဆို့မှုများကို အကောင်အထည်ဖော်ခဲ့သည်။

သို့သော် MOGE သည် မည်သည့် တရားစီရင်မှုနယ်ပယ်တွင်မျှ အရေးယူမခံရသောကြောင့် ကနေဒါနှင့် ဗြိတိန် အရေးယူ ပိတ်ဆို့မှုများသည် ထိုရောင်းချမှုကို တားဆီးနိုင်လောက်အောင် လုံလောက်မှုမရှိကြောင်း Justice for Myanmar က ပြောသည်။

“Chevron အနေနဲ့ ရတနာစီမံကိန်းက ရှယ်ယာတွေကို MTI Energy ကို တာဝန်မဲ့ရောင်းချမှုက တရားမဝင် မြန်မာစစ်အုပ်စုဆီကို ဘဏ္ဍာငွေတွေ ဆက်ပေးနေမှာဖြစ်ပြီး ၂ နှစ်တာကာလအတွင်း မြန်မာစစ်အုပ်စု နိုင်ငံကို ထိန်းချုပ်လို့မရအောင် တားဆီးခဲ့တဲ့ လူထုခုခံတော်လှန်မှုအပေါ် စစ်အုပ်စုက တုန့်ပြန်တဲ့ အကြမ်းဖက် စစ်ဆင်ရေးအတွက် ငွေကြေးပံ့ပိုးပေးတာပဲ ဖြစ်ပါတယ်” ဟု Justice for Myanmar ပြောခွင့်ရသူ မရတနာမောင်က ပြောသည်။

“မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်တွေနဲ့ ဒီမိုကရေစီဆန္ဒကို လုံးဝလျစ်လျူရှုပြီး နိုင်ငံစုံစီးပွားရေး လုပ်ငန်းကြီးတွေအတွက် OECD လမ်းညွှန်ချက်တွေ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူတွေအရ ကုမ္ပဏီ လိုက်နာရမယ့် တာဝန်တွေကို အရှက်မရှိ ချိုးဖောက်မှု တွေကြောင့် MTI Energy ကို ကျမတို့ ပြစ်တင်ရှုတ်ချပါတယ် ” ဟုလည်း သူကပြောသည်။

ကနေဒါနှင့် ဗြိတိန်အစိုးရများ အနေဖြင့်လည်း MOGE ကို ချက်ချင်းအရေးယူရန်နှင့် ၎င်းတို့ပိုင်နက်မှ ကုမ္ပဏီများ စစ်ကောင်စီကို ငွေကြေးထောက်ပံ့မှုတားဆီးရန် Justice for Myanmar က လွန်ခဲ့သောသီတင်းပတ်က ထပ်မံတောင်းဆိုခဲ့သည်။

ကိုးကား ။ ။ Upstream သတင်း Chevron exit from Myanmar’s biggest gas project sparks sanctions call on state-owned MOGE

You may also like these stories:

အနောက်နိုင်ငံများက စစ်အုပ်စုကို အရေးယူပိတ်ဆို့မှုများ ထပ်တိုး

MOGE ကို အရေးယူရန် အမေရိကန် အထက်လွှတ်တော်အမတ် တိုက်တွန်း

ဥရောပသမဂ္ဂ အရေးယူသော်လည်း အာရှလုပ်ငန်းကြီးများ မြန်မာဓာတ်ငွေ့ ဆက်သုံးနေ

ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းကို ထိုင်း PTTEP ဦးဆောင်မည်

MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်

Your Thoughts …
Tags: ChevronJustice for MyanmarMOGEMTI EnergyPTTEPTotalEnergiesကနေဒါငွေကြေးထောက်ပံမှုစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုစီးပွားရေးဗြိတန်ဘဏ္ဍာငွေရင်းနှီးမြှုပ်နှံမှုရတနာ ဓာတ်ငွေ့စီမံကိန်းလူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများလူ့အခွင့်အရေးအကြမ်းဖက် စစ်ဆင်ရေးအမေရိကန်အရေးယူပိတ်ဆို့မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည့် မြို့နယ် ၃၇ မြို့နယ်တွင် အညာဟု ခေါ်သော စစ်ကိုင်းတိုင်းမှ ၁၁ မြို့နယ်နှင့် မကွေးတိုင်းမှ ၅ မြို့နယ် ပါဝင်သည်

စစ်ကောင်စီ မာရှယ်လော ထုတ်တဲ့နောက်ကွယ်

ဟွန်ဆန်နှင့် သူ၏သား ဟွန်မနက်

လွတ်လပ်သော သတင်းဌာနကို ဟွန်ဆန် ပိတ်ပင်

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved