• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ AI လုံခြုံရေး ညီလာခံ နိုဝင်ဘာမှာ ကျင်းပဖို့ စီစဉ်နေ

by ဧရာဝတီ
21 September 2024
in သတင်းတို
A A
အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ AI လုံခြုံရေး ညီလာခံ နိုဝင်ဘာမှာ ကျင်းပဖို့ စီစဉ်နေ

ပြီးခဲ့တဲ့ မေလ ၃၀ ရက်က ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့မှာ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး သမဂ္ဂ (ITU) က စီစဉ်ကျင်းပတဲ့ AI for Good Global ထိပ်သီး ညီလာခံမှာ ဧည့်ပရိသတ် တချို့က AI စက်ရုပ်ကို အမှတ်တရ ဓာတ်ပုံ ရိုက်ယူကြစဉ် / Reuters

437
VIEWS
Share on FacebookShare on Twitter

သမ္မတ ဂျိုးဘိုင်ဒန် ဦးဆောင်တဲ့ အမေရိကန် အစိုးရအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ AI လုံခြံရေး ညီလာခံတခု လာမယ့် နိုဝင်ဘာ လမှာ ကျင်းပဖို့ စီစဉ်နေပါတယ်။

အဲဒီ နည်းပညာနဲ့ လိုက်လျောညီထွေ ဖြစ်အောင် အမေရိကန် လွှတ်တော် အနေနဲ့လည်း ကြိုးပမ်းနေရတယ်လို့ တာဝန် ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့တာပါ။

ပထမဆုံး ဖြစ်တဲ့ အဲဒီ ဆန်ဖရန်စ္စကိုမြို့ရှိ နိုင်ငံတကာ AI လုံခြုံရေး ကွန်ရက် အင်စတီကျု ရဲ့ AI လုံခြုံရေး ညီလာခံကို အမေရိကန် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး မစ္စ ဂျီနာ ရေမွန်ဒို နဲ့ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန် တို့က ဦးဆောင်ပြီး လာမယ့် နိုဝင်ဘာလ ၂၀ နဲ့ ၂၁ ရက်တို့မှာ ကျင်းပသွားမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အဆိုပါ ညီလာခံကို AI နည်းပညာ ဘေးကင်းလုံခြုံပြီး ယုံကြည် စိတ်ချရစွာနဲ့ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကမာ္ဘလုံး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့ ရည်ရွယ် ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
242
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
136

အဲဒီ ကွန်ရက် အဖွဲ့ဝင်တွေကတော့ EU ၊ ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျပန်၊ ကင်ညာ၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဗြိတိန် နဲ့ အမေရိကန် နိုင်ငံတို့ပဲ ဖြစ်ပါတယ်။

စာတွေ၊ ပုံတွေနဲ့ ဗီဒီယို ရုပ်သံတွေ ဖန်တီး ထုတ်လုပ် ပေးနိုင်တဲ့ Generative AI နည်းပညာဟာ စိတ်လှုပ်ရှားစရာ ကောင်းပေမယ့် တချို့သော အလုပ်အကိုင်တွေ ပျောက်ကွယ်နိုင်ခြင်း၊ ရွေးကောက်ပွဲတွေကို ခြယ်လှယ်နိုင်ခြင်း၊ လူသားတွေအပေါ် လွှမ်းမိုးပြီး ကပ်ဘေးတွေ ကျရောက်စေနိုင်ခြင်း စတဲ့ ဖြစ်နိုင်ခြေများကို စိုးရိမ်မှု ရှိနေကြတယ် လို့လည်း ဆိုပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ အိမ်ဖြူတော်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်က AI နဲ့ ပတ်သက်တဲ့ အမိန့် လက်မှတ်ရေးထိုး ထုတ်ပြန်ပွဲ စင်မြင့်ပေါ်မှာ လမ်းလျှောက်နေတာ တွေ့ရတဲ့ သမ္မတ ဂျိုးဘိုင်ဒန် / Reuters

ပြီးခဲ့တဲ့ မေလ၊ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ AI ညီလာခံမှာ AI လုံခြုံရေး၊ တီထွင် ဆန်းသစ်မှုနဲ့ အားလုံး ပါဝင်နိုင်ရေး ဦးစားပေး လုပ်ဆောင်သွားဖို့ အဖွဲ့ဝင်နိုင်ငံတွေ သဘောတူညီမှု ရခဲ့ကြောင်း၊ အဆိုပါ ညီလာခံ ကျင်းပနေစဉ်မှာပဲ နိုင်ငံတကာ AI လုံခြုံရေး ကွန်ရက်ကို တည်ထောင် လိုက်ကြောင်း ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး မစ္စ ရေမွန်ဒိုက ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဆန်ဖရန်စ္စကိုမှာ ကျင်းပမယ့် ညီလာခံရဲ့ ရည်ရွယ်ချက်ဟာ နောက်နှစ် ဖေဖော်ဝါရီလ ပဲရစ်မှာ ကျင်းပမယ့် AI ညီလာခံ မတိုင်ခင် နည်းပညာပိုင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို အရှိန်အဟုန်နဲ့ စတင်နိုင်ဖို့ ဖြစ်တယ် လို့လည်း သိရပါတယ်။

မစ္စ ရေမွန်ဒို က“ရည်ရွယ်ချက်က ကျမတို့ရဲ့ မဟာမိတ်တွေ၊ စိတ်တူကိုယ်တူ မိတ်ဆွေတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ AI လမ်းကြောင်းပေါ်မှာ လုံခြုံ စိတ်ချ ယုံကြည် ရတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ ချမှတ် သွားနိုင်ဖို့ပါ”လို့ ပြောကြားပါတယ်။

ဆန်ဖရန်စ္စကို ညီလာခံမှာ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံချင်းစီရဲ့ AI လုံခြုံရေး အဖွဲ့အစည်းတွေ သို့မဟုတ် အစိုးရ ကျောထောက် နောက်ခံပေးထားတဲ့ သိပ္ပံ ဌာနတွေက နည်းပညာ ကျွမ်းကျင်သူတွေ ပါဝင်မှာဖြစ်ပြီး ဦးစားပေး လုပ်ငန်းနယ်ပယ်တွေနဲ့ AI လုံခြုံရေးနဲ့ ပတ်သက်လို့ သတင်း အချက်အလက် မျှဝေပြီး ကမာ္ဘလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး သွားကြမယ်လို့လည်း ဆိုပါတယ်။

နည်းပညာလုံခြုံမှုနဲ့ ဆိုက်ဘာ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိဖို့ စီမံဆောင်ရွက်နိုင်ရေး AI developers တွေနဲ့ Cloud computing providers များအတွက် လိုအပ်ချက်တွေကို အသေးစိတ် အစီအရင်ခံဖို့ လိုအပ်ကြောင်း အဆိုပြုထားတယ်လို့ ကူးသန်း ရောင်းဝယ်ရေးဌာနက ပြီးခဲ့တဲ့ အပတ်မှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

လွှတ်တော်မှာ AI နဲ့ ပတ်သက်ပြီး ဉပဒေပြုရေး လုပ်ဆောင်မှု ရပ်တန့်နေချိန်မှာ စည်းမျဉ်းတွေ သတ်မှတ်ဖို့ တိုးမြှင့် လုပ်ဆောင်လာခြင်း ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အမေရိကန်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးကို ထိခိုက်နိုင်တဲ့ AI စနစ်များနဲ့ ပတ်သက်ပြီး တီထွင်သူတွေ အနေနဲ့ လူထုဆီ မဖြန့်ဝေခင် ဘေးကင်းလုံခြုံမှု စမ်းသပ် စစ်ဆေးခြင်း ရလဒ်တွေကို အစိုးရ ဆီ တင်ပြဖို့ အမိန့်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

Ref: Reuters

Your Thoughts …
Tags: AIGenerative AIထိပ်သီး ညီလာခံနည်းပညာဘာသာပြန်လုံခြုံရေးအမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

Next Post
တရုတ်-မြန်မာ ချစ်ကြည်ရေး

တရုတ်-မြန်မာ ချစ်ကြည်ရေး

ရခိုင်စစ်မျက်နှာ အောင်ပွဲနှင့် ရခိုင်ရိုးမ အရှေ့ဘက် စစ်မျက်နှာ (ရုပ်/သံ)

ရခိုင်စစ်မျက်နှာ အောင်ပွဲနှင့် ရခိုင်ရိုးမ အရှေ့ဘက် စစ်မျက်နှာ (ရုပ်/သံ)

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved