• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ခါမလာဟဲရစ် သို့မဟုတ် ပထမဆုံး အမေရိကန် အမျိုးသမီး ဒုသမ္မတ

by ဧရာဝတီ
17 November 2020
in ဆောင်းပါး
A A
ဒုတိယသမ္မတအဖြစ် ပထမဆုံးသော အမျိုးသမီး၊ လူမည်းနှင့် အာရှနွယ်ဖွား အမေရိကန်သူ ခါမလာဟဲရစ် ရွေးချယ်ခံခဲ့ရသည်/ BBC

ဒုတိယသမ္မတအဖြစ် ပထမဆုံးသော အမျိုးသမီး၊ လူမည်းနှင့် အာရှနွယ်ဖွား အမေရိကန်သူ ခါမလာဟဲရစ် ရွေးချယ်ခံခဲ့ရသည်/ BBC

5.9k
VIEWS
Share on FacebookShare on Twitter

ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသော ပထမဆုံးသော အမျိုးသမီး၊ လူမည်းနှင့် အာရှနွယ်ဖွား အမေရိကန် တယောက် ဖြစ်လာသည့် အချိန်တွင် ခါမလာဟဲရစ် Kamala Harris အလွန် ပျော်ရွှင်မိသည်။

သူ၏ လူမှုမီဒီယာတွင် တင်ထားသော ဗွီဒီယိုတခုတွင် ရွေးချယ်တင်မြှောက်ခံရသည့် သမ္မတ ဂျိုးဘိုင်ဒင် Joe Biden နှင့် အတူ ထိုသတင်းကို မျှဝေခဲ့သည်။ “ကျမတို့ လုပ်နိုင်ခဲ့တယ်၊ ကျမတို့ လုပ်ခဲ့တယ် ဂျိုး။ ရှင်က အမေရိကန်ပြည်ထောင်စုရဲ့ နောက်တက်မယ့် သမ္မတဖြစ်လာတော့မယ်။”

သူ၏ စကားလုံးများက ဂျိုးဘိုင်ဒင်အကြောင်းဖြစ်သော်လည်း သမိုင်းဝင်မည့် ယခုအချိန်က သူ့အတွက်လည်း ဖြစ်သည်။

လွန်ခဲ့သော တနှစ်ကျော်ခန့်က ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်ခံရန် မျှော်လင့်နေသော ကယ်လီဖိုးနီးယား ပြည်နယ်မှ အထက်လွှတ်တော်အမတ်အနေဖြင့် အချေအတင် ဆွေးနွေးပွဲတခုတွင် အနိုင်ရရေး ခါမလာဟဲရစ်က ဂျိုးဘိုင်ဒင်ကို အစွမ်းကုန် ထိုးနှက်ခဲ့သည်။ ယင်းက ဂျိုးဘိုင်ဒင်၏ ရည်မှန်းချက်များကို ကြီးမားသော ထိုးနှက်မှုဟု လူအများက ထင်ခဲ့သည်။ ထိုနှစ်ကုန်ပိုင်းတွင် ဒီမိုကရက်ပါတီတွင်း သမ္မတလောင်း ယှဉ်ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သော်လည်း အသက် ၅၆ နှစ်အရွယ် ခါမလာဟဲရစ်ကို ဂျိုးဘိုင်ဒင် ကပင် တွဲဖက်အဖြစ် (ဒုသမ္မတလောင်း အဖြစ်) အများပြည်သူ ရှေ့သို့ ပြန်လည်ခေါ်ယူခဲ့သည်။

“အဲဒါက ခါမလာဟဲရစ်အတွက် ကြီးမားတဲ့ ကံကြမ္မာ အပြောင်းအလဲပါ” ဟု ၂၀၁၃ ခုနှစ်တွင် ခါမလာဟဲရစ်၏ ဆက်သွယ်ရေး ဒါရိုက်တာအဖြစ် ဆောင်ရွက်ပေးခဲ့သော Gil Duran ကပြောသည်။ သူက သမ္မတလောင်း အမည်စာရင်းတင်သွင်းခြင်း ခံရရန် ခါမလာဟဲရစ် ကြိုးစားခဲ့ခြင်းအပေါ် ဝေဖန်ခဲ့သူ ဖြစ်သည်။

“သူ့မှာ ရည်မှန်းချက်နဲ့ ကြီးမားတဲ့ အလားအလာရိတယ် ဆိုတာ ပြည်သူတွေက သိကြပေမယ့် အိမ်ဖြူတော်က ရာထူးကို မြန်မြန်ဆန်ဆန် တက်သွားဖို့ သူ့မှာ စိတ်ဆုံးဖြတ်ထားမှုနဲ့ အာရုံစူးစိုက်မှု ရှိမယ်လို့ အများစုက မထင်ကြဘူး။ သူ့မှာ ပင်ကိုယ် ပါရမီရှိတယ် ဆိုတာကတော့ အမြဲတမ်း ထင်ရှားနေခဲ့ပါတယ်။”

“သူ့မှာ ရည်မှန်းချက်နဲ့ ကြီးမားတဲ့ အလားအလာရိတယ် ဆိုတာ ပြည်သူတွေက သိကြပေမယ့် အိမ်ဖြူတော်က ရာထူးကို မြန်မြန်ဆန်ဆန် တက်သွားဖို့ သူ့မှာ စိတ်ဆုံးဖြတ်ထားမှုနဲ့ အာရုံစူးစိုက်မှု ရှိမယ်လို့ အများစုက မထင်ကြဘူး။ သူ့မှာ ပင်ကိုယ် ပါရမီရှိတယ် ဆိုတာကတော့ အမြဲတမ်း ထင်ရှားနေခဲ့ပါတယ်။”

သမ္မတရာထူးအတွက် နိုင်ငံတော်အဆင့် စင်မြင့်သို့ သူ၏ ရှိသမျှ အစွမ်းဖြင့် တက်လှမ်းခဲ့ချိန်မှ စ၍ သူ ပြသခဲ့သည်မှာ သူ၏ အားကောင်းသော ကိုယ်ရည်ကိုယ်သွေး ပင်။

ခါမလာဟဲရစ် ၏ များပြားသော စရိုက်လက္ခဏာများ

အမေရိကန်သို့ ရွှေ့ပြောင်းအခြေချလာသည့် မိဘများ (အိန္ဒိယဖွားမိခင်နှင့် ဂျမေကာဖွား ဖခင်) မှ ကယ်လီဖိုးနီးယားပြည်နယ် Oakland တွင် မွေးဖွားခဲ့ပြီး သူ အသက် ၅ နှစ် အရွယ်တွင် မိဘများ ကွာရှင်းခဲ့ကြသည့်အတွက် ကင်ဆာရောဂါ သုတေသီနှင့် နိုင်ငံသား အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဟိန္ဒူအမျိုးသမီး တခုလပ် မိခင်ဖြစ်သူ Shyamala Gopalan Harris က အဓိကအားဖြင့် သူ့ကို ပြုစုစောင့်ရှောက်ခဲ့သည်။

ခါမလာဟဲရစ်က အိန္ဒိယနွယ်ဖွား အမွေအနှစ်နှင့်အတူ ကြီးပြင်းလာခဲ့ပြီး အိန္ဒိယသို့လည်း မိခင်နှင့်အတူ အလည်အပတ်ခရီးများ သွားရောက်ခဲ့သည်။ သို့သော်လည်း သူ၏ မိခင်က Oakland ၏ လူမည်းယဉ်ကျေးမှုကို ဆက်ခံကျင့်သုံးခဲ့ပြီး သမီး ၂ ဦး ဖြစ်သည့် သူနှင့် သူ၏ ညီမ Maya Harris တို့ကို ထိုယဉ်ကျေးမှုတွင် နှစ်မြှုပ် ထားစေခဲ့ကြောင်း ခါမလာဟဲရစ်က ပြောသည်။

“သူက လူမည်းသမီး ၂ ယောက်ကို ပြုစုပျိုးထောင်နေတယ် ဆိုတာကို အမေ ကောင်းကောင်းနားလည်ခဲ့တယ်” ဟု ခါမလာဟဲရစ် က သူ၏ ကိုယ်ရေး အထုပတ္တိ ဖြစ်သော The Truths We Hold စာအုပ်တွင် ရေးသားခဲ့သည်။ “သူ့ရဲ့ မွေးစားနိုင်ငံက Maya နဲ့ ကျမကို လူမည်းမိန်းကလေးတွေအဖြစ် မြင်လိမ့်မယ်ဆိုတာ သူသိခဲ့တယ်။ ဒါကြောင့် သူက ဂုဏ်သိက္ခာရှိတဲ့ လူမည်းအမျိုးသမီးတွေ အနေနဲ့ ကျမတို့ ယုံကြည်ချက်ရှိရှိ လူလားမြောက်လာစေဖို့ သေချာအောင် သူ စိတ်ပိုင်းဖြတ်ထားခဲ့တယ်။”

ခါမီလာ ငယ်စဉ်အခါ ညီမငယ်၊ မိခင်တို့နှင့်အတူ/ Kamala Harris

သူ၏ မျိုးနွယ် ၂ ခု ရောယှက်ထားမှု ဇစ်မြစ်နှင့် ကလေးဘဝမှ စတင်ရရှိသည့် ပျိုးထောင်ပေးမှုတို့က သူ့ကို သူများထက် ပိုတမူထူးခြားစေပြီး အမေရိကန် စရိုက်လက္ခဏာများနှင့်လည်း ထိတွေ့ဆက်ဆံနိုင်စေခဲ့သည်။ တိုင်းပြည်၏ လူဦးရေ အချိုးအစား အလျင်အမြန် ပြောင်းလဲနေခဲ့သော ယင်းအရပ်ဒေသများသည် ဒေသ၏ နိုင်ငံရေးကို ပြောင်းလဲရန် လုံလောက်ခဲ့ပြီး ခါမလာဟဲရစ်တွင်လည်း အဆိုပါ လေးစားအားကျဖွယ်ရာက ရှိနေသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
120
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
390
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124

သို့သော်လည်း နိုင်ငံ၏ ထင်ရှားကျော်ကြားသော သမိုင်းဝင် အထင်ကရ လူမည်း ကောလိပ်နှင့် တက္ကသိုလ်များထဲမှ တခုဖြစ်သော Howard University ဟိုးဝါ့ဒ် တက္ကသိုလ်၌ ရှိနေချိန်များက သူ့ဘဝကို ပုံဖော်ပေးနိုင်ဆုံး အတွေ့ အကြုံများထဲတွင် ပါဝင်သည်ဟု ခါမလာဟဲရစ်က ဖော်ပြခဲ့သည်။

လီတာ ရိုစာရီယို ရောဘတ်ဆန် Lita Rosario-Richardson သည် ခါမလာဟဲရစ်နှင့် ၁၉၈၀ နှစ်များတွင် Howard ၌ ဆုံတွေ့ခဲ့သည်။ ကျောင်းဝန်းအတွင်းရှိ မြေကွက်လပ် တခုတွင် ကျောင်းသားများ စုဝေး၍ နိုင်ငံရေး၊ ဖက်ရှင်နှင့် အတင်းအဖျင်းများ ဆွေးနွေးကြသည့် အချိန်တွင် ဖြစ်သည်။

“သူက အငြင်းအခုံ ပြောဆိုရာမှာ စိတ်အားထက်သန်မှု ရှိတာကို ကျမ သတိပြုမိ ခဲ့ပါတယ်။”

သူတို့က ကျောင်းရှိ ရီပတ်ဘလစ်ကန်များနှင့် တက်ကြွစွာ ဆွေးနွေးငြင်းခုံရာတွင် ထူးချွန်သူများ ဖြစ်ခြင်း၊ တခုလပ် မိခင်များနှင့် အတူကြီးပြင်းခဲ့ရသည့် သူတို့၏ အတွေ့အကြုံများနှင့် သူတို့ ၂ ယောက်လုံးသည် တူရာသီ ဖွားများ ဖြစ်နေကြခြင်း တို့ ကြောင့် တွဲမိခဲ့ကြသည်။ နိုင်ငံရေး အရ ပုံပေါ်လာသော ကာလတခုလည်း ဖြစ်သည်။

“အဲဒီအချိန်က သမ္မတက ရေဂင်ပါ။ အသားအရောင်ခွဲခြားတဲ့ ခေတ်ကြီးတခု ဖြစ်ပါတယ်။ အာဖရိကနိုင်ငံတွေရဲ့ အရေးနဲ့ မာတင်လူသာကင်း မွေးနေ့ကို ဖက်ဒရယ် အားလပ်ရက်အဖြစ် သတ်မှတ်ပေးရေး လိုမျိုး ပြောစရာကိစ္စတွေက အများကြီး ရှိခဲ့ပါတယ်” ဟု လီတာ ရိုစာရီယို ရောဘတ်ဆန်က ပြောသည်။

“ကျွန်ပြုခံခဲ့ရတဲ့ သူတွေ၊ ကိုလိုနီ လက်အောက်က ထွက်လာခဲ့ရတဲ့ အသားအရောင်ရှိသူတွေက ဆင်းသက်လာကြသူတွေ အနေနဲ့ ကျမတို့မှာ ထူးခြားတဲ့ အခန်းကဏ္ဍတခု ရှိတယ်။ ထိရောက်တဲ့ ပြောင်းလဲမှုကို ကူညီပေးဖို့ လူ့အဖွဲ့အစည်းမှာ အထူးနေရာပေးတဲ့ ပညာရေးတခု ရှိနေပြီ ဆိုတာကို ကျမတို့ သိပါတယ်”

“ကျွန်ပြုခံခဲ့ရတဲ့ သူတွေ၊ ကိုလိုနီ လက်အောက်က ထွက်လာခဲ့ရတဲ့ အသားအရောင်ရှိသူတွေက ဆင်းသက်လာကြသူတွေ အနေနဲ့ ကျမတို့မှာ ထူးခြားတဲ့ အခန်းကဏ္ဍတခု ရှိတယ်။ ထိရောက်တဲ့ ပြောင်းလဲမှုကို ကူညီပေးဖို့ လူ့အဖွဲ့အစည်းမှာ အထူးနေရာပေးတဲ့ ပညာရေးတခု ရှိနေပြီ ဆိုတာကို ကျမတို့ သိပါတယ်”

ဟု လီတာ ရိုစာရီယို ရောဘတ်ဆန်က ရှင်း ပြသည်။ ယင်းသည် တက်ကြွလှုပ်ရှားမှု ဖြစ်လာစေခဲ့သော ဒဿန၊ တိုက်တွန်းလှုံ့ဆော်မှုလည်း ဖြစ်သည်။ ခါမလာဟဲရစ်  ဖြတ်သန်းခဲ့သော တက္ကသိုလ်အတွေ့အကြုံ၏ အစိတ်အပိုင်းတခုလည်း ဖြစ်သည်။

ခါမလာဟဲရစ်က ၂၀၁၇ ခုနှစ်တွင် Howard သို့ ပြန်သွား၍ ကျောင်းသားများကို မိန့်ခွန်းပြောခဲ့သည်။ သူတို့ကို တကြောင်းတည်းဖြင့် ၂၀၁၄ ခုနှစ်က Ferguson မြို့မှ လူမျိုးရေးဆိုင်ရာ ဆန္ဒပြပွဲများ (လူဖြူ ရဲအရာရှိ Darren Wilson ၏ ပစ်ခတ်မှုကြောင့် လူမည်းအမျိုးသား Michael Brown သေဆုံးခဲ့ရာမှ စတင် ပေါ်ပေါက်ခဲ့သည်) ဆီမှနေ၍ ပါလီမန် အဆောက်အအုံခန်းမဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

“မင်းတို့ ကျောင်းသားတွေက တရားမျှတမှုအတွက် တိုက်ခိုက်ရာမှာ ပါဝင်ခဲ့ကြတယ်။ ဆန္ဒပြခဲ့ကြတယ်။ Ferguson မြို့ ရဲ့လမ်းတွေ ပေါ်ကနေ အမေရိကန်ကွန်ဂရက်ရဲ့ ခန်းမတွေအထိ မင်းတို့က James Baldwin (လူမည်း စာရေးဆရာနှင့် တက်ကြွလှုပ်ရှားသူ) ရဲ့  ‘ငါတို့ရဲ့ ကယ်တင်ခြင်းအတွက် စီစဉ်ရမယ့်အချိန်ဆိုတာ အနာဂတ်မှာ မရှိဘူး။ စိန်ခေါ်မှုဆိုတာက လက်ရှိအချိန်ပဲ။ ပစ္စုပ္ပန်ဆိုတာ အမြဲတမ်း အချိန်ကောင်းပဲ’ ဆိုတဲ့ စကားလုံးတွေအတိုင်း နေထိုင်ခဲ့ကြပြီးပြီ။”

ခါမလာဟဲရစ်ကို သူ့မိသားစု ဒိုးအမ်းဟော့ဖ်၊ ခိုးလ်၊ အဲလာတို့နှင့် အတူတကွ မြင်ရစဉ်/ Kamala Harris

သို့သော်လည်း ခါမလာဟဲရစ်က လူဖြူလွှမ်းမိုးသည့် အသိုင်းအဝိုင်းများ၌လည်း သက်တောင့်သက်သာ ရပ်တည်နိုင်ခဲ့သည်။ သူ၏ အစောပိုင်းနှစ်များတွင် ကနေဒါ၌ ကာလတိုတခု နေထိုင်ခဲ့ရခြင်းလည်း ပါဝင်သည်။ မိခင်ဖြစ်သူ Gopalan Harris က  McGill တက္ကသိုလ်တွင် ဆရာမ ဝင်လုပ်ခဲ့သည့်အချိန်တွင် ခါမလာဟဲရစ်နှင့် သူ၏ ညီမ Maya တို့က မိခင်နှင့်အတူ လိုက်ပါသွားခဲ့ပြီး ကနေဒါတွင် ၅ နှစ် ကျောင်းတက်ခဲ့သည်။

ခါမလာဟဲရစ်က သူ၏ သရုပ်သဏ္ဍန်အတွက် အမြဲတမ်း သက်တောင့်သက်သာ ရှိခဲ့ပြီး သူ့ကိုယ်သူလည်း “အမေရိကန်” ဟုသာ ရိုးရိုးရှင်းရှင်း သရုပ်ဖော်ခဲ့သည်။

နိုင်ငံရေးသမားများသည် သူတို့၏ အသားအရောင် သို့မဟုတ် နောက်ခံအကြောင်းများနှင့် တသီးတခြား မဖြစ်သင့်ကြောင်း သူက Washington Post သို့ ၂၀၁၉ ခုနှစ်တွင် ပြောကြားခဲ့သည်။ “ကျမ ပြောချင်တာကတော့ ကျမဟာ ကျမပဲ။ အဲဒါက ကျမအတွက် အဆင်ပြေပါတယ်။ ရှင်တို့က အဲဒါကို သရုပ်ခွဲဖို့ လိုကောင်းလိုမယ်။ ဒါပေမယ့် ကျမကတော့ အဆင်ပြေတယ်” ဟု သူကပြောသည်။

Kamala၊ ‘Momala’၊ သမိုင်း ရေးထိုးသူ

၂၀၁၄ ခုနှစ်တွင် အထက်လွှတ်တော်အမတ် ခါမလာဟဲရစ်က (သူ၏ မဲဆွယ်လှုပ်ရှားမှုတွင် အတူရှိနေသည့်) ဂျူးလူမျိုး ရှေ့နေ ဒိုးအမ်းဟော့ဖ် Doug Emhoff နှင့် လက်ထပ်ခဲ့ပြီး လင်ပါ သားသမီး ၂ ယောက်၏ မိထွေးဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်က မိထွေးတယောက် ဖြစ်လာရခြင်း၏ အတွေ့အကြုံနှင့် ပတ်သက်၍ Elle မဂ္ဂဇင်းတွင် ဆောင်းပါးတပုဒ် ရေးသားခဲ့ပြီး နောက်ပိုင်း သတင်းခေါင်းစဉ် အများအပြားကို လွှမ်းမိုးလာမည့် အမည်အကြောင်းကို ထုတ်ဖော်ခဲ့သည်။

“ဒိုး နဲ့ ကျမလက်ထပ်တုန်းက ခိုးလ် Cole၊ အဲလာ Ella နဲ့ ကျမက ‘မိထွေး’ stepmom ဆိုတဲ့ဝေါဟာရကို ကျမတို့ မကြိုက်ဘူးဆိုတာ သဘောတူခဲ့တယ်။ အဲဒီအစား သူတို့က ‘Momala’ ဆိုတာကို စိတ်ကူးရခဲ့တယ်။”

“ဒိုး နဲ့ ကျမလက်ထပ်တုန်းက ခိုးလ် Cole၊ အဲလာ Ella နဲ့ ကျမက ‘မိထွေး’ stepmom ဆိုတဲ့ဝေါဟာရကို ကျမတို့ မကြိုက်ဘူးဆိုတာ သဘောတူခဲ့တယ်။ အဲဒီအစား သူတို့က ‘Momala’ ဆိုတာကို စိတ်ကူးရခဲ့တယ်။”

သူတို့ကို ခေတ်သစ် အမေရိကန်၏ “ရောနှောထားသော” မိသားစု စံနမူနာ၊ မီဒီယာများက ဖော်ပြကြသည့် ရုပ်ပုံတခုနှင့် အမျိုးသမီး နိုင်ငံရေးသမားများအကြောင်း ပြောဆိုသည့် သတင်းကော်လံများကို သိမ်းပိုက်ထားသည့် အကြောင်းအရာ တခုအဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။

ဒုတိယသမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရသည့်အခါ သူ့အနေဖြင့် ထိုအမည်ပြောင်ကို ဆုံးရှုံးနိုင်ဖွယ် မရှိသော်လည်း သူ့ကို ကွဲပြားသော နောက်ခံများ ပေါင်းစပ်ထားသည့် မိသားစုမှ ဆင်းသက်လာသူနှင့် လူမည်း အမျိုးသမီး တက်ကြွလှုပ်ရှားသူ မျိုးဆက်များ၏ အမွေစား အမွေခံ အဖြစ်လည်း မြင်ပြီး အသိအမှတ်ပြုသင့်သည်ဟု အများက ဆိုကြသည်။

“သူက အောက်ခြေလူထု စည်းရုံးရေးမှူးတွေ၊ ရွေးချယ်တင်မြှောက်ခံရသူတွေနဲ့ အိမ်ဖြူတော်ကို သွားရာလမ်းမှာ မအောင်မြင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမွေကို ဆက်ခံသူဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံရေးနဲ့ ဒီမိုကရက်တစ်ပါတီမှာ လူမည်းအမျိုးသမီးတွေကို သဘာဝရဲ့ နိုင်ငံရေး အင်အားစုတခု အဖြစ် မြင်ကြပါတယ်” ဟု Purdue တက္ကသိုလ် နိုင်ငံရေးသိပ္ပံနှင့် အာဖရိကနွယ်ဖွား အမေရိကန်လေ့လာမှု ဆိုင်ရာ တွဲဖက်ပါမောက္ခ Nadia Brown က ဘီဘီစီကို ပြောကြားခဲ့သည်။

Fannie Lou Hamer ၊ Ella Baker နှင့် Septima Clark တို့က သူ၏ ခြေရာကို လိုက်နင်းကြသူ အချို့ ဖြစ်ကြောင်း Nadia Brown က ပြောသည်။

“သူ အနိုင်ရတာက သမိုင်းဝင် ဖြစ်ပေမယ့်လည်း သူ တယောက်တည်းတော့ မဟုတ်ပါဘူး။ ဒီလိုနေ့မျိုး ဖြစ်လာအောင် လုပ်တဲ့ မရေမတွက်နိုင်သော လူမည်း အမျိုးသမီးတွေလည်း ရှိပါတယ်။”

ပါးနပ်သော ဆွေးနွေးငြင်းခုံသူ

သို့သော်လည်း သူ၏ သူငယ်ချင်းဖြစ်သူ Lita Rosario-Richardson အခိုင်အမာ ပြောခဲ့သလိုပင် သူသည် အတားအဆီးများကို ကျော်လွှားသွားမည့် အမျိုးသမီးအနည်းငယ်အနက်မှ တယောက်ဖြစ်လာစေနိုင်သည့် စွမ်းရည်များကို အလွန် စောစီးစွာကပင် ခါမလာဟဲရစ်က ပြခဲ့သည်။

“သူ Howard တက္ကသိုလ်ရဲ့ စကားရည်လုတဲ့ အသင်းမှာ ပါဝင်လာအောင်လုပ်ဖို့ ကျမကို ဆွဲဆောင်ခဲ့တာကတော့ သူ့ရဲ့ အကြောက်အလန့်ကင်းမှုပါ။”

ပါးနပ်လိမ္မာခြင်းနှင့် ဟာသဉာဏ်ရှိခြင်းက အဆိုပါ အရည်အချင်း၏ အစိတ်အပိုင်း ဖြစ်သည်။ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရကြောင်း အရေးကြီး ဖုန်းခေါ်ချိန်တွင် သူ နှုတ်ဆက်သည့် ရယ်မောပုံက သူ၏ သူငယ်ချင်းဖြစ်သူ ချက်ချင်း အသိအမှတ်ပြုခဲ့ရသည့် အချက်တခု ဖြစ်သည်။

“အဲဒါက သူရဲ့ကိုယ်ရည်ကိုယ်သွေးကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်၊ သူက မဲဆွယ်လှုပ်ရှားမှု လုပ်နေတုန်း အခိုက်အတန့်တွေမှာတောင်မှပေါ့။”

“သူက အမြဲတမ်း အဲဒီလို ရယ်တယ်၊ သူ့မှာ ဟာသဉာဏ်လည်းရှိတယ်၊ တက္ကသိုလ်က စကားရည်လုပွဲ တခုမှာတောင်မှ သူပြောတာကို လူတွေ ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့ ပါးနပ်လိမ္မာစွာ လုပ်နိုင်တယ်။”

“သူက အမြဲတမ်း အဲဒီလို ရယ်တယ်၊ သူ့မှာ ဟာသဉာဏ်လည်းရှိတယ်၊ တက္ကသိုလ်က စကားရည်လုပွဲ တခုမှာတောင်မှ သူပြောတာကို လူတွေ ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့ ပါးနပ်လိမ္မာစွာ လုပ်နိုင်တယ်။”

တိုက်ရိုက် အချေအတင်ပြောဆိုရသည့် ပွဲများတွင် ပြိုင်ဘက်များထက် ပေါ်လွင်ထင်ရှားအောင် ပြုလုပ်နိုင်စွမ်းက ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်း အဖြစ် ရွေးချယ်ခံရရန် သူ၏ စတင်အားထုတ်မှု နောက်ကွယ်မှ အရှိန်အဟုန် ကြီးစွာသော အစိတ်အပိုင်း ဖြစ်ခဲ့သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းက Donald Trump Jr (သမ္မတ Donald Trump ၏ သားအကြီးဆုံး) နှင့် Twitter တွင် အပြန်အလှန် ပြောဆို၍ ထိပ်တိုက်ရင်ဆိုင်ရန် မကြောက်လန့်ခဲ့ပါ။

“အမြဲတမ်း ရှည်လျားပြီး ခက်ခဲလွန်းတဲ့ ခါမလာဟဲရစ်ရဲ့ ပြက်လုံးတွေကို ရယ်တဲ့သူက ဘာဖြစ်လို့ ခါမလာဟဲရစ် တယောက်ပဲ ဖြစ်နေရတာလဲ” ဟု သမ္မတ Donald Trump ၏ သား က Twitter တွင် မေးခွန်းထုတ်ခဲ့သည်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း စကားစစ်ထိုးပွဲတွင် ဂျိုးဘိုင်ဒင်အား ခါမလာဟဲရစ် ထိုးနှက်နေစဉ်/ CNN

“မင်းကို ပျိုးထောင်ခဲ့တဲ့ တယောက် (သမ္မတ Donald Trump) က ရယ်စရာ ဆိုတာ မင်းသိမှာ မဟုတ်ပါဘူး” ဟု ခါမလာဟဲရစ်က ပြန်ရေးခဲ့သည်။

ဆိုရှယ်မီဒီယာပေါ်မှ သာမန် ပွတ်တိုက်မှုလေးသာ ဖြစ်သော်လည်း ဥပဒေနှင့် နိုင်ငံရေးတွင် အသက်မွေးဝမ်းကျောင်းခြင်းသည် ပင်ကိုယ်သဘာဝနှင့် ကိုက်ညီမှု ရှိသည်ဟု ဆိုနိုင်သည့် စွမ်းရည်မျိုးကို တိုတိုရှင်းရှင်း လူသိအောင် ထုတ်ပြနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

လက်ဝဲနှင့် လက်ယာကြား ညပ်နေရခြင်း

အစိုးရရှေ့နေတဦးအနေဖြင့် သူ၏ အသက်မွေးဝမ်းကျောင်းက သူ့ကို နိုင်ငံရေးသမားဖြစ် လာစေခဲ့သော်လည်း နိုင်ငံရေး အကျိုးအမြတ်ကိုရော အန္တရာယ်များကိုပါ ယူဆောင်လာခဲ့သည်။

သူက Alameda ခရိုင်ရှေ့နေရုံးတွင် စတင်အလုပ်လုပ်ခဲ့ပြီးနောက် ကယ်လီဖိုးနီးယား ပြည်နယ်၏ ပထမဆုံးသော အမျိုးသမီးနှင့် လူမည်း ရှေ့နေချုပ်၊ ထိပ်တန်းရှေ့နေ တဦးနှင့် အမေရိကန်နိုင်ငံ၏ လူဦးရေ အထူထပ်ဆုံးသော ပြည်နယ်မှ ဥပဒေစိုးမိုးရေး တာဝန်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်တင်မြှောက်ခြင်း မခံရမီ ၂၀၀၃ ခုနှစ်တွင် San Francisco ခရိုင်ရှေ့နေ ဖြစ်လာသည်။

ဒီမိုကရက်တစ်ပါတီ၏ အလားအလာ ကောင်းသော ကြယ်ပွင့်တဦး အဖြစ်လည်း ဂုဏ်သတင်းရရှိခဲ့ပြီး ထိုအရှိန်အဟုန်ကို အသုံးပြုခြင်းအားဖြင့် ၂၀၁၇ ခုနှစ်တွင် ကယ်လီဖိုးနီးယား၏ အထက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံ ခဲ့ရသည်။

သို့သော်လည်း လက်ဝဲယိမ်းသည့် ကယ်လီဖိုးနီးယား ဒီမိုကရက်များ စိတ်ကျေနပ်အောင် ပြုလုပ်ရခြင်းနှင့် လက်ဝဲယိမ်းသူကို သမ္မတအဖြစ် လက်မခံသည့် နိုင်ငံတနိုင်ငံတွင် နိုင်ငံရေးသမားဖြစ်ရခြင်း တို့ကြားတွင် ဟန်ချက်ညီအောင် ထိန်းရ ခက်ခဲခဲ့သည်။

ထိုစဉ်က တရားရုံးချုပ်အတွက် အမည်စာရင်း တင်သွင်းခံရသူ Brett Kavanaugh ကို မာမာထန်ထန် မေးခွန်းထုတ်ခဲ့ခြင်းအတွက် တိုးတက်သူများကြားတွင် ခါမလာဟဲရစ် မျက်နှာသာ ရရှိခဲ့သည်။ သို့သော် ဒီမိုကရက်တစ်ပါတီအတွက် သမ္မတလောင်းအနေဖြင့်မူ သူ၏ ဆွေးနွေးငြင်းခုံရာတွင် ကျွမ်းကျင်မှုများက ရှင်းလင်းပြတ်သားမှု နည်းပါးသော မူဝါဒများကို ပြန်လည်ဖာထေးရန် မလုံလောက်ခဲ့ပါ။

ပါတီမှ တိုးတက်သော အမြင်ရှိသူများနှင့် အလယ်အလတ် သဘောထားရှိသူများ ကြားတွင် ခက်ခက်ခဲခဲ ဖြတ်သန်းရင်း နောက်ဆုံးတွင် မည်သည့် ဘက်ကမှ သူ့ကို သဘောကျ စိတ်ကျေနပ်အောင် မလုပ်နိုင်ခဲ့ပါ။

ပါတီမှ တိုးတက်သော အမြင်ရှိသူများနှင့် အလယ်အလတ် သဘောထားရှိသူများ ကြားတွင် ခက်ခက်ခဲခဲ ဖြတ်သန်းရင်း နောက်ဆုံးတွင် မည်သည့် ဘက်ကမှ သူ့ကို သဘောကျ စိတ်ကျေနပ်အောင် မလုပ်နိုင်ခဲ့ပါ။

လိင်တူချင်း လက်ထပ်ထိမ်းမြားခြင်းနှင့် သေဒဏ်ကဲ့သို့သော ကိစ္စများတွင် လက်ဝဲယိမ်းသူများက သူ့ဘက်ပါခဲ့သည့်တိုင် သူ့ဘက်မှ အမှန်တကယ် တိုးတက်မှု လုံလုံလောက်လောက် မရှိခြင်းကြောင့် ထပ်တလဲလဲ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရ သည်။

“ခါမလာက ရဲတယောက်ဖြစ်သည်” ဆိုခြင်းက (ပါတီတွင်း) မဲဆွယ်လှုပ်ရှားမှုတွင် လူကြိုက်နည်းစရာ အကြောင်းတခု ဖြစ်လာသည်။ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အတွေ့အကြုံနှင့် အရည်အချင်းရှိခြင်းက နိုင်ငံတော်အဆင့်တွင် အကျိုးရှိနိုင်သော်လည်း ဒီမိုကရက်များက သဘောထား အလယ်အလတ်ရှိသည့် မဲဆန္ဒရှင်များနှင့် အမှီအခိုကင်းသူများထံမှ မဲများ ပိုမို ရရှိရန် လိုအပ်နေသည်။

ရွေးကောက်ပွဲ အနိုင်ရကြောင်း အောင်ပွဲခံမိန့်ခွန်း ပြောနေသော ခါမလာဟဲရစ်/Getty Images

“သူက ဥပဒေစိုးမိုးရေး နောက်ခံရှိသူ တဦး ဖြစ်ပြီး သူရဲ့ ပြည်နယ်မှာတော့ တိုးတက်မှု မလုံလောက်ဘူးလို့ အထင်ခံခဲ့ရပါတယ်။ သူက အဲဒါမဟုတ်ဘူးဆိုတာကို ကိုယ့်ဖာသာ သက်သေပြဖို့ ကြိုးစားနေခဲ့ပါတယ်” ဟု ၂၀၁၃ ခုနှစ် တွင် ခါမလာဟဲရစ်၏ ဆက်သွယ်ရေး ဒါရိုက်တာ အဖြစ် ဆောင်ရွက်ပေးခဲ့သော Gil Duran ကပြောသည်။ “ဒါပေမယ့် ဒုတိယ သမ္မတ နေရာမှာတော့ အဲဒါက အလွန်ကို ကွဲပြားခြားနားမယ့် အသွင်ရှိပါတယ်” ဟု သူက ထပ်ပြောသည်။

ဆက်လက်ဖြစ်ပေါ်နေသော လူမျိုးရေးအရ ခွဲခြားမှုကို အမေရိကန် နိုင်ငံက ခက်ခက်ခဲခဲ ရင်ဆိုင်နေရပြီး ရဲ တပ်ဖွဲ့၏ ရက်စက်မှုကို အပေါ် စုံစမ်းစစ်ဆေးနေသည့် အချိန်တွင် ခါမလာဟဲရစ် က သူ၏ မိုက်ခရိုဖုန်းကို အသုံးပြု၍ ရှေ့တန်းမှ နေရာတခုကို ယူလိုက်သည်။

ရုပ်မြင်သံကြား ဟောပြောမှုများတွင် သူက အမေရိကန်နိုင်ငံ တလွှားမှ ရဲတပ်ဖွဲ့၏ အလေ့အထများကို ပြောင်းလဲရန် တောင်းဆိုသည်။ Kentucky ပြည်နယ်မှ အသက် ၂၆ နှစ်အရွယ် အာဖရိကန်-အမေရိကန် အမျိုးသမီး Breonna Taylor အား သတ်ဖြတ်ခဲ့သော ရဲအရာရှိများကို ဖမ်းဆီးရန် Twitter တွင် သူက တောင်းဆိုသည်၊ စနစ်တကျ လူမျိုးရေးခွဲခြားမှု ဖျက်သိမ်းပစ်ရန် လိုအပ်ခြင်းနှင့် ပတ်သက်၍ သူက မကြာခန ပြောဆိုခဲ့သည်။

သူ့တွင် တရား ဥပဒေစိုးမိုးရေး နောက်ခံရှိသော်လည်း သူ၏ စရိုက် လက္ခဏာများသည် အပစ်ပယ်ခံများကို ကိုယ်စားပြုရန် ထူးခြားစွာပင် သင့်တော်နေသည်ဟု ခါမလာဟဲရစ် က မကြာခဏ ပြောခဲ့သည်။

ယခုအခါ အိမ်ဖြူတော်အတွင်းမှ နေ၍ ထိုသို့ လုပ်ရန် သူ အခွင့်အရေးရရှိခဲ့ပြီ ဖြစ်သည်။

(BBC ၏ Kamala Harris: The many identities of the first woman vice-president ကို ဘာသာပြန်သည်။)

You may also like these stories:

လွှတ်တော်ဝင်မယ့် အမျိုးသမီးကိုယ်စားလှယ်များ အသံ

အမျိုးသမီးများနှင့် ကျားမ ရေးရာ ရှုထောင့်ကို မြန်မာ့တပ်မတော်အတွင်း ထည့်သွင်းတည်ဆောက်ပါ

တခေတ်တခါက အထင်ကရ မြန်မာအမျိုးသမီးများ

Your Thoughts …
Tags: ခါမလာဟဲရစ်လူမည်းအမျိုးသမီးသမ္မတ ဂျိုးဘိုင်ဒင်အမေရိကန် ဒီမိုကရက်တစ်ပါတီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ယူအက်စ်အက်စ် သီရိုဒို ရုစဗဲ့လ် ဦးဆောင်သည့် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု / US Navy

အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်

by ဧရာဝတီ
25 January 2021
20k

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုပြီး ရက်ပိုင်းအတွင်း အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

ပိုမိုပြင်းထန်သည့် အရေးယူမှုလုပ်ရန် ဥရောပခေါင်းဆောင်များကို ဗီဒီယိုမှ တိုက်တွန်းရာတွင် ထိုအချိန်သည် ဥရောပခေါင်းဆောင်များ အနေဖြင့် သူ့ကို အသက်ရှင်လျက် နောက်ဆုံးတွေ့ရသည့် အချိန်ဖြစ်နိုင်ကြောင်း သမ္မတ ဇယ်လန်စကီးက ပြောခဲ့သည်  / AFP

ဘယ်သူတုန်းဟဲ့ ဇယ်လန်စကီး

by James Hookway
21 March 2022
6.2k

ဇယ်လန်စကီးသည် သမားရိုးကျ နိုင်ငံရေးအတွေ့အကြုံ အနည်းငယ်မျှဖြင့် အာဏာရလာခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ ရှိ Peace Palace တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရသည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်  / AFP

မြန်မာစစ်ခေါင်းဆောင်နှင့် တွေ့မည်ကို ဝေဖန်သူများအား ဟွန်ဆန် နှုတ်လှန်ထိုး

by ဧရာဝတီ
17 December 2021
14.2k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန်အစီအစဉ်ကို ဝေဖန်သူများအား ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်သည်။

သမ္မတ ဂျိုးဘိုင်ဒင်နှင့် သမ္မတ ရှီကျင့်ဖျင်တို့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီတွင် နိုဝင်ဘာ ၁၄ ရက်က တွေ့ဆုံစဉ်  / AFP

ထိုင်ဝမ်အရေး ဘိုင်ဒင်နှင့် ရှီ ဘာလီတွင် အကြိတ်အနယ် ဆွေးနွေး

by ဧရာဝတီ
15 November 2022
5k

သမ္မတ ဘိုင်ဒင်နှင့် သမ္မတ ရှီတို့ လက်ဆွဲနှုတ်ဆက်ခြင်းသည် ၂၀၁၁ ခုနှစ်က ၎င်းတို့ ဒုတိယ သမ္မတများအဖြစ် ဆက်ဆံခဲ့သည့် ဆက်ဆံရေးကို ပြန်လည် အသက်သွင်းပေးခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် / Reuters

နိုင်ငံတကာက မြန်မာစစ်တပ်ကို ဖိအားပေးသင့်ဟု အမေရိကန်သမ္မတ ပြော

by ဧရာဝတီ
2 February 2021
78.6k

အာဏာသိမ်းသည့် လုပ်ရပ်သည် ယင်းတိုးတက်မှုများကို နောက်ကြောင်းပြန်လှည့်စေသည့်အတွက် မိမိတို့၏ ပိတ်ဆို့ အရေးယူမှု ဥပဒေများနှင့် လုပ်ပိုင်ခွင့်များကို အမြန်ဆုံးချက်ချင်းပြန်လည်သုံးသပ်ရန်လိုအပ်လာမည်ဖြစ်ပြီး သင့်တော် သောအရေးယူမှုများကိုလည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း သမ္မတ ဘိုင်ဒန်က ပြောဆိုသည်။

လူမည်းအမျိုးသမီး Jessica Nabongo

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးကို ခရီးသွားနိုင်ခဲ့တဲ့ ပထမဆုံး လူမည်းအမျိုးသမီး

by ညီညီသူ
15 January 2020
8.2k

Forbes မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ သူ့အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ခရီးသွားရတာကို စိတ်ဝင်စားခဲ့ပြီး ကမ္ဘာ့မြေမျက်နှာပြင်အားလုံးပေါ် ခြေချချင်စိတ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Next Post
၆၆ ( ဃ ) ဖြင့်တရားစွဲခံ ရခိုင်အမတ်  ရဲစခန်းသို့  လာရောက်အဖမ်းခံ (ရုပ်/သံ)

၆၆ ( ဃ ) ဖြင့်တရားစွဲခံ ရခိုင်အမတ် ရဲစခန်းသို့ လာရောက်အဖမ်းခံ (ရုပ်/သံ)

ဦးကျော်သူနဲ့ သရုပ်ဆောင် ထွန်းကိုကို / Yanpaing Tun Ko's Facebook

“အားလုံးရဲ့ မေတ္တာကြောင့် အကောင်းဆုံး ကျော်ဖြတ်ခဲ့တာပါ”လို့ ထွန်းကိုကို ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved