• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အားလုံးရဲ့ မေတ္တာကြောင့် အကောင်းဆုံး ကျော်ဖြတ်ခဲ့တာပါ”လို့ ထွန်းကိုကို ပြော

by ချစ်ပိုး
17 November 2020
in Entertainment
A A
ဦးကျော်သူနဲ့ သရုပ်ဆောင် ထွန်းကိုကို / Yanpaing Tun Ko's Facebook

ဦးကျော်သူနဲ့ သရုပ်ဆောင် ထွန်းကိုကို / Yanpaing Tun Ko's Facebook

5.9k
VIEWS
Share on FacebookShare on Twitter

နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ ဈာပနလမ်းကြောင်းတွေ ပြန်လည် လုပ်ကိုင်နေတဲ့ သရုပ်ဆောင် ထွန်းကိုကိုက ဆေးရုံက ဆင်းပြီးနောက် အိမ်မပြန်ဖြစ်သေးဘဲ ပရဟိတအလုပ်တွေ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဆေးရုံတက်ရတယ်။ ဆေးရုံက ဆင်းပြီး Home Quarantine ၇ ရက်နေရတယ်။ အဲ့ဒါလည်း အသင်းမှာပဲ နေတယ်။ အပြင်ထွက်လို့ရတာ ၃ ရက် ရှိပြီ။ ကျနော်ပြန်ပြီး ပရဟိတ လုပ်ငန်းတွေ ပြန်လုပ်နေတယ်။ အသင်းမှာပဲ ဈာပနလမ်းကြောင်းတွေ ပို့တယ်။ အိမ်လည်း မပြန်ရသေးဘူး။ အိမ်တော့ ခဏပြန်မယ်။ နောက်ပိုင်းလည်း ပရဟိတလုပ်ငန်းတွေ ဆက်ပြီးတော့ လုပ်မှာပါ”လို့ ထွန်းကိုကိုက ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311
သရုပ်ဆောင် ထွန်းကိုကို (ဓာတ်ပုံ – Yanpaing Tun Ko’s Facebook)

COVID-19 ရောဂါ ကူးစက်ခံခဲ့ရတဲ့ ဦးကျော်သူနဲ့အတူ ဝေဘာဂီ ဆေးရုံကို လိုက်လံ ပြုစုခဲ့တဲ့ အကြောင်းကိုလည်း အခုလို ဆိုပါတယ်။

“ဦးမောင် နောက်ကို လိုက်သွားဖြစ်တာက ကိုယ့်ဆရာသမားလည်း ဖြစ်တယ်။ အသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်တော့ လိုက်သွားဖြစ်တာ။ ဦးမောင်ဖြစ်မှာကို အရမ်းစိုးရိမ်တယ်။ ဈာပနလမ်းကြောင်းတွေတောင် မသွားခိုင်းဘူး။ ဖြစ်မှာ စိုးရိမ်လို့။ အဲ့လို ဂရုစိုက်နေရင်းနဲ့ ဖြစ်သွားခဲ့တယ်။ ဖြစ်တာက ၃ ယောက်၊ ကျန်တဲ့ နှစ်ယောက် တခြားစင်တာကို သွားမှာ။ ဦးမောင်က တယောက်တည်း ဝေဘာဂီကို သွားရမှာ”

“အဲ့မှာ ကျနော်လည်း လိုက်သွားလိုက်တာ။ ဘာမှ စဉ်းစားချိန် မရသလို ဘယ်သူ့ကိုမှလည်း တိုင်ပင်ချိန် မရဘူး။ မဖြစ်မနေ လုပ်ရမယ်ဆိုတဲ့ အသိစိတ်တခုနဲ့ ကျနော် လိုက်သွားပေးတယ်။ ဦးမောင် တယောက်တည်းဆို အထဲမှာ စိတ်အားငယ်မယ်။ စိတ်ဓာတ်ကျမယ်။ အရေးရယ်၊ အကြောင်းရယ် ဖြစ်လာရင် ဘယ်သူပြုစုမလဲဆိုတဲ့ စိတ်နဲ့ စဉ်းစားပြီး လိုက်သွားတာပါ”လို့ ထွန်းကိုကိုက ပြောပါတယ်။

ဝေဘာဂီဆေးရုံမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ၊ အမှတ်တရတွေ အကြောင်းလည်း အခုလိုပဲ ပြောပါတယ်။

“ကျနော်တို့ နှစ်ယောက်တည်း ရှိတော့ စကားတွေ ပြောဖြစ်တယ်။ ဘာသာရေး ပိုလုပ်ဖြစ်တယ်။ အားဆေးတွေ သောက်တယ်။ ဦးမောင် မွေးနေ့လည်း နှစ်ယောက်တည်း ဖြတ်သန်းလိုက်ရတာ အမှတ်တရ ဖြစ်သွားတယ်။ သီတင်းကျွတ်လပြည့်နေ့လည်း အဲ့မှာပဲ။ ၅ နှစ်မှ တကြိမ် ပေးရတဲ့ မဲကို ဆေးရုံမှာ ပေးလိုက်ရတာကလည်း အမှတ်တရတွေပါ”လို့ ထွန်းကိုကိုက ပြောပါတယ်။

လက်ရှိမှာတော့ နှစ်ယောက်စလုံး ကျန်းမာရေး အခြေအနေ ကောင်းမွန်ပြီး ပရိသတ်တွေ ပေးတဲ့ မေတ္တာကြောင့် ကျေးဇူးတင်တယ်လို့ ထွန်းကိုကိုက ပြောပါတယ်။

“ကျနော်တို့ နှစ်ယောက်လုံးရဲ့ ကျန်းမာရေး အခြေအနေကတော့ ကောင်းပါတယ်။ ကျနော်တို့ကို ပရိသတ်တွေ မိတ်ဆွေတွေ အားလုံးက ဝိုင်းပြီး စိတ်ပူပေးကြတယ်။ ကျနော်တို့ကို အရမ်းဂရုစိုက်ကြတယ်။ အစားအသောက်တွေလည်း ပို့ပေးကြတယ်။ ဆရာတော်တွေကလည်း မေတ္တာတွေ ပို့ပေးတယ်။ အားလုံးရဲ့ မေတ္တာဓာတ်တွေ၊ ချစ်ခြင်းမေတ္တာတွေကြောင့် ဘာမှ မဖြစ်ဘဲနဲ့ အကောင်းဆုံး ကျော်ဖြတ်ခဲ့တယ်လို့ ထင်ပါတယ်။ ပရိသတ်တွေ၊ မိတ်ဆွေတွေ အားလုံးလည်း ကျေးဇူးတင်ပါတယ်”လို့ ထွန်းကိုကိုက ပြောပါတယ်။

COVID-19 ရောဂါက အန္တရာယ်လည်း များတာကြောင့် မဖြစ်မနေ အပြင်ထွက်ရတယ်ဆိုရင်လည်း စည်းကမ်းတွေ လိုက်နာကြပါလို့ ထွန်းကိုကိုက တိုက်တွန်းထားပါတယ်။

သရုပ်ဆောင် ထွန်းကိုကို (ဓာတ်ပုံ – Yanpaing Tun Ko’s Facebook)

“ကိုဗစ်ရောဂါက မူရာမာယာ များတယ်။ အန္တရာယ်လည်း များတယ်။ မကူးစက်ခင်က ကြိုတင် ကာကွယ်တာတော့ အကောင်းဆုံးပေါ့။ ကိုယ့်ကိုကူးတဲ့ ပိုးက ပြင်းထန်တဲ့ ဗိုင်းရပ်စ်လား၊ ပျော့တဲ့ ဗိုင်းရပ်စ်လား မသိနိုင်ဘူး။ အရမ်းတော့ အန္တရာယ်များတယ်”

“ရောဂါဖြစ်ပြီးရင် မသေလောက်ပါဘူး ထင်ထားပေမယ့် လူကြီး ကျား၊ မ မရွေး ဆွဲခေါ်သွားနိုင်ပါတယ်။ အတတ်နိုင်ဆုံးတော့ အပြင်မထွက်တာ အကောင်းဆုံးပေါ့။ ဒါပေမဲ့ မဖြစ်မနေ စားဝတ်နေရေးအတွက် ထွက်ရတဲ့သူတွေ စည်းကမ်းတွေ လိုက်နာဖို့ လိုတယ်”လို့ ထွန်းကိုကိုက ပြောပါတယ်။

သရုပ်ဆောင် ထွန်းကိုကိုကတော့ ကိုဗစ်ကာလမှာလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)နဲ့အတူ လူမှုကယ်ဆယ်ရေး အလုပ်များ၊ ပရဟိတ အလုပ်များ လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

You may also like these stories:

အွန်လိုင်းကနေ သီချင်းသစ်တွေ တင်ပေးဖို့ရှိတဲ့ ထွန်းရတီ

“အနုပညာအလုပ်တွေ နားထားချိန်မှာ ခဏတာ ဈေးရောင်းတာပါ”လို့ လိမ္မော်သီး ဆို

ကိုရီးယားခရီးစဉ်အတွက် Project K အဖွဲ့မှ ကျေးဇူးတင်စကားဆို

Your Thoughts …
Tags: ထွန်းကိုကိုနာရေးကူညီမှုအသင်းဝေဘာဂီဆေးရုံဦးကျော်သူ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူတဦး ပစ်ခတ်ခံရချိန် ကြက်ခြေနီအဖွဲ့ဝင်များက သယ်ဆောင်ယူလာစဉ် / ဧရာဝတီ

အာဏာသိမ်းမှုအောက်က ပရဟိတသမားများ

by ဧရာဝတီ
3 September 2022
4.3k

အာဏာသိမ်း စစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်သူမှန်သမျှကို အကြမ်းဖက် နှိပ်ကွက်လျက်ရှိပြီး စေတနာ့ဝန်ထမ်း ပရဟိတသမားများကိုပင်လျှင် အလွတ်မပေးပေ။

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ / Kyaw Thu's Facebook

ဦးကျော်သူနှင့် ဇနီး ကိုယ်ကျိုးအတွက် ငွေအလွဲသုံးစား မလုပ်ကြောင်း သမီးဖြစ်သူ ဖွင့်ဟ

by ဧရာဝတီ
9 March 2021
14.1k

ဦးကျော်သူနှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေတို့အား အပြည့်အဝ ယုံကြည်ကြောင်းကိုလည်း အနုပညာရှင် အသိုင်းအဝန်းနဲ့ ပြည်သူလူထုများက လူမှုကွန်ရက်မှာ ရေးသား တင်ထားကြပါတယ်။

ပဲခူးတိုင်း ရဲတပ်ဖွဲ့  / Bago Weekly News

ပဲခူးက ဒုရဲအုပ် ဈာပန ကူညီမည့် နာရေးအသင်း မရှိ

by ဧရာဝတီ
18 March 2021
192.1k

ပဲခူးက ဘယ်အဖွဲ့ကမှ သူတို့ကို မကူညီကြဘူး။ နာရေးကူညီမှုအသင်းကို အသုဘချ‌ပေးဖို့ အကူအညီ တောင်းပေမယ့် အဲဒီအဖွဲ့က ငြင်းလိုက်တယ်လို့ ကြားတယ်

သရုပ်ဆောင် ကျော်သူ / Kyaw Thu's Facebook

“ကျော်သူ မရှိရင် ကျော်သူထက် သာတဲ့တယောက် ရှိရမယ်”

by ချစ်ပိုး
21 October 2020
23.6k

ကျနော်ကလည်း ဥက္ကဋ္ဌဆိုပြီး တတ်သိနေတဲ့သူလည်း မဟုတ်ဘူး။ မသာချတဲ့ တက္ကသိုလ်က ဘွဲ့ရလာတဲ့ ကောင်လည်း မဟုတ်ဘူး။

မတ်လ ၃ရက်နေ့က ရန်ကုန် နာရေးကူညီမှု အသင်းအား စစ်တပ်နှင့် ရဲက ဝင်ရောက်စီးနင်းပြီးနောက် တွေ့ရသည့် မြင်ကွင်း

စစ်သားနှင့်ရဲ ရိုက်နှက်၍ ရန်ကုန် နာရေးကူညီမှု အသင်းသားများ ဒဏ်ရာရ

by ဧရာဝတီ
4 March 2021
47.3k

အသင်းသားများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း မရှိသော်လည်း တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အသင်းပိုင် ပစ္စည်း အများ အပြားကို ရိုက်ခွဲဖျက်ဆီး သွားသည်ဟုလည်း ၎င်းက ဆိုသည်။

သရုပ်ဆောင် ထွန်းကိုကိုနဲ့ ဦးကျော်သူ / Kyaw Thu's Facebook

ထွန်းကိုကိုအား နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အတွင်းရေးမှူးအဖြစ် ခန့်အပ်

by ချစ်ပိုး
28 December 2020
3.4k

“ဝန်ထမ်း ၉၀ ကျော်ခန့်က လွဲ၍ မည်သူမျှ လစာမယူရပါ။ "အသင်းသည် မိမိအတွက် မဖြစ်စေရ။ မိမိကသာ အသင်းအတွက် ဖြစ်စေရမည်"ဟု အားလုံးက အဓိဋ္ဌာန် ပြုထားကြသည်။

Next Post
ယနေ့ မောင်တောမြို့နယ် ကားမိုင်းကွဲမှု ဖြစ်စဉ် မြင်ကွင်း / နံ့သာတောင်ဆရာတော် / Facebook

မောင်တောတွင် မိုင်းပေါက်ကွဲ ၃ ဦးသေ၊ ၆ ဦး ဒဏ်ရာပြင်းထန်

၂၀၂၀ သြဂုတ် ၁၉ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ရွှေကြာပင်ရပ်ကွက် NLD ပါတီဝင်များ၏ နေအိမ်များသို့ လှည့်လည်တွေ့ဆုံစဉ် / သီဟလွင် / ဧရာဝတီ

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒေါ်အောင်ဆန်းစုကြည်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved