• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကိုရီးယားခရီးစဉ်အတွက် Project K အဖွဲ့မှ ကျေးဇူးတင်စကားဆို

by ယုဖြူဟန်
16 November 2020
in Entertainment
A A
Project K အဖွဲ့  / Project K's Facebook

Project K အဖွဲ့ / Project K's Facebook

4.6k
VIEWS
Share on FacebookShare on Twitter

ကိုရီးယားနိုင်ငံမှာ အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့တဲ့ Asia Song Festival 2020 မှာ မြန်မာကိုယ်စားပြု သွားရောက် ဖျော်ဖြေခဲ့တဲ့ Project K အဖွဲ့ကတော့ သွားရောက် ဖျော်ဖြေစဉ်အချိန်နဲ့ မြန်မာနိုင်ငံသို့ ပြန်လာကြတဲ့အချိန်မှာပါ ဝေဖန် တိုက်ခိုက်မှုတွေ များစွာကြုံတွေ့ခဲ့ကြရပါတယ်။

အဆိုပါ ဝေဖန်မှုများစွာကို ပြန်လည် ဖြေရှင်းခဲ့သလို တောင်းပန်မှုများလည်း ပြုလုပ်ခဲ့ကြပြီး ထပ်မံပြီးတော့လည်း ဒီခရီးစဉ်နဲ့ ပတ်သက်၍ ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

“ပထမဦးစွာ ကျနော်တို့ Project K အဖွဲ့ အား ကိုရီးယားမှာ Training ပြုလုပ်ပေးပါရန် တောင်းဆိုပေးခဲ့သော အမေ ဒေါ်အောင်ဆန်းစုကြည်အား ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်အပ်ပါတယ် ခင်ဗျာ”

Project K

“ထို့နောက် ကိုရီးယားခရီးစဉ် ဖြစ်မြောက်ရေးအတွက်ရော ခရီးစဉ် တလျှောက်လုံးမှာပါ ကူညီပေးကြတဲ့ မြန်မာ-ကိုရီးယား ၂ နိုင်ငံမှ တာဝန်ရှိ လူကြီးမင်းများ၊ POSCO International၊ SL studio၊ Modern Pilates၊ Asia Song Festival 2020၊ ညီလေး Kevin Lim အစရှိတဲ့ ပါဝင် ပတ်သတ်ပေးခဲ့ကြသော တဦးတယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ပါတယ်” လို့ Project K အဖွဲ့က ပြောပါတယ်။

ကိုရီးယားပြန်လာတဲ့အချိန်မှာ သူတို့အဖွဲ့ရဲ့လုံခြုံရေးကို တာဝန်ယူပေးကြတဲ့ သူတွေကိုလည်း ကျေးဇူးတင်စကားဆိုထားပါတယ်။

“ဒါ့အပြင် ကျနော်တို့ ကိုရီးယားက ပြန်ရောက်သည့်အခါတွင်လည်း ကျနော်တို့ရဲ့ လုံခြုံရေးပိုင်းကို အပြည့်အဝ တာဝန်ယူပေးကြပါသော လူကြီးမင်းများ၊ သံပျဉ်ဆောင်မှ ဆရာ၊ ဆရာမများနဲ့ Volunteer များ အားလုံး အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ” လို့ ပြောပါတယ်။

ဆက်လက်ပြီး “နောက်ဆုံးအနေနဲ့ ကျေးဇူးတင်ချင်တာကတော့ Project K အတွက်ဆို အမြဲတမ်း မားမားမတ်မတ်နဲ့ အမြဲအားပေးကြမ်းတဲ့ ကျနော်တို့ရဲ့ GUMs (Project K ရဲ့ အမာခံ ပရိသတ်) တွေပါပဲ။ ကျနော်တို့ ဒီနေ့ ဒီလိုနေရာကို ရောက်လာတာ GUMs တွေကြောင့်လည်း အများကြီးပါပါတယ်။ အဲတော့ GUMs တွေ အားလုံးကိုလည်း တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှ Boy Band အဖွဲ့ တဖွဲ့ ဖြစ်တဲ့ Project K အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ “Asia Song Festival 2020” ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက် ဖျော်ဖြေခဲ့ကြပါတယ်။ ဒီလိုဖျော်ဖြေတဲ့အခါမှာ အောက်တိုဘာ ၁၀ ရက်နေ့က သူတို့ရဲ့ Page မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်မှာ ရွှေတိဂုံဘုရား ပုံရိပ်ကို နင်း၍ ဖျော်ဖြေတင်ဆက်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ဒီလို ဝေဖန်မှုတွေ မြင့်တက်ခဲ့တာကြောင့် ကိုရီးယားနိုင်ငံဘက်မှလည်း ပြန်လည် တောင်းပန်ခဲ့ကြသလို အဆိုပါ ဗီဒီယိုဖိုင်ကိုလည်း ဖြုတ်ချခဲ့ပါတယ်။ ကာယကံရှင်တွေ ဖြစ်ကြတဲ့ Project K အဖွဲ့မှလည်း သူတို့ရဲ့ပေါ့ဆမှုကြောင့်ဖြစ်ခဲ့ရတဲ့ အမှားတခုအတွက် ပြန်လည် တောင်းပန်မှုများလည်း ပြုလုပ်ခဲ့ကြပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ညမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့မှာ တောင်ကိုရီးယားနိုင်ငံမှ ပြန်လည် ရောက်ရှိလာမယ့် Project K အဖွဲ့ကို လူတစုမှ စောင့်ကြိုကာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

Project K အဖွဲ့ဟာ လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး သူတို့အဖွဲ့ကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ချီးကျူးမှုကို ရရှိထားသူတွေလည်း ဖြစ်ပါတယ်။

Your Thoughts …
Tags: Asia Song Festival 2020Projeck Kကိုရီးယားခရီးစဉ်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

Project K အဖွဲ့  / ချစ်ပိုး / ဧရာဝတီ

မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ကိုရီးယားမှာ သွားဖျော်ဖြေမယ့် Project K အဖွဲ့

by ယုဖြူဟန်
11 September 2020
10.2k

“လာမယ့် ၁၄ ရက်နေ့ကျရင် ကျနော်တို့ ကိုရီးယားကို ရောက်မယ်။ ရောက်ရင် ကိုဗစ် စစ်ရမယ်။ ပြီးရင်ကျနော်တို့ Training တွေ တောက်လျှောက် ရှိတယ်။ နေ့တိုင်းကို အပြည့်ရှိတယ်။

Project K အဖွဲ့  /  Project K's Facebook Page

အမှားတခုကို ပုံကြီးမချဲ့ဘဲ သဘောထားကြီးပေးကြဖို့ Project K အဖွဲ့မှ တောင်းပန်

by ယုဖြူဟန်
12 October 2020
61k

စေတနာကြောင့် မှားခဲ့တဲ့ အမှားတခုအတွက် ပုံကြီးမချဲ့ဘဲ သဘောထားကြီးပေးလိုက်ခြင်းဟာ မိတ်ဆွေနိုင်ငံရဲ့ အမှားကိုလည်း သဘောထားကြီးရာ ရောက်တယ်လို့ ဆိုပါတယ်။

Next Post
မက္ကဆီကိုမှာ ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက် ၁ သိန်း နီးပါးရှိလာပြီလို့ ဆိုပါတယ်။

မက္ကဆီကိုမှာ COVID-19 ကူးစက်မှု ၁ သန်းကျော်ပြီ

အဆိုတော် လိမ္မော်သီး / နေပိုင် / ဧရာဝတီ

“အနုပညာအလုပ်တွေ နားထားချိန်မှာ ခဏတာ ဈေးရောင်းတာပါ”လို့ လိမ္မော်သီး ဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved