• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ထွန်းကိုကိုအား နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အတွင်းရေးမှူးအဖြစ် ခန့်အပ်

by ချစ်ပိုး
28 December 2020
in Entertainment
A A
သရုပ်ဆောင် ထွန်းကိုကိုနဲ့ ဦးကျော်သူ / Kyaw Thu's Facebook

သရုပ်ဆောင် ထွန်းကိုကိုနဲ့ ဦးကျော်သူ / Kyaw Thu's Facebook

3.4k
VIEWS
Share on FacebookShare on Twitter

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူဟာ သူယုံကြည် အားကိုးရတဲ့ သူ့ရဲ့ သားတပည့် သရုပ်ဆောင် ထွန်းကိုကိုအား နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ အတွင်းရေးမှူးအဖြစ် ခန့်အပ်လိုက်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့က သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ တရားဝင် ကြေညာခဲ့ပါတယ်။

“အခမဲ့ ဥက္ကဋ္ဌနဲ့ အခမဲ့ အတွင်းရေးမှူး အနုပညာ ညီအစ်ကိုတို့၏ ပေါင်းစည်းမှု ပရဟိတ ခွန်အားများ ၂၀၂၁ ခုနှစ်သစ်အား ကြိုဆိုလိုက်ပါပြီ။ အသင်းအဖွဲ့မှာ ကြီးမားတိုးမြင့်လာသည်နှင့်အညီ လူပေါင်းစုံ၊စရိုက်ပေါင်းစုံ၊ ပြဿနာပေါင်းစုံ ဖြစ်လာတော့၍ အုပ်ချုပ်မှု မြင့်မားလာတော့သည်။ စည်းကမ်းချက်များ များပြားလာရတော့သည်။ ဥက္ကဋ္ဌ၊ဒု ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ (BOD) အဖွဲ့၊ ကြီးကြပ်ရေးမှူးများ၊ ဝန်ထမ်းများ၊ လုပ်အားပေးများ၊ စည်းကမ်းထိန်းသိမ်း ပညာပေးမှု အဖွဲ့များ စသည်တို့ကို ဖွဲ့စည်းလာခဲ့ရသည်”လို့ ဦးကျော်သူက ပြောပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ လုပ်အားပေးနေတဲ့ ထွန်းကိုကိုအား အခမဲ့ အတွင်းရေးမှူးအဖြစ် ခန့်အပ်လိုက်တာဖြစ်ပြီး သူကိုယ်တိုင်ကလည်း အခမဲ့ ဥက္ကဋ္ဌ ဖြစ်တယ်လို့ ဦးကျော်သူက ဆိုပါတယ်။

သရုပ်ဆောင် ထွန်းကိုကိုနဲ့ ဦးကျော်သူ (ဓာတ်ပုံ – Kyaw Thu’s Facebook)

“ဝန်ထမ်း ၉၀ ကျော်ခန့်က လွဲ၍ မည်သူမျှ လစာမယူရပါ။ “အသင်းသည် မိမိအတွက် မဖြစ်စေရ။ မိမိကသာ အသင်းအတွက် ဖြစ်စေရမည်”ဟု အားလုံးက အဓိဋ္ဌာန် ပြုထားကြသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစခဲ့သည့် နာရေးကူညီမှု အသင်းကြီးသည် ယနေ့တိုင် နာမည်ကောင်းဖြင့် တိုးတက်မြင့်မားစွာ တည်ရှိနေခြင်းသည် စည်းကမ်းရှိခြင်း၊ စည်းကမ်း ဖောက်ပါက တိကျစွာ အရေးယူခြင်း၊ ဖွဲ့စည်းပုံ စည်းမျဉ်းအား လိုအပ်ပါက ပြုပြင်ခြင်း၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသောဗြဟ္မစိုရ်တရား လေးပါးအား လက်ကိုင်ပြုထားနိုင်ခြင်းအပြင် ပရဟိတ သစ္စာဆိုနိုင်ခြင်းတို့ကြောင့်ဟု ရဲရဲကြီး ပြောဝံ့သည်”လို့ ဦးကျော်သူက ပြောပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ယခင်က အတွင်းရေးမှူးနေရာမှာ ဦးကျော်သူရဲ့ ဇနီးဖြစ်သူ ဒေါ်ဇီးကွက်က တာဝန်ယူခဲ့ပြီး ယခုအခါ ဘာသာရေးကို ပိုမို ကျင့်ကြံလိုတာကြောင့် ၂၀၂၁ ခုနှစ်မှ စတင်ကာ ထွန်းကိုကိုက ဆက်လက် တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။

“ယခင်က အတွင်းရေးမှူးနေရာတွင် ကျနော်၏ ပါရမီဖြည့်ဖက် ရွှေဇီးကွက် ပါဝင်ခဲ့သော်လည်း သူမသည် ယခုအခါ၌ ဘာသာရေးအား အဓိက ကျင့်ကြံကြိုးကုတ်လိုသော ဆန္ဒဖြင့် အသင်းကြီးအား အကြံပေး BOD အဖွဲ့ဝင် တာဝန်နေရာမှ ပေးဆပ်ကာ ယခု ၂၀၂၁ ခုနှစ်သစ်မှ စတင်ကာ သရုပ်ဆောင် ထွန်းကိုကိုအား သူမမှ ဆန္ဒပြုပေးခဲ့သလို (BOD) အဖွဲ့ဝင်များ၏ သဘောတူညီချက်ဖြင့် နေရာပေးခဲ့ပြီ ဖြစ်သည်”

“ထို့ကြောင့် လစာမဲ့၍ အချိန်ပြည့် စဉ်ဆက်မပြတ် လာရောက် ပေးဆပ်နေကြသော အခမဲ့ ဥက္ကဋ္ဌနှင့် အခမဲ့ အတွင်းရေးမှူး အနုပညာ ညီအစ်ကို နှစ်ယောက်မှ ၂၀၂၁ ခုနှစ်သစ်အား ကြိုဆို နူတ်ခွန်းဆက်ရင်းဖြင့် အများပြည်သူလူထုတို့အား အမိမြန်မာပြည်ကြီးအတွက် အုတ်တချပ် သဲတပွင့် ပေးဆပ်မှုများ ပြုပေးရင်းဖြင့် မိမိတို့၏ သံသရာအတွက် ပါရှိမည့် ကုသိုလ်ထုပ်များအား အတူတကွ စတင် ထုပ်ပိုးနေပြီဖြစ်ပါကြောင်း ချစ်သူ၊ မုန်းသူအားလုံးအား အသိပေးလိုက်ရပါသည်”လို့ ဦးကျော်သူက အသိပေးထားပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317
သရုပ်ဆောင် ထွန်းကိုကိုနဲ့ ဦးကျော်သူ (ဓာတ်ပုံ – Kyaw Thu’s Facebook)

နာရေးကူညီမှုအသင်း (ရန်ကုန်)ဟာ ကိုဗစ်ကာလအတွင်းမှာလည်း နာရေးပို့ဆောင်မှုများကို စဉ်ဆက်မပြတ် လုပ်ကိုင်လျက်ရှိပါတယ်။ ဦးကျော်သူဟာ အောက်တိုဘာလအတွင်းက COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး သူနဲ့အတူ လိုက်ပါ ပြုစုခဲ့တဲ့ သရုပ်ဆောင် ထွန်းကိုကိုလည်း COVID-19 ရောဂါ Positive တွေ့ရှိခဲ့ပါတယ်။

ဦးကျော်သူနဲ့ ထွန်းကိုကို နှစ်ဦးစလုံး ရောဂါပြန်လည် သက်သာလာပြီးနောက် နေအိမ်မှာ တပတ်ခန့် အနားယူကာ ယခုအခါ ပရဟိတအလုပ်များကို အတူ ပြန်လည် လုပ်ကိုင်လာတာ ဖြစ်ပါတယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်)ကိုတော့ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

“ကျော်သူ မရှိရင် ကျော်သူထက် သာတဲ့တယောက် ရှိရမယ်”

Your Thoughts …
Tags: ထွန်းကိုကိုဒေါ်ရွှေဇီးကွက်နာရေးကူညီမှုအသင်းအတွင်းရေးမှူးဦးကျော်သူ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး 

စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အရန်အင်အား အပို့ခံရ

by ဧရာဝတီ
10 January 2022
22.2k

ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးအား တပ်မတော်အရန်အင်အားအဖြစ်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူတဦး ပစ်ခတ်ခံရချိန် ကြက်ခြေနီအဖွဲ့ဝင်များက သယ်ဆောင်ယူလာစဉ် / ဧရာဝတီ

အာဏာသိမ်းမှုအောက်က ပရဟိတသမားများ

by ဧရာဝတီ
3 September 2022
4.3k

အာဏာသိမ်း စစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်သူမှန်သမျှကို အကြမ်းဖက် နှိပ်ကွက်လျက်ရှိပြီး စေတနာ့ဝန်ထမ်း ပရဟိတသမားများကိုပင်လျှင် အလွတ်မပေးပေ။

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ / Kyaw Thu's Facebook

ဦးကျော်သူနှင့် ဇနီး ကိုယ်ကျိုးအတွက် ငွေအလွဲသုံးစား မလုပ်ကြောင်း သမီးဖြစ်သူ ဖွင့်ဟ

by ဧရာဝတီ
9 March 2021
14.1k

ဦးကျော်သူနှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေတို့အား အပြည့်အဝ ယုံကြည်ကြောင်းကိုလည်း အနုပညာရှင် အသိုင်းအဝန်းနဲ့ ပြည်သူလူထုများက လူမှုကွန်ရက်မှာ ရေးသား တင်ထားကြပါတယ်။

ပဲခူးတိုင်း ရဲတပ်ဖွဲ့  / Bago Weekly News

ပဲခူးက ဒုရဲအုပ် ဈာပန ကူညီမည့် နာရေးအသင်း မရှိ

by ဧရာဝတီ
18 March 2021
192.1k

ပဲခူးက ဘယ်အဖွဲ့ကမှ သူတို့ကို မကူညီကြဘူး။ နာရေးကူညီမှုအသင်းကို အသုဘချ‌ပေးဖို့ အကူအညီ တောင်းပေမယ့် အဲဒီအဖွဲ့က ငြင်းလိုက်တယ်လို့ ကြားတယ်

သရုပ်ဆောင် ကျော်သူ / Kyaw Thu's Facebook

“ကျော်သူ မရှိရင် ကျော်သူထက် သာတဲ့တယောက် ရှိရမယ်”

by ချစ်ပိုး
21 October 2020
23.6k

ကျနော်ကလည်း ဥက္ကဋ္ဌဆိုပြီး တတ်သိနေတဲ့သူလည်း မဟုတ်ဘူး။ မသာချတဲ့ တက္ကသိုလ်က ဘွဲ့ရလာတဲ့ ကောင်လည်း မဟုတ်ဘူး။

မတ်လ ၃ရက်နေ့က ရန်ကုန် နာရေးကူညီမှု အသင်းအား စစ်တပ်နှင့် ရဲက ဝင်ရောက်စီးနင်းပြီးနောက် တွေ့ရသည့် မြင်ကွင်း

စစ်သားနှင့်ရဲ ရိုက်နှက်၍ ရန်ကုန် နာရေးကူညီမှု အသင်းသားများ ဒဏ်ရာရ

by ဧရာဝတီ
4 March 2021
47.3k

အသင်းသားများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း မရှိသော်လည်း တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အသင်းပိုင် ပစ္စည်း အများ အပြားကို ရိုက်ခွဲဖျက်ဆီး သွားသည်ဟုလည်း ၎င်းက ဆိုသည်။

Next Post
ရန်ကုန်မြို့သည် မြန်မာ့စီးပွားရေး၏ အချက်အချာ ဖြစ်ဆဲပင် / ထက်ဝေ / ဧရာဝတီ

တနှစ်တာမြန်မာ့စီးပွားရေးကို ပြန်လည်သုံးသပ်ခြင်း

ပြင်သစ်မှာလည်း COVID-19 အမျိုးအစားသစ် ကူးစက်ခံထားရသူ တွေ့ရှိထားပါတယ်။

COVID-19 အမျိုးအစားသစ် ယူကေ အပါအဝင် ၁၆ နိုင်ငံမှာ ကူးစက်ပျံ့နှံ့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved