• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်သားနှင့်ရဲ ရိုက်နှက်၍ ရန်ကုန် နာရေးကူညီမှု အသင်းသားများ ဒဏ်ရာရ

by ဧရာဝတီ
4 March 2021
in သတင်း
A A
မတ်လ ၃ရက်နေ့က ရန်ကုန် နာရေးကူညီမှု အသင်းအား စစ်တပ်နှင့် ရဲက ဝင်ရောက်စီးနင်းပြီးနောက် တွေ့ရသည့် မြင်ကွင်း

မတ်လ ၃ရက်နေ့က ရန်ကုန် နာရေးကူညီမှု အသင်းအား စစ်တပ်နှင့် ရဲက ဝင်ရောက်စီးနင်းပြီးနောက် တွေ့ရသည့် မြင်ကွင်း

47.3k
VIEWS
Share on FacebookShare on Twitter

စစ်သားနှင့် ရဲတပ်ဖွဲ့၏ အကြမ်းဖက် ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အသင်းသား ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့ထဲမှ ၂ ဦးမှာ ခေါင်း ကွဲသွားကြောင်း အသင်းသားတဦးက ဧရာဝတီကို ပြောသည်။

မတ် ၃ ရက်၊ ည ၁၁ နာရီခန့်တွင် စစ်သားနှင့်ရဲများက (အရေအတွက် မည်မျှရှိကြောင်း မသိရ) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အသင်းသားတဦးက “အဓိကကတော့ ကျနော်တို့ ဥက္ကဋ္ဌကို ရှာတာ။ အဓိက ဘယ်မှာ ရှိသလဲ၊ ဘာလဲ မေးတာပေါ့။ ကျန် တဲ့သူတွေကလည်း မသိဘူးပဲ ပြောတာပေါ့။ ဘာကြောင့်လဲဆို သူက ဒီမှာအိပ်တာလည်း မဟုတ်ဘူး။ အရိုက်ခံရတာက တော့ လူတိုင်းလိုလို အရိုက်ခံရတယ်။ အဲဒီထဲမှာ အသင်းအတွက် စေတနာ့ဝန်ထမ်း တယောက်နဲ့ ဝန်ထမ်း တယောက် ကတော့ ခေါင်းကွဲသွားတယ်။ အခုတော့ ဆေးကုသနေပါတယ်။ မစိုးရိမ်ရပါဘူး” ဟု ပြောသည်။

အသင်းသားများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း မရှိသော်လည်း တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အသင်းပိုင်ပစ္စည်း အများ အပြားကို ရိုက်ခွဲဖျက်ဆီး သွားသည်ဟုလည်း ၎င်းက ဆိုသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
58
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
42
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
290

၎င်းက “ဦးကျော်သူ အခန်းထဲကို ဝင်ရှာတယ်။ သူရုပ်ရှင် ရိုက်ရာမှာသုံးတဲ့ ဗွီဒီယိုတည်းဖြတ်စက်တွေပါ အကုန် သူတို့ယူ သွားတယ်။ ဦးကျော်သူ အခန်းအနောက်ဘက် ကပ်ရပ်မှာရှိတဲ့ ငွေစာရင်းအခန်းထဲကိုလည်း သူတို့ ဝင်ရှာတယ်။ ထုံးစံအ တိုင်း ငွေဝင်ရှာတာလို့ ထင်တာပဲ။ အမှုဆောင်ရုံးခန်း တော်တော်များများ ပါတယ်။ ကျနော်တို့ အဆောက်အဦ သုံးထပ်မှာ သုံးထပ်လုံး ဖျက်ဆီးခံရတာ။ နောက်ဆုံး ဘုရားခန်းပါ မှန်တွေကွဲ၊ ဘာတွေကွဲ အကုန်လုံးပါပဲ” ဟု ပြောပြသည်။

ယမန်နေ့ (မတ် ၃ ရက်) ညနေပိုင်းကလည်း ရန်ကုန်၊ မြောက်ဥက္ကလာပ မြို့နယ်အတွင်း ဆန္ဒပြနေသူသည့် ပြည်သူများ ထိ ခိုက်ဒဏ်ရာရမှုကို ကူညီပေးနေသော မွန်မြတ်စိတ်ထား လူမှုကူညီရေးအသင်းယာဉ်ပေါ်မှ ကျန်းမာရေး စေတနာ့ဝန်ထမ်း များကို ရဲယူနီဖောင်း ဝတ်ဆင်ထားသူများက အကြမ်းဖက် ရိုက်နှက်နေသည့် ဗီဒီယိုမှတ်တမ်းများ ပေါ်ထွက်လာခဲ့သည်။

၎င်းတို့အား သေနတ်ဒင်များ၊ နံပါတ်တုတ်များဖြင့် ကန်ကြောက် ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ အင်းစိန်ထောင် ပို့လိုက်သလို လူမှုကူညီရေး အသင်းယာဉ်ကိုလည်း ဖျက်ဆီးခဲ့သည်။

You may also like these stories:

စေတနာ့ဝန်ထမ်းများကို ပစ်မှတ်မထားရန် မြန်မာနိုင်ငံကြက်ခြေနီအသင်း ထုတ်ပြန်

Your Thoughts …
Tags: စစ်သားနာရေးကူညီမှုအသင်း(ရန်ကုန်)ရဲဦးကျော်သူ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နတ်မြစ်ထဲမှာမျောနေတဲ့ စစ်ကောင်စီတပ်သားတွေ (ရုပ်/သံ)

နတ်မြစ်ထဲမှာမျောနေတဲ့ စစ်ကောင်စီတပ်သားတွေ (ရုပ်/သံ)

by မိုးသောက်
16 July 2024
812

ရခိုင်ပြည်နယ်မြောက်ပိုင်းကတိုက်ပွဲတွေကြောင့် စက်လှေနဲ့ထွက်ပြေးလာတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) နဲ့ စစ်သား၁၀၀ကျော် နတ်မြစ်ထဲမျောနေတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေက ဇူလိုင်လ ၁၄ ရက်နေ့မှာ ဖော်ပြကြပါတယ်။

တော်လှန်ရေးက ပေါ်ထွက်လာတဲ့ ကရင်နီပြည် ရဲဌာန (ရုပ်/သံ)

တော်လှန်ရေးက ပေါ်ထွက်လာတဲ့ ကရင်နီပြည် ရဲဌာန (ရုပ်/သံ)

by ဘုန်းအောင်
25 August 2024
498

ကရင်နီပြည်အတွင်းက ပြည်သူလူထုရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူ့ ရဲဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ဆိုပြီး စစ်အာဏာသိမ်းမှုကို ဖီဆန် ဆန့်ကျင်တဲ့ CDM ရဲ တွေကနေ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ကို ဖွဲ့စည်းထားတာပါ။

ကျနော်တို့ မတရား စုဆောင်းခံရတာ (ရုပ်/သံ)

ကျနော်တို့ မတရား စုဆောင်းခံရတာ (ရုပ်/သံ)

by စောမေရီ
15 August 2024
423

စစ်ကောင်စီက ၂၀၂၄၊ ဖေဖော်ရီ ၁၀ရက်နေ့မှာ အတည်ပြု ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးချိန်က စပြီး လူငယ်တွေကို ဥပဒေအရ ရပ်ကွက်အလိုက် တရားဝင် စာရင်းကောက်ခံ တာတွေ ပြုလုပ်နေသလို စစ်မှုထမ်းဖို့ အတင်းအကြပ် ဖမ်းဆီး ပေါ်တာဆွဲတာတွေ...

စစ်အာဏာသိမ်းပြီး တလခန့်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လက သီတဂူဆရာတော်နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မြန်မာပြည်က သားသုံးသား အယူအဆ အရွေ့

by အုန်းညို
20 February 2023
8k

သားသုံးသားကတော့ ကျောင်းသား၊ စစ်သား၊ ဘုရားသားတို့ပဲ ဖြစ်ပါတယ်။

ဘုတလင်မှာ စစ်သား ၄၀ နီးပါး အရှင်ဖမ်းမိ (ရုပ်/သံ)

ဘုတလင်မှာ စစ်သား ၄၀ နီးပါး အရှင်ဖမ်းမိ (ရုပ်/သံ)

by ဘုန်းအောင်
1 October 2024
317

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင်းဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ အယောက် ၄၀ နီးပါးကို အရှင်ဖမ်းဆီးမိခဲ့ကြပါတယ်။

အမျိုးသမီးနှင့် ကလေးတွေကိုပါ စစ်ကောင်စီက ဓါးစာခံလုပ်နေသည် (ရုပ်/သံ)

အမျိုးသမီးနှင့် ကလေးတွေကိုပါ စစ်ကောင်စီက ဓါးစာခံလုပ်နေသည် (ရုပ်/သံ)

by ဧရာဝတီ
30 June 2024
276

စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲနိုင်ရေးအတွက် အရပ်သားများကို ဓားစာခံ၊ လူသားတံတိုင်း၊ လူသားဒိုင်း ပြုလုပ်ပြီး အကာအကွယ်ယူနေသကဲ့သို့ လက်အောက်ခံ စစ်သားနှင့်ရဲများကိုလည်း ၎င်းတို့၏ ဇနီးနှင့် ကလေးများကို ဓားစာခံပြုပြီး စစ်တိုက်ခိုင်းနေသည်။

Next Post
ဖေဖော်ဝါရီလအတွင်းက လှည်းတန်းတွင် ချထားသော စစ်သားများအား တွေ့ရစဉ်/ဧရာဝတီ

အရေးယူပိတ်ဆို့မှုနှင့် အထီးကျန်ခြင်းကို ခံနိုင်ကြောင်း စစ်ကောင်စီ ပြော

သရုပ်ဆောင် မင်းမော်ကွန်း  / ဧရာဝတီ

ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မင်းမော်ကွန်း တောင်းဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.5k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved