စစ်ကောင်စီက ၂၀၂၄၊ ဖေဖော်ရီ ၁၀ရက်နေ့မှာ အတည်ပြု ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးချိန်က စပြီး လူငယ်တွေကို ဥပဒေအရ ရပ်ကွက်အလိုက် တရားဝင် စာရင်းကောက်ခံ တာတွေ ပြုလုပ်နေသလို စစ်မှုထမ်းဖို့ အတင်းအကြပ် ဖမ်းဆီး ပေါ်တာဆွဲတာတွေ ပြုလုပ်နေပါတယ်။
အဲ့ဒီလို အတင်းအကြပ် စစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေထဲမှာ ကိုအောင်ဇော်သူ၊ ကိုအောင်မြတ်ဖြိုးနဲ့ ကိုကျော်ဖြိုးလှိုင်တို့ ၃ ဦးလည်းပါဝင်ပါတယ်။ သူတို့ကို စစ်တပ်က ဒညင်းကုန်းတပ်မတော် စစ်သားစုဆောင်းရေးမှာ ဖမ်းဆီး ထိန်းသိမ်းပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊ အရာတော်မြို့နယ်က အမှတ် (၁၀) စစ်လေ့ကျင့်ရေးသင်တန်းကျောင်းကို ပို့လိုက်ပါတယ်။
ဒါပေမယ့် သင်တန်းကျောင်းကို သွားတဲ့ လမ်းခုလတ် တနေရာမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တွေ့ခဲ့တာကြောင့် စစ်သင်တန်းကျောင်းတွေကို မရောက်လိုက်ဘဲ ဒေသခံ ကာကွယ်ရေးတပ်တွေကပဲ ထိန်းသိမ်း စောင့်ရှောက်ထားပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်သားစုဆောင်း #စစ်မှုထမ်းဥပဒေ