မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ပေါ်မှာရှိတဲ့ အစိုးရ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားတွေအားလုံးနီးပါး ဩဂုတ်လ ၁၄ ရက်နေ့မှာ ရပ်တန့်သွားပြီလို့ မြို့ခံတွေ က ဧရာဝတီကို ပြောပါတယ်။
မြင်းခြံမြို့ပေါ်မှာ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေအပါအဝင် ဌာနဆိုင်ရာရုံးတွေကို ပိတ်ထားလိုက်ပြီလို့ သိရပါတယ်။
မြင်းခြံခရိုင်အတွင်းက နွားထိုးကြီးမြို့နဲ့ တောင်သာမြို့နယ်တွေမှာ သြဂုတ်လ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့နောက် မြင်းခြံမြို့ပေါ်မှာပါ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #မြင်းခြံ #စစ်ကောင်စီ #အုပ်ချုပ်ရေးရပ်ဆိုင်း
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR