ရခိုင်ပြည်နယ်မြောက်ပိုင်းကတိုက်ပွဲတွေကြောင့် စက်လှေနဲ့ထွက်ပြေးလာတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) နဲ့ စစ်သား၁၀၀ကျော် နတ်မြစ်ထဲမျောနေတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေက ဇူလိုင်လ ၁၄ ရက်နေ့မှာ ဖော်ပြကြပါတယ်။
အဲ့ဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လက်မခံတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ကိုခြားထားတဲ့ နတ်မြစ်ထဲမှာ မျောနေတယ်လို့ သူတို့ရဲ့သတင်းတွေက ဖော်ပြနေကြတာဖြစ်ပါတယ်။
ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်း ရရှိတဲ့ သတင်းအချက်အလက်အရ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ကမ်းကပ်ခွင့် ပြုလိုက်တယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက ဧရာဝတီကိုပြောပါတယ်။
ဒီတပ်သားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အချိန်နာရီပိုင်းသာကွာဝေးတဲ့ရခိုင်ပြည်နယ် မောင်တောမှာ ရှိတဲ့ ကညင်ချောင်း စီးပွားရေးဇုန် တိုက်ပွဲက ထွက်ပြေးလာတဲ့သူတွေဖြစ်မယ်လို့ သုံးသပ်ကြသူတွေလည်း ရှိပါတယ်။
#နတ်မြစ် #စစ်ကောင်စီတပ် #ဘင်္ဂလားဒေ့ရှ် #ကညင်ချောင်း #မောင်တော
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR