• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အွန်လိုင်းကနေ သီချင်းသစ်တွေ တင်ပေးဖို့ရှိတဲ့ ထွန်းရတီ

by ချစ်ပိုး
16 November 2020
in Entertainment
A A
အဆိုတော် ထွန်းရတီ / ချစ်ပိုး / ဧရာဝတီ

အဆိုတော် ထွန်းရတီ / ချစ်ပိုး / ဧရာဝတီ

4.6k
VIEWS
Share on FacebookShare on Twitter

အဆိုတော် ထွန်းရတီကတော့ ကွယ်လွန်သူ အဆိုတော် မီးမီးခဲ အမှတ်တရ သီချင်းအတွက် မီးနိုရဲ့ Music Video မှာ ပါဝင်ပေးဖြစ်ပြီး သီချင်းအသစ်တွေ ထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။

“Stay home ကာလမှာ ဘယ်မှ မထွက်ဖြစ်ဘူး။ မမီးနိုက မမီးမီးခဲအတွက် သီချင်းလေး အမှတ်တရ လုပ်မယ်ဆိုလို့ ပါဝင်ရိုက်ကူးပေးဖို့ အပြင်ထွက်ဖြစ်တာ။ အိမ်မှာပဲ နေတယ်။ အပြင်မထွက်ဖြစ်ဘူး။ ခဏ နားထားတယ်”

“ပရိသတ်တွေနဲ့ အလှမ်းတော့ မဝေးဘူး။ တခါတလေ ပရိသတ်တွေ မမြင်တာ ဖြစ်မှာပါ။ သီချင်းတွေလည်း နောက်ပိုင်း အွန်လိုင်းပေါ်ကနေ ချပြဖို့ ရှိတယ်။ သီချင်းတွေက Single song အနေနဲ့လည်း ထွက်ထားတာ ရှိတယ်။ ထပ်ထွက်ဖို့လည်း ရှိတယ်။ ရတီ့ သီချင်းတွေ နားထောင်ချင်ရင် joox ကနေ နားထောင်လို့ ရပါတယ်”လို့ ထွန်းရတီက ပြောပါတယ်။

ကွယ်လွန်သူ အဆိုတော် မီးမီးခဲဟာ လေးစားအားကျရတဲ့ အဆိုတော် တဦးဖြစ်ပြီး အခုလို ဆုံးရှုံးသွားတဲ့အတွက် နှမြောမိတယ်လို့လည်း ထွန်းရတီက ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

“မမီးမီးခဲက ထွန်းရတီတို့ အရမ်းလေးစား အားကျရတဲ့ အဆိုတော် တယောက်ပါ။ အရမ်းကြိုက်တဲ့ အဆိုတော်လည်း ဖြစ်တယ်။ ဒီလမ်းကတော့ အားလုံးသွားရမှာပဲ။ စောတာနဲ့ နောက်ကျတာပဲ ကွာမှာပေါ့။ အရမ်းတော့ နှမြောမိတယ်”

“လူကသာ ကွယ်လွန်သွားပေမယ့် သီချင်းတွေက လူတိုင်းရင်ထဲမှာ ကျန်နေတယ်။ မမီးမီးခဲ သီချင်းတွေလည်း ရင်ထဲ ကျန်နေတယ်။ သူ့ အသံလေးက ထူးခြားတယ်။ အခုလို အဆိုတော်ကောင်းတယောက်ဆုံးရှုံးရတာ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်”လို့ ထွန်းရတီက ပြောပါတယ်။

ကိုဗစ်ကာလမှာ ကိုယ်တိုင်ပြောင်းလဲသွားပြီး တန်ဖိုးထားတတ်တဲ့ အရာတွေ များလာတယ်လို့ ထွန်းရတီက ဆိုပါတယ်။

“ကိုဗစ်ကာလမှာ ပြောင်းလဲသွားတာဆိုရင်တော့ တန်ဖိုးထားတတ်တာတွေ များလာတယ်။ ဒီလိုရောဂါကြီး ဖြစ်လာမယ်လို့ မထင်ထားလို့ ဒီချိန်မှာ တန်ဖိုးထားတာကတော့ ကျန်းမာရေးပေါ့။ ငွေရေးကြေးရေးက ဒုတိယပေါ့။ ကျန်းမာရေးတွေ ကောင်းပြီး ဒီကပ်ဆိုး ကျော်လွှားနိုင်မှ စီးပွားရေးတွေ လုပ်နိုင်မယ်”

“ကိုယ့်မိသားစုကို ပိုအချိန်ပေးဖြစ်တယ်။ အချိန်တွေကိုလည်း ပိုတန်ဖိုးထားတတ်လာတယ်။ ကျန်းမာရေးကောင်းအောင် ဂရုစိုက်ပြီး မိသားစုကို တန်ဖိုးထားပါ”လို့ ထွန်းရတီက ပြောပါတယ်။

အဆိုတော် ထွန်းရတီကတော့ ၂၀၁၃ ခုနှစ်က စလို့ “အချစ်များစွာယူ” ဆိုတဲ့ တေးစီးရီးနဲ့ ဂီတလောကကို ဝင်ရောက်ခဲ့သူဖြစ်ပြီး အဲဒီတေးစီးရီးနဲ့ပဲ အောင်မြင်မှု ရရှိခဲ့သူ ဖြစ်ပါတယ်။

You may also like these stories:

ကိုဗစ်ကာလဖြစ်ပေမယ့် အရင်ထက် အမြတ်ငွေ နှစ်ဆရတယ်လို့ BTS ရဲ့ အေဂျင်စီ ဆို

“ဒီက အနုပညာရှင်တွေက ထမင်းစားဖို့အတွက် လုပ်ကြတဲ့ပုံစံက များတယ်”

ကိုရီးယားခရီးစဉ်အတွက် Project K အဖွဲ့မှ ကျေးဇူးတင်စကားဆို

Your Thoughts …
Tags: မီးနိုမီးမီးခဲသီချင်းသစ်အချစ်များစွာယူအဆိုတော် ထွန်းရတီ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အဆိုတော် နေမင်းအိမ် ပါဝင်တဲ့ Velocity Band

Velocity Band နဲ့အတူ သီချင်းသစ်တွေ ထွက်မယ့် နေမင်းအိမ်

by ချစ်ပိုး
30 July 2020
2.8k

“ကျနော် Velocity member အနေနဲ့ စတင်ဖြစ်ခဲ့တဲ့ သီချင်း နှစ်ပုဒ်ပေါ့။ သီချင်းတွေကို အယ်လ်ဘမ် Project တွေလည်း ကျနော်တို့ ဖန်တီးနေတယ်။

အဆိုတော် မီးနိုနဲ့ သင်ဇာဝင့်ကျော်  / Thinzar Wint Kyaw's Facebook

သင်ဇာဝင့်ကျော်နဲ့အတူ Gym ကစားနေတဲ့ အဆိုတော် မီးနို

by ချစ်ပိုး
4 June 2020
10.8k

မသင်ဇာကို သဘောကျတဲ့ အချက်လေးဆို သူက နွေးထွေးတတ်တာ၊ တခုခုဆိုရင် တယောက်တည်း မလုပ်ဘူး။ ဘေးကတယောက်ကို လက်တွဲခေါ်ချင်စိတ် ရှိတယ်”

အဆိုတော် ထူးအယ်လင်းနဲ့ သမီးလေး ဖြူဖြူစင်စင်လင်း  / Htoo El Lynn's Facebook

မီးမီးခဲ ကွယ်လွန်မှုအပေါ် သမီးလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ထူးအယ်လင်း

by ချစ်ပိုး
18 October 2020
58.8k

“ကျနော့် သမီးဆီက သတင်းဝင်လာတယ်။ ပါးပါး မိုးမိုးဆုံးပြီ ဆိုပြီး ပြောတယ်။ စိတ်မကောင်းပါဘူး။ ဘာကြောင့် စိတ်မကောင်းဖြစ်တာလဲ ဆိုရင် ကျနော့် သမီးအတွက် စိတ်မကောင်းဖြစ်တာ။

အဆိုတော် အေးချမ်းမေ / Aye Chan May's Facebook

“Save Myanmar” သီချင်းနဲ့ စိတ်ခွန်အားပေးမယ့် အဆိုတော် အေးချမ်းမေ

by ဧရာဝတီ
2 August 2021
11.8k

စိတ်ခံစားချက် ပြင်းပြင်းနဲ့ သီဆိုခဲ့ပါတယ်။ သီချင်းကို နားဆင်တဲ့အခါမှာလည်း ခွန်အားရမယ်လို့ မျှော်လင့်ပါတယ်။

ဆေးရုံ တက်နေရတဲ့ အဆိုတော် မီးမီးခဲ / Mee Mee Khel's Facebook

ကင်ဆာဆေးရဲ့ ဆိုးကျိုးကြောင့် ညာဘက် ခြေထောက် စိုးရိမ်ရတဲ့ မီးမီးခဲ

by ယုဖြူဟန်
29 April 2020
58.5k

အခုဆိုရင် ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ၅ မိနစ်ထက် ပိုပြီး လမ်းမလျှောက်နိုင်တာ ၂ လကျော်ရှိပြီလို့လည်း သိရပါတယ်။

ဆေးရုံ တက်နေရတဲ့ မီးမီးခဲ  /  Mee Mee Khal's Facebook

ဆေးကုသမှု ခံယူနေရတဲ့ မီးမီးခဲရဲ့ ကျန်းမာရေး

by ယုဖြူဟန်
27 July 2020
19.5k

မီးမီးခဲ သေဆုံးသွားပြီဆိုတဲ့ သတင်းအမှားကိုလည်း ခင်ပွန်းဟောင်းဖြစ်သူ အဆိုတော် ထူးအယ်လင်းက ပြန်လည် ဖြေရှင်းပေးခဲ့ပါတယ်။

Next Post
ရခိုင်ပြည်နယ်လွှတ်တော် / ခိုင်ရိုးလ / ဧရာဝတီ

စစ်ပွဲအတွင်း ပြည်သူများ သေဆုံးထိခိုက်မှု ရခိုင်လွှတ်တော်တွင် မေးခွန်းထုတ်

၂၀၂၀ စက်တင်ဘာလအတွင်းက နေပြည်တော်အဝင်တွင် လုံခြုံရေးတင်းကျပ်စွာ ချထားပြီး ဆေးစစ်ရန် ဆောင်ရွက်နေစဉ် / သီဟလွင် /  ဧရာဝတီ

နေပြည်တော်တွင် ကိုဗစ်ကူးစက်မှု သိသိသာသာ လျော့ကျလာ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved