• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“Save Myanmar” သီချင်းနဲ့ စိတ်ခွန်အားပေးမယ့် အဆိုတော် အေးချမ်းမေ

by ဧရာဝတီ
2 August 2021
in Entertainment
A A
အဆိုတော် အေးချမ်းမေ / Aye Chan May's Facebook

အဆိုတော် အေးချမ်းမေ / Aye Chan May's Facebook

11.8k
VIEWS
Share on FacebookShare on Twitter

အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ အဆိုတော် အေးချမ်းမေက လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ COVID-19 ကပ်ရောဂါကြောင့် အသက်ဆုံးရှုံးမှုတွေ၊ ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေကြတာတွေကို စိတ်ခွန်အားဖြစ်စေဖို့ သီချင်းတပုဒ် ဖန်တီး သီဆိုထားတယ်လို့ ဆိုပါတယ်။

အဆိုပါ သီချင်းကတော့ “Save Myanmar” (မြန်မာပြည်ကြီးကို ကယ်တင်ပါ) လို့ အမည်ရပြီး၊ အဲဒီသီချင်း ဖန်တီးဖြစ်ပုံကို အေးချမ်းမေက အခုလိုပဲ ပြောပါတယ်။

အေးချမ်းမေရဲ့ “Save Myanmar” သီချင်း

“Save Myanmar” သီချင်းလေး ဖန်တီးပုံကတော့ အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ ကိုဗစ် ရောဂါကြောင့် လူတွေ အသက်ဆုံးရှုံးကြတယ်။ ပြီးတော့ ဘယ်မှလည်း မသွားရတော့ နေဖို့ထိုင်ဖို့ စားရေးသောက်ရေးကအစ ခက်ခဲကြတယ်”

“ဒီ COVID-19 ကြောင့် အသက်ဆုံးရှုံးကြတဲ့သူတွေ၊ အခက်အခဲ ကြုံတွေ့နေရသူတွေအတွက် တထောင့်တနေရာကနေ ဘယ်လိုများ လုပ်ပေးနိုင်မလဲဆိုပြီး ကျမက အဝေးမှာ ရှိနေတာဆိုတော့ သီချင်းနဲ့ပဲ ခွန်အားပေးချင်တာကြောင့် ကျမ အစ်ကို ကိုစတုန်းကို သီချင်းလေး အပ်ခဲ့တယ်။ အဲ့ကနေ ဒီသီချင်းလေး ဖြစ်တည်လာပါ”လို့ အေးချမ်းမေက ဧရာဝတီကို ပြောပါတယ်။

ဒီသီချင်းက စိတ်ခွန်အားပေးတဲ့ သီချင်းဖြစ်ပြီး၊ ကိုယ်တိုင်လည်း စိတ်ခံစားချက်ပြင်းပြင်း သီဆိုထားတယ်လို့ အေးချမ်းမေက ဆိုပါတယ်။

အဆိုတော် အေးချမ်းမေ (ဓာတ်ပုံ- Aye Chan May’s Facebook)

“သီချင်းလေးကတော့ ခွန်အားပေးတဲ့ သီချင်းလေးပါ။ မြန်မာပြည်ကြီးမှာ ဖြစ်ပျက်နေတဲ့ ကပ်ဆိုးရောဂါတွေရယ်၊ အဲ့ရောဂါကြောင့် အသက်ဆုံးရှုံးရတာတွေ၊ စားဝတ်နေရေး ခက်ခဲတာတွေကို ကိုယ်ချင်းစာတယ်။ ခွန်အားလည်း ပေးချင်တယ်။ ဘုရားဆီမှာလည်း ဆုတောင်းပေးနေတယ်။ အဲဒါတွေကို ဦးတည်ပြီး ရေးထားတာပါ”

“ဒီလိုတွေ ဖြစ်နေတဲ့ အချိန်မှာ ကိုယ်ကလည်း မြန်မာနိုင်ငံသား တယောက်ဖြစ်တဲ့အတွက် မြန်မာတယောက်အနေနဲ့ စိတ်ခံစားချက် ပြင်းပြင်းနဲ့ သီဆိုခဲ့ပါတယ်။ သီချင်းကို နားဆင်တဲ့အခါမှာလည်း ခွန်အားရမယ်လို့ မျှော်လင့်ပါတယ်။ လုပ်ပေးနိုင်တာဆိုလို့ ကျမကို ဘုရားပေးတဲ့ အသံလေးနဲ့ပဲ ဆုတောင်းခြင်း၊ ခွန်အားပေးခြင်းနဲ့ လုပ်ခဲ့တာပါ။ အစစအရာရာ စိတ်ဓာတ်မကျကြဖို့ အားပေးချင်ပါတယ်”လို့ အေးချမ်းမေက ပြောပါတယ်။

အေးချမ်းမေရဲ့ “Save Myanmar” သီချင်းကို ဒီကနေ့၊ သြဂုတ်လ ၂ ရက်နေ့မှာ ထွက်ရှိဖို့ ကြိုးစားနေပြီး၊ အွန်လိုင်း ပလက်ဖောင်းတွေမှာ တင်ပေးသွားမယ်လို့ ဆိုပါတယ်။

အေးချမ်းမေရဲ့ “Save Myanmar” သီချင်း

“သီချင်းက ဒီနေ့ ထွက်ဖြစ်ပါမယ်။ JOOX, CRBT, International Streaming နဲ့ Youtube တို့မှာ တင်ပါမယ်။ လောလောဆယ်တော့ Audio အရင် ထွက်ပါမယ်။ သီချင်းအသစ် မထွက်တာကြာတော့ အခက်အခဲကတော့ ရှိတာပေါ့။ ကိုဗစ်ကလည်း ဖြစ်နေတော့ စတူဒီယိုလည်း သွားလို့ မရဘူး။ အိမ်မှာပဲ ရှိတာနဲ့ Recording သွင်းတယ်”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

“Mixing ဆွဲတဲ့သူက နယူးယောက်မှာ နေတယ်။ ကျမက South Carolina မှာဆိုတော့ အီးမေးလ်တို့၊ Viber တို့ကနေ အဆက်အသွယ် လုပ်တာပေါ့။ အခေါက်ခေါက် အခါခါ ပြန်လုပ်ရတယ်။ ဖုန်းနဲ့ပဲ Recording လုပ်ဖြစ်တယ်”လို့ အေးချမ်းမေက ဆိုပါတယ်။

အေးချမ်းမေက အမေရိကန်နိုင်ငံမှာ ကိုဗစ် စတုတ္ထလှိုင်းကြောင့် ကိုယ်တိုင် အသွားအလာ ဆင်ခြင်နေရပြီး၊ မြန်မာပြည်က ပရိသတ်တွေကို အားတင်းထားကြဖို့ အခုလိုပဲ အားပေးစကား ဆိုပါတယ်။

အဆိုတော် အေးချမ်းမေ (ဓာတ်ပုံ- Aye Chan May’s Facebook)

“ကိုဗစ် စတုတ္ထလှိုင်းလာပြီ။ ဆေးထိုးပြီးတာတောင် ပြန်ကူးစက်နိုင်တယ်ဆိုတော့ သွားတာလာတာ ဆင်ခြင်ရတာပေါ့။ အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ ကိုဗစ်ကြောင့် မိသားစုတွေ သေကွဲ ကွဲကြတယ်၊ စားဝတ်နေရေး ခက်ခဲကြတယ်။ အဲ့အတွက် စိတ်မကောင်းဖြစ်တယ်။ Fighting အားတင်းထားပါ။ အားလုံး အယောက်စီတိုင်း အဆင်ပြေကြဖို့ ကျမ နေ့တိုင်း ဆုတောင်းပေးပါတယ်”

“မိဘ မောင်နှမတွေ အားလုံးကို ကျမ ဒီကနေ အမြဲ ဆုတောင်းပေးနေပါတယ်။ အခု ဖြစ်နေတဲ့ ကပ်ဆိုး ရောဂါကနေ အားလုံး အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ။ တိုင်းပြည်ကြီး ပြန်လည်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြည်သူများ နေထိုင်နိုင်ဖို့ ကျမ ဆုတောင်းပေးပါတယ်”

“ကျမကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျမ အဝေးကြီးမှာ ရှိနေပေမယ့် ကျမကို အခုချိန်ထိ မမေ့သေးတဲ့ အားပေးနေကြတဲ့အတွက် ဒီထက်မက ကျမ အနုပညာတွေ ပြန်လုပ်ဖို့ ရှိပါတယ်။ ဒီမတိုင်ခင် ကျမ တကိုယ်တော်စီးရီး လုပ်ဖို့ ရှိပေမယ့် အခြေအနေ အရပ်ရပ်ကြောင့် မလုပ်ဖြစ်လိုက်ဘူး”

“မြန်မာပြည်သူ ပြည်သားအားလုံး ဒီရောဂါကပ်ဆိုးကြီးကနေ အမြန်ဆုံး ကင်းဝေးပါစေ။ အဝေးတနေရာကနေ ကျမ တတ်နိုင်တဲ့အရာမှန်သမျှ ကူညီပံ့ပိုးပေးနေပါတယ်။ ဆုတောင်းပေးမယ်၊ ခွန်အားပေးမယ်။ ဒီသီချင်းလေးကနေ အယောက်စီတိုင်းကို ခွန်အားပေးချင်ပါတယ်”လို့ အေးချမ်းမေက ဆိုပါတယ်။

You may also like these stories:

ရန်ကုန်မြို့ပေါ်က အဝါရောင် အလံများ

ဒယ်လ်တာ ကိုဗစ်မျိုးကွဲအကြောင်း သိကောင်းစရာ ၅ ချက်

ဆရာဝန်များကို လိုက်ဖမ်းနေသည့် စစ်ကောင်စီ ဝေဖန်ခံနေရ

Your Thoughts …
Tags: COVID-19Save Myanmarကပ်ရောဂါဆိုးကိုဗစ်မြန်မာပြည်သီချင်းသစ်အဆိုတော်အေးချမ်းမေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ

၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ

by ဧရာဝတီ
28 December 2023
20.6k

၂၀၂၃ ခုနှစ် တနှစ်တာအတွင်း မြန်မာနိုင်ငံတွင် အဖြစ်အပျက်များကို ပုံဖော်ပေးသည့် အဓိကကျသော လူများ၊ နိုင်ငံများနှင့် အင်အားစုများ စုစုပေါင်း ၁၀ မျိုးကို ဧရာဝတီက ရွေးထုတ်ထားသည်။

လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

by ဧရာဝတီ
10 September 2023
4.8k

ဖဆပလ အစိုးရက သစ္စာရှိကရင်လို့ ကင်ပွန်းတပ်တဲ့ သမ္မတဟောင်း မန်းဝင်းမောင်နဲ့ ဗိုလ်မှူးကြီး စောထွန်းစိန်၊ စောကျော်စိန်၊ စောမြသိန်းတို့လို ဆိုရှယ်လစ် အတွေးအခေါ်ရှိသူတွေ ဖွဲ့စည်းခဲ့တဲ့ ကရင်လူငယ်များ အစည်းအရုံး (KYO)လို အဖွဲ့အစည်းကိုလည်း ကရင်အဖွဲ့အစည်းတွေက ဗမာ့ရဲ့ လက်ကိုင်တုတ်လို့...

မြန်မာပြည်မှာ လူပြန်ဖြစ်ချင်သလား…

မြန်မာပြည်မှာ လူပြန်ဖြစ်ချင်သလား…

by ကြာဖက်နှင်း
24 February 2024
1.9k

ကျနော်တို့ လူပြန် ဖြစ်ရင်လည်း အယုတ်တမာများ တိရစ္ဆာန်ရုံထဲ ရောက်နေချိန် ဆိုရင်လည်း မြန်မာပြည်မှာ လူပြန် ဖြစ်ရတာ အိုခေ ပါတယ်…

မူဆယ် နမ့်ခမ်း လမ်းကို သီချင်းနဲ့ ပြင်ခဲ့သူ (သို့) စိုင်းဆိုင်မောဝ် (ရုပ်/သံ)

မူဆယ် နမ့်ခမ်း လမ်းကို သီချင်းနဲ့ ပြင်ခဲ့သူ (သို့) စိုင်းဆိုင်မောဝ် (ရုပ်/သံ)

by ဧရာဝတီ
18 July 2024
1.2k

ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်မြို့နယ်က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ် ရှိပါပြီ။

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
1.1k

လူအမြောက်အမြား သေဆုံးထိခိုက်မှုတွေရှိနေတဲ့ လက်ရှိ ငလျင်ဘေးမှာ ဒေါ်အောင်ဆန်းစုကြည်သာလုပ်ကိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်တွေကို အများကြီးကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NLD အစိုးရလက်ထက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

စစ်အာဏာရှင်အောက်မှာ သီချင်းမဆိုဘူးဆိုတဲ့ အဆိုတော် အေးချမ်းမေ (ရုပ်/သံ)

စစ်အာဏာရှင်အောက်မှာ သီချင်းမဆိုဘူးဆိုတဲ့ အဆိုတော် အေးချမ်းမေ (ရုပ်/သံ)

by ဧရာဝတီ
4 November 2024
952

စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ သီချင်းမဆိုဘူးလို့ ဆုံးဖြတ်ချက်ချထားတဲ့ အဆိုတော် အေးချမ်းမေရဲ့ အသက် ၅၀ နှစ်ပြည့် မွေးနေ့နဲ့ တော်လှန်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၂ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ မေရီလန်း ပြည်နယ် Silver...

Next Post
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ပေါက်ကျေးရွာ အနီး ဇူလိုင် ၃၀ ရက်နေ့ကတွေ့ရှိရသည့် အစုလိုက် အပြုံလိုက် မီးရှို့ခံထားရသူများ  / CJ

ကနီတွင် ညှင်းပန်းနှိပ်စက်၍ အစုအပြုံလိုက် သတ်ခံရသူ ၄၀ ဦး ထိရှိလာ

စစ်ကောင်စီ၏ ဖမ်းဆီးထားရာ ပြန်လွတ်လာသည့် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်

CDM ဆရာဝန်နှင့် ဝန်ထမ်းအချို့ စစ်ကောင်စီပြန်လွှတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved