• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဘယ်သူတုန်းဟဲ့ ဇယ်လန်စကီး

by James Hookway
21 March 2022
in ဆောင်းပါး
A A
ပိုမိုပြင်းထန်သည့် အရေးယူမှုလုပ်ရန် ဥရောပခေါင်းဆောင်များကို ဗီဒီယိုမှ တိုက်တွန်းရာတွင် ထိုအချိန်သည် ဥရောပခေါင်းဆောင်များ အနေဖြင့် သူ့ကို အသက်ရှင်လျက် နောက်ဆုံးတွေ့ရသည့် အချိန်ဖြစ်နိုင်ကြောင်း သမ္မတ ဇယ်လန်စကီးက ပြောခဲ့သည်  / AFP

ပိုမိုပြင်းထန်သည့် အရေးယူမှုလုပ်ရန် ဥရောပခေါင်းဆောင်များကို ဗီဒီယိုမှ တိုက်တွန်းရာတွင် ထိုအချိန်သည် ဥရောပခေါင်းဆောင်များ အနေဖြင့် သူ့ကို အသက်ရှင်လျက် နောက်ဆုံးတွေ့ရသည့် အချိန်ဖြစ်နိုင်ကြောင်း သမ္မတ ဇယ်လန်စကီးက ပြောခဲ့သည် / AFP

6.2k
VIEWS
Share on FacebookShare on Twitter

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် အမေရိကန် ကွန်ဂရက်သို့ ဗီဒီယိုမှတဆင့် ပြောကြားသည့် မိန့်ခွန်းကဲ့သို့ ခံစားချက်ပြင်းထန်သည့် မိန့်ခွန်းများဖြင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ကျုးကျော်ရေးတပ်များကို ယူကရိန်း၏ ခုခံမှုတွင် မျက်နှာစာဖြစ်လာသည်။

သို့သော် ဇယ်လန်စကီးသည် သမားရိုးကျ နိုင်ငံရေးအတွေ့အကြုံ အနည်းငယ်မျှဖြင့် အာဏာရလာခြင်း ဖြစ်သည်။ ရွေးချယ်တင်မြှောက်ခံရခြင်း မရှိမီက သူ့ကို မမျှော်လင့်ဘဲ အာဏာရလာသည့် သာမန် ကျောင်းဆရာတဦးအဖြစ်၊ ရုပ်သံ သရုပ်ဆောင်အဖြစ်သာ သိကြသည်။ ပြည်သူ့ အစေခံ (Servant of the People) အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲကို ၄ နှစ်ကြာ ပြသပြီး သူ၏အမည်ကို လူတိုင်းသိလာသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
358
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
156
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2k

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရုရှား၏ ကျူးကျော်တိုက်ခိုက်မှု စတင်ပြီးနောက် မစ္စတာ ဇယ်လန်စကီးသည် ကျည်ကာအင်္ကျီဝတ်ဆင်ပြီး ကိယက်ဗ်မြို့လယ်မှ Telegram, Facebook နှင့် Instagram သို့ တင်သည့် ဗီဒီယိုများမှတဆင့် ဆက်လက် တိုက်ပွဲဝင်ရန် ပြည်သူများကို တိုက်တွန်းရင်း ကမ္ဘာ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

ကျန်အချိန်များတွင် အသက် ၄၄ နှစ်ရှိပြီဖြစ်သော မစ္စတာ ဇယ်လန်စကီးက သမ္မတ ပူတင်ကို ချေမှုန်းရေး အားထုတ်မှုများ အရှိန်မြှင့်တင်ရန် အနောက်တိုင်း ခေါင်းဆောင်များကို အပြင်းအထန် တိုက်တွန်းသည်။ စစ်ရေးအရ ကြားဝင်ရန် အနောက်နိုင်ငံများ၏ စိတ်အားထက်သန်မှု ကင်းမဲ့ခြင်းကို စိတ်ပျက်ပြီး မစ္စတာ ဇယ်လန်စကီးက ယူကရိန်းနိုင်ငံအပေါ်တွင် လေကြောင်း မပျံသန်းရဇုန် သတ်မှတ်ရေးအတွက် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ကို အကြိမ်ကြိမ် ဖိအားပေးသည်။ ထိုသို့လုပ်ပါက မဟာမိတ်အဖွဲ့နှင့် ရုရှားအကြား စစ်ဖြစ်မည်ဟု ဆိုကာ NATO က ပယ်ချသည်။

ယူကရိန်းမှ သတ်ဖြတ် ဖမ်းဆီးရမည့်သူများ စာရင်းတွင် ထိပ်ဆုံးမှ ပါနေသည်ကို သိကြောင်း မစ္စတာ ဇယ်လန်စကီးက ပြောသော်လည်း စစ်ဒဏ်ခံနေရသော နိုင်ငံကို တစုတစည်းတည်း ဖြစ်အောင် ကြိုးစားနေချိန်တွင် သူသာမက သူ့မိသားစုပါ နိုင်ငံမှ ထွက်ခွာမည် မဟုတ်ကြောင်း ပြောသည်။

ယူကရိန်းမှ သတ်ဖြတ် ဖမ်းဆီးရမည့်သူများ စာရင်းတွင် ထိပ်ဆုံးမှ ပါနေသည်ကို သိကြောင်း မစ္စတာ ဇယ်လန်စကီးက ပြောသော်လည်း စစ်ဒဏ်ခံနေရသော နိုင်ငံကို တစုတစည်းတည်း ဖြစ်အောင် ကြိုးစားနေချိန်တွင် သူသာမက သူ့မိသားစုပါ နိုင်ငံမှ ထွက်ခွာမည် မဟုတ်ကြောင်း ပြောသည်။

ဇယ်လန်စကီး၏ သမ္မတသက်တမ်း

သမ္မတ ဇယ်လန်စကီးသည် အဂတိလိုက်စားမှုကို တိုက်ဖျက်ပြီး မော်စကိုနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ထူထောင်မည့်သူ၊ လက်ရှိနိုင်ငံရေး အသိုက်အဝန်းပြင်ပမှ ပုဂ္ဂိုလ်တဦးအဖြစ် ရွေးကောက်ပွဲဝင်ပြီး ထိုစဉ်က သမ္မတ ပက်ထရို ပိုရိုရှန်ကို ကို အနိုင်ရကာ ၂၀၁၉ ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်ခံရသည်။

သူက မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်သည့် အဓိကအချက်မှာ သူ၏ ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သော အခန်းကဏ္ဍအပေါ် အဓိကအားဖြင့် အခြေခံသည်။ ထိုဇာတ်လမ်းတွင် သူသည် နိုင်ငံမှ အဂတိလိုက်စားမှုများ တိုက်ဖျက်ရန် ရုတ်တရက် သမ္မတဖြစ်သွားသည့် သာမန်ပြည်သူတဦးအဖြစ် သရုပ်ဆောင်သည်။ သူ၏ နိုင်ငံရေးပါတီကို ထိုဇာတ်လမ်းတွဲ အမည်အတိုင်းပင် ပေးထားသည်။

သမ္မတ ဇယ်လန်စကီး၏ လက်ရှိနေရာ

သမ္မတ ဇယ်လန်စကီးသည် မကြာသေးမီ ရက်များအတွင်းက ကိယက်ဗ်ရှိ သူ၏ရုံးခန်းများမှ မိန့်ခွန်းများကို ပြောခဲ့သော်လည်း လုံခြုံရေးအခြေအနေအရ နေရာအသေးစိတ်ကို ဖော်ပြခြင်း မပြုပေ။ မကြာသေးမီက ABC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် အခြေအနေ ပိုမိုဆိုးရွားလာပါက နိုင်ငံမှ ဘေးကင်းစွာ ထွက်ခွာနိုင်မည့် လမ်းကြောင်းကို သူ့အတွက် ကမ်းလှမ်းထားကြောင်း၊ သို့သော် သူသည် နိုင်ငံတွင်းတွင်သာ ဆက်လက် နေထိုင်မည်ဖြစ်ကြောင်း ပြောသည်။

ယူကရိန်း သမ္မတရုံး ပြန်ကြားရေးက ထုတ်ပြန်သည့် ဗီဒီယိုတခု၌ သမ္မတ ဇယ်လန်စကီးသည် နေရာမဖော်ပြထားသည့် ဆေးရုံတခုတွင် ဒဏ်ရာရ စစ်သားများကို သွားရောက်ကြည့်ရှုကြောင်း ပြသထားသည်။

သမ္မတ ဇယ်လန်စကီး၏ ပြောကြားချက်များ

သမ္မတ ဇယ်လန်စကီးသည် အမေရိကန်သမိုင်းတွင် စံနမူနာယူရမည့် ဖြစ်ရပ်များဖြစ်သော ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရခြင်းကို ထောက်ပြပြီး ရုရှားကျူးကျော်မှုအတွင်း ပြည်သူများခံစားရသည့် ဒုက္ခများကို ဗီဒီယိုဖြင့်ပြသကာ ယူကရိန်းသို့ နောက်ထပ် စစ်ရေးအကူအညီများ ပေးရေး အမေရိကန် ပြည်ထောင်စုကို တောင်းဆိုသည်။

“ကမ္ဘာ့ခေါင်းဆောင် ဖြစ်ခြင်းဆိုတာ ငြိမ်းချမ်းရေးရဲ့ ခေါင်းဆောင်ဖြစ်ခြင်းပဲ ဖြစ်တယ်။ ကျနော်တို့က ဥရောပနဲ့ ကမ္ဘာရဲ့ တန်ဖိုးတွေအတွက် တိုက်ပွဲဝင်တာဖြစ်တယ်” ဟု သူကပြောသည်။

“ကမ္ဘာ့ခေါင်းဆောင် ဖြစ်ခြင်းဆိုတာ ငြိမ်းချမ်းရေးရဲ့ ခေါင်းဆောင်ဖြစ်ခြင်းပဲ ဖြစ်တယ်။ ကျနော်တို့က ဥရောပနဲ့ ကမ္ဘာရဲ့ တန်ဖိုးတွေအတွက် တိုက်ပွဲဝင်တာဖြစ်တယ်” ဟု သူကပြောသည်။

ထိုမတိုင်မီ တရက်ကလည်း အခြား ဗီဒီယိုမိန့်ခွန်းတခုတွင် ကနေဒါ ပါလီမန်ကို တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ “ရုရှားကို တားဆီးဖို့နဲ့ ယူကရိန်းကို ကာကွယ်ဖို့၊ ဥရောပကို ကာကွယ်ဖို့ ခင်ဗျားတို့ ဒီထက်မက ပိုမို လုပ်ဆောင်ဖို့ လိုတယ်” ဟု သူက ပြောသည်။

ရုရှားက ယူကရိန်းကို လေကြောင်းတိုက်ခိုက်မှုများ စတင်ပြီးနောက် ကလေးငယ် ၉၇ ဦး သေဆုံးပြီးဖြစ်ကြောင်း ကနေဒါ ပါလီမန် အမတ်များကို သူက ပြောသည်။

ရုရှားကျူးကျော်မှုကို ကိုင်တွယ်ပုံ

အစောပိုင်းက ယူကရိန်းနယ်စပ်တွင် ရုရှားတပ်များ အင်အား ၁၉၀,၀၀၀ အထိ တိုးချဲ့လာချိန်တွင် သမ္မတ ဇယ်လန်စကီးသည် စိတ်အေးအေးထားရန် အားစိုက်လုပ်ဆောင်ခဲ့သည်။

ရုရှားက ယူကရိန်းကို တိုက်ခိုက်တော့မည်ဟု အမေရိကန်က သတိပေးခြင်းသည် အစိုးရိမ်လွန်နေခြင်းဖြစ်ပြီး ယူကရိန်း စီးပွားရေးကို ထိခိုက်စေကြောင်း သူက ပြောသည်။ လွန်ခဲ့သောနွေဦးက နယ်စပ်တွင် လာရောက်ချထားသည့် ပိုမိုများပြားသော ရုရှားတပ်များသည် နောက်ဆုံးတွင် ပြန်လည် ဆုတ်ခွာသွားကြောင်း သူက ထောက်ပြသည်။

သို့သော် ကိယက်ဗ်နှင့် အခြား ယူကရိန်းမြို့ကြီးများကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စတင် တိုက်ခိုက်လိုက်သောအခါ ယူကရိန်း၏ ကာကွယ်ရေးအင်အား ဖြည့်တင်းရေးအတွက် အဓိက လုပ်ဆောင်ပြီး သူ ရနိုင်သမျှ အနောက်တိုင်း အကူအညီများကို ရယူသည်။

ရုရှားမီဒီယာများက သမ္မတ ဇယ်လန်စကီး တိုင်းပြည်မှ ထွက်ပြေးသွားပြီဟု ဝါဒဖြန့်ချိနေချိန်တွင် သူသည် ကိယက်ဗ်ရှိ သမ္မတနန်းတော်ရှေ့လမ်းတွင် သူ့ကိုယ်သူ ဗီဒီယို ရိုက်ပြီး နိုင်ငံကို ကာကွယ်ရန် နိုင်ငံသားများကို တိုက်တွန်းသည်။

ရုရှားမီဒီယာများက သမ္မတ ဇယ်လန်စကီး တိုင်းပြည်မှ ထွက်ပြေးသွားပြီဟု ဝါဒဖြန့်ချိနေချိန်တွင် သူသည် ကိယက်ဗ်ရှိ သမ္မတနန်းတော်ရှေ့လမ်းတွင် သူ့ကိုယ်သူ ဗီဒီယို ရိုက်ပြီး နိုင်ငံကို ကာကွယ်ရန် နိုင်ငံသားများကို တိုက်တွန်းသည်။

ထိုဗီဒီယိုကို Telegram နှင့် Facebook တွင် လူသန်းပေါင်းများစွာ ကြည့်ရှုကြသည်။ ထိုဗီဒီယိုတွင် သူသည် ဝတ်နေကျ လည်စည်းနှင့် ဝတ်စုံများ မဝတ်ဆင်တော့ဘဲ စစ်ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားသည်။

ဇယ်လန်စကီးသည် အနောက်တိုင်း ခေါင်းဆောင်များနှင့် မကြာခဏ ပြောဆိုဆွေးနွေးပြီး ရုရှားတပ်များ ရှေ့တိုးလာခြင်းကို ချိုးဖျက်ရန် မျှော်လင့်ချက်ဖြင့် မော်စကိုကို အရေးယူပိတ်ဆို့မှုများ တိုးမြှင့်ရန် တောင်းဆိုသည်။

ပိုမိုပြင်းထန်သည့် အရေးယူမှုလုပ်ရန် ဥရောပခေါင်းဆောင်များကို ဗီဒီယိုမှ တိုက်တွန်းရာတွင် ထိုအချိန်သည် ဥရောပခေါင်းဆောင်များ အနေဖြင့် သူ့ကို အသက်ရှင်လျက် နောက်ဆုံးတွေ့ရသည့် အချိန်ဖြစ်နိုင်ကြောင်း ပြောသည်ဟု သံတမန် အများအပြားက ပြောသည်။

“အခန်းတခုလုံး တိတ်ဆိတ်သွားတာ အံ့သြစရာပဲ” ဟု ဥရောသမဂ္ဂ အဆင့်မြင့်အရာရှိတဦးက ပြောသည်။ ထို့နောက် မကြာမီပင် အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂသည် မော်စကို၏ ကျူးကျော်မှုကို တုံ့ပြန်မှု ပိုမိုပြင်းထန်စေရန် အစီအမံများကို တိုးချဲ့ရသည်။

ဇယ်လန်စကီး၏ ရုရှားဆိုင်ရာ ရပ်တည်ချက် ပေါ်ပေါက်လာပုံ

၂၀၁၉ ခုနှစ်တွင် သမ္မတအဖြစ် ရွေးချယ်ခံရသောအခါ မစ္စတာ ဇယ်လန်စကီးသည် ရုရှားနှင့် ပြေလည်ရေးကို ကနဦးအဖြစ် ကြိုးပမ်းခဲ့သည်။ ရုရှားတပ်များသည် ပင်လယ်နက်ဆိပ်ကမ်းဖြစ်သော ခရိုင်းမီးယားကို သိမ်းပိုက်ပြီး ကိယက်ဗ်၏ ထိန်းချုပ်မှုမှ ခွဲထွက်သော ရုရှားလိုလားသည့် ခွဲထွက်ဒေသများတွင် ပုန်ကန်မှုများ လှုံ့ဆော်သည့် ၂၀၁၄ ခုနှစ်မှ စတင်ပြီး ယူကရိန်းသည် ကရင်မလင်နှင့် ထိပ်တိုက်တွေ့နေသည်။

သမ္မတ ဇယ်လန်စကီးသည် သမ္မတ ပူတင်နှင့်ဆက်ဆံရေး ကောင်းမွန်ရေး လုပ်ဆောင်ရန် ကတိပြုပြီး အစောပိုင်းတွင် အောင်မြင်မှုအချို့ ရရှိခဲ့သည်။ ရုရှားနှင့်အကျဉ်းသား လဲလှယ်ရေး လုပ်ကိုင်ပြီး ၂၀၁၅ ခုနှစ် အပစ်အခတ် ရပ်စဲသဘောတူစာချုပ်ကို မည်သို့ချုပ်ဆိုမည်နှင့် ပတ်သက်ပြီး သဘောတူညီမှု ရခဲ့သည်။

သမ္မတ ဇယ်လန်စကီးသည် သမ္မတ ပူတင်နှင့်ဆက်ဆံရေး ကောင်းမွန်ရေး လုပ်ဆောင်ရန် ကတိပြုပြီး အစောပိုင်းတွင် အောင်မြင်မှုအချို့ ရရှိခဲ့သည်။ ရုရှားနှင့်အကျဉ်းသား လဲလှယ်ရေး လုပ်ကိုင်ပြီး ၂၀၁၅ ခုနှစ် အပစ်အခတ် ရပ်စဲသဘောတူစာချုပ်ကို မည်သို့ချုပ်ဆိုမည်နှင့် ပတ်သက်ပြီး သဘောတူညီမှု ရခဲ့သည်။

သူ၏အစီအစဉ်များနှင့် ပတ်သက်ပြီး လမ်းမပေါ် ဆန္ဒပြပွဲများကြောင့် သူနည်းလမ်းများ ပြောင်းလဲခဲ့ရသည်။ သမ္မတ ပူတင်သည် ခွဲထွက်ဒေသများ ရုရှားလက်ဝေခံမှတဆင့် ယူကရိန်း၏ အနာဂတ်အပေါ် သြဇာကို ထိန်းသိမ်းထားနိုင်မည့် သဘောတူညီချက်အား လက်မှတ်ရေးထိုးစေရန် ဖိအားပေးပြီး ယူကရိန်းကို ဥရောပသမဂ္ဂနှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) သို့ မဝင်ရောက်ရေး တားဆီးနေကြောင်း သမ္မတ ဇယ်လန်စကီးကို အနောက်တိုင်း သံတမန်များက သတိပေးခဲ့ကြသည်။

သမ္မတ ဇယ်လန်စကီးသည် သမ္မတ ပူတင်၏ အစီအစဉ်ကို လက်မခံဘဲ ယူကရိန်းနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေး ပြုလုပ်ရန် NATO ကို ဖျောင်းဖျပြီး ခရိုင်းမီးယားကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လူထုလှုပ်ရှားမှု ပြုလုပ်သည်။

သမ္မတ ဇယ်လန်စကီးက ဒွန်ညက်ဒေသရှိ ရှေ့တန်းစစ်မျက်တွင် ယူကရိန်း တပ်ဖွဲ့များကို တွေ့ဆုံစဉ် / AFP

ရုရှားက သမ္မတ ဇယ်လန်စကီးသည် ယခင်သမ္မတ ပိုရိုရှန်ကိုကဲ့သို့သော သူမျိုးဖြစ်သည်ဟု မြင်လာကြောင်း သူနှင့်နီးစပ်သူတဦးက ပြောသည်။ ပိုရိုရှန်ကိုသည် ယူကရိန်းနှင့် အနောက်နိုင်ငံများ ပိုမို နီးကပ်အောင် တွန်းအားပေးနေသူအဖြစ် မော်စကိုက မြင်သည်။

အနောက်နိုင်ငံများနှင့် ယူကရိန်း ပိုမိုနီးကပ်လာမည့် အလားအလာသည် ရုရှား၏ သြဇာအသိုက်အဝန်းကို ထိန်းသိမ်းရန် ကြိုးစားနေသော သမ္မတ ပူတင်ကို ဒေါသဖြစ်စေသည်။ ရုရှား၏ သြဇာသည် လွန်ခဲ့သော နှစ် ၃၀ ကျော်က စစ်အေးတိုက်ပွဲ ပြီးသောအခါ အကြီးအကျယ် ကျဆင်းသွားသည်။

ရုရှားကျူးကျော်မှု ၅ ရက်မြောက်သောနေ့တွင် သမ္မတ ဇယ်လန်စကီးက ယူကရိန်းပြည်သူများသည် အကြွင်းမဲ့ တန်ဖိုးများပေးဆပ်ပြီး ဥရောပသမဂ္ဂတွင် တန်းတူအဖွဲ့ဝင်ဖြစ်လာရန် တိုက်ပွဲဝင်နေကြောင်း ပြောကြားခဲ့သည်။

“တန်းတူညီမျှခွင့်အတွက် ကျနော်တို့ အသက်တွေကို ပေးဆပ်နေတယ်” ဟု နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးများ မရိတ်ဘဲ စစ်အင်္ကျီဝတ်ဆင်ထားသည့် ဇယ်လန်စကီးက ပြောသည်။ “ခင်ဗျားတို့တွေ ကျနော်တို့တွေနဲ့ အတူရှိနေပြီး ကျနော်တို့ကို ပစ်မထားဘူးဆိုတာ သက်သေပြကြပါ” ဟု သူကပြောသည်။

ရုပ်သံသရုပ်ဆောင်မှ သမ္မတဖြစ်လာခြင်း

မစ္စတာ ဇယ်လန်းစကီးသည် တက္ကသိုလ်တွင် ဥပဒေပညာသင်ယူပြီး ကျောင်းပြီးသောအခါ ဖျော်ဖြေရေး လောကသို့ ဝင်ရောက်ပြီး ရုပ်သံထုတ်လုပ်ရေး ကုမ္ပဏီတခု တည်ထောင်သည်။

သူနှင့်မိတ်ဆွေ သရုပ်ဆောင်များသည် ဘောင်းဘီများချွတ်ကာ စန္ဒယားကို လက်ဖြင့်မတီးဘဲ အခြားနည်းဖြင့် တီးခတ်ဟန်ဆောင်သည့် ဟာသဇာတ်လမ်းတို အပါအဝင် သူ၏ ဟာသဇာတ်လမ်းတိုများကြောင့် ကျော်ကြားလာသည်။ ထို့နောက် ၂၀၀၆ ခုနှစ်တွင် သူသည် ယူကရိန်းပုံစံ “ကြယ်ပွင့်များနှင့် ကခုန်ခြင်း” ဆုကို ရရှိပြီး ဗြိတိန်နိုင်ငံ၊ လန်ဒန်သို့ လာရောက်လည်ပတ်သည့် ဝက်ဝံငယ်အကြောင်းရုပ်ရှင်တွင် Paddington ဝက်ဝံ၏ အခန်းကို အသံဖြင့် သရုပ်ဆောင်သည်။

တနိုင်ငံလုံးကို ဖမ်းစားလိုက်သည့် သူ၏ရုပ်သံအစီအစဉ်မှာ ၂၀၁၅ ခုနှစ်တွင် စတင်ထုတ်လွှင့်သည့် ပြည်သူ့အစေခံ ရုပ်သံဇာတ်လမ်း ဖြစ်သည်။ ထိုဇာတ်လမ်းတွင် ယူကရိန်း နိုင်ငံသား အများအပြား ရင်ဆိုင်နေရသည့် နေ့စဉ် အဂတိလိုက်စားမှုများအကြောင်း ဗီဒီယိုတခုတွင် ပွင့်လင်းစွာ မကျေမနပ် ပြောဆိုနေသည့် နိမ့်ကျသော ကျောင်းဆရာအဖြစ် ဇယ်လန်စကီး သရုပ်ဆောင်သည်။

သို့သော် တနိုင်ငံလုံးကို ဖမ်းစားလိုက်သည့် သူ၏ရုပ်သံအစီအစဉ်မှာ ၂၀၁၅ ခုနှစ်တွင် စတင်ထုတ်လွှင့်သည့် ပြည်သူ့အစေခံ ရုပ်သံဇာတ်လမ်း ဖြစ်သည်။ ထိုဇာတ်လမ်းတွင် ယူကရိန်း နိုင်ငံသား အများအပြား ရင်ဆိုင်နေရသည့် နေ့စဉ် အဂတိလိုက်စားမှုများအကြောင်း ဗီဒီယိုတခုတွင် ပွင့်လင်းစွာ မကျေမနပ် ပြောဆိုနေသည့် နိမ့်ကျသော ကျောင်းဆရာအဖြစ် ဇယ်လန်စကီး သရုပ်ဆောင်သည်။ ထို ဗီဒီယိုသည် ကျော်ကြားလာပြီး သူ၏ဇာတ်ကောင်သည် နိုင်ငံရေးလောကသို့ ဝင်ရောက်ကာ နောက်ဆုံးတွင် သမ္မတနန်းတော်သို့ ရောက်ရှိသွားတော့သည်။

၂၀၁၅ ခုနှစ်တွင် စတင်ထုတ်လွှင့်သည့် ပြည်သူ့အစေခံ ရုပ်သံဇာတ်လမ်းက ဇယ်လန်းစကီးကို သမ္မတဖြစ်လာစေခဲ့သည်

ထိုဇာတ်လမ်းတွဲ အောင်မြင်မှုကြောင့် ဇယ်လန်စကီးသည် ပြင်ပလောကတွင် နိုင်ငံရေးလုပ်ကိုင်ရန် ယုံကြည်မှု ရှိလာသည်။ သူ၏ မဲဆွယ်ပွဲများသည် ရုပ်သံဇာတ်လမ်းတွဲများတွင် သူလေ့လာထားသည့် အကြောင်းအရာများကို ပဲ့တင်ထပ်နေပြီး သူ၏ နိုင်ငံရေးပါတီကိုလည်း “ပြည်သူ့အစေခံ” ဟု အမည်ပေးထားသည်။

သူသည် ထိုစဉ်က အာဏာရ သမ္မတ ပိုရိုရှန်ကို ကို ဒုတိယအကြော့ ရွေးကောက်ပွဲတွင် မဲ ၇၃ ရာခိုင်နှုန်းဖြင့် အနိုင်ရသည်။

မိသားစုနောက်ခံ

၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မွေးဖွားပြီး ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းမှ ရုရှားစကားပြောသည့် ဖုန်းဆိုးဒေသတခုတွင် လူလားမြောက်သည်။ သူသည် ဂျူးနောက်ခံမိသားစုမှ ဖြစ်ပြီး မိသားစုဝင် အများအပြားသည် ဂျူးများကို နာဇီများက သတ်ဖြတ်သောအခါ သေဆုံးကြသည်။

သူ၏အဖိုးသည် ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်တပ်မတော်တွင် တာဝန်ထမ်းဆောင်သည်။ ဆိုဗီယက်ယူနီယံက ရွှေ့ပြောင်းအခြေချ ခွင့်ပြုသောအခါ အခြား ဂျူးအများအပြားသည် အမေရိကန် ပြည်ထောင်စုသို့ ထွက်ခွာကြသော်လည်း သင်္ချာပညာရှင်ဖြစ်သော ဖခင်နှင့် အင်ဂျင်နီယာ မိခင်တို့က ယူကရိန်းတွင် ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့သည်။

ဇယ်လန်းစကီးနှင့် သူ၏ မိသားစု

ကလေးဘဝ သူငယ်ချင်းများက သူသည် သူ၏နားဆွဲကြောင့် တမူထူးနေပြီး ကျောင်းတွင် အဆင့်ကောင်းများ ရသည်ကို ပြန်ပြောပြကြသည်။ နောင်တွင် သူသည် ကိယက်ဗ် အမျိုးသား စီးပွားရေး တက္ကသိုလ်မှ ဥပဒေဘွဲ့ရသည်။

ဇယ်လန်စကီးသည် သူ၏ ဂျူးအဆက်အနွယ်ကို ဖော်ပြလေ့မရှိဘဲ သာမန် ဆိုဗီယက်-ဂျူး မိသားစုမှ ပေါက်ဖွားလာကြောင်းနှင့် ထိုသို့သော မိသားစုအများအပြားသည် ဘာသာရေး အစွန်း မရောက်ကြောင်း ၂၀၂၀ ပြည့်နှစ်က ပြောဖူးသည်။

ထိုအချက်ကြောင့် ယူကရိန်း အပါအဝင် ဆိုဗီယက် ယူနီယံမှ ဂျုးများသည် ၎င်းတို့၏ ဘာသာရေး အမှတ်လက္ခဏာကို သိုဝှက်ထားရပြီး ပြင်ပလူများအဖြစ် အမြင်ခံရကြောင်း ပြသနေသည်။ ထိုအချက်သည် ပြင်ပလူတဦးအဖြစ် ဇယ်လန်စကီး၏ ပုံရိပ်ကို သူ၏ ရုပ်သံဇာတ်လမ်းတွဲတွင် သာမက ၂၀၁၉ ခုနှစ် သမ္မတ မဲဆွယ်ပွဲတွင်ပါ ဖော်ပြနေကြောင်း ဝေဖန် သုံးသပ်သူများပြောသည်။

ဆိုဗီယက်ယူနီယံအတွင်း အခြားနိုင်ငံများမှ လူများထက် ယူကရိန်းနိုင်ငံသားများသည် ဂျူးများအပေါ် အကောင်းမြင်ပုံရသည်။ ၂၀၁၉ ခုနှစ်က Pew Research သုတေသနဌာနက ကောက်ခံသည့် စစ်တမ်းအရ ယူကရိန်းနိုင်ငံသား ၅ ရာခိုင်နှုန်းကသာ ဂျုးများကို နိုင်ငံသားအဖြစ် လက်မခံလိုကြောင်း သိရသည်။

ဆိုဗီယက်ယူနီယံအတွင်း အခြားနိုင်ငံများမှ လူများထက် ယူကရိန်းနိုင်ငံသားများသည် ဂျူးများအပေါ် အကောင်းမြင်ပုံရသည်။ ၂၀၁၉ ခုနှစ်က Pew Research သုတေသနဌာနက ကောက်ခံသည့် စစ်တမ်းအရ ယူကရိန်းနိုင်ငံသား ၅ ရာခိုင်နှုန်းကသာ ဂျုးများကို နိုင်ငံသားအဖြစ် လက်မခံလိုကြောင်း သိရသည်။ အခြားနိုင်ငံများနှင့် ယှဉ်ပါက ထိုသို့ လက်မခံလိုသူ ရာခိုင်နှုန်းမှာ ပိုလန်တွင် ၁၈ ရာခိုင်နှုန်း၊ ချက်တွင် ၁၉ ရာခိုင်နှုန်းနှင့် ရိုမေးနီးယားတွင် ၂၂ ရာခိုင်နှုန်း ရှိသည်။

ထို့အပြင် မစ္စတာ ဇယ်လန်စကီး သမ္မတဖြစ်လာသည့်အချိန် ယူကရိန်း ဝန်ကြီးချုပ် ဗိုလိုဒီမာ ဂရွိုက်စမင်း သည်လည်း ဂျူးအနွယ်ဖြစ်သည်။

ဇယ်လန်စကီးနှင့် သမ္မတ ထရမ့်အကြား ပြဿနာ

ယူကရိန်းသမ္မတဖြစ်လာပြီး မကြာမီပင် မစ္စတာ ဇယ်လန်စကီးသည် အမေရိကန် နိုင်ငံရေး၏ ဗဟိုချက်သို့ တွန်းပို့ခံရသည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် မစ္စတာ ဇယ်လန်စကီးကို ဖုန်းဖြင့်ဆက်သွယ်ပြီး သူ၏ပြိုင်ဖက် ဂျိုးဘိုင်ဒင်ကို စုံစမ်းစစ်ဆေးရန် ဖိအားပေးသည်ဟု စွပ်စွဲခံရသည်။

အမေရိကန် အောက်လွှတ်တော်တွင် စွဲချက်တင်ရန် ဆုံးဖြတ်ချက်အရ သမ္မတ ထရမ့်က အမေရိကန် လုံခြုံရေးအကူအညီ ဒေါ်လာ ၃၁၉ သန်းပေးမည်ဟု မစ္စတာ ဇယ်လန်စကီးအား ကမ်းလှမ်းကြောင်း သိရသည်။

ဇယ်လန်းစကီးနှင့် ထရမ့် တွေ့ဆုံပွဲ

သမ္မတ ထရမ့်၏ လုပ်ရပ်များကို အများပြည်သူ သိသွားသောအခါမှသာ သမ္မတ ထရမ့်သည် နိုင်ငံအရှေ့ပိုင်း ယူကရိန်းတပ်များကို အင်အားတောင့်တင်းစေမည့် ထိုအကူအညီများကို ထုတ်ပြန်ကြေညာသည်ဟု ဆိုသည်။

သမ္မတ ထရမ့်က အမှားမလုပ်ကြောင်း ငြင်းဆန်ပြီး အောက်လွှတ်တော်က စွဲချက်တင်သော်လည်း အထက်လွှတ်တော်က ပယ်ဖျက်ပေးခဲ့သည်။

ထို့နောက်တွင် မစ္စတာ ဘိုင်ဒင်သည် အမေရိကန် သမ္မတအဖြစ် ရွေးချယ်ခံရသည်။

(The Wall Street Journal ပါ James Hookway ၏ Who Is Volodymyr Zelensky? ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

အထီးကျန်ခေါင်းဆောင်များ အလွန်မှားယွင်းစွာ ဆုံးဖြတ်တတ်ကြောင်း ရုရှားနှင့် မြန်မာက သက်သေ

ယူကရိန်းနှင့် မြန်မာ တူသည်များ၊ မတူသည်များနှင့် လုပ်နိုင်သည့် အလုပ်များ

ယူကရိန်းစစ်ပွဲ ရုရှားက တရုတ်ကို အကူအညီတောင်းကြောင်း အမေရိကန်ပြော

ယူကရိန်းကို ထောက်ခံကြောင်း မြန်မာဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ ဆန္ဒထုတ်ဖော်

မြန်မာတွင် မင်းအောင်လှိုင်၊ ရုရှားတွင် ပူတင်လို လူမျိုးတွေ ကျဆုံးရမည်

Your Thoughts …
Tags: NATOကျူးကျော်စစ်ခရိုင်းမီးယားဒေါ်နယ် ထရမ့်ပက်ထရို ပိုရိုရှန်ကိုယူကရိန်းရုရှားသမ္မတ ဂျိုးဘိုင်ဒင်သမ္မတ ပူတင်သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးအမေရိကန်ဥရောပသမဂ္ဂ
James Hookway

James Hookway

...

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

by စံရိပ်ငြိမ်
14 May 2025
16.2k

မင်းအောင်လှိုင်ဟာ အသေထွက်လား၊ အရှုင်ထွက်လား ဆိုတဲ့ မေးခွန်းကတော့ တပ်ထဲမှာ မေးနေတဲ့ မေးခွန်းပဲ…

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.9k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

Next Post
စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်ခြင်း ခံလိုက်ရသည့် အားမာန်ပရဟိတ အသင်း ဥက္ကဋ္ဌ

စစ်ကောင်စီ သတ်ဖြတ်ခဲ့သည့် ကော့မှူး ပရဟိတသမား ရုပ်အလောင်းပြန်မရ

ကော့မှူး ဘုန်းကြီးကျောင်းကို စစ်ကောင်စီဝင်စီးပြီး ပရဟိတ ဥက္ကဋ္ဌကို ပစ်သတ် (ရုပ်/သံ)

ကော့မှူး ဘုန်းကြီးကျောင်းကို စစ်ကောင်စီဝင်စီးပြီး ပရဟိတ ဥက္ကဋ္ဌကို ပစ်သတ် (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved