• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ယူကရိန်းစစ်ပွဲ ရုရှားက တရုတ်ကို အကူအညီတောင်းကြောင်း အမေရိကန်ပြော

by ဧရာဝတီ
14 March 2022
in သတင်း
A A
ရုရှားက တရုတ်ကို အကူအညီ တောင်းထားကြောင်း အမေရိကန်အရာရှိများပြောကြောင်း Financial Times သတင်းစာက ရေးသည် / AFP

ရုရှားက တရုတ်ကို အကူအညီ တောင်းထားကြောင်း အမေရိကန်အရာရှိများပြောကြောင်း Financial Times သတင်းစာက ရေးသည် / AFP

12.1k
VIEWS
Share on FacebookShare on Twitter

ယူကရိန်းကို ကျူးကျော်ရေးအတွက် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ရန် ရုရှားက တရုတ်ကို အကူအညီ တောင်းထားကြောင်း အမေရိကန်အရာရှိများပြောကြားလိုက်ပြီး ၎င်းတို့နိုင်ငံကို ၎င်းတို့ကာကွယ်နေသည့် ယူကရိန်းနိုင်ငံသားများအား ကူညီရန် အနောက်န်ိုင်ငံများ၏ အားထုတ်မှုများကို ထိခိုက်စေမည်ဟု အိမ်ဖြူတော်တွင် စိုးရိမ်ပူပန်မှုများဖြစ်စေကြောင်း Financial Times သတင်းစာက ရေးသည်။

ရုရှားသည် ယူကရိန်းကျူးကျော်စစ်ဖြစ်ပွားချိန်မှ စတင်ပြီး စစ်လက်နက်ပစ္စည်းနှင့် အခြားအကူအညီများ တောင်းခံခဲ့ကြောင်း အမေရိကန်အရာရှိများက Financial Times သို့ပြောသည်။ ရုရှားနိုင်ငံက မည်သည့် အကူအညီများကိုတောင်းခံခဲ့သည် ဆိုသည့် အသေးစိတ်များပြောကြားရန်ကိုမူ ၎င်းတို့က ငြင်းဆန်သည်။

တရုတ်သည် ရုရှားကို ကူညီရန် ပြင်ဆင်နေသည့် လက္ခဏာများရှိသောကြောင့် အမေရိကန် ပြည်ထောင်စုသည် မဟာမိတ်များကို သတိပေးရန် ပြင်ဆင်နေကြောင်း ထိုအခြေအနေကို သိသည့် အခြားသူတဦးက ပြောကြောင်း သတင်းက ဆိုသည်။ ယူကရိန်းသည် စစ်ပွဲ တတိယပတ်အတွင်းရောက်လာသောကြောင့် အချို့က စစ်လက်နက်များ မလုံမလောက်ဖြစ်လာကြောင်း အခြားအမေရိကန်အရာရှိများကလည်း ပြောသည်။

အိမ်ဖြူတော်က တစုံတရာ မှတ်ချက်မပေးပေ။

ဝါရှင်တန်ရှိ တရုတ်သံရုံးပြောခွင့်ရသူ လျူပန်ယုက တရုတ်နိုင်ငံသည် ရုရှားကို ကူညီရန် လိုလားသည့် လက္ခဏာမျိုး မတွေ့ရကြောင်းပြောသည်။

အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်သည် တနင်္လာနေ့တွင် တရုတ် နိုင်ငံခြားရေးမူဝါဒ ထိပ်တန်းအရာရှိ ယန်ကျဲ့ချီနှင့် ရောမတွင် တွေ့ဆုံရန်သွားစဉ် ထိုသတင်းထွက်လာခြင်းဖြစ်သည်။

တနင်္ဂနွေနေ့က ဝါရှင်တန်မှ မထွက်ခွာမီ ဆူလီဗန်က တရုတ်အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်များက ရုရှားသမ္မတပူတင်နှင့် သူ့အစိုးရပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ကျော်လွှားရန် မော်စကိုအား အကူအညီပေးရန် မကြိုးစားရေး သတိပေးခဲ့သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
27
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
693
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
199

ရုရှားစစ်တပ်သည် ယူကရိန်းတိုက်ပွဲတွင် တိုးတက်မှုရရန် ရုန်းကန်နေရသောကြောင့် စစ်လက်နက်ပစ္စည်း ကိရိယာများနှင့် အခြားအတိအကျ မသိရသော အကူအညီများ တောင်းဆိုမှုပြုလုပ်ခဲ့သည်ဟု အနောက် နိုင်ငံထောက်လှမ်းရေးများက ယုံကြည်ကြသည်။

ဘေ့ဂျင်း-မော်စကို ဆက်ဆံရေးသည် အကန့်အသတ်မရှိကြောင်း ဖေါ်ပြသည့် ပူးတွဲကြေညာချက်တစောင်ကို တရုတ်နှင့် ရုရှားခေါင်းဆောင်များက လွန်ခဲ့သောလက ဘေ့ဂျင်းတွင် လက်မှတ်ရေးထိုးခဲ့သောကြောင့် ၂ နိုင်ငံ ပိုမိုနီးကပ်လာသည့် လက္ခဏာ နောက်တခုဖြစ်သည်။

တရုတ်နှင့် ရုရှား ၂ နိုင်ငံတို့သည် နေတိုးခေါ် မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့မှသည် အရေးယူပိတ်ဆို့မှုများအထိ အမေရိကန်ပြည်ထောင်စုကို ဆန့်ကျင်ရင်း ဆက်ဆံရေး ခိုင်မာလာနေသောကြောင့် တရုတ်-ရုရှားဆက်ဆံရေးနှင့်ပတ်သက်ပြီး မေးခွန်းသစ်များ ထွက်ပေါ်လာသည်။

တရုတ်နိုင်ငံသည် ယူကရိန်း အကျပ်အတည်းတွင် ကြားနေသူအဖြစ်သာ ၎င်းတို့ကိုယ် ၎င်းတို့ ပုံဖေါ်နေပြီး ယူကရိန်းကို ရုရှားကျူးကျော်ခြင်းအား မရှုတ်ချပေ။ သမ္မတရှီကျင့်ဖျင်သည် ပူတင်ကို ဖိအားတစုံတရာ ပေးလိုသည်ဟုလည်း အမေရိကန်က မယူဆပေ။

ဘေ့ဂျင်း-မော်စကို ဆက်ဆံရေးသည် အကန့်အသတ်မရှိကြောင်း ဖေါ်ပြသည့် ပူးတွဲကြေညာချက်တစောင်ကို တရုတ်နှင့် ရုရှားခေါင်းဆောင်များက လွန်ခဲ့သောလက ဘေ့ဂျင်းတွင် လက်မှတ်ရေးထိုးခဲ့သောကြောင့် ၂ နိုင်ငံ ပိုမိုနီးကပ်လာသည့် လက္ခဏာ နောက်တခုဖြစ်သည်။

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) မှ ထိပ်တန်းသရုပ်ခွဲလေ့လာသူဟောင်း ခရစ် ဂျွန်ဆင်က တရုတ်-ရုရှားဆက်ဆံရေးသည် ၁၉၆၀ ခုနှစ်များက ၂ နိုင်ငံဆက်ဆံရေး အဆင်မပြေဖြစ်ပြီးနောက် အနီးကပ်ဆုံး ဖြစ်နေကြောင်းပြောသည်။

“ဒီကိစ္စက တချိန်တည်းမှာပဲ တရုတ်ဟာ ၂ နိုင်ငံဆက်ဆံရေးမှာ ပြတ်ပြတ်သားသား အသာစီး ရကြောင်း ပြသနေတယ်” ဟုလည်း နိုင်ငံရေး အန္တရာယ်များကို လေ့လာသည့် လုပ်ငန်းဖြစ်သည့် China Strategies Group တွင် လုပ်ကိုင်နေသော ဂျွန်ဆင်က Financial Times သို့ ပြောသည်။

“ဒီ့အပြင် သူတို့က အကူအညီတွေ ပေးဖို့ စဉ်းစားရင်တောင်မှ ပူတင်ကျဆုံးပြီး နိုင်ငံမြောက်ပိုင်းနယ်စပ်မှာ ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် မကြုံဘူးတဲ့ ဖရိုဖရဲအခြေအနေတွေဖြစ်မှာကို တရုတ်က စိုးရိမ်နေတဲ့အတွက် ဒီဆက်ဆံရေးက လူပုဂ္ဂိုလ်ဗဟိုပြူ သဘောသဘာ၀ အတိုင်းအတာကို ဖေါ်ပြနေမှာဖြစ်တယ်” ဟုလည်း သူပြောသည်။

ကိုးကား။ ။ Financial Times ၏ US officials say Russia has asked China for military help in Ukraine

You may also like these stories:

ယူကရိန်းကို အာရုံစိုက်လာသောကြောင့် မြန်မာအပေါ် အာရုံစိုက်မှုနည်းလာ

ရှုံးနေပြီးသော ပူတင်၏ ကျူးကျော်စစ်

မြန်မာတွင် မင်းအောင်လှိုင်၊ ရုရှားတွင် ပူတင်လို လူမျိုးတွေ ကျဆုံးရမည်

မြန်မာ့ဒီမိုကရေစီ ခုခံရေးလှုပ်ရှားမှု အောင်ပွဲခံနိုင်သည်

Your Thoughts …
Tags: Financial Timesတရုတ်ယူကရိန်းစစ်ပွဲရုရှားအမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ယူကရိန်းစစ်ပွဲ မစတင်မီ သူ့ကို အာမခံခဲ့သည့် ထောက်လှမ်းရေး သတင်းများအတွက် ပူတင်က ထောက်လှမ်းရေးအေဂျင်စီကို အပြစ်တင်နေသည်ဟု ဆိုသည်။

ရုရှားထောက်လှမ်းရေး နိုင်ငံခြားဌာန အကြီးအကဲကို ပူတင်ဖမ်းထား

မတ်လ ၁၃ ရက်နေ့ ဒေါငံခါး မှာ စစ်ကောင်စီတပ်ဘက်က အတွဲလိုက်ဒုံး ကျရောက်ပေါက်ကွဲမှု / KNDF ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့

မိုးဗြဲ- ဒီးမော့ဆို လမ်းပိုင်းရှိ PDF နယ်မြေတချို့ စစ်ကောင်စီလက် ပြန်ရောက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved