• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့ဒီမိုကရေစီ ခုခံရေးလှုပ်ရှားမှု အောင်ပွဲခံနိုင်သည်

by Matthew B. Arnold
10 March 2022
in သူ့အတွေး သူ့အမြင်
A A
PDF များသည် မြန်မာနိုင်ငံ တနံတလျားတွင် အခိုင်အမာဖြစ်လာပြီး လူထုထောက်ခံမှုလည်း အားကောင်းနေသည်

PDF များသည် မြန်မာနိုင်ငံ တနံတလျားတွင် အခိုင်အမာဖြစ်လာပြီး လူထုထောက်ခံမှုလည်း အားကောင်းနေသည်

15.5k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ဒီမိုကရေစီအတွက် ခုခံရေးလှုပ်ရှားမှုသည် အောင်မြင်နိုင်ပြီး မှန်ကန်သော လုပ်ရပ်ဖြစ်သောကြောင့် ထိုလှုပ်ရှားမှုကို ကမ္ဘာက ထောက်ခံရန် လိုအပ်သည်။ အာဏာကို လုယူရန်အတွက် မြန်မာစစ်အုပ်စု အာဏာသိမ်းခဲ့သည်မှာ တနှစ်ကျော် ကြာပြီဖြစ်သော်လည်း စစ်ကောင်စီသည် နိုင်ငံအပေါ် ထိန်းချုပ်မှုကို ခိုင်မာအောင် မလုပ်နိုင်သေးပေ။

ထိုအချိန်အတွင်းတွင် ကျယ်ပြန့်သော လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်လာပြီး စစ်ကောင်စီသည် ခုခံမှုကို နှိမ်နင်းရန်အတွက် ရက်စက်ကြမ်းကြုတ်မှုများကို တနေ့ပြီးတနေ့ ကျူးလွန်နေသည်။ စစ်အုပ်စု၏ အင်အားကို ပိုမို တွက်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

သုတေသီများသည် ပေါ့ဆစွာဖြင့် စစ်အင်အားကို ၃ သိန်းခွဲဟု တွက်ချက်ပြီး ချေမှုန်း၍ မရနိုင်ကြောင်း ပြောကြသည်။ ဗိုလ်ချုပ်များသည် တနိုင်ငံလုံး အုံကြွမှုကို ဆွပေးလိုက်သောကြောင့် စစ်အုပ်စုကို ချေမှုန်း၍ ရနိုင်သည်။

မြန်မာနိုင်ငံသည် စစ်တပ်ဆိုသည့် အဖွဲ့အစည်းတခုတည်းနှင့်သာ ရန်သတ်နေရသော နိုင်ငံ ဖြစ်သည်။ ထိုပြည်တွင်းစစ်သည် သာမန်ပြည်သူများက နှစ်ဘက်လုံးကို ရပ်ကြည့်နေသည့် စစ်ပွဲမဟုတ်ပေ။ ထိုစစ်ပွဲသည် သာမန်ပြည်သူများက စစ်တပ်ကို တော်လှန်တိုက်ခိုက်သည့် အမျိုးသားအုံကြွမှု ဖြစ်သည်။

မြန်မာနိုင်ငံသည် စစ်တပ်ဆိုသည့် အဖွဲ့အစည်းတခုတည်းနှင့်သာ ရန်သတ်နေရသော နိုင်ငံ ဖြစ်သည်။ ထိုပြည်တွင်းစစ်သည် သာမန်ပြည်သူများက နှစ်ဘက်လုံးကို ရပ်ကြည့်နေသည့် စစ်ပွဲမဟုတ်ပေ။ ထိုစစ်ပွဲသည် သာမန်ပြည်သူများက စစ်တပ်ကို တော်လှန်တိုက်ခိုက်သည့် အမျိုးသားအုံကြွမှု ဖြစ်သည်။

စစ်အာဏာသိမ်းမှုသည် သေရေးရှင်ရေး အတိုင်းအတာအထိ ဖြစ်စေသည့် ဗိုလ်ချုပ်များ၏ ကြီးမားသော အမှားဖြစ်သည်။ ဒေသအခေါ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များဟု ခေါ်သည့် မိမိကိုယ်မိမိ ခုခံကာကွယ်ရေး တပ်များသည် လက်နက်ကိုင် ပုန်ကန်ကြသည်။ ခုခံရေးလှုပ်ရှားမှုသည် ဗမာများနေထိုင်သည့် အလယ်ပိုင်း ဒေသများတွင်သာမက ရန်ကုန်နှင့် မန္တလေးတွင်ပါ အမြစ်တွယ်လာသည်။

မြန်မာအမျိုးသားအုံကြွမှုသည် အရှိန်မြင့်လာသောကြောင့် စစ်အုပ်စုကို ဆန့်ကျင်သည့် အရှိန်အဟုန်သည် ပြောင်းလဲလာသည်။

စာရေးသူ၏ ခန့်မှန်းချက်အရဆိုပါက ဇန်နဝါရီလ တလတည်းတွင်ပင် စစ်ကောင်စီအပေါ် တိုက်ခိုက်မှုသည် ၂၅ ရာခိုင်နှုန်းနီးပါး တိုးလာသည်။ လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၀ တွင် စစ်တပ်အပေါ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ကိုယ့်နိုင်ငံတွင် ကိုယ်နေသော်လည်း စစ်တပ်သည် ပြည်ပမှ လာရောက်ကျူးကျော်သော နိုင်ငံခြားတပ်သဖွယ် ဖြစ်နေပြီး နေ့စဉ် အင်အားတိုးတက်လာနေသော အုံကြွမှုကို နှိမ်နင်းရန် ကြိုးစားနေသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
149
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
406

စစ်တပ်သည် စစ်မျက်နှာများစွာမှ နိုင်ငံတဝန်း အုံကြွမှုကို ရင်ဆိုင်ရန် စီစဉ်ထားသည့် စစ်တပ် မဟုတ်ပေ။ အဓိကကျသည့် ပဋိပက္ခ အခြေအနေများသည် စစ်အုပ်စုဖြစ်လိုသည့်အတိုင်း ဖြစ်မနေပေ။

ပထမဆုံးအချက်မှာ စစ်အုပ်ချုပ်ရေးကို လက်နက်ကိုင် ခုခံမှုသည် ရင်းမြစ်များအရ၊ လုံခြုံဘေးကင်းသော နေရာအရ၊ တပ်ဖွဲ့အင်အားအရ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်လာပြီး စစ်တပ်က နှိမ်နင်းမရတော့ပေ။

စစ်တပ်သည် အဓိကကျသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် သို့မဟုတ် အရပ်သား အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်များ (PDFs) တို့နှင့် ကြီးထွားလာနေသော ဆက်ဆံရေးမှ လမ်းခွဲရန် ဖိအားပေးနိုင်ခြင်း မရှိပေ။

စစ်တပ်သည် အဓိကကျသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် သို့မဟုတ် အရပ်သား အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်များ (PDFs) တို့နှင့် ကြီးထွားလာနေသော ဆက်ဆံရေးမှ လမ်းခွဲရန် ဖိအားပေးနိုင်ခြင်း မရှိပေ။

ဒုတိယအချက်မှာ PDF များသည် မြန်မာနိုင်ငံ တနံတလျားတွင် အခိုင်အမာဖြစ်လာခြင်း ဖြစ်သည်။ စစ်ကောင်စီကို PDF တိုက်ခိုက်မှုများသည် ဧရာဝတီ မြစ်ဝှမ်းတလျှောက် ကျယ်ပြန့်ပြီး အထူးသဖြင့် မကွေးတိုင်း မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ပြင်းထန်သည်။

PDF များသည် ရန်ကုန်နှင့် ပဲခူးမြို့ကြီးများတွင်လည်း အခိုင်အမာရှိနေပြီး မကွေးတိုင်းတောင်ပိုင်းတွင် အင်အားတိုးလာနေသည်။ ထိုအချက်သည် စစ်ကောင်စီတပ်များ ရင်ဆိုင်ရသည့် အကြီးမားဆုံး သေနင်္ဂဗျူဟာ ခြိမ်းခြောက်မှုဖြစ်သည်။ ထိုသေနင်္ဂဗျူဟာ ခြိမ်းခြောက်မှုသည် ဗမာအများစုနေထိုင်ရာ အလယ်ပိုင်းဒေသ တလွှားတွင် အမြစ်တွယ်နေသော လက်နက်ကိုင် ခုခံမှုဖြစ်သည်။

တတိယအချက်မှာ ယခုအခါ EAOs များနှင့် PDFs များသည် လွန်စွာ ကျိုးကြောင်းဆီလျော်သော ပူးပေါင်းဆောင်ရွက်မှုကို ထူထောင်ထားနိုင်ခြင်း ဖြစ်သည်။ လက်နက်ကိုင် ခုခံမှုအတွက် အဓိက သော့ချက်မှာ PDF များ သြဇာ ပိုမိုထူထောင်လာခြင်း၊ ပုံမှန်ချဲ့ထွင်ခြင်းနှင့် အဓိကကျသော EAOs အမာခံအုပ်စုများက စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်သည်။

အထူးသဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့ ဖြစ်သည်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်များနှင့် တနင်္သာရီတိုင်းများတွင် PDFs များသည် EAOs များနှင့် ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်ကြသည်။

ချင်းပြည်နယ်နှင့် ကယားပြည်နယ်တွင် အုပ်စုသစ်များ၊ အထူးသဖြင့် ချင်းကာကွယ်ရေးတပ် CDF၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် KNDF တို့နှင့် ကာလကြာမြင့်စွာ ထူထောင်ထားသည့် EAOs များဖြစ်သည့် CNF ၊ KNPP တို့နှင့် အသီးသီး ပူးပေါင်းဆောင်ရွက်မှုများသည် မှတ်သားစရာ ကောင်းလှသည်။

ထို့အပြင် KIA သည် စစ်ကိုင်းတိုင်းမြောက်ပိုင်း တခုလုံးမှ PDF များ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ကာ KNU သည်လည်း မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ PDFs များနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နေသည်။

စတုတ္ထအချက်မှာ စစ်ကောင်စီ ထိန်းချုပ်သည့် နိုင်ငံတော်ယန္တရားသည် အားနည်းလာပြီး ခုခံရေး အင်အားစုသည် စစ်အင်အားနှင့်အတူ နယ်မြေထိန်းချုပ်ရေးသည် အရေးပါသောကြောင့် ဒေသအုပ်ချုပ်ရေးများကို အလေးထားလာသည်။

အမျိုးသားအုံကြွမှုတွင် ထိန်းချုပ်မှု ရရှိခြင်းသည် စစ်အင်အားပေါ်တွင်သာမက လူထုထောက်ခံမှု၊ ဒေသနှင့် ကွန်ရက်များအကြောင်း သိရှိမှုအပေါ်တွင်လည်း မူတည်နေသည်။ ထိုအချက်ကြောင့် ခုခံရေးအင်အားစုများသည် စစ်ကောင်စီထက် လူထုနှင့်ပိုမိုခိုင်မာသော ဆက်ဆံရေးနှင့် ထောက်ခံမှုရနေသည်။

အမျိုးသားအုံကြွမှုတွင် ထိန်းချုပ်မှု ရရှိခြင်းသည် စစ်အင်အားပေါ်တွင်သာမက လူထုထောက်ခံမှု၊ ဒေသနှင့် ကွန်ရက်များအကြောင်း သိရှိမှုအပေါ်တွင်လည်း မူတည်နေသည်။ ထိုအချက်ကြောင့် ခုခံရေးအင်အားစုများသည် စစ်ကောင်စီထက် လူထုနှင့်ပိုမိုခိုင်မာသော ဆက်ဆံရေးနှင့် ထောက်ခံမှုရနေသည်။

သို့သော် သမားရိုးကျ တပ်ဖွဲ့များ ပုံစံအရ စစ်အုပ်စုက အားသာနေသည်။ ထို့ကြောင့် ၎င်းတို့သည် စစ်ရေးအရ အင်အားနည်းသော နေရာများတွင် အနည်းဆုံး တစိတ်တပိုင်းအားဖြင့် ထိန်းချုပ်နိုင်ကြသည်။

ကြီးထွားနေသော လက်နက်ကိုင်ခုခံမှုကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် စနစ်တကျ အကြမ်းဖက်မှု သေနင်္ဂဗျူဟာကို အကောင်အထည် ဖော်နေသည်။ စစ်ကောင်စီသည် ခုခံရေး အင်အားစုများကို ထောက်ခံသည်ဟု ၎င်းတို့ထင်သည့် အရပ်သားအားလုံးကို အပြင်းအထန် အကြမ်းဖက်ခြင်းဖြင့် သြဇာထူထောင်ရန် ကြိုးစားသည်။

ထိုအချက်ကို ယနေ့ တနိုင်ငံလုံးတွင် အထင်အရှား မြင်တွေ့နေရပြီး စစ်တပ်သည် ခုခံရေး အင်အားစုများရှိသော နေရာများတွင် ရွာများ၊ ကျွဲနွား တိရိစ္ဆာန်များ၊ စပါးကျီများနှင့် လူများကိုပင် မီးရှို့ပြီး ကြောက်လန့်မှုကို ဖြစ်စေကာ ပြည်သူတရပ်လုံးကို မောင်းထုတ်သည်။

ထိုဖြစ်ရပ်များကို ပိုမိုလုပ်ဆောင်လာခြင်းမှာ ကမ္ဘာသည် ရုရှားက ကျူးကျော်ခံနေရသည့် ယူကရိန်းအရေးကို အာရုံစိုက်နေသည်ဟု စစ်ကောင်စီက ယူဆသောကြောင့် ဖြစ်သည်။ သို့သော် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို စစ်မြေပြင်မှ အောင်ပွဲများဟု ရှုပ်ထွေးစွာ မကောက်ယူသင့်ပေ။

မြန်မာ့အလားအလာနှင့် ပတ်သက်သည့် ကမ္ဘာ့သေနင်္ဂဗျူဟာ တွက်ချက်မှု အများအပြားသည် စစ်အုပ်စု၏ အင်အားနှင့် ရေရှည်တည်တံ့နိုင်မှုအပေါ် အပြစ်အနာအဆာ မကင်းသည့် အကဲဖြတ်ချက်များတွင် အခြေခံသည်။

ပဋိပက္ခ၏ သဘောသဘာဝကို အမျိုးသားအုံကြွမှုပုံစံ ဆက်လက်ထိန်းထားနိုင်ပါက စစ်ရေးချိန်ခွင်လျှာသည် ခုခံရေး အင်အားစုများဘက်သို့ သာနေသည်။ ထို့အပြင် စစ်အုပ်စုက နိုင်ငံကို ပြည်တွင်းစစ်နှင့် ပဋိပက္ခများအကြား ဆယ်စုနှစ် ၆ ခုကြာ ထိခိုက်နစ်နာစေခဲ့သော်လည်း နိုင်ငံတကာ အသိုက်အဝန်းသည် စစ်အုပ်စု၏ ပြောဆိုချက်ဖြစ်သည့် ၎င်းတို့သည် နိုင်ငံကို စုစည်းထားသော အင်အားစုဖြစ်သည် ဆိုသည့်အချက်ကို ယုံကြည်သည့် ထောင်ချောက်တွင်လည်း မကြာခဏ မိနေကြသည်။

လက်ရှိ အကျပ်အတည်းကို တည်ငြိမ်သော ဒီမိုကရေစီနိုင်ငံတခု ပေါ်ပေါက်ရေး ထောက်ခံရန် ထူးခြားသော အခြေအနေအဖြစ် မြင်သင့်သည်။ ထိုသို့သော ဒီမိုကရေစီနိုင်ငံသည် ဒေသတွင်း မတည်ငြိမ်မှုဖြစ်စေသည့် အကြောင်းရင်းနှင့် အာဆီယံအတွက် အရှက်ကွဲစရာ၊ လမ်းကြောင်းလွဲစရာများ မဖြစ်စေတော့သော ဒီမိုကရေစီနိုင်ငံတခု ဖြစ်သည်။

လက်ရှိ အကျပ်အတည်းကို တည်ငြိမ်သော ဒီမိုကရေစီနိုင်ငံတခု ပေါ်ပေါက်ရေး ထောက်ခံရန် ထူးခြားသော အခြေအနေအဖြစ် မြင်သင့်သည်။ ထိုသို့သော ဒီမိုကရေစီနိုင်ငံသည် ဒေသတွင်း မတည်ငြိမ်မှုဖြစ်စေသည့် အကြောင်းရင်းနှင့် အာဆီယံအတွက် အရှက်ကွဲစရာ၊ လမ်းကြောင်းလွဲစရာများ မဖြစ်စေတော့သော ဒီမိုကရေစီနိုင်ငံတခု ဖြစ်သည်။

မြန်မာနိုင်ငံမှ ဒီမိုကရေစီ ခုခံမှုသည် ဒီမိုကရေစီကို ထောက်ခံရန်နှင့် လူ့အခွင့်အရေးကို ကာကွယ်ရန်အတွက်မျှသာ နိုင်ငံတကာ အကူအညီကို မတောင်းခံသင့်ပေ။ အခြေခံအားဖြင့်ဆိုရပါက NUG နှင့် ပိုမိုကျယ်ပြန့်သော မဟာမိတ်များက ဦးဆောင်သော ခုခံမှုသည် အောင်ပွဲရမည့် ခိုင်မာသော လမ်းကြောင်းရှိပြီး ထိုကိစ္စအောင်မြင်စေမည့် ကျွမ်းကျင်မှုကိုလည်း ပြသနေသောကြောင့် အကူအညီများကို တောင်းခံသင့်ခြင်း ဖြစ်သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခြင်းသည် ရိုးရှင်းသော အမှန်တရားကို မီးမောင်းထိုးပြနေသည်။ ရက်စက်ရိုင်းစိုင်းမှုနှင့် အာဏာရှင်စနစ်အား မှန်ကန်စွာ ကာကွယ်နေသော ပြည်သူများကို ထောက်ခံခြင်းအတွက် ရှက်စရာအကြောင်း မရှိပါ။

မြန်မာပြည်သူများသည် ထိုသို့သော ထောက်ခံမှုကို ထိုက်တန်ကြောင်း လုံလောက်ရုံသာမက ပိုမိုသောသတ္တိနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုကို ပြသပြီးဖြစ်သည်။ ထိုဆုံးဖြတ်ချက်မှာ မိမိတို့ကိုယ်တိုင်နှင့် မိမိတို့နိုင်ငံအတွက် တိုက်ပွဲဝင်ရန် စိတ်အားထက်သန်ခြင်းပင် ဖြစ်သည်။

အဆုံးမရှိဟု ထင်ရချိန် ပြည်ပစစ်ပွဲကို ထောက်ခံခြင်းနှင့် ပတ်သက်ပြီး သတိထားရန် လုံလောက်သော အကြောင်းလည်း ရှိသည်။ ယူကရိန်းတွင် လက်နက်ကိုင်ခုခံခြင်းကို ကမ္ဘာက ထောက်ခံသည်မှာ မှန်ကန်သည်။ သို့သော် မြန်မာနိုင်ငံအတွက် ယခုထက်မက ပိုမို လုပ်ဆောင်ရန် လိုအပ်နေသည်။

မြန်မာပြည်သူများသည် ထိုသို့သော ထောက်ခံမှုကို ထိုက်တန်ကြောင်း လုံလောက်ရုံသာမက ပိုမိုသောသတ္တိနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုကို ပြသပြီးဖြစ်သည်။ ထိုဆုံးဖြတ်ချက်မှာ မိမိတို့ကိုယ်တိုင်နှင့် မိမိတို့နိုင်ငံအတွက် တိုက်ပွဲဝင်ရန် စိတ်အားထက်သန်ခြင်းပင် ဖြစ်သည်။

၎င်းတို့တွင် အောင်ပွဲသို့ ချီတက်မည့်လမ်းကြောင်း ရှိပြီးဖြစ်သောကြောင့် ထိုအချက်က နိုင်ငံအနေဖြင့် ပိုမိုငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာသည့် အနာဂတ်ကို ရှာဖွေရန် စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖြုတ်ချခြင်းဟု ဆိုလိုသည်။

(Matthew B. Arnold သည် လွတ်လပ်သော မူဝါဒသုတေသီ ဖြစ်သည်။ သူသည် မြန်မာ့နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကို ၂၀၁၂ ခုနှစ်ကပင် စတင်သုတေသန ပြုနေသူ ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Democratic Resistance Can Win—the World Needs to Support It ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

စစ်ကိုင်းအား “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့်ရှင်းရန် စစ်ကောင်စီကြံစည်နေ

မြန်မာတွင် မင်းအောင်လှိုင်၊ ရုရှားတွင် ပူတင်လို လူမျိုးတွေ ကျဆုံးရမည်

ဒေါ်အောင်ဆန်းစုကြည်၊ ICJ နှင့် တပ်မတော်

Crypto ငွေကြေး၊ ဆိုးရော့စ်နှင့် မြန်မာ့တော်လှန်ရေး ရန်ပုံငွေ

ရှုံးနေပြီးသော ပူတင်၏ ကျူးကျော်စစ်

Your Thoughts …
Tags: CNFEAOsKIAKNPPKNUNUGPDFsစစ်ကောင်စီဒီမိုကရေစီယူကရိန်းရုရှားအာဆီယံ
Matthew B. Arnold

Matthew B. Arnold

Matthew B. Arnold သည် လွတ်လပ်သော သုတေသီဖြစ်ပြီး မြန်မာ့နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကို ၂၀၁၂ ခုနှစ်မှစတင်၍ လေ့လာနေသူ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့လည် တပ်မတော်ထောက်ခံဆန္ဒပြပွဲတွင် ပါဝင်သူတဦး / ဧရာဝတီ

၅ ထောင်စား တို့၏ ခေါင်းကိုင်ဖခင် ဦးအောင်သန်းဦး

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအကြိုကာလ နေပြည်တော်တွင် ဆာဆာကာဝါနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်

ဂျပန်အထူးသံတမန်နှင့် EAOs များဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးမျှော်လင့်ချက် မရှိ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved