• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရုရှားထောက်လှမ်းရေး နိုင်ငံခြားဌာန အကြီးအကဲကို ပူတင်ဖမ်းထား

by ဧရာဝတီ
14 March 2022
in သတင်း
A A
ယူကရိန်းစစ်ပွဲ မစတင်မီ သူ့ကို အာမခံခဲ့သည့် ထောက်လှမ်းရေး သတင်းများအတွက် ပူတင်က ထောက်လှမ်းရေးအေဂျင်စီကို အပြစ်တင်နေသည်ဟု ဆိုသည်။

ယူကရိန်းစစ်ပွဲ မစတင်မီ သူ့ကို အာမခံခဲ့သည့် ထောက်လှမ်းရေး သတင်းများအတွက် ပူတင်က ထောက်လှမ်းရေးအေဂျင်စီကို အပြစ်တင်နေသည်ဟု ဆိုသည်။

17.2k
VIEWS
Share on FacebookShare on Twitter

ယူကရိန်းကျူးကျော်စစ်နှင့် ပတ်သက်၍ ထောက်လှမ်းရေးသတင်း ပျက်ကွက်မှုများကြောင့် ရုရှားတပ်များ အရှက်တကွဲ ချေမှုန်းခံရမှုများအတွက် အပြစ်တင်ပြီး ရုရှားထောက်လှမ်းရေးဌာနဖြစ်သည့် ဖက်ဒရယ် လုံခြုံရေးဌာန (FSB) ၏ ပြည်ပထောက်လှမ်းရေး အကြီးအကဲနှင့် သူ၏ လက်ထောက်ကို နေအိမ်တွင် အကျယ်ချုပ်ဖမ်းထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ရုရှားထောက်လှမ်းရေးဌာန ပြည်ပထောက်လှမ်းရေး အကြီးအကဲ အသက် ၆၈ နှစ် ရှိပြီဖြစ်သော ဆာဂေး ဘီစီဒါကို ပူတင်၏ အမိန့်အရ နေအိမ်တွင် အကျယ်ချုပ် ချထားကြောင်း FSB အတွင်းမှ သတင်းရင်းမြစ်များက သူ့ကို ပြောကြောင်း ရုရှားထောက်လှမ်းရေးနှင့် ပတ်သက်၍ လူရိုသေ ရှင်ရိုသေခံရသည့် စာရေးဆရာ အင်ဒရေ ဆိုလ်ဒါတော့ဗ်က ပြောကြားလိုက်သည်။

သူ၏ လက်ထောက်ဖြစ်သူ အနာတိုလီ ဘိုလ်ယုခ်ကိုလည်း ဖမ်းဆီးထားကြောင်း ဆိုလ်ဒါတော့ဗ်က ပြောသည်။ ပူတင်သည် သူသမ္မတ မဖြစ်မီက ဦးစီးခဲ့သည့် ထိုထောက်လှမ်းရေးဌာနကို မကျေမနပ် ဖြစ်နေကြောင်းလည်း သူက ပြောသည်။

ယူကရိန်းတပ်များသည် ရုပ်ပြသဘောမျှသာ ခုခံမည်ဖြစ်ကြောင်းနှင့် ယူကရိန်း နိုင်ငံသားများ ကိုယ်တိုင်သည်ပင် ၎င်းတို့ခေါင်းဆောင်များကို ဖယ်ရှားလိုနေကြောင်း ယူကရိန်းစစ်ပွဲ မစတင်မီ သူ့ကို အာမခံခဲ့သည့် ထောက်လှမ်းရေး သတင်းများအတွက် ပူတင်က ထောက်လှမ်းရေးအေဂျင်စီကို အပြစ်တင်နေသည်ဟု ဆိုသည်။

ရုရှားထောက်လှမ်းရေးဌာန ပြည်ပထောက်လှမ်းရေး အကြီးအကဲ အသက် ၆၈ နှစ် ရှိပြီဖြစ်သော ဆာဂျေ ဘီစီဒါ

ထိုသို့ဖမ်းဆီးမှုများ၏ အကြောင်းရင်းများတွင် ယူကရိန်းမှ ဒလန်များအတွက် ပေးထားသော ရန်ပုံငွေများကို အလွဲသုံးစားလုပ်ခြင်းနှင့် ယူကရိန်း နိုင်ငံရေးအခြေအနေနှင့် ပတ်သက်သည့် တမင်လုပ်ကြံသည့် သတင်းမှားများလည်း ပါဝင်ကြောင်း သိရသည်။

FSB ထောက်လှမ်းရေးအေဂျင်စီက ယူကရိန်းသည် အင်အားချိနဲ့ပြီး နာဇီလက်သစ် အုပ်စုများအများအပြား ရှိနေကာ တိုက်ခိုက်ပါက အလွယ်တကူ အရှုံးပေးမည်ဆိုသည့် ထောက်လှမ်းရေးသတင်းများကို သမ္မတ ပူတင်ထံ ပေးအပ်ခဲ့သည်။

လက်တွေ့တွင် ရုရှားတပ်များသည် ယူကရိန်းစစ်သားများ၏ ပြင်းထန်သော ခုခံမှုကို ရင်ဆိုင်ရပြီး စစ်ပွဲတုံ့ဆိုင်းကာ အကြီးအကျယ် ထိခိုက်သေဆုံးပြီး သမ္မတ ပူတင်၏ တပ်မှူးများသည် လက်ရှိအချိန်အထိ ရလဒ် အနည်းငယ်သာရှိသည့် ရက်စက်ကြမ်းကြုတ်သော ဝိုင်းရံပိတ်ဆို့သည့် နည်းလမ်းများကိုသာ သုံးလာရသည်။

တချိန်တည်းတွင် ယူကရိန်း အရပ်သားများကလည်း ၎င်းတို့အစိုးရနှင့် စိတ်အားတက်ကြွစေသော သမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးနှင့်အတူ ရပ်တည်ပြီး ရုရှားများ သိမ်းပိုက်ထားသော ဒေသများတွင် ဆန္ဒပြပွဲများ ပြုလုပ်ကာ ရုရှားတင့်ကားများနှင့် ဖမ်းမိယာဉ်များကို နှောက်ယှက်ဖျက်ဆီးနေကြသည်။

ယူကရိန်းကို ကျူးကျော်လျှင် ရုရှား စစ်သားများသည် ခုခံမှုအနည်းငယ်သာ ရင်ဆိုင်ရမည်ဟု သူ့ကို အာမခံသည့် FSB ထောက်လှမ်းရေးသတင်းများကို သမ္မတ ပူတင် ဒေါသထွက်နေကြောင်း၊ ထောက်လှမ်းရေးဌာနကို ထိုအမှားအတွက် အပြစ်တင်ပြီး အရေးယူမှုများ လုပ်နေကြောင်း သတင်းအများအပြား ထွက်လာပြီးနောက် ယခုသတင်း ထွက်လာခြင်းဖြစ်သည်။

ရုရှားထောက်လှမ်းရေး အမှတ် ၅ ဒုတာဝန်ခံ အနာတိုလီ ဘိုလ်ယုခ်လည်း အဖမ်းခံရကြောင်း ဆိုသည်

ယနေ့ မတ်လ ၁၄ ရက် အစောပိုင်းတွင်လည်း သမ္မတ ပူတင်သည် သူ၏ ထိပ်တန်းဗိုလ်ချုပ် အများအပြားကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး ယူကရိန်းတိုက်ပွဲ စတင်သည့် ရက်များက ရုရှားတပ်များ အရှက်တကွဲ ချေမှုန်းခံရသည့် ထောက်လှမ်းရေးသတင်းနှင့် သေနင်္ဂဗျူဟာ ညံ့ဖျင်းမှုအတွက် ဒေါသထွက်နေသည်ဟု ဆိုသည်။

မော်စကိုသည် ယူကရိန်းကို ရုတ်တရက် အလျင်အမြန်သိမ်းပိုက်ရန် ကြိုးစားမှု မအောင်မမြင်ဖြစ်သောကြောင့် စစ်ပွဲစတင်ချိန် နောက်ပိုင်းတွင် ရာထူးမှ ထုတ်ပယ်ခဲ့သည့် ရုရှားတပ်မှူး ၈ ဦးခန့် ရှိပြီဖြစ်ကြောင်း ရုရှားအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ အိုလက်ဆီ ဒန်နီလော့ဗ်က ပြောသည်။

မိဘ သို့မဟုတ် ဘိုးဘွားများသည် FSB ဝန်ထမ်းဟောင်းဖြစ်သူများမှ ဆင်းသက်လာသူများကို FSB ထောက်လှမ်းရေးအဖြစ် မျိုးရိုးလိုက် ခန့်ထားပြီး ၎င်းတို့ကို အများပြည်သူတက်သည့် ကျောင်းများမှ ထုတ်ပယ်ကာ အိမ်တွင်သာ ပညာသင်ကြားပေးခဲ့ကြောင်း ဆိုလ်ဒါတော့ဗ်က ယခင်တွင် ပြောကြားခဲ့ဖူးသည်။

အနောက်နိုင်ငံ ထောက်လှမ်းရေးဌာနများကမူ အဆင့်အမြင့်ဆုံး တပ်ဖွဲ့ဝင်များ ရရှိရေးအတွက် ထိပ်တန်းတက္ကသိုလ်များ သို့မဟုတ် ကောလိပ်များမှ လူသစ်စုဆောင်းသောကြောင့် ရုရှား ထောက်လှမ်းရေးဌာနသည် ၎င်းတို့နှင့်မတူ တမူကွဲပြားနေသည်။

ယူကရိန်းနိုင်ငံ ကိယက်မြို့တော်အနီး ပေါက်ကွဲပျက်စီးနေသော ရုရှတင့်ကားတစီး

တနည်းအားဖြင့်လည်း ထိုရုရှား ထောက်လှမ်းရေး အဖွဲ့အစည်းသည် တစုတည်း ထောက်လှမ်းရေးအလုပ် ကောင်းစွာ လုပ်နိုင်ကြောင်း၊ သို့သော် လက်ရှိ အမှန်တရားကို သမ္မတ ပူတင်အား မပြောဝံ့သဖြင့် သမ္မတ ပူတင် အလိုကျစေမည့် သတင်းများသာ ပေးပို့ကြကြောင်းလည်း ဆိုလ်ဒါတော့ဗ်က ပြောသည်။

ထို့ကြောင့် သီတင်းနှစ်ပတ်ကျော် ကြာလာနေသည့် ယူကရိန်းအပေါ် ကျူးကျော်စစ်သည် မျှော်မှန်းထားသည်ထက် ထိခိုက်သေဆုံးမှု မြင့်တက်လာစေသည့် ရုရှား၏ တလွဲတချော် ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်စေခဲ့သည်။

ကျူးကျော်စစ် စစချင်းတွင် အဓိက ပစ်မှတ်များကို လေကြောင်း ပစ်ကူဖြင့် သိမ်းပိုက်ထားနိုင်လျှင် ခုခံမှု အားနည်းစွာဖြင့် ခြေမြန်တပ်များ အလွယ်တကူ ထိန်းချုပ်နိုင်လိမ့်မည်ဟု မော်စကိုက မျှော်လင့်ခဲ့ပုံရသော်လည်း အပြင်းအထန် တန်ပြန် ခုခံမှုများနှင့် ကြုံခဲ့ရသည်။

ယုံကြည် စိတ်ချရသည့် အချက်အလက်များ ရရှိရန် ခက်ခဲသော်လည်း ယူကရိန်း၏ ခန့်မှန်းချက်ကမူ တိုက်ပွဲအတွင်း ရုရှားတပ်ဘက်က အဖွဲ့ဝင် ၁၂,၀၀၀ အထိ ကျဆုံးသည်ဟု ဆိုသည်။

ဥရောပ ထောက်လှမ်းရေးအဖွဲ့များကမူ ရုရှားတပ်ဘက်က ကျဆုံးမှုမှာ ၆,၀၀၀ မှ ၉,၀၀၀ ကြားရှိသည်ဟု ပိုမို လျော့နည်းစွာ ပြောပြီး အမေရိကန်ကမူ ထို့ထက် လျော့နည်းစွာ ရုရှားတပ်ဖွဲ့ဝင် ကျဆုံးမှု ၃,၀၀၀ ဟု ခန့်မှန်းသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
28
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
25
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
199

ရုရှားတပ်ဖွဲ့ဝင် ကျဆုံးမှု အရေအတွက် အများဆုံးမှ အနည်းဆုံးအထိ ကွဲလွဲသည့်တိုင် ရက်အနည်းငယ်အတွင်း ယူကရိန်းအပေါ် အနိုင်ရနိုင်လောက်သည် ဆိုသည့် သမ္မတ ပူတင်၏ ခန့်မှန်းချက်ထက် များနေမည်သာ ဖြစ်ပေသည်။

ကိုးကား။ ။ The Daily Mail

ယူကရိန်းစစ်ပွဲ ရုရှားက တရုတ်ကို အကူအညီတောင်းကြောင်း အမေရိကန်ပြော

ရှုံးနေပြီးသော ပူတင်၏ ကျူးကျော်စစ်

မြန်မာတွင် မင်းအောင်လှိုင်၊ ရုရှားတွင် ပူတင်လို လူမျိုးတွေ ကျဆုံးရမည်

ယူကရိန်းကို အာရုံစိုက်လာသောကြောင့် မြန်မာအပေါ် အာရုံစိုက်မှုနည်းလာ

Your Thoughts …
Tags: FBSနိုင်ငံခြားဌာန အကြီးအကဲပူတင်ဖမ်းထားယူကရိန်းစစ်ပွဲရုရှားထောက်လှမ်းရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အမေရိကန်မပါဘဲ ပူတင်ကို တိုက်ရမည့် ဥရောပ၏ အိပ်မက်ဆိုး

အမေရိကန်မပါဘဲ ပူတင်ကို တိုက်ရမည့် ဥရောပ၏ အိပ်မက်ဆိုး

by ဧရာဝတီ
5 March 2025
2.1k

ဥရောပခေါင်းဆောင်များအတွက် အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်နေရသည်။ ရန်လိုသော ရုရှားကို ၎င်းတို့ချည်းသက်သက် ရင်ဆိုင်ရတော့မည်။

ဘေဂျင်း စစ်ရေးဆွေးနွေးပွဲတွင် အမေရိကန်ကို တရုတ်နှင့် ရုရှား ဝေဖန်

ဘေဂျင်း စစ်ရေးဆွေးနွေးပွဲတွင် အမေရိကန်ကို တရုတ်နှင့် ရုရှား ဝေဖန်

by ဧရာဝတီ
30 October 2023
1.8k

လွန်ခဲ့သောအပတ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သမ္မတ ဘိုင်ဒင်နှင့် အိမ်ဖြူတော်တွင် တနာရီခန့် တွေ့ဆုံဆွေးနွေးသည်။

...

ဒုံးကျည်နှင့်ဒရုန်း ရရှိရေး စစ်ကောင်စီက အီရန်ဘက် ခြေဦးလှည့်နေ

by ဧရာဝတီ
27 May 2023
6.7k

စစ်ကောင်စီသည် ၎င်းတို့၏ ဒရုန်းများကို ပြန်လည်ပြင်ဆင်ရန် အီရန်မှ အစိတ်အပိုင်းများ ဝယ်ယူနေကြောင်း မြန်မာလေတပ်မှ ခုခံတော်လှန်ရေး အင်အားစုဘက်သို့ ပြောင်းလာသည့် အရာရှိအများအပြားက ပြောသည်။

အမြောက်ဆံများနှင့် ဗုံးများကြောင့် ပျက်ဆီးမှုများကြားက ယူကရိန်းအလံ / AFP

ဘာကြောင့် ယူကရိန်းက နိုင်မှာလဲ

by ဖရန်စစ် ဖူကူယားမား
12 September 2022
16.1k

ယူကရိန်းက ရုရှား၏ ကြီးမားသည့် စစ်တပ်အပေါ် အနိုင်ရရှိပါက အလားတူဖြစ်ရပ်များ၏ လှိုင်းခတ်ပျံ့နှံ့မှုကို ကမ္ဘာတဝန်းလုံးတွင် ခံစားလာကြရလိမ့်မည်။

ရုရှားက တရုတ်ကို အကူအညီ တောင်းထားကြောင်း အမေရိကန်အရာရှိများပြောကြောင်း Financial Times သတင်းစာက ရေးသည် / AFP

ယူကရိန်းစစ်ပွဲ ရုရှားက တရုတ်ကို အကူအညီတောင်းကြောင်း အမေရိကန်ပြော

by ဧရာဝတီ
14 March 2022
12.1k

ရုရှားက တရုတ်ကို အကူအညီ တောင်းထားကြောင်း အမေရိကန်အရာရှိများပြောကြားလိုက်ပြီး အိမ်ဖြူတော်တွင် စိုးရိမ်ပူပန်မှုများဖြစ်စေကြောင်း Financial Times သတင်းစာက ရေးသည်။

ရုရှသမ္မတ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် / AFP

ယူကရိန်းစစ်ပွဲကြောင့် တရုတ် စဉ်းစားပုံပြောင်းသွားနိုင်ဟု CIA ညွှန်မှူးပြော

by ဧရာဝတီ
9 May 2022
13k

ယူကရိန်းစစ်ပွဲသည် ရှီကျင့်ဖျင်၏ ထိုင်ဝမ်နှင့်ပတ်သက်သည့် တွက်ချက်မှုကို သက်ရောက်နိုင်ကြောင်း ဘေလ်ဘန်း ပြောသည်။

Next Post
မတ်လ ၁၃ ရက်နေ့ ဒေါငံခါး မှာ စစ်ကောင်စီတပ်ဘက်က အတွဲလိုက်ဒုံး ကျရောက်ပေါက်ကွဲမှု / KNDF ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့

မိုးဗြဲ- ဒီးမော့ဆို လမ်းပိုင်းရှိ PDF နယ်မြေတချို့ စစ်ကောင်စီလက် ပြန်ရောက်

ရခိုင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့်တပ်ဖွဲ့ / ဧရာဝတီ

မောင်တောဒေသခံ ၁ ဦး နယ်ခြားစောင့်ရဲ ပစ်ခတ်၍ သေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

18 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved