ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တပ်တွေက အမျိုးသမီးနဲ့ ကလေးစစ်သည်တွေကို အသုံးပြုနေပြီလို့ ဒေသခံ အဖွဲ့အစည်း တွေက ဧရာဝတီကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပအိုဝ်းအမျိုးသားတွေစစ်မှုထမ်းဖို့ကို PNA က တရားဝင် ဖိတ်ခေါ်မှုတွေ မကြာခဏလုပ်လာသလို အတင်းအဓမ္မ စစ်အင်အားစုဆောင်းမှုတွေလည်း များလာတယ်လို့ ဆိုပါတယ်။
၂၀၂၂ နောက်ပိုင်းကစပြီး PNA က ပို့ချတဲ့ စစ်သင်တန်းတွေမှာ အသက် ၁၈ နှစ်မပြည့်သေးသူတွေနဲ့ အမျိုးသမီးတွေကို ပိုတွေ့လာရတယ်လို့ ပအိုဝ်းဒေသက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်နေသူတွေက ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ပအိုဝ်း #ကလေးစစ်သား #အမျိုးသမီး #PNA
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy