• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

by ဧရာဝတီ
23 January 2025
in သတင်း
A A
WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ နုတ်ထွက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရမ့်က ဇန်နဝါရီလ ၂၀ ရက်နေ့တွင်ပြောသည်/Getty Images

3.4k
VIEWS
Share on FacebookShare on Twitter

အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ နုတ်ထွက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရမ့်က ဇန်နဝါရီလ ၂၀ ရက်နေ့တွင်ပြောပြီး WHO သည် ကိုဗစ်နိုင်တင်းနှင့် အခြားနိုင်ငံတကာ ကျန်းမာရေး အကျပ်အတည်းများကို ကိုင်တွယ်မှု မှားယွင်းသည်ဟု စွပ်စွဲသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများ၏ မလိုလားအပ်သော နိုင်ငံရေးသြဇာမှ လွတ်လပ်စွာ ဆောင်ရွက်ရန် ပျက်ကွက်ပြီး တရုတ်ကဲ့သို့သော အခြား ပိုမိုကြီးမားသည့် နိုင်ငံများက ပေးသည့်ပမာဏနှင့် အချိုးအစား မမျှမတ မတန်တဆ အမေရိကန် ပြည်ထောင်စုက ငွေပေးချေရသည့် အခြေအနေရောက်စေသည်ဟု မစ္စတာ ထရမ့်က ပြောသည်။

“ကမ္ဘာ့ကျန်းမာရေးက ကျနော်တို့ကို ငွေလိမ်တယ်။ လူတိုင်းက အမေရိကန် ပြည်ထောင်စုကို ငွေလိမ်တယ်။ အဲဒီလို ဆက်လက်ဖြစ်နေမှာ မဟုတ်တော့ဘူး” ဟု မစ္စတာ ထရမ့်က ဒုတိယအကြိမ် ရာထူးသက်တမ်း စတင်ပြီး မကြာမီ ထိုသို့နုတ်ထွက်သည့် အုပ်ချုပ်ရေးအမိန့် လက်မှတ်ရေးထိုးစဉ် ပြောသည်။

“ကမ္ဘာ့ကျန်းမာရေးက ကျနော်တို့ကို ငွေလိမ်တယ်။ လူတိုင်းက အမေရိကန် ပြည်ထောင်စုကို ငွေလိမ်တယ်။ အဲဒီလို ဆက်လက်ဖြစ်နေမှာ မဟုတ်တော့ဘူး” ဟု မစ္စတာ ထရမ့်က ဒုတိယအကြိမ် ရာထူးသက်တမ်း စတင်ပြီး မကြာမီ ထိုသို့နုတ်ထွက်သည့် အုပ်ချုပ်ရေးအမိန့် လက်မှတ်ရေးထိုးစဉ် ပြောသည်။

ထိပ်တန်း အလှူရှင်နိုင်ငံ၏ ထိုလုပ်ရပ်အတွက် စိတ်မကောင်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်။

“အမေရိကန် ပြည်ထောင်စုသည် ပြန်လည် စဉ်းစားသုံးသပ်မည်ဟု မိမိတို့ မျှော်လင့်ပြီး လူတိုင်းအတွက် အမေရိကန်များသာမက ကမ္ဘာတဝန်းမှ ပြည်သူတိုင်း အကျိုးအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ရှိလာမည်ဟု မျှော်လင့်သည်” ဟု WHO အဖွဲ့ ပြောခွင့်ရသူ တာရစ်ခ် ဂျာစာရီဗစ်က သတင်းထောက်များကို ဂျနီဗာတွင် ပြောသည်။

ထိုလုပ်ရပ်တွင် အမေရိကသည် WHO မှ နုတ်ထွက်ရန်နှင့် အဖွဲ့၏လုပ်ငန်းများသို့ ငွေကြေးထည့်ဝင်မှု ရပ်တန့်ရန် ကြိုတင် အသိပေးကာလ ၁၂ လ သတ်မှတ်ထားသည်။

အမေရိကန် ပြည်ထောင်စုသည် လက်ရှိအချိန်အထိ WHO သို့ အကြီးမားဆုံး ဘဏ္ဍာရေးထောက်ပံ့သည့် နိုင်ငံဖြစ်ပြီး စုစုပေါင်းရန်ပုံငွေ၏ ၁၈ ရာခိုင်နှုန်းနီးပါး ထည့်ဝင်သည်။ WHO ၏ နောက်ဆုံး ၂၀၂၄-၂၀၂၅ နှစ်နှစ်စာ အသုံးစရိတ်မှာ ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံဖြစ်သည်။

အမေရိကန် ပြည်ထောင်စုသည် လက်ရှိအချိန်အထိ WHO သို့ အကြီးမားဆုံး ဘဏ္ဍာရေးထောက်ပံ့သည့် နိုင်ငံဖြစ်ပြီး စုစုပေါင်းရန်ပုံငွေ၏ ၁၈ ရာခိုင်နှုန်းနီးပါး ထည့်ဝင်သည်။ WHO ၏ နောက်ဆုံး ၂၀၂၄-၂၀၂၅ နှစ်နှစ်စာ အသုံးစရိတ်မှာ ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံဖြစ်သည်။

အမေရိကန် ပြည်ထောင်စု နုတ်ထွက်သွာသောကြောင့် အဖွဲ့အစည်းတခုလုံးမှ အစီအစဉ်များကို၊ အထူးသဖြင့် ကမ္ဘာ့အကြီးမားဆုံး လူသတ်ကူးစက်ရောဂါဖြစ်သည့် TB နှင့် HIV/AIDS နှင့် အခြား ကျန်းမာရေးအရေးပေါ်များကို ထိခိုက်နိုင်ခြေရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွင်းနှင့် ပြင်ပမှ ကျွမ်းကျင်သူများက ပြောသည်။

“ဒါဟာ ကမ္ဘာ့ကျန်းမာရေးအတွက် ကျနော့်တွေ့ကြုံဖူးသမျှထဲမှာ အမှောင်မိုက်ဆုံးနေ့ပဲ” ဟု ဝါရှင်တန်ရှိ ဂျော့တောင်းတက္ကသိုလ် ကမ္ဘာ့ကျန်းမာရေး ပါမောက္ခ၊ အမျိုးသားနှင့်ကမ္ဘာ့ကျန်းမာရေး ဥပဒေဆိုင်ရာ WHO နှင့် ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး လောရင့် ဂိုစတင်က ပြောသည်။ “ထရမ့်ဟာ နောက်ထပ် ကပ်ရောဂါတခုအတွက် မျိုးစေ့ချပေးသလို ဖြစ်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ နုတ်ထွက်နေစဉ် အစိုးရသည် WHO နှင့် ကပ်ရောဂါ သဘောတူညီချက်အတွက် ညှိနှိုင်းမှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း သမ္မတ ထရမ့်၏ အမိန့်တွင် ဖော်ပြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် လုပ်ကိုင်နေသည့် အမေရိကန် အစိုးရဝန်ထမ်းများကို ပြန်လည် ခေါ်ယူပြီး ပြန်လည် တာဝန်ပေးအပ်ကာ အစိုးရသည် လိုအပ်သော WHO လုပ်ငန်းများအတွက် မိတ်ဖက်များ ရှာမည်ဟု ထိုအမိန့်အရ သိရသည်။

အမေရိကန် အစိုးရသည် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးလုံခြုံမှု သေနင်္ဂဗျူဟာကို အမြန်ဆုံး ပြန်လည်သုံးသပ်၊ ရုတ်သိမ်း၊ အစားထိုးမည်ဟုလည်း ထိုအမိန့်တွင် ဖော်ပြသည်။

WHO သို့ နောက်ထပ် အများဆုံးလှူသည့် အလှူရှင်မှာ ဘီလ်နှင့် မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်း ဖြစ်သော်လည်း ထိုအလှူငွေအများစုကို ပိုလီယိုကင်းစင်ရေးအတွက် အသုံးပြုသည်။ ၎င်းတို့သည် WHO ကို အားနည်းအောင် မလုပ်ဘဲ အားကောင်းအောင် ဆက်လက်လုပ်ဆောင်မည်ဟု ထိုဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် မတ်ခ် ဆတ်မင်းက လူမှုကွန်ရက် X တွင် ပြောသည်။

WHO သို့ နောက်ထပ် အများဆုံးလှူသည့် အလှူရှင်မှာ ဘီလ်နှင့် မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်း ဖြစ်သော်လည်း ထိုအလှူငွေအများစုကို ပိုလီယိုကင်းစင်ရေးအတွက် အသုံးပြုသည်။ ၎င်းတို့သည် WHO ကို အားနည်းအောင် မလုပ်ဘဲ အားကောင်းအောင် ဆက်လက်လုပ်ဆောင်မည်ဟု ထိုဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် မတ်ခ် ဆတ်မင်းက လူမှုကွန်ရက် X တွင် ပြောသည်။

မထည့်မနေရ ရန်ပုံငွေနှင့် ဆန္ဒအလျောက် ရန်ပုံငွေ တတိယ အများဆုံး ထည့်ဝင်သည့် နိုင်ငံမှာ ဂျာမနီဖြစ်ပြီး WHO ရန်ပုံငွေ၏ ၃ ရာခိုင်နှုန်းခန့် ထည့်ဝင်သည်။

ဂျာမနီသည် ထိုကိစ္စနှင့်ပတ်သက်ပြီး ထရမ့်နှင့် ဆွေးနွေးရန် မျှော်လင့်ကြောင်း ဂျာမန် ကျန်းမာရေးဝန်ကြီးက ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြောပြီး ဥရောပသမဂ္ဂက စိုးရိမ်ပူပန်ကြောင်းလည်း ပြောသည်။

သမ္မတ ထရမ့်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၂၁ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးသောအခါ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာ့ကျန်းမာရေး စီမံအုပ်ချုပ်မှုတွင် WHO ၏ အခန်းကဏ္ဍကို တောင့်တင်းအောင် လုပ်သင့်ကြောင်း၊ အင်အားချိနဲ့အောင် မလုပ်သင့်ကြောင်း ပြောသည်။

“တရုတ်နိုင်ငံဟာ ၎င်းရဲ့တာဝန်တွေကို ဖြည့်ဆည်းရာမှာ WHO ကို ဆက်လက် ထောက်ပံ့နေမှာဖြစ်ပြီး နိုင်ငံတကာ အများပြည်သူ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းအောင် ဆက်လုပ်မယ်” ဟု ဝန်ကြီးဌာနပြောခွင့်ရသူ ကွန်ကျားကွင်က ပြောသည်။

WHO မှ ထရမ့် နုတ်ထွက်ခြင်းသည် မမျှော်လင့်ထားသော ကိစ္စမဟုတ်ပေ။ သူသည် သမ္မတအဖြစ် ပထမ ရာထူးသက်တမ်းအတွင်းကလည်း ထိုအဖွဲ့မှ နုတ်ထွက်ရန် လုပ်ဆောင်ပြီး WHO သည် ကိုဗစ်မူလအစနှင့် ပတ်သက်၍ ကမ္ဘာကို လှည့်စားရန် တရုတ်ကို ကူညီသည်ဟု စွပ်စွဲခဲ့ဖူးသည်။

ထိုစွပ်စွဲချက်ကို WHO က အပြင်းအထန် ငြင်းဆိုပြီး ကိုဗစ်သည် လူသားနှင့် တိရိစ္ဆာန်များ ထိတွေ့မှုကြောင့် သို့မဟုတ် ဒေသဓာတ်ခွဲခန်းတွင် အလားတူ ဗိုင်းရပ်စ်များကို သုတေသနပြုရာမှ ပေါ်ပေါက်လာသည်ကို ဆုံးဖြတ်ရန် အချက်အလက် မျှဝေရေးအတွက် တရုတ်ကို ဆက်လက် ဖိအားပေးသည်။

အမေရိကန် ဥပဒေအရ WHO မှ နုတ်ထွက်ရာတွင် တနှစ် ကြိုတင်အကြောင်းကြားရန်နှင့် ပေးစရာရှိသည့် ကျန်ငွေများပေးရန် လိုအပ်သည်။

အမေရိကန် ဥပဒေအရ WHO မှ နုတ်ထွက်ရာတွင် တနှစ် ကြိုတင်အကြောင်းကြားရန်နှင့် ပေးစရာရှိသည့် ကျန်ငွေများပေးရန် လိုအပ်သည်။

နောက်ဆုံးအကြိမ် အမေရိကန် ပြည်ထောင်စု နုတ်ထွက်မှု မပြီးစီးမီ မစ္စတာ ဂျိုးဘိုင်ဒင်သည် သမ္မတရွေးကောက်ပွဲ အနိုင်ရပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရာထူးလက်ခံသည့် ပထမနေ့တွင် ရပ်တန့်ခဲ့သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
807
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
227

WHO ကို ဘာတွေ သက်ရောက်နိုင်သလဲ

ကမ္ဘာ့ကျန်းမာရေးကို အမေရိကန် ငွေကြေးထောက်ပံ့မှုနှင့် မစ္စတာ ထရမ့်၏ လုပ်ရပ်ကြောင့် အလားအလာရှိသော သက်ရောက်မှုများကို အောက်တွင် ဖော်ပြလိုက်ပါသည်။ ထရမ့်၏ လုပ်ရပ်သည် အခြား နိုင်ငံတကာ ထည့်ဝင်မှုများကိုလည်း ထပ်မံ ဖြတ်တောက်နိုင်သည့်သဘော ဖြစ်သည်။

အကြီးမားဆုံးအလှူရှင်

အမေရိကန် ပြည်ထောင်စုသည် ဂါဇာမှသည် ယူကရိန်းအထိ ကျန်းမာရေး အရေးပေါ်များအတွက် ရန်ပုံငွေရှာရန် ရုန်းကန်နေရသည့် WHO အသုံးစရိတ်၏ ၁၈ ရာခိုင်နှုန်းခန့် ထည့်ဝင်သည်။ WHO ၏ ၂၀၂၄-၂၀၂၅ နှစ်နှစ်စာ အသုံးစရိတ်မှာ ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံရှိသည်။

ထိုကာလတွင် အမေရိကန် ပြည်ထောင်စုသည် WHO ၏ HIV နှင့် လိင်အရကူးစက်သည့် အခြားရောဂါ အစီအစဉ် ၇၅ ရာခိုင်နှုန်းနှင့် တီဘီရောဂါ တိုက်ဖျက်ရေးအတွက် ထည့်ဝင်မှုများ၏ ထက်ဝက်ကျော် ထည့်ဝင်သည်ဟု WHO အချက်အလက်များအရ သိရသည်။

အမေရိကန် ပြည်ထောင်စုသည် လက်ရှိအချိန်အထိ ကမ္ဘာ့ကျန်းမာရေးအတွက် ထိပ်တန်းအလှူရှင်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၁၅ ဒသမ ၈ ဘီလီယံ ထည့်ဝင်သည်ဟု ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကိုခြေရာခံသည့် Donor Tracker စနစ်အရ သိရသည်။

အမေရိကန်သမ္မတ၏ အရေးပေါ်စီမံချက် (PEPFAR) မှ ထောက်ပံ့ထားသော တောင်အာဖရိကရှိ ဆေးခန်း/Getty Images

ကပ်ရောဂါဆိုင်ရာ သဘောတူညီချက်

နောက်တကြိမ် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်လာသောအခါ ကမ္ဘာ့သွေးစည်းခိုင်မာမှု တိုးတက်စေရန် ရည်ရွယ်သည့် ကိုဗစ်အလွန် ကပ်ရောဂါဆိုင်ရာ သဘောတူညီချက်အတွက် WHO က ဦးဆောင်သည့် ညှိနှိုင်းမှုများကိုလည်း မစ္စတာ ထရမ့်က သံသယရှိသည်။

ဘီလျံနာ ထရမ့်၏ မဟာမိတ် အီလွန်မတ်ခ်ကလည်း နိုင်ငံများသည် WHO ကို အခွင့်အာဏာ မပေးသင့်ကြောင်း ပြောသည်။ အမေရိကန် ပြည်ထောင်စုသည် WHO မှ နုတ်ထွက်သည့် လုပ်ငန်းစဉ်အတွင်း ထိုသဘောတူညီချက်အတွက် ညှိနှိုင်းမှု ရပ်တန့်မည် ဖြစ်သည်။

ဂျနီဗာရောက် အမေရိကန် ဝန်ထမ်းများ

WHO တွင် အလုပ်လုပ်နေသည့် အမေရိကန် ဝန်ထမ်းများနှင့် ကန်ထရိုက်တာများကို ပြန်လည်ခေါ်ယူပြီး လိုအပ်သည့်နေရာတွင် တာဝန်ပေးမည်ဟုလည်း မစ္စတာ ထရမ့်၏ အမိန့်တွင် ဖော်ပြသည်။

အမေရိကန် ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဌာန (CDC) သည် WHO နှင့် အနီးကပ် လုပ်ဆောင်နေပြီး ဂျနီဗာသို့ ဝန်ထမ်း ၃၀ ခန့် ထောက်ပံ့ကာ သုတေသနနှင့် ရောဂါဖြစ်ပွားမှုများတွင် ပူးပေါင်း ဆောင်ရွက်နေသည်။

အမေရိကန် ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဌာန (CDC) သည် WHO နှင့် အနီးကပ် လုပ်ဆောင်နေပြီး ဂျနီဗာသို့ ဝန်ထမ်း ၃၀ ခန့် ထောက်ပံ့ကာ သုတေသနနှင့် ရောဂါဖြစ်ပွားမှုများတွင် ပူးပေါင်း ဆောင်ရွက်နေသည်။

အမေရိကန်တွင် WHO ညှိနှိုင်းဆောင်ရွက်ရေးဌာနများလည်း အများအပြား ရှိသည်။

ရောဂါ စောင့်ကြည့်ထောက်လှမ်းခြင်း

အခြား WHO အဖွဲ့ဝင်များကဲ့သို့ပင် အမေရိကန် ပြည်ထောင်စုသည် WHO က ကြီးကြပ်သည့် ကမ္ဘာ့တုပ်ကွေး စောင့်ကြည့်ထောက်လှမ်းရေးကွန်ရက် အစိတ်အပိုင်း ဖြစ်သည်။

အခြားလုပ်ငန်းများအပြင် ထိုကွန်ရက်သည် နှစ်စဉ် ရာသီတုပ်ကွေး ကာကွယ်ဆေး ဖော်စပ်ခြင်းနှင့် ပတ်သက်သော အကြံများပေးသည်။

WHO နှင့် လုပ်ငန်းအပြင် အမေရိကန် ပြည်ထောင်စုသည် အခြား ကမ္ဘာ့ကျန်းမာရေးအစီအစဉ် အများအပြားကိုလည်း ငွေကြေးထောက်ပံ့သည်။

ခုခံအားကျဆင်းမှုရောဂါ (AIDS)

အမေရိကန် ပြည်ထောင်စုသည် HIV ကူးစက်မှု တိုက်ဖျက်ရေးတွင် အဓိက ငွေကြေးထောက်ပံ့သည့် နိုင်ငံဖြစ်သည်။ ထိုငွေ၏ အများအပြားသည် AIDS ကယ်ဆယ်ရေး အမေရိကန်သမ္မတ၏ အရေးပေါ်စီမံချက် (PEPFAR) မှ လာသည်။

ထိုထောက်ပံ့မှု ရရှိသူများအနက် အချို့သည် ကိုယ်ဝန်ဖျက်ချခြင်းကို အားပေးသည်ဟု ကွန်ဆာဗေးတစ်များက စွပ်စွဲပြီးနောက် ထိုစီမံချက်ကို ကွန်ဂရက်က နောက်ထပ် သက်တမ်းတနှစ် လွန်ခဲ့သောနှစ်က တိုးထားပေးသည်။ ထိုသက်တမ်းတိုးခြင်းသည် မတ်လတွင် ကုန်ဆုံးမည်ဖြစ်သည်။

ကိုယ်ဝန်ဖျက်ချခြင်း

သူ၏ ပထမအကြိမ်သက်တမ်းတွင် ထရမ့်သည် “မက္ကစီကိုစီးတီးမူဝါဒ” ဟု ခေါ်သည့်မူဝါဒကို ပြန်လည်ပြဋ္ဌာန်းပြီး အမေရိကန် မိသားစုစီမံချက် ရန်ပုံငွေမှ အထောက်အပံ့ရနေသည့် နိုင်ငံခြား ပရဟိတ လုပ်ငန်းများသည် ကိုယ်ဝန်ဖျက်ချခြင်းကို ထောက်ပံ့ခြင်းနှင့် အကြံပေးခြင်း မလုပ်ရေး အတည်ပြုပေးရန် လိုအပ်သည်။

မစ္စတာ ထရမ့်သည် ကိုယ်ဝန်ဖျက်ချမှုကို ထောက်ခံသည့် အခြားအုပ်စုများကို ငွေကြေးထောက်ပံ့သည့် ပရဟိတလုပ်ငန်းများကို ဖြိုခွဲသည်။ ထရမ့်သည် မျိုးဆက်ပွားကျန်းမာရေး လုပ်ငန်းများလုပ်သည့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ (UNFPA) သို့ ငွေကြေးထောက်ပံ့ခြင်းကိုလည်း ဖြတ်တောက်ခဲ့သည်။

ကာကွယ်ဆေးများ

ကာကွယ်ဆေးအပေါ် သံသယရှိသူ ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာကို ကျန်းမာရေးဝန်ကြီး အမည်စာရင်း တင်သွင်းခြင်းနှင့်အတူ ထရမ့်အစိုးရ၏ ပြည်တွင်း ပြည်ပ ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်သည့် ချဉ်းကပ်ပုံ နည်းလမ်းသည် မရှင်းလင်းပေ။

ကာကွယ်ဆေးအပေါ် သံသယရှိသူ ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာကို ကျန်းမာရေးဝန်ကြီး အမည်စာရင်း တင်သွင်းခြင်းနှင့်အတူ ထရမ့်အစိုးရ၏ ပြည်တွင်း ပြည်ပ ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်သည့် ချဉ်းကပ်ပုံ နည်းလမ်းသည် မရှင်းလင်းပေ။

သို့သော် လွန်ခဲ့သော ထရမ့်အစိုးရတွင် ကမ္ဘာ့ကာကွယ်ဆေးအဖွဲ့ (Gavi) သို့ ထည့်ဝင်မှုများသည် ယခင် ဒီမိုကရက်တစ်သမ္မတနှင့် သူ့ကိုဆက်ခံသည့် သမ္မတတို့နှင့် အကြမ်းဖျဉ်းအားဖြင့် တူညီသည်။

ကမ္ဘာ့ကျန်းမာရေးတွင် အရေးပါသည့် အခြားအဖွဲ့တခုဖြစ်သော AIDS, တီဘီရောဂါနှင့် ငှက်ဖျားတိုက်ဖျက်ရေး ကမ္ဘာ့ရန်ပုံငွေသို့ ထည့်ဝင်မှုလည်း အလားတူအဆင့်ရှိသည်။

သုတေသနနှင့် တုံ့ပြန်မှု

အမေရိကန် ပြည်ထောင်စုမှ ကျန်းမာရေးဌာနများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနဖြင့် CDC မှတဆင့် ကမ္ဘာတဝန်းမှ အရေးပေါ်အခြေအနေများနှင့် ရောဂါဖြစ်ပွားမှုများကိုလည်း တုံ့ပြန်ဆောင်ရွက်ပြီး ဆေးများနှင့် ဘေးကင်းလုံခြုံရေးအတွက် စံနှုန်းများကိုလည်း ချမှတ်သည်။

အမျိုးသားကျန်းမာရေး အင်စတီကျုသည် ကမ္ဘာ့ထိပ်တန်း သုတေသနဌာနများအနက် တခုဖြစ်ပြီး မျောက်ကျောက်ရောဂါမှသည် အီဘိုလာအထိ ကမ္ဘာတဝန်းမှ ကျန်းမာရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့သည်။

ထိုနယ်ပယ်များတွင် အမေရိကန် ပြည်ထောင်စု၏ ကမ္ဘာ့ကျန်းမာရေး အခန်းကဏ္ဍကို ရှင်းလင်းစွာ မသိရသေးပေ။

ကိုးကား ။ ။ Reuters သတင်းများ

You may also like these stories:

စစ်ကောင်စီကို WHO ကူညီနေသလား

NUG ‌အစိုးရရော စစ်ကောင်စီပါ WHO ညီလာခံ တက်ခွင့်မရ

WHO စုံစမ်းရေးအဖွဲ့ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းသို့ သွားရောက် လေ့လာ

ထရမ့်က ကမ္ဘာတွင် အမေရိကန်ကို ပြောင်းလဲစေမည့် နည်းလမ်း ၃ ခု

Your Thoughts …
Tags: WHOကပ်ရောဂါကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုဗစ်နိုင်တင်းကျန်းမာရေးတရုတ်ဒေါ်နယ်ထရမ့်ရန်ပုံငွေအမေရိကန်ဥရောပသမဂ္ဂ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
အပစ်ရပ်ထားတဲ့ လားရှိုးမှာ ဒေသခံတဝက်နီးပါးပြန်အခြေချ (ရုပ်/သံ)

အပစ်ရပ်ထားတဲ့ လားရှိုးမှာ ဒေသခံတဝက်နီးပါးပြန်အခြေချ (ရုပ်/သံ)

ကျားဖြန့်နဲ့တရားမဝင်တွေကိုဖမ်းမယ့် ကွာလန်းစီမံချက် မဲဆောက်မှာစတင် (ရုပ်/သံ)

ကျားဖြန့်နဲ့တရားမဝင်တွေကိုဖမ်းမယ့် ကွာလန်းစီမံချက် မဲဆောက်မှာစတင် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved