မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမှာ မြို့နေလူထုရဲ့ တစ်ဝက်ကျော်ဟာ ပြန်လည် အခြေချနေကြပြီလို့ MNDAAရဲ့ လားရှိုးမြို့ပြန်လည် ထူထောင်ရေး အဖွဲ့ဆီက သိရပါတယ်။
စစ်ကောင်စီနဲ့ MNDAA တို့ ဆွေးနွေးမှုတွေ စတင်ခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ လောက်ကစပြီး လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှု သိသိသာသာလျော့ကျခဲ့တာကြောင့် ဒေသခံတွေဟာ နေရပ်ကို ပြန်လည် အခြေချ လာတာပါ။
အပစ်ရပ်ဖို့ သဘောတူညီမှု ရရှိပြီးနောက် လားရှိုးမြို့ကို ဒေသခံတွေက ပြန်လည်အခြေချဖို့ စဉ်းစားချက်တွေ ရှိနေပေမယ့် ဇန်နဝါရီ ၂၁ နဲ့ ၂၂ ရက်နေ့တွေမှာပဲ နောင်ချိုမြို့ ဗုံးကြဲခံရမှုကြောင့် လေကြောင်းရန်ကို စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။
#မြန်မာ #ဧရာဝတီ #MNDAA #လားရှိုး #အပစ်ရပ် #လေကြောင်းရန်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













