ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ကျားဖြန့်တိုက်ဖျက်ရေးနဲ့အတူ တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးမယ့် “ကွာလန်း” စီမံချက်ကို ထိုင်းရဲမှူးချုပ်က ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကြေညာခဲ့ပြီး ဖမ်းဆီးမှုတွေကို စတင်လိုက်ပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းမှာ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့က ကျားဖြန့်လုပ်ငန်းတွေနဲ့ နယ်စပ်ဖြတ်ကျော်မှုတွေကို ပိုမိုလုပ်ဆောင်မယ်လို့ ပြောကြားပြီးတဲ့နောက် အခုစီမံချက်ကို စတင်လိုက်တာဖြစ်ပြီး ပြီးဆုံးမယ့်ကာလကို ထုတ်ပြန်တာမရှိပါဘူး။
မဲဆောက်မြို့မှာ အရင်ကတည်းက စစ်ဆေး ဖမ်းဆီးမှုတွေကို စီမံချက်တွေနဲ့ လုပ်ဆောင်တာတွေ ရှိပေမယ့်၊ အခုတခေါက် စီမံချက်က ပိုမိုတင်းကြပ်လာနိုင်တယ်ဆို ပြောဆိုချက်တွေရှိနေပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy