စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပညာရှင်တွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေကြားမှာ တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေထဲက မင်းအောင်လှိုင်ကို ဆန့်ကျင်ပြီး တန်ပြန်အာဏာသိမ်းတာမျိုး လုပ်နိုင်၊ မလုပ်နိုင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတာ ရှိခဲ့ပါတယ်။ အခု စစ်အာဏာသိမ်း နှစ်နှစ်ပြည့်သွားပေမယ့် တန်ပြန်အာဏာသိမ်းတဲ့ အခြေအနေမျိုး ဖြစ်လာရန် ဝေးစွ၊ ထိပ်ပိုင်းခေါင်းဆောင်တွေက စစ်ခေါင်းဆောင်ကို အင်မတန် သစ္စာရှိတာကို တွေ့ရပါတယ်။ ဘာကြောင့် မဆန့်ကျင်ကြတာလဲ။ အဖြေကတော့ တပ်ရဲ့ အထက်-အောက် ပိပြားတဲ့ ဆက်ဆံရေး ယဉ်ကျေးမှု ရှိတာ၊ ၂၀၁၅ ခုနှစ်ခန့်ကတည်းက မင်းအောင်လှိုင်ရဲ့ တပ်တွင်း အာဏာတည်ဆောက်ရေးယန္တယား ခိုင်မာလာတာနဲ့ အကျိုးစီးပွားချင်း အညမည ဖြစ်နေတာတွေ ဖြစ်ပါတယ်။
စစ်တပ်မှာ ဦးနေဝင်း လက်ထက်ကစပြီး ကိုယ့်အထက်က ခေါင်းဆောင်တွေကို အဖေလို ကြောက်ရွံ့ရိုသေရတဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်က အစိုးရအဖွဲ့မှာ ဗိုလ်ချုပ်ကြီး နေဝင်းကို အကျိုးအကြောင်းသင့် ပြန်ပြောရဲသူ မရှိခဲ့ပါဘူး။ အဲဒီယဉ်ကျေးမှုကို ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ပါတယ်။ ဦးသန်းရွှေ လက်ထက်မှာ ညကျောင်းပုံစံ ဝန်ကြီးတွေကို စာသင်တဲ့အထိ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အဲဒီအစဉ်အလာကို ဆက်လက် ထိန်းထားပုံရပါတယ်။
စစ်တပ်မှာ ဦးနေဝင်း လက်ထက်ကစပြီး ကိုယ့်အထက်က ခေါင်းဆောင်တွေကို အဖေလို ကြောက်ရွံ့ရိုသေရတဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်က အစိုးရအဖွဲ့မှာ ဗိုလ်ချုပ်ကြီး နေဝင်းကို အကျိုးအကြောင်းသင့် ပြန်ပြောရဲသူ မရှိခဲ့ပါဘူး။
စစ်တပ်က အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးကာလတွေမှာ တပ်ထိပ်ပိုင်းရာထူးတွေကို အပြောင်းအလဲ ပြုလုပ်တာ၊ ထိပ်ပိုင်းရာထူးတွေကို အသက်ငယ်ပြီး သူ့ကို သြဇာခံမယ့်သူများနဲ့ ပြောင်းလဲခန့်အပ်တာ၊ အရပ်ဘက်ယိမ်းတယ်လို့ ယူဆရတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ရာထူးက အနားပေးတာနဲ့ အရန်အင်အား ပြောင်းရွှေ့တာတွေက သိသာထင်ရှားစေပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက သူနဲ့ အပတ်စဉ် မတိမ်းမယိမ်းလည်းဖြစ်၊ ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လောင်းရိပ်က လူတွေလို့လည်း ဆိုရမယ့် ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ဒုဗိုလ်ချုပ်ကြီး သောင်းအေး၊ ဒုဗိုလ်ချုပ်ကြီး ဝေလွင်၊ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ကို ရာထူးကနေ အနားပေးလိုက်ပါတယ်။ ဒီလိုလုပ်တာဟာ တပ်မတော်မှာ ဦးသန်းရွှေရဲ့ လောင်းရိပ်ကို ဖယ်ရှားပြီး ၎င်းရဲ့ သြဇာကို ထူထောင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေကို အနားပေးပြီး စစ်ဘက်တာဝန်တွေ ထမ်းဆောင်စေတာ၊ မကြာခင်မှာပဲ အရန်အင်အားကို ပို့ပြီး အငြိမ်းစားပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုလုပ်တာဟာ အထူးသဖြင့် ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေဟာ အရပ်ဘက်နဲ့ (အထူးအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့) နီးကပ်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးရှိလို့ အနားပေးလိုက်တာလို့လည်း ဆိုပါတယ်။ အရပ်သားအစိုးရလက်ထက် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ဒုဗိုလ်ချုပ်ကြီး ရဲအောင်တို့ကို အာဏာသိမ်းပြီးနောက်မှာ တပ်က အနားပေးခဲ့ပါသေးတယ်။
တပ်အတွင်းမှာ တရားဝင် ချမှတ်ထားတဲ့ အမိန့်ပေး ညွှန်ကြားမှု ဝါစဉ် (chains of command) အပြင် ဆရာ-တပည့်ဆက်ဆံရေး တည်ဆောက်မှုလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ရာထူးကြီးသူများ (senior officers) က ၎င်းတို့ ယုံကြည်ကိုးစားရပြီး သစ္စာရှိမယ်လို့ ယူဆရတဲ့ လက်အောင်ငယ်သား ရာထူးငယ်သူများကို တပည့်အဖြစ် မွေးမြူလေ့ရှိပါတယ်။ ဆရာတဖြစ်လဲ ရာထူးကြီးသူများက တပည့်များရဲ့ အကျိုးစီးပွားကို မိဘသဖွယ် ကြည့်ရှုစောင်မပေးခြင်းဖြင့် အောက်လက်ငယ်သားများရဲ့ သစ္စာရှိမှုကို ရယူပါတယ်။
ရာထူးကြီးသူများ (senior officers) က ၎င်းတို့ ယုံကြည်ကိုးစားရပြီး သစ္စာရှိမယ်လို့ ယူဆရတဲ့ လက်အောင်ငယ်သား ရာထူးငယ်သူများကို တပည့်အဖြစ် မွေးမြူလေ့ရှိပါတယ်။ ဆရာတဖြစ်လဲ ရာထူးကြီးသူများက တပည့်များရဲ့ အကျိုးစီးပွားကို မိဘသဖွယ် ကြည့်ရှုစောင်မပေးခြင်းဖြင့် အောက်လက်ငယ်သားများရဲ့ သစ္စာရှိမှုကို ရယူပါတယ်။
အဲဒီ ဆရာ-တပည့်မွေး ဂိုဏ်းဂဏ ယဉ်ကျေးမှုဟာ ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်ကစလို့ ယနေ့အထိ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီယဉ်ကျေးမှုကြောင့်လည်း တပ်အတွင်း အကွဲအပြဲများနဲ့ ရာထူးအာဏာ လုပ်ပိုင်ခွင့်အပေါ် အပြိုင်အဆိုင်ဖြင့် ရလိုမှုများ ဖြစ်ပွားစေခဲ့ပါတယ်။ အထင်ရှားဆုံးကတော့ တပ်မတော် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ လက်အောက်ခံ တပ်မတော် ထောက်လှမ်းရေး အင်အားကြီးမားလာပြီး တပ်တွင်း ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ပါတယ်။ အဲဒီပြိုင်ဆိုင်မှာမှာ ဗိုလ်ချုပ်ကြီး ခင်ညွန့် အရေးနိမ့်ပြီး ၂၀၀၄ ခုနှစ်မှာ စစ်တပ် ထောက်လှမ်းရေးဌာန တခုလုံး ဖျက်သိမ်းခံခဲ့ရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း သူ့အပေါ် သစ္စာရှိပြီး သူနဲ့ အဆင်ပြေသူများကို တပ်ဘက် ရာထူးတိုးရေး အစဉ်အလာ/မူဝါဒများကို ကျော်လွန်ပြီး ရာထူးတိုးမြှင့် ခန့်အပ်လေ့ရှိကြောင်း တွေ့ရပါတယ်။ အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဝင်တွေထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘုရားလိုကိုးကွယ်တဲ့ အသက်အငယ်ဆုံး ကောင်စီဝင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းလို သြဇာခံပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ မင်းအောင်လှိုင်ပြီးနောက် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ဖို့ ရေပန်းအစားဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် ကာကွယ်ရေးဦးစီးချုပ် (လေ) နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) အဖြစ် ခန့်အပ်ခြင်းခံရတဲ့ ဗိုလ်ချုပ်ကြီး ထွန်းအောင်နဲ့ ဗိုလ်ချုပ်ကြီး မိုးအောင်ဟာ ၂၀၁၆ ခုနှစ်အထိ ဗိုလ်မှူးကြီး အဆင့်မှာပဲ ရှိနေခဲ့တာပါ။ ဒါကြောင့် မင်းအောင်လှိုင်က ကြည်းတပ်လို တိုက်ရိုက်ကွပ်ကဲမှု မရှိတဲ့ လေတပ်နဲ့ ရေတပ်ကို သူ စိတ်ချရပြီး ဆယ်စုနှစ် တခုနီးပါး ငယ်တဲ့လူတွေကို အစားထိုးပါတယ်။ ရေချုပ်နဲ့ လေချုပ်ဟာ စစ်ခေါင်းဆောင် မြှောက်စားလို့ အခုလို ထိပ်ပိုင်းရာထူးတွေကို ရရှိရတာ ဖြစ်တာကြောင့် ဆန့်ကျင်ဖို့ရန် ခဲယဉ်းပါတယ်။
ဒါ့အပြင် ဒုဗိုလ်ချုပ်ကြီး ရာထူးကို ယခင်က စစ်ဌာနချုပ် တိုင်းမှူးများမှ ရာထူးတိုးသူများကိုသာ ပေးအပ်လေ့ရှိပေမယ့် အခုမှာ ယခင် အစဉ်အလာမရှိခဲ့တဲ့ လက်ရုံးတပ်က ညွှန်ကြားရေးမှူးများကို ပေးအပ်ခြင်းများ ရှိခဲ့ပါတယ်။ လက်ရှိ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို စစ်ဥပဒေချုပ်ရာထူးက အနားပေးပြီး တပ်မတော်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး (ကကအင်) မှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်နိုင်ကို ဒုဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ပြီး စစ်ဥပဒေချုပ် ခန့်အပ်ခြင်းက သိသာသော သာဓက ဖြစ်ပါတယ်။ တပ်ချုပ်ဟာ တပည့်ရင်း ဖြစ်တဲ့ ဗိုလ်ချုပ် ဇော်ဟိန်းကို ၎င်းရဲ့လုံခြုံရေးအတွက် အဓိက အရေးကြီးတဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးရာထူးကို ခန့်အပ်ခဲ့ပါတယ်။ နေပြည်တော်တိုင်းမှူး ဖြစ်လာတဲ့ ဗိုလ်ချုပ် ဇော်ဟိန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် (DSA) ကျောင်းအုပ်ကြီးဘဝက ကိုယ်ရေးအရာရှိအဖြစ် အနီးကပ် တာဝန်ယူခဲ့ရတဲ့ တပည့်ရင်း ဖြစ်ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်ဟာ ဆရာ-တပည့် ဆက်ဆံရေးကို တပ်တွင်း ကောင်းစွာ တည်ဆောက်ထားနိုင်ပြီး တပည့်ရင်းများကို အနီးကပ်ခေါ်ထားခြင်း၊ တပ်တွင်းအရေးပါတဲ့ ရာထူးများ ပေးအပ်ထားခြင်းဖြင့် တန်ပြန်တော်လှန်ခြင်း မဖြစ်အောင် စီမံထားပါတယ်။
ဒါကြောင့် ကာကွယ်ရေး ဦးစီးချုပ်ဟာ ဆရာ-တပည့် ဆက်ဆံရေးကို တပ်တွင်း ကောင်းစွာ တည်ဆောက်ထားနိုင်ပြီး တပည့်ရင်းများကို အနီးကပ်ခေါ်ထားခြင်း၊ တပ်တွင်းအရေးပါတဲ့ ရာထူးများ ပေးအပ်ထားခြင်းဖြင့် တန်ပြန်တော်လှန်ခြင်း မဖြစ်အောင် စီမံထားပါတယ်။ ဒီလို ရာထူးအပြောင်းအလဲတွေ လုပ်ပြီး သူ့ထက် ဆယ်နှစ်လောက်ငယ်တဲ့ ဗိုလ်ချုပ်ကြီးတွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးတွေကို တပ်မတော် ထိပ်ပိုင်းရာထူးတွေ ပေးကာ သူ့ကို ခြံရံစေခြင်းဖြင့် ပုန်ကန်မှု မဖြစ်အောင် လုပ်ဆောင်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ရာထူးကလွဲလို့ ကျန်တဲ့ ထိပ်တန်းရာထူး လက်ဝယ်ရှိသူများအကြား ဆရာ-တပည့် ဆက်ဆံရေးနဲ့ ဂိုဏ်းဂဏ ထူထောင်ခြင်းတွေကတော့ အများပြည်သူ သိရှိနိုင်ရန် ခက်ခဲပါတယ်။ ဒါပေမယ့် ယခင် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ တိုက်ခိုက်ရေး တပ်ရင်းများ (combat faction) အကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးအကြား ဖြစ်ခဲ့တဲ့ ပြဿနာကဲ့သို့ ကြီးမားသိသာသော ဂိုဏ်းဂဏ ကွဲပြားမှု ယနေ့အထိ မတွေ့ရသေးပါဘူး။
စစ်ခေါင်းဆောင်က ရာထူးနဲ့ လုပ်ပိုင်ခွင့် ပေးပြီး စည်းလုံးမှုအတွက် စည်းရုံးရုံသာမက စီးပွားရေး အကျိုးစီးပွားတွေ ပေးပြီးလည်း သြဇာခံကွန်ရက် (patronage network) ကို တည်ဆောက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ကွန်ရက်တည်ဆောက်ရေးဟာ တဖန် ပြန်လည် ခေါင်းထောင်လာပါတယ်။ တပ်မတော် ဗိုလ်ချုပ်ကြီးတွေ၊ ဒုဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ မိသားစုဝင်တွေဟာ အခုလက်ရှိအခြေအနေကို ၎င်းတို့ရဲ့ စီးပွားရေး အကျိုးစီးပွား (economic interest) နဲ့ စီးပွားရေး အင်ပါယာ (business empire) ကို မြှင့်တင်ဖို့ အခွင့်အရေးအဖြစ် ရှုမြင်ပြီး ချဲ့ထွင်လာခဲ့ပါတယ်။
ရေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကျောထောက်နောက်ခံပြုတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ လက်ရှိ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်ရဲ့ညီ ဦးနေအောင်ပိုင် Amara Communications Co.,Ltd (ACS) တို့ အကြား အကျိုးစီးပွားချင်း တဖြည်းဖြည်း အားပြိုင်မှု ဖြစ်လာပါတယ်။
စစ်အာဏာ သိမ်းပြီးနောက် စီးပွားရေး အကျိုးစီးပွားအတွက် အားပြိုင်မှု နှစ်ခုတွေ့ရပါတယ်။ ပထမ တခုကတော့ တယ်လီနောမြန်မာကို လက်ဘနွန် M1 ကုမ္ပဏီနဲ့ စပ်တူဝယ်ယူဖို့ ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်ကြီးဟောင်းများနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီများ အားပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဝယ်ယူဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေကတော့ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နဲ့ ညီအစ်ကို ဦးနေအောင် ပိုင်တဲ့ IGE Group ရဲ့ ကုမ္ပဏီခွဲ Amara Communications Co.,Ltd (ACS)၊ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သား ဦးအောင်ပြည့်စုံ အပါအဝင် မြန်မာစစ်တပ်နဲ့ စီးပွားရေး နီးကပ်စွာ လုပ်ဆောင်တဲ့ ဦးဂျော်နသန် ကျော်သောင်းရဲ့ The KT Group နဲ့၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း (ရေတပ်ဦးစီးချုပ်ဟောင်း) အပါအဝင် ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူ ဦးသိန်းဝင်းဇော် ပိုင်တဲ့ ရွှေဗျိုင်းဖြူ ကုမ္ပဏီတို့ ဖြစ်ကြပါတယ်။
ဗိုလ်ချုပ်ကြီး တင်အောင်စန်းဟာ အာဏာသိမ်းပြီးနောက် ရေတပ်ဦးစီးချုပ် နေရာက အနားပေးခံရပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဖြစ်လာသူ ဖြစ်ပြီး ဗိုလ်ချုပ်ကြီး မိုးအောင်ကတော့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနေရာမှာ အစားထိုး ခန့်အပ်ခံရသူ ရေတပ်ဦးစီးချုပ် ဖြစ်ပါတယ်။ ဒါကြောင့် ရေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကျောထောက်နောက်ခံပြုတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ လက်ရှိ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်ရဲ့ညီ ဦးနေအောင်ပိုင် Amara Communications Co.,Ltd (ACS) တို့ အကြား အကျိုးစီးပွားချင်း တဖြည်းဖြည်း အားပြိုင်မှု ဖြစ်လာတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ရေတပ်ဦးစီးချုပ်ဟောင်းတွေနဲ့ ရင်းနှီးသူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကျောထောက်နောက်ခံပေးထားတဲ့ ရွှေဗျိုင်းဖြူက အနိုင်ရခဲ့တယ်လို့ ဆိုရပါမယ်။
နောက်အကျိုးစီးပွား အားပြိုင်မှု တခုကတော့ ရန်ကုန်တိုင်း စစ်ကောင်စီခန့် အစိုးရအဖွဲ့ဝင်တွေ အဂတိအမှုဖြင့် အဖမ်းခံရတာနဲ့ ဆက်စပ်ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး တာဝန်ယူထားတဲ့ ဦးအောင်သန်းဦးနဲ့ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးကို စစ်ကောင်စီက ဒလမြို့နယ်ရှိ သမ္မတကမ်းခြေ မြေယာချထားမှုနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။ စီးပွားရေးဝန်ကြီးက အဆိုပါ လုပ်ကွက်ကို ယခင် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်း မိသားစုကို ချပေးခဲ့တာကြောင့် ဖမ်းတယ်လို့ ဆိုပါတယ်။ အဲဒီအားပြိုင်မှုက စစ်တပ်အရာရှိ အငြိမ်းစားတွေနဲ့ လက်ရှိတာဝန်ထမ်း စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေကြား ပြိုင်ကြတာလို့ ဆိုရမှာပါ။
ဗိုလ်ချုပ် ညိုစောဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၃ က ဖြစ်ပြီး တပ်မတော် နည်းပညာတက္ကသိုလ်နဲ့ စစ်တက္ကသိုလ်တို့မှာ ကျောင်းအုပ်ကြီး၊ အလယ်ပိုင်းတိုင်းနဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး စတဲ့ တာဝန်များ ထမ်းဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုးရေးရှင်း (MEC) ဥက္ကဋ္ဌအဖြစ် ပူးတွဲ တာဝန်ယူထားသူ တဦးလည်း ဖြစ်ပြီး တပ်ချုပ်ကိုယ်တိုင်က သဘောကျသူ တယောက် ဖြစ်ပါတယ်။ ညှိနှိုင်းကွပ်ကဲရေးမှူး လှဌေးဝင်းကတော့ ၂၀၁၁ ခုနှစ်၊ ဧပြီလမှ ၂၀၁၅ ခုနှစ်၊ သြဂုတ်လအထိ ဗိုလ်ချုပ်ကြီးရာထူးနဲ့ ညှိကွပ်တာဝန် ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆက်ဆံရေး မပြေလည်တာကြောင့် လေးနှစ် တာဝန်အပြီး သက်တမ်းတိုးပေးနိုင်တဲ့ နှစ်နှစ်ကို မတိုးပေးဘဲ ရာထူးက အနားပေးခံရသူ ဖြစ်ပါတယ်။
ထိပ်ပိုင်းခေါင်းဆောင်များအကြား အကွဲအပြဲ မဖြစ်လာနိုင်ပေမယ့် ရာထူးငယ် စစ်သားများအနေနဲ့ တပ်မှ ထွက်ပြေးသူ (deserters) နှင့် ပြည်သူဘက်သို့ ကူးပြောင်းလာသူ (defectors) ၁,၃၀၀ ကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ အောက်ခြေတပ်သားမှစပြီး အမြင့်ဆုံးအဆင့်အနေဖြင့် ဒုဗိုလ်မှူးကြီးအဆင့်အထိ ဖြစ်ပါတယ်။
အထက်ဖော်ပြခဲ့တဲ့ အားပြိုင်မှု နှစ်ခုမှာ စစ်ခေါင်းဆောင်နဲ့ သြဇာခံ ကွန်ရက် (patronage network) ရှိပြီး ဆက်ဆံရေး ပြေလည်ကာ ယုံကြည်ရလောက်တဲ့လူတွေသာ အနိုင်ရခဲ့တာကြောင့် အဆိုပါ တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ ပြန်ပုန်ကန်ဖို့ဆိုတာ ဖြစ်တန်ခြေ အင်မတန် နည်းလာပါတယ်။
ထိပ်ပိုင်းခေါင်းဆောင်များအကြား အကွဲအပြဲ မဖြစ်လာနိုင်ပေမယ့် ရာထူးငယ် စစ်သားများအနေနဲ့ တပ်မှ ထွက်ပြေးသူ (deserters) နှင့် ပြည်သူဘက်သို့ ကူးပြောင်းလာသူ (defectors) ၁,၃၀၀ ကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ အောက်ခြေတပ်သားမှစပြီး အမြင့်ဆုံးအဆင့်အနေဖြင့် ဒုဗိုလ်မှူးကြီးအဆင့်အထိ ဖြစ်ပါတယ်။
တပ်ပြေးကြခြင်းနဲ့ ဘက်ပြောင်းခိုလှုံခြင်းရဲ့ အကြောင်းတရားများကတော့ လုပ်ခလစာနည်းပါးခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်း၊ ဖိနှိပ် အနိုင်ကျင့်ခံရခြင်း၊ တပ်မတော်ရဲ့ အယူဝါဒများအပေါ် ယုံကြည်မှု အားနည်းလာခြင်းနဲ့ ပြည်သူ့ဘက်ကပေးတဲ့ မက်လုံးတို့က အခြေခံအကြောင်းတရားများ ဖြစ်ပါတယ်။
တပ်သား တဦး၏ လစာဟာ ၁၆၀,၀၀၀ ခန့်သာ ရှိပြီး အရာခံဗိုလ် တဦးရဲ့ လစာဟာ ၂၆၈,၀၀၀ သာ ဖြစ်ပါတယ်။ အဲဒီနှုန်းထားဟာ ဒေသတွင်း စစ်တပ်များရဲ့ လစာနဲ့ယှဉ်လျှင်ပင် အင်မတန် နည်းပါးပါတယ်။ အဆိုပါ နည်းပါးတဲ့ လစာငွေကိုပင် စစ်အာဏာသိမ်းမှုအပြီးနောက် လကုန်ပြီး ၁၀ ရက်ခန့် နောက်ကျပြီးမှ ရရှိကြပါတယ်။
စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း တခုဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီမှာ တပ်မတော်သားတွေ ရာထူးအဆင့်အလိုက် နှုန်းထားသတ်မှတ်ပြီး နှစ်စဉ် ရှယ်ယာထည့်ဝင်ကြရပါတယ်။ ဗိုလ်ကြီး တယောက်အနေနဲ့ တနှစ်လျှင် ကျပ်သိန်း ၃၀ ထည့်ဝင်ရပြီး အခြားအဆင့် စစ်သည်များက ကျပ် ၁၅ သိန်း မဖြစ်မနေ ထည့်ဝင်ကြရပါတယ်။ တလုံးတခဲတည်း ထည့်ဝင်နိုင်ခြင်း မရှိသူများအနေနဲ့ လစာမှ လစဉ် ဖြတ်တောက် ထည့်ဝင်စေပါတယ်။
နှစ်စဉ် အောက်တိုဘာလမှာ ရှယ်ယာ ထည့်ဝင်ထားတဲ့ ပမာဏအလိုက် ဦးပိုင်ကုမ္ပဏီက အမြတ်ငွေ ပြန်လည် ခွဲဝေပေးလေ့ရှိပါတယ်။ တပ်သားတဦးအနေနဲ့ တနှစ်လျှင် ဦးပိုင်အမြတ်ငွေ ကျပ် ၄ သိန်းခွဲခန့် ရရှိပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာ ဦးပိုင်ကုမ္ပဏီက တပ်ရင်းတပ်ဖွဲ့များမှ ရှယ်ယာရှင် စစ်သည်များကို အမြတ်ငွေ ပေးအပ်ခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် တပ်ထိပ်ပိုင်းခေါင်းဆောင်များနဲ့ မိသားစုဝင်များကတော့ ဦးပိုင်လုပ်ငန်းစုကရတဲ့ အမြတ်တွေနဲ့ ကြွယ်ဝချမ်းသာ ကုံလုံနေကြပါတယ်။ ဒီလို ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုတွေကလည်း တပ်ပြေးဖို့၊ ဘက်ပြောင်းဖို့ တွန်းအားတခု ဖြစ်လာခဲ့ပါတယ်။
တပ်တွင်း အောက်ခြေစစ်သားများနဲ့ ၎င်းတို့မိသားစုဝင်တွေဟာ အရာရှိတွေနဲ့ မိသားစုတွေရဲ့ အနိုင်ကျင့် ဖိနှိပ်မှုများကို ခံကြရပါတယ်။ အောက်ခြေစစ်သားများနဲ့ မိသားစုများဟာ အရာရှိမိသားစုတွေရဲ့ ကျွန်သဖွယ်ပြုမှု ဆက်ဆံခံရမှုများကလည်း အကြောင်းတရားတခုအနေနဲ့ ပါဝင်လာပါတယ်။
အခြားအကြောင်းတရား တခုကတော့ တပ်တွင်း အောက်ခြေစစ်သားများနဲ့ ၎င်းတို့မိသားစုဝင်တွေဟာ အရာရှိတွေနဲ့ မိသားစုတွေရဲ့ အနိုင်ကျင့် ဖိနှိပ်မှုများကို ခံကြရပါတယ်။ အောက်ခြေစစ်သားများနဲ့ မိသားစုများဟာ အရာရှိမိသားစုတွေရဲ့ ကျွန်သဖွယ်ပြုမှု ဆက်ဆံခံရမှုများကလည်း အကြောင်းတရားတခုအနေနဲ့ ပါဝင်လာပါတယ်။
အကြီးမားဆုံး တွန်းအားကတော့ တပ်မတော်အပေါ်မှာ ၎င်းတို့ တပ်သားတွေ ကိုယ်တိုင် ယုံကြည်မှု မရှိကြတော့တာ ဖြစ်ပါတယ်။ တပ်မတော်ဟာ ကိုယ့်ကိုယ်ကို ၎င်းတို့အခေါ် ကြေးစားစစ်တပ် မဟုတ်၊ ပြည်သူကို အနစ်နာခံ ကာကွယ်ပေးတဲ့ မျိုးချစ်တပ်မတော် ဖြစ်တယ်ဆိုပြီး အစဉ်တစိုက် ဝါဒဖြန့်ကာ အောက်ခြေစစ်သားတွေကို စည်းရုံးပါတယ်။
အနစ်နာခံဆိုတဲ့ စကားက မြန်မာ့တပ်မတော်ဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်စဉ်ကတည်းက ဘာရလိုမှုမှ မရှိဘဲ အသက်ပေး တိုက်ပွဲဝင်ခဲ့တာကြောင့် အခုချိန်မှာလည်း ဘာရလိုမှုမှ မရှိဘဲ တိုင်းပြည်အတွက် ပေးဆပ်ရမယ်ဆိုတဲ့ သဘောတရား ဖြစ်ပါတယ်။ ဒီလို ဝါဒသွတ်သွင်းပြီး အောက်ခြေစစ်သားတွေကို ဒေသတွင်း အခြားစစ်တပ်တွေနဲ့ ယှဉ်ရင် ခံစားခွင့်နဲ့ လုပ်ခလစာ နည်းပါးမှုကို မမြင်အောင် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များရဲ့ ကြွယ်ဝမှုနဲ့ အောက်ခြေစစ်သားများရဲ့ ဒုက္ခများကို မြင်လာကြပြီး စစ်တပ်ကို စွန့်ခွာလာကြပါတယ်။
ပြည်သူနဲ့တိုင်းပြည်ကို ကာကွယ်တဲ့ တပ်မတော်လို့ ဝါဒဖြန့်ပေမယ့် စစ်သားတွေကိုယ်တိုင် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူတွေကို အကြမ်းဖက် ဖြိုခွင်းရတာ၊ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ လုပ်ဆောင်လာရတဲ့အခါ မနှစ်မြို့တဲ့ စစ်သားတွေဟာ ဘက်ပြောင်းတာ၊ တပ်ပြေးတာတွေ လုပ်ဆောင်လာကြပါတယ်။
ဒါ့အပြင် ကျေးရွာများကို ဝင်ရောက်စီးနင်းတာ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ရာမှာ အောက်ခြေစစ်သားတွေ၊ ၎င်းတို့ရဲ့ ဆွေမျိုးမိသားစုဝင်များရဲ့ အိုးအိမ်နဲ့ကျေးရွာများပါ ဖျက်ဆီးခံကြရပါတယ်။ ဒါဟာလည်း စစ်တပ်အပေါ် စိတ်နာစေတဲ့ အကြောင်းတရားတခု ဖြစ်လာပါတယ်။ နောက်ဆုံးအချက်ကတော့ ပြည်သူများက စစ်သားနဲ့ မိသားစုဝင်များကို အပေါင်းအသင်းအဆက်အဆံ မလုပ်ကြဘဲ လူမှုအသိုက်အဝန်းက ဖယ်ကြဉ်ကြတာဟာလည်း အောက်ခြေ စစ်သားများရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။
တပ်ပြေးများနဲ့ ဘက်ပြောင်းခိုလှုံသူတွေ အခက်အခဲအပြင် စစ်တပ်က တပ်သားသစ် စုဆောင်းရာမှာလည်း အခက်အခဲများနဲ့ ရင်ဆိုင်နေကြရပါတယ်။ စစ်တက္ကသိုလ် (DSA)၊ စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (DSMA)ကို တက်ရောက်မယ့်သူ မရှိသလောက် နည်းပါးနေပြီး ပြင်ပတပ်သားသစ် စုဆောင်းနိုင်ခြင်းလည်း မရှိတော့ပါဘူး။ ဒီအခက်အခဲက ကာလတိုမှာ မသိသာပေမယ့် ကာလရှည်မှာ စစ်တပ်ကျဆုံးရေးအတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်လာပါလိမ့်မယ်။
တပ်ပြေးများနဲ့ ဘက်ပြောင်းခိုလှုံသူတွေ အခက်အခဲအပြင် စစ်တပ်က တပ်သားသစ် စုဆောင်းရာမှာလည်း အခက်အခဲများနဲ့ ရင်ဆိုင်နေကြရပါတယ်။ စစ်တက္ကသိုလ် (DSA)၊ စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (DSMA)ကို တက်ရောက်မယ့်သူ မရှိသလောက် နည်းပါးနေပြီး ပြင်ပတပ်သားသစ် စုဆောင်းနိုင်ခြင်းလည်း မရှိတော့ပါဘူး။ ဒီအခက်အခဲက ကာလတိုမှာ မသိသာပေမယ့် ကာလရှည်မှာ စစ်တပ်ကျဆုံးရေးအတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်လာပါလိမ့်မယ်။
တနိုင်ငံလုံး စစ်မျက်နှာ ဖွင့်ထားရတဲ့ စစ်ကောင်စီဟာ တပ်ပြေးများ၊ ဘက်ပြောင်းခိုလှုံသူများနဲ့ စစ်သားစုဆောင်းရေး အခက်အခဲများကြောင့် တိုက်ခိုက်နိုင်စွမ်းအား ကျဆင်းလာနိုင်ပါတယ်။ ဒါကြောင့် စစ်ခေါင်းဆောင် အကျိုးစီးပွား အညမည ဖြစ်မှုနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို တန်ပြန်တော်လှန်မှု မဖြစ်အောင် ထိန်းထားနိုင်ပေမယ့် အောက်ခြေစစ်သားတွေ ဘက်ပြောင်း ခိုလှုံတာ၊ စစ်သား စုဆောင်းဖို့ ခက်ခဲလာတာတွေက အကြီးမားဆုံး ထိုးနှက်ချက်တွေ ဖြစ်လာပါတယ်။
(ဆောင်းပါးရှင် ဥသြသည် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံပညာ ကျောင်းသားတဦး ဖြစ်ခဲ့ပြီး Myanmar Youth for Peace Development ၏ သုတေသီတဦးလည်း ဖြစ်သည်။)
You may also like these stories :
ကျောင်းသားသမဂ္ဂ ဖြိုခွဲခံရသည့် 7 July အရေးအခင်း
စစ်တပ် လူသစ် စုဆောင်းရေး ပိုခက်ခဲလာနေ
လေတပ်မှ အရာရှိ၊ စစ်သည် ၈၀ ကျော် အာဏာသိမ်း စစ်တပ်ကို စွန့်ခွာ
ရာဇပလ္လင်ကို ဖက်တွယ်ရေး ကြိုးစားနေသည့် မင်းအောင်လှိုင်
ရက်စက်ကြမ်းကြုတ်သော စစ်တပ် အက်ကြောင်း မထတော့ပြီလော