• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ခင်ဦး NLD အမတ်၏ ဇနီးနှင့်သမီးအပါဝင် အဖမ်းခံရသူများ အဆက်အသွယ် ပြတ်နေ

by ဧရာဝတီ
28 February 2023
in သတင်း
A A
ခင်ဦး NLD အမတ် ဒေါက်တာ ဝင်းအောင်ကို ၂၀၂၀ ရွေးကောက်ပွဲအပြီးကာလတွင် တွေ့ရစဉ်

ခင်ဦး NLD အမတ် ဒေါက်တာ ဝင်းအောင်ကို ၂၀၂၀ ရွေးကောက်ပွဲအပြီးကာလတွင် တွေ့ရစဉ်

7.3k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်၏ မိသားစုဝင် ၂ ဦး အပါအဝင် ဒေသခံ ၁၀ ဦးကျော်ကို စစ်တပ်က ဖမ်းသွားရာ ၄ ရက်ကြာသည့်တိုင် ပြန်လွတ်လာခြင်း မရှိသလို အဆက်အသွယ် လည်း မရကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါက်တာ ဝင်းအောင်၏ ဇနီး ဒေါ်နီလာနှင့် သမီးအကြီး မအိနန္ဒာ အောင်တို့ကို ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင် နေအိမ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှင့် နီးစပ်သူ တဦးက “လွှတ်တော်အမတ်ရဲ့ သမီးအငယ်နဲ့ သားမက်က မဖမ်းခံရခင် အရင်တရက်က ယမ်းကျို ရင်းနဲ့ မတော်တဆမှုနဲ့ ဆုံးသွားတာ။ ရှေ့ဆင့်နောက်ဆင့် ဆုံးတာပဲ။ အဲဒီသတင်းက သူတို့ (စစ်ကောင်စီ) ဆီ ရောက် သွားတယ်နဲ့တူတယ်။ အဲဒီသတင်းကြောင့်ပဲ ခံဝန်နဲ့နေတဲ့ လွှတ်တော်အမတ်ရဲ့ မိန်းမနဲ့ သမီးကြီးကို ဖမ်းတာပေါ့” ဟု ပြောသည်။

ခင်ဦးမြို့ပေါ်ရှိ ဒေါက်တာ ဝင်းအောင်နေအိမ်ကို စစ်ကောင်စီတပ်က ချိပ်ပိတ်ထားခြင်း ဖြစ်ပြီး ကျန်ရှိနေသော မိသားစု များသည် ခံဝန်ရေးထိုး၍ နေရခြင်းဖြစ်သည့်အပြင် ယခုဖြစ်စဉ်ကြောင့် အိမ်အကူအမျိုးသမီး ၁ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် ယင်းနေ့ ၂၄ ရက်နေ့ တဆက်တည်းတွင်ပင် ခင်ဦးမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ၁ ဦးနှင့် လက်ဖက် ရည်ဖျော်ဆရာ အပါအဝင် ဒေသခံပြည်သူ ၁၁ ဦးခန့်လည်း ဖမ်းဆီးခံရကြောင်း၊ ထိုသူများမှာ NLD ထောက်ခံသူ အများစု ဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင်း ပြည်သူ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုကဲ့သို့ ဖမ်းဆီးခံရသူများကို မည်သည့် အကြောင်းကြောင့် ဖမ်းဆီးသည်၊ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည် ဆိုသည်များကို ၎င်းတို့နှင့် နီးစပ်သူများအနေဖြင့် အတိအကျ မသိရှိကြသလို ဧရာဝတီ အနေဖြင့် သီးသန့် အတည်ပြု နိုင်ခြင်း မရှိသေးပေ။

သို့သော် မြိုခံများကမူ အဆိုပါ အဖမ်းခံရသူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲလေ့ရှိသည့် မြို့လယ်ခေါင်ရှိ တိုက်တခု၌ ဖမ်းဆီးထားခြင်း ဖြစ်နိုင်ကြောင်း ယူဆ ပြောဆိုနေကြသည်။

“ခင်ဦးမြို့ပေါ်မှာပဲ ရှိနိုင်သေးတယ်။ ရွှေဘိုကိုလည်း မပို့ဘူး။ သူတို့ စစ်ဆေးနေတာပေါ့။ ဘာအကြောင်းပြချက်တွေနဲ့ ဖမ်းတာလည်းဆိုတာ ကျနော်တို့လည်း သေချာမသိဘူး။ လာဖမ်းတာ ရဲတွေ။ မြို့ပေါ်မှာက ရဲတွေများတယ်။ မြို့ပေါ်က လူမနေတဲ့ တိုက်တွေ ရှိတယ်။ မြို့လယ်ခေါင်က အဲဒီမှာ ဖမ်းပြီးတော့ စစ်ဆေးနေတယ်လို့ ကျနော်တို့တော့ ကြားသိရ တယ်” ဟု မြို့ခံတဦးက ဆိုသည်။

ဒေါက်တာ ဝင်းအောင်သည်၂၀၁၅ နှင့် ၂၀၂၀ တို့တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများ၌ ခင်ဦးမြို့နယ် မဲဆန္ဒနယ်မှ NLD ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရထားသူ ဖြစ်ပြီး အာဏာသိမ်းပြီး နောက်ပိုင်းတွင် နေရပ်မှ တိမ်းရှောင်နေကာ လက်ရှိတွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေကြောင်း နီးစပ်သူများ ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် မြို့ပေါ်တွင် စစ်ကောင်စီတပ် အင်အားတိုးချလာခြင်း ဖြစ်ပြီး မြို့ပေါ် ဖမ်းဆီးမှုများသာမက ကျေးရွာများကို စစ်ကြောင်းထိုးခြင်းများလည်း ပြုလုပ်လျက် ရှိကြောင်း သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
372
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
51

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “မြို့ပေါ်ကိုက ၉ ရက်ကစပြီး အင်အားတိုး လာချပေးတာပေါ့။ ရေဦးကနေ။ အနီဆိုရင် အကုန်ဖမ်းမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ဖမ်းနေသလို ဖြစ်နေတယ်။ မတည့်တဲ့ ဒလန်တွေက ချောက် ချပြီး ဖမ်းခိုင်းတာလည်း ဖြစ်နိုင်တာပဲ။ NLD ကို ထောက်ခံခဲ့ဖူးတဲ့ ဆိုင်တွေရော၊ လူတွေရော အားလုံး သူတို့နဲ့ မပူး ပေါင်းရင် ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုး သက်ရောက်တာပေါ့” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး Martial Law ဥပဒေကို တိုက်ပွဲများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့ရှိ မြို့ နယ်ပေါင်း ၃၇ မြို့နယ်အား ထုတ်ပြန်ထားသည်။

ထို့ပြင် ဒုတိယအကြိမ် အရေးပေါ် သက်တမ်းကာလတွင် အကြမ်းဖက်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ရန် လိုအပ်လာသဖြင့် အရေးကြီးသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ပြီး အကြမ်းဖက်မှု များ လျော့ပါးအောင် ကိုင်တွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီ ၉ ရက်က ပြုလုပ်သည့် အစည်းအဝေး၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထား သည်။

ခင်ဦးမြို့နယ်တွင် စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာပြီး ဖေဖော်ဝါရီလ ၉ ရက်မှ စကာ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး မီးရှို့မှုကြောင့် မီးရှို့ခံရသည့် ကျေးရွာ ၇ ရွာ၊ အိမ်ခြေ ၆၀၀ ကျော် မီးလောင်ခဲ့ကြောင်း ဒေသတွင်း အဖွဲ့ အစည်းများ၏ ပြုစုထားသည့် စာရင်းအရ သိရသည်။

ထို့ပြင် ကင်းထောက်သွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မီးရှို့သတ်ဖြတ်ခံရ သည့် သီလရှင် ၁ ဦးအပြင် အဆိုပါ ကာလအတွင်း ထိခိုက်ဒဏ်ရာရသူ ၁၆ ဦး ထိရှိပြီ ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့သည့် ပြည်သူ စုစုပေါင်း ၃,၀၆၂ ဦး ထိရှိလာပြီး ဖမ်းဆီးခံထားရသူ ၁၆,၀၆၅ ဦးရှိပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းအရ သိရသည်။

အလားတူပင် စစ်တပ် အာဏာသိမ်းပြီးနောက်၂၀၂၁ မေလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံ တဝှမ်းက နေအိမ်ပေါင်း ၅၅,၄၈၄ မီးလောင်ကျွမ်းမှုတွင် စစ်ကိုင်းတိုင်းအတွင်းက နေအိမ် ၄၃,၂၉၂ ကျော်ဖြင့် အများ ဆုံး မီးရှို့ခံရကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

You may also like these stories :

ကောလင်းဒေသခံ ၁၈ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

စစ်ကောင်စီ မီးရှို့တာ နေအိမ် ၅ သောင်းခွဲကျော် ရှိပြီ

ရွှေဘိုမြို့နယ်ရှိ ရက်ကန်းရုံ ရာနှင့်ချီ မီးရှို့ ဖျက်ဆီးခံရ

Your Thoughts …
Tags: NLDခင်ဦးစစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် Huanya ဆိုသည့် တရုတ်ကုမ္ပဏီတို့ မြဝတီအနီး အိမ်ရာစီမံကိန်းတခု ပူးပေါင်းလုပ်ကိုင်ကြောင်း လက်မှတ်ရေးထိုးပွဲနှင့် အုတ်မြစ်ချပွဲ အခမ်းအနား

ရာဇဝတ်ဂိုဏ်း၊ စစ်ကောင်စီတို့နှင့် ပတ်သက်သူများကို KNU ခေါင်းဆောင် မရွေးရန် တိုက်တွန်း

ရုရှားတပ်များသည် စစ်ရေးပြသောအခါ ကြည့်ကောင်းသော်လည်း ယူကရိန်းတွင် မရှုမလှ ရှုံးနေသည်

ယူကရိန်းစစ်ပွဲ ၁၂ လအတွင်း ရုရှား ဖရိုဖရဲဖြစ်မှုများနှင့် အလားအလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved