• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖားကန့်၌ ဆန်နှင့် စက်သုံးဆီသွင်းခွင့် စစ်ကောင်စီပိတ်၍ ပြတ်လပ်မှုများ ဖြစ်နေ

by ဧရာဝတီ
22 February 2023
in သတင်း
A A
ဖားကန့်မြို့ရှိ စက်သုံးဆီဆိုင် တဆိုင်

ဖားကန့်မြို့ရှိ စက်သုံးဆီဆိုင် တဆိုင်

4.4k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များရှိသည်ဟုဆိုကာ ဖားကန့်မြို့တွင်း ဆန်နှင့် စက်သုံးဆီ ဝင်ရောက်နေမှု ယခုလဆန်းမှစ၍ စစ်ကောင်စီက ပိတ်လိုက်သဖြင့် ပြတ်လပ်မှုဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။

ဖားကန့်မြို့သို့ ဝင်ရောက်နိုင်သည့် နမ့်ယား၊ နမ့်သင်း၊ မရမ်ကထုံ စသည့် ဂိတ်ပေါက်များတွင် စစ်တပ်နှင့် ပြည်သူ့ စစ်များက ပူးပေါင်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

RelatedPosts

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
80
မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
71
Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

21 June 2025
341

ဖားကန့်မြို့ဒေသခံ အမျိုးသမီး တဦးက “အဲဒီ နမ့်ယားဂိတ် ပြည်သူ့စစ်ရယ်၊ စစ်တပ်ရယ်ပေါင်းပြီး ထိုင်တဲ့ဂိတ်မှာ ဆန် ရော၊ ဆီရော မတင်ခိုင်းဘူး၊ ပိတ်ထားတာ။ နယ်မြေဒေသရဲ့ အခြေအနေကတော့ အခု စစ်တပ်က ကြိုက်သလို ဝင်၊ ကြိုက်သလို လုပ်နေတာပဲ။ အဲဒါကြောင့် ကျမတို့ ဘယ်သူ့ကို ဘာပြောလို့ ပြောရမယ်မှန်း မသိ တော့ဘူး။ ဆန်က ဝယ်လို့ မရဘူး။ ဆိုင်တွေလည်း ပိတ်ကြတယ်။ ဆီဆိုရင် ပန့်ဆိုင်အကြီးတွေ ပိတ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ သယ်ယူပို့ဆောင်ခွင့်များကို ပိတ်ထားသောကြောင့် တချို့ ဆန်ဆိုင်နှင့် ဆီဆိုင်များမှာ ပိတ်ထားရပြီး ဈေးနှုန်းမှာ လည်း ယခင် မပိတ်ခင်က ဆန်ကြမ်းတအိတ်လျှင် ကျပ် ၄ သောင်းရှိမှ ယခုအချိန်တွင် ကျပ် ၁ သိန်း ကျော်ထိ ဈေးတက်လာ နေသလို စက်သုံးဆီမှာလည်း ယခင်က တလီတာ ၃၀၀၀ ကျပ်သာ ရှိသော်လည်း ယခု တလီတာလျှင် ၅၀၀၀ ကျပ်ကျော်အထိ ရှိနေကြောင်း ၎င်းက ပြောသည်။

“ဆိုင်အကြီးတွေ ပိတ်တယ်။ ဒါပေမယ့် လမ်းဘေးဆိုင်က တပုလင်း၊ ၂ ပုလင်း အဲဒီလိုမျိုး ရောင်းပေးတာရှိတယ်။ ဆီဈေးလည်း တက်၊ ဆန်ဈေးလည်းတက် မတက်တာ၊ ပေါများတာဆိုလို့ မူးယစ်ဆေးဝါးပဲ ရှိတယ်။ အရင်က တလီ တာ ကို ၃ ထောင်၊ ခုက ၄၀၀၀ နဲ့ ၅၀၀၀ ရှိတယ်။ ဒါတောင်ရောင်းတဲ့သူ မရှိဘူး။ ဆိုင်ကယ်ဆီတွေလည်း ပြတ်” ဟု လက်ရှိအခြေအနေကို ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များက ဖားကန့်မြို့တွင်းသို့ ဆန်နှင့် စက်သုံးဆီ သယ်ဆောင်ခွင့်တားမြစ်ခြင်း၊ တချို့ ဂိတ်များတွင် ထောက်ခံစာများ တောင်းခံခြင်း၊ ဆန်တအိတ်စ နှစ်အိတ်စ မိသားစု စားသုံးရန်အတွက် သယ်ယူသည့် သူများကိုပင် ဆန်တအိတ်လျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ဆက်ကြေး တောင်းခံခြင်းများ ပြုလုပ်ခြင်း၊ ၎င်းတို့နှင့် ပတ်သက်သည့်သူများကိုသာ စက်သုံးဆီ သယ်ယူခွင့်ပေးခြင်း အစရှိသည်တို့ကို လုပ်ဆောင်နေကြောင်း ဒေသခံများ ထံက သိရသည်။

လက်ရှိတွင် ဖားကန့်ဘက်သို့ တက်လာသည့် ကုန်တင်ပို့မှုများကို နမ့်ယား (Nam Ya) ဂိတ်တွင် စစ်ဆေးမှုများ ပြု လုပ်ပြီး ဆန်ပါလာသည့် ကားများကို သယ်ယူခွင့် တားမြစ်ထားကြောင်း၊ စစ်ကောင်စီ၏ နယ်လုံဝန်ကြီး အမိန့်နှင့် ဆန်သယ်ယူခွင့်ကို တားမြစ်ထားသည် ဟုလည်း ဒေသခံများထံက သိရသည်။

ယင်းနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ထံသို့ ဧရာဝတီ မှ ဖုန်းဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင်၍ ပြန်လည် ဖြေဆိုခြင်း မရှိပေ။

ဖားကန့်ဒေသခံ အမျိုးသားတဦးက “သူတို့ကတော့ KIA ၊ PDF တွေ ရှိတယ်ဆိုပြီး ပိတ်တယ် ကြားတယ်။ တကယ်ဆို ဘာမှမရှိဘူး။ အခု ဖားကန့်ဒေသက ပြည်သူတွေ တော်တော် ဒုက္ခရောက်တယ်။ ဈေးတွေက ဒီလောက်ကြီးကျတော့ ဘယ်စားနိုင်တော့မလဲ။ အဲဒီတော့ အရင်က ထမင်း ၃ နပ်စားရင် အခု ကလေးတွေကိုတောင် ထမင်း ၂ နပ်ပဲ စားကြ တော့လို့ ပြောတဲ့အခြေအနေ ဖြစ်တယ်။ အိမ်တိုင်းကတော့ အဲဒီလို ဖြစ်ကုန်ပြီ” ဟု ပြောသည်။

ထိုအခြေအနေများကြောင့်လည်း ဖားကန့်မြို့တွင် လမ်းပန်းဆက်သွယ်ရေး ပို၍ ခက်ခဲလာသည့်အပြင် တနိုင်တပိုင် လုပ်ကိုင်စားသောက်နေသည့် အသေးစား ကျောက်မျက်တူးဖော်သည့်ဒေသတွင်လည်း လုပ်ကွက်တချို့ ရပ်နားထား ရခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လာခြင်းများနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “ဆန်ကားတွေကို မတက်ခိုင်းဘူး ပိတ်ထားတယ်။ ခရီးသည်တင်တဲ့ကားတွေက ဆန် တအိတ် ၂ အိတ် တင်မယ်ဆိုရင် ဂိတ်ကနေ ၅၀၀၀ ပေး ၁ သောင်းပေးဆို တောင်းတယ်။ လုံးခင်းအလွန် လယ်ပြင်ဂိတ်မှာလဲ အဲဒီလိုပဲ ပိတ်ထားတာ။ အခု ဆန်ဆိုင်တွေက ဆန်ပြတ်တော့ ပိတ်ကုန်ကြပြီ။ စက်သုံးဆီလည်း ပြတ်တယ်။ အဲဒီတော့ တချို့ ကျောက်မျက်တူးတာတွေလည်း ရပ်တယ်။ ဒါပေမယ့် သူတို့နဲ့ သင့်တဲ့သူတွေတော့ တူးနေတယ်။ ကုန်ဆန် ဘက်မှာတော့ အခုလို ပြတ်ပေမယ့် တရုတ်ကုမ္ပဏီကြီးတွေတော့ တူးနေတာပဲ”ဟု ပြောသည်။

စစ်ကောင်စီက ယခုကဲ့သို့ ဖားကန့်ဒေသတွင်းသို့ ဆန်နှင့် စက်သုံးဆီ သယ်ယူပို့ဆောင်ခွင့်များကို ပိတ်ဆို့ထားခြင်းမှာ ၎င်းတို့၏ စစ်တပ်ဂိတ်နေရာများ မကြာခဏ တိုက်ခိုက်ခံရခြင်းကြောင့် ပိတ်ဆို့ခြင်းလည်း ဖြစ်နိုင်ကြောင်း ဒေသခံများ ထံက သိရသည်။

ဖားကန့်ဒေသတွင်းသို့ ဆန်နှင့် စက်သုံးဆီ ပိတ်ဆို့ခြင်းများသာမက စစ်ကောင်စီက ရေမဆေး ကျောက်ရှာဖွေသူများ နှင့် စစ်ရှောင်များကိုလည်း မကြာခဏ ဖမ်းဆီးမှုများရှိနေပြီး တဦးလျှင် အနည်းဆုံး ကျပ်သိန်း ဆယ်ကဏန်း ဝန်းကျင် နှင့် ပြန်ရွေးခိုင်းသည်များကို လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ဖားကန့်မြို့နယ်အတွင်းသို့ ဆန်နှင့် စက်သုံးဆီကားများ ဝင်ရောက်ခွင့်ကို စစ်ကောင်စီက ပိတ်ထားခြင်းကြောင့် ဆီဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သေးသည်။

ထို့ပြင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ပဋိပက္ခဖြစ်ပွားရာဒေသများ၌ စက်သုံးဆီ၊ ဆေးဝါး၊ စားနပ်ရိက္ခာ အစရှိသည်တို့ကို ပိတ်ပင်တားဆီးခြင်း၊ အကန့်အသတ်နှင့် ရောင်းချခြင်းများကို ပြုလုပ်လျက်ရှိသည်။

You may also like these stories:

ဖားကန့်တွင် စက်သုံးဆီ သယ်ယူခွင့်ပိတ်ထား၍ ဆီပြတ်လပ်မှုဖြစ်

အင်းတော်ရှိ ရွှေမျောလုပ်ကွက်တချို့ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပိတ်

Your Thoughts …
Tags: KIAPDFစက်သုံးဆီဆန်နန့်ယားဂိတ်ဖားကန့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.4k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.1k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ဂေါင်နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီတို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ် / AFP

ဘုံသဘောတူညီချက်ကို ထောက်ခံ၍ တရုတ်ကို အင်ဒိုနီးရှား ကျေးဇူးတင်

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပသည့် ASEAN ထိပ်သီးအစည်းအဝေးသို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်စဉ်

ASEAN အတွက် ခက်ခဲနေသည့် မြန်မာ့အရေး အမေရိကန် ဦးဆောင်ရမည်

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.8k

Most Read

  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate