• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ခမာနီ ရက်စက်ကြမ်းကြုတ်မှုများကို ငြင်းပယ်သူများကို ကမ္ဘောဒီးယား အပြစ်ပေးမည်

by ဧရာဝတီ
28 January 2025
in သတင်း
A A
ခမာနီ ရက်စက်ကြမ်းကြုတ်မှုများကို ငြင်းပယ်သူများကို ကမ္ဘောဒီးယား အပြစ်ပေးမည်

ဖနွမ်းပင်ရှိ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာပြတိုက်တွင် ပြသထားသော သတ်ဖြတ်ခံရသူများ၏ ဦးခေါင်းခွံများ/Wikipidea

1.5k
VIEWS
Share on FacebookShare on Twitter

လူမျိုးတုံးသတ်ဖြတ်မှုများအပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို ငြင်းပယ်သူ မည်သူကိုမဆို ထောင် ၅ နှစ်အထိ ချမှတ်နိုင်မည် ဥပဒေကြမ်းတခုကို ကမ္ဘောဒီးယားအစိုးရအတည်ပြုလိုက်သည်။

ခမာနီတို့၏ ရာဇဝတ်မှုများ ထပ်မံဖြစ်ပွားခြင်းကို တားဆီးပြီး သတ်ဖြတ်ခံရသူများအတွက် တရားမျှတမှုပေးရန် ရည်ရွယ်သည့် ထိုဥပဒေကြမ်းကို ဝန်ကြီးချုပ်ဟွန်မန်နက် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် သောကြာနေ့ကအစည်းအဝေးအတွင်း အတည်ပြုခဲ့သည်ဟု အစိုးရ ပြောခွင့်ရ ပန်ဘွန်နာပြောသည်။

ခမာနီတို့အောက်တွင်ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို ငြင်းပယ် သို့မဟုတ် လက်ခံသူ မည်သူကိုမဆို တရားစွဲဆိုစီရင်မည်ဟု ထိုဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း အစိုးရကြေညာချက်တစောင်တွင် ဖေါ်ပြထားသည်။

ထိုဥပဒေကြမ်းတွင် ရက်စက်ကြမ်းကြုတ်မှုများကို ဖွင့်ဆိုရာတွင် လွန်ခဲ့သော ၉ နှစ်က ခမာနီ ခေါင်းဆောင်များကို ကုလသမဂ္ဂတရားရုံးက တရားစွဲဆိုစီရင်သည့် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများ ပါဝင်သည်။

ပုဒ်မ ၇ ခုပါသော ထိုဥပဒေကြမ်းအရ အတိတ်မှ ခါးသီးသော အမှန်တရားများကို ငြင်းပယ်သူများကို ထောင် ၁ နှစ်မှ ၅ နှစ်အထိ ချမှတ်နိုင်ပြီး ဒေါ်လာ ၂၅၀၀ (ရိုင်ရယ် ၁၀ သန်း) မှ ဒေါ်လာ ၁၂၅၀၀၀ အထိ ဒဏ်ငွေချနိုင်သည်။

ကုလသမဂ္ဂတရားရုံးတွင် တရားစွဲခံရသော ခမာနီခေါင်းဆောင် ၂ ဦး/ UN

ပိုပေါ့ ဦးဆောင်သည့် အစွန်းရောက် မော်ဝါဒီလှုပ်ရှားမှုသည် ၎င်း၏ ၁၉၇၅-၇၉ အုပ်ချုပ်ရေးအတွင်း လူ ၂ သန်းခန့်ကို အငတ်ဘေး၊ ညှင်းပမ်းနှိပ်စက်မှု၊ အတင်းအကျပ်လုပ်အားခိုင်းစေမှုနှင့် အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းတို့ဖြင့် သေဆုံးစေသည်။

ခမာနီတို့ အာဏာသိမ်းယူမှု နှစ် ၅၀ ပြည့် ဧပြီလလယ်မတိုင်မီ လအနည်းငယ်အလိုတွင် ထိုဥပဒေကြမ်းကို ပါလီမန်အတည်ပြုရန် မကြာမီပေးပို့မည်ဟု ပန်ဘွန်နာပြောသည်။

နိုင်ငံရေးသမားအချို့သည် ခမာနီလူမျိုးတုံးသတ်ဖြတ်မှုကို အသိအမှတ်ပြုရန် ငြင်းဆန်နေကြဆဲ ဖြစ်သည်ဟု ပြောသည့် သြဇာကြီးမားသည့် ခေါင်းဆောင်ဟောင်း ဟွန်ဆန်က ထိုသူများကို ဥပဒေအရ အပြစ်ပေးရန် တောင်းဆိုသောကြောင့် ထိုဥပဒေကြမ်းကို ရေးဆွဲခြင်းဖြစ်သည်။

ခမာနီလက်အောက်တွင် အစုလိုက်အပြုံလိုက် အဓမ္မ ပြောင်းရွှေ့ခံရပြီး လုပ်အားပေးခိုင်းစေခံကြရသည်/Holocaust museum

ထိုဥပဒေကြမ်းသည် ဟွန်ဆန်က အဆိုပြုပြီး ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းသည့် အလားတူဥပဒေကို အစားထိုးမည်ဖြစ်သည်။ ထိုဥပဒေတွင် ကွန်မြူနစ်ခမာနီတို့ ကျူးလွန်သည့် ရာဇဝတ်မှုများကို ငြင်းပယ်ပြောဆိုမှုများကို ပိတ်ပင်ပြီး ထောင် ၂ နှစ်အထိ ချနိုင်သည်။

ကမ္ဘောဒီးယားကို ဆယ်စုနှစ် ၄ ခုနီးပါး အုပ်ချုပ်ခဲ့သော ဟွန်ဆန်သည် အတိုက်အခံများကို ချေမှုန်းရန် တရားစီရင်ရေးစနစ်ကို အသုံးပြုနေသည်ဟု လူ့အခွင့်အရေးအဖွဲ့များစွပ်စွဲသည်။

ခမာနီကေဒါဟောင်းဖြစ်သည့် ကာလရှည်ခေါင်းဆောင် ဟွန်ဆန်သည် ၂၀၂၃ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်ပြီး သူ၏အကြီးဆုံးသား ဟွန်မန်နက်ကို ဝန်ကြီးချုပ်ရာထူးလွှဲပေးသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
829
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
229

ခမာနီခေါင်းဆောင် ၂ ဦးသည် လူမျိုးတုံးသတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုတရားရုံးတခုက ၂၀၁၈ ခုနှစ်တွင် သမိုင်းဝင်ဆုံးဖြတ်ခဲ့သည်။

ကိုးကား။ ။ The Guardian သတင်း Cambodia to punish Khmer Rouge genocide denial with jail under draft law

You may also like these stories:

ကြားဝင်ဖြန်ဖြေပေးရန် စစ်ကောင်စီကို ဆက်ထာနှင့် ဟွန်ဆန် ကမ်းလှမ်း

သက်ဆင်ကို ဘန်ကောက်နေအိမ်တွင် ဟွန်ဆန် သွားရောက်တွေ့ဆုံ

သက်ဆင်နဲ့ ဟွန်ဆန်ရဲ့ မြန်မာ့အရေးကြားဝင်မှု အလုပ်ဖြစ်မှာမဟုတ် (ရုပ်/သံ)

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာ့အရေး လက်လျှော့

Your Thoughts …
Tags: ကမ္ဘောဒီးယားကုလသမဂ္ဂခမာနီစစ်ရာဇဝတ်မှုများလူမျိုးတုံးသတ်ဖြတ်မှုလူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဟွန်ဆန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း

သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း

by ဧရာဝတီ
31 March 2024
16.4k

ဘယ်မြင်းကိုလောင်း ဘယ်သူနှင့် ပေါင်းရမည်ကို သက်ဆင်က ကောင်းကောင်း သိသည်ဟု ဆိုရမည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
14.2k

အငြင်းပွာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

by Peter Popham
21 December 2024
13.7k

Independent သတင်းဌာန၏ မှတ်တမ်းရုပ်သံတွင် သံအမတ်ဟောင်း ဆာ ဂျွန်ဂျန်ကင်က အနောက်နိုင်ငံများသည် မိမိတို့ကိုယ် မိမိတို့ အပြစ်တင်ရမည်ဟု ပြောသည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

Next Post
စစ်မှုထမ်းဖို့ ရောင်းစားခံခဲ့ရတာ (ရုပ်/သံ)

စစ်မှုထမ်းဖို့ ရောင်းစားခံခဲ့ရတာ (ရုပ်/သံ)

ထရမ့်မူဝါဒကြောင့် ထိုင်းနယ်စပ် မြန်မာဒုက္ခသည်စခန်းမှ ဆေးရုံများ ရပ်တန့်

ထရမ့်မူဝါဒကြောင့် ထိုင်းနယ်စပ် မြန်မာဒုက္ခသည်စခန်းမှ ဆေးရုံများ ရပ်တန့်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved