ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ပြဌာန်းလိုက်တဲ့ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံစံချိန်စံနှုန်းတွေနဲ့ သွေဖယ်နေတယ်လို့ ဝေဖန်နေကြတာဖြစ်ပါတယ်။
CRPH က ဇွန်လ ၁၃ ရက်နေ့မှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေကို ထုတ်ပြန်လိုက်တာပါ။
ဥပဒေရဲ့ အခန်း (၄) မှာပါဝင်တဲ့ အရေးယူခြင်းအပိုင်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဧပြီလ ၃၀ ရက်ကြား CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းတွေကိုသာ CDM အဖြစ်သတ်မှတ်သွားမှာဖြစ်ပြီး ဒီကာလနောက်ပိုင်း CDM ပြုလုပ်သူတွေကတော့ အကြောင်းပြချက်ပေးမှ စိစစ်ပြီး CDM အဖြစ်သတ်မှတ်မယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ဒီဥပဒေရဲ့ အခန်း (၄)၊ အရေးယူခြင်းအပိုင်းမှာ ပါရှိတဲ့ Non CDM ဝန်ထမ်းတွေအပေါ် အပြစ်ပေး အရေးယူဖို့ပြဌာန်းထားတဲ့ ဥပဒေပါသတ်မှတ်ချက်တွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်နဲ့အတူ လူသားရဲ့ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်နေတယ်လို့ ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #CDM #CRPH #လူ့အခွင့်အရေး #NonCDM #ဥပဒေပြဌာန်း #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













