ထိုင်းမှ ဘုန်းကြီးများနှင့် မာတုဂါမ ပြဿနာသည် ဘုန်းကြီးကျောင်းအတွင်း သတင်းတီးတိုးသံများဖြင့် စတင်သည်။ ကြည်ညိုလေးစားခံရသော ဆရာတော်တပါး ညတွင်းချင်း ပျောက်ကွယ်သွားသည်။ လိင်ကိစ္စ၊ ငွေညှစ်ခြင်းနှင့် သစ္စာဖောက်မှု ကောလာဟလများ ပျံ့နှံ့လာသည်။ ထိုနောက် ဝီလာဝန် အမ်စာဝပ် ဟူသော အမျိုးသမီးအမည် ပေါ်ပေါက်လာသည်။
သို့သော် နှုတ်ပိတ်ထားသည့် အရှုပ်တော်ပုံများအဖြစ် စတင်ခဲ့မှုများသည် ယခုအခါတွင် တနိုင်ငံလုံးအတွက် ပြန်လည်သုံးသပ်မှုအဖြစ် ပေါက်ကွဲထွက်လာသည်။ ထေရ်ကြီးဝါကြီး ဘုန်းကြီး ကိုးပါး၊ ကျောင်းထိုင်ဆရာတော်များ လူဝတ်လဲရသည်။ အခြား ဘုန်းကြီးများ ပုန်းအောင်းနေကြသည်။ မည်သို့မည်ပုံ ဖြစ်မည်ကို အောက်တွင် သုံးသပ်ပြထားပါသည်။
ဝီလာဝန် အမ်စာဝပ် မည်သူနည်း
မစ္စ ဂေါ့ဖ် (ခေါ်) ဝီလာဝန် အမ်စာဝပ်ကို ဘန်ကောက်မြို့စွန် နွန်သာဘူရီရှိ သူ၏ ဇိမ်ခံနေအိမ်မှ ယခုအပတ်အတွင်း ဖမ်းဆီးမိသည်။ အသက် ၃၀ ကျော်အရွယ် ဝီလာဝန်သည် ထိုင်းနိုင်ငံတဝန်းမှ ဗုဒ္ဓဘာသာ ဘုန်းကြီးများကို ပစ်မှတ်ထားသည့် ကြီးမားသော ခြိမ်းခြောက်ငွေတောင်းသည့်ဂိုဏ်းကို စီစဉ်သည်ဟု စွပ်စွဲခံရသည်။
သူသည် ဘုန်းကြီးများကို ဖျားယောင်းပြီး ဘုန်းကြီးများနှင့်အတူ နေခဲ့သည်များကို ရိုက်ကူးကာ ထိုဗီဒီယိုများကို လျှို့ဝှက်ထားရေးအတွက် ငွေအမြောက်အမြား ခြိမ်းခြောက်တောင်းယူသည်ဟု ရဲက သူ့ကို စွဲချက်တင်ထားသည်။
ငွေညှစ်ခြင်း၊ ငွေကြေးခဝါချခြင်းနှင့် ခိုးရာပါပစ္စည်း လက်ခံမှုများဖြင့် သူ့ကို စွဲချက်တင်ထားသည်။ သူ၏ ဖုန်းများမှ ဘုန်းကြီးများ ပါဝင်ပတ်သက်သည့် လိင်ကိစ္စဓာတ်ပုံများနှင့် ဗီဒီယို ထောင်ပေါင်းများစွာကို စုံစမ်းစစ်ဆေးသူများက တွေ့သည်။ ထိုဓာတ်ပုံများနှင့် ဗီဒီယိုများကို သုံးနှစ်တာကာလအတွင်း ငွေညှစ်ရန် အသုံးပြုသည်ဟု ဆိုသည်။
ငွေညှစ်ခြင်း၊ ငွေကြေးခဝါချခြင်းနှင့် ခိုးရာပါပစ္စည်း လက်ခံမှုများဖြင့် သူ့ကို စွဲချက်တင်ထားသည်။ သူ၏ ဖုန်းများမှ ဘုန်းကြီးများ ပါဝင်ပတ်သက်သည့် လိင်ကိစ္စဓာတ်ပုံများနှင့် ဗီဒီယို ထောင်ပေါင်းများစွာကို စုံစမ်းစစ်ဆေးသူများက တွေ့သည်။ ထိုဓာတ်ပုံများနှင့် ဗီဒီယိုများကို သုံးနှစ်တာကာလအတွင်း ငွေညှစ်ရန် အသုံးပြုသည်ဟု ဆိုသည်။
သူ့ကို စွဲဆိုသည့် စွဲချက်များကို ဝီလာဝန်က အပြည့်အစုံ ထွက်ဆိုချက် မပေးသေးဘဲ သူ့တွင် ရှေ့နေကိုယ်စားလှယ် ရှိ၊ မရှိကို ရှင်းလင်းစွာ မသိရသေးပေ။
သို့သော် ထိုင်းမီဒီယာနှင့် ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ဆုံမေးမြန်းခန်းတွင် ဘုန်းကြီး နှစ်ပါး၊ ဘာသာရေး ဆရာတဦးနှင့် အချစ်ဇာတ်လမ်းရှိခြင်းကို ဝန်ခံခဲ့သည်ဟု The Guardian သတင်းစာ၏ အဆိုအရ သိရသည်။
ထိုပုဂ္ဂိုလ်များက သူ့ကို Mercedes-Benz SLK200, ငွေအမြောက်အမြား လွှဲပြောင်းပေးမှုများနှင့် ငွေထုတ်ကတ် အပါအဝင် တန်ဖိုးကြီးသော လက်ဆောင်များ ရက်ရက်ရောရော ပေးသည်ဟု ၎င်းကပြောသည်။ ပွင့်ပွင့်လင်းလင်းပြောပြီး ဝီလာဝန်က ထိုရှုပ်ထွေးမှုများအတွက် နောင်တရကြောင်း ပြောပြကာ သူအမှန်တကယ် ချစ်ကြိုက်ခဲ့ကြောင်း ဝန်ခံသည်။

ခြိမ်းခြောက်တောင်းငွေ ဘတ် ၃၈၅ သန်း
ဝီလာဝန်သည် လွန်ခဲ့သောနှစ် အနည်းငယ်အတွင်း ဘတ် ၃၈၅ သန်းခန့် ငွေညှစ်ခဲ့သည်ဟု တော်ဝင် ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ သူ့လုပ်ငန်းသည် အစီအစဉ်ချထားသည့်အတိုင်း ဖြစ်နေသည်။
ဘုန်းကြီးများနှင့် မိတ်ဖွဲ့သည်၊ ဆက်ဆံရေးတခုဖြစ်လာအောင် ဖျားယောင်းသည်၊ အပေးအယူလုပ်နိုင်သည့် ကိစ္စများရယူသည်၊ ထို့နောက် ငွေကြေးတောင်းဆိုမှု လုပ်သည်။ ဘုန်းကြီးအချို့က သူနှင့် ချစ်ကြိုက်ခဲ့ကြောင်း ဝန်ခံကြသည်။ ဝီလာဝန်က သူ့ကို ကားတစီးပေးသည်ဟု ဘုန်းကြီးတပါးက ပြောသည်။
“ကျနော်တို့ သူ့ရဲ့ဘဏ္ဍာရေးလမ်းကြောင်းကို စစ်ဆေးတော့ ဘုန်းကြီးကျောင်း အများအပြား ပါဝင်ပတ်သက်နေတာ တွေ့ရတယ်” ဟု ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုမှ အရာရှိတဦးက ဇူလိုင်လ ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြောင်း The Guardian က ဖော်ပြသည်။
“ကျနော်တို့ သူ့မိုဘိုင်းဖုန်းကို သိမ်းပြီး စစ်ဆေးတော့ ဘုန်းကြီးတွေ အများကြီး ပါဝင်ပတ်သက်နေပြီး ဗီဒီယိုအများအပြားနဲ့ Line ကနေ စကားပြောထားတာတွေ တွေ့တယ်” ဟုလည်း ၎င်းကပြောသည်။
ဝီလာဝန်၏ အိမ်တွင် ရိုက်ကူးထားသည်များ အပါအဝင် ကိုယ်လုံးတီးပုံနှင့် ဗီဒီယို ၈ သောင်းကျော် တွေ့ရသည်ဟု BBC က ဖော်ပြသည်။ ထိုငွေများ၏ တစိတ်တပိုင်းကို တရားမဝင် အွန်လိုင်း လောင်းကစားတွင်သုံးသည်ဟု အာဏာပိုင်များက ပြောသည်။
ထိုအရှုပ်တော်ပုံသည် ဇွန်လလယ်တွင် စတင်ပေါ်ပေါက်သည်။ ထိုကိစ္စသည် ဂုဏ်သိက္ခာကြီးမားသည့် ဝပ် ထရီ ထိုစက်ဟတ်ပ် ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ရုတ်တရက် လူထွက်သွားသည်။ သူသည် ဝီလာဝန်၏ ပစ်မှတ်မျာတွင် ပါဝင်ပြီး ကလေးစရိတ် ဘတ် ၇ သန်း ငွေညှစ်ခံရပြီးနောက် ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ထိုဘုန်းကြီးသည် သူ့ကလေး၏ ဖခင်ဖြစ်သည်ဟု ဝီလာဝန်က ထိုအချိန်မှ စတင်ပြောသည်။
လက်ရှိအချိန်အထိ ကျောင်းထိုင်ဆရာတော် အများအပြား အပါအဝင် ဘုန်းကြီး ကိုးပါး လူထွက်ရပြီး အနည်းဆုံး နှစ်ပါး ပုန်းအောင်းနေရသည်။ ထိုင်းအထက်လွှတ်တော် ကော်မတီသည် သံဃာများနှင့် လိင်ဆက်ဆံသည့် မာတုဂါမများကို ရာဇဝတ်သမားအဖြစ် သတ်မှတ်ရန် အငြင်းပွားဖွယ်ဥပဒေဒ ပြင်ဆင်ချက်ကို စဉ်းစားသုံးသပ်နေပြီး ထိုအဆိုပြုချက်သည် အမျိုးသမီးအခွင့်အရေး ထောက်ခံသူများ၏ ဝေဖန်မှု ခံနေရသည်။
လက်ရှိအချိန်အထိ ကျောင်းထိုင်ဆရာတော် အများအပြား အပါအဝင် ဘုန်းကြီး ကိုးပါး လူထွက်ရပြီး အနည်းဆုံး နှစ်ပါး ပုန်းအောင်းနေရသည်။ ထိုင်းအထက်လွှတ်တော် ကော်မတီသည် သံဃာများနှင့် လိင်ဆက်ဆံသည့် မာတုဂါမများကို ရာဇဝတ်သမားအဖြစ် သတ်မှတ်ရန် အငြင်းပွားဖွယ်ဥပဒေဒ ပြင်ဆင်ချက်ကို စဉ်းစားသုံးသပ်နေပြီး ထိုအဆိုပြုချက်သည် အမျိုးသမီးအခွင့်အရေး ထောက်ခံသူများ၏ ဝေဖန်မှု ခံနေရသည်။

အမျိုးသမီးများကို မြွေအဖြစ် သတ်မှတ်
ဘုန်းကြီးများကို သားကောင်အဖြစ် သတ်မှတ်ပြီး ဖြားယောင်းသူအဖြစ် မာတုဂါမ အမျိုးသမီးများကို သတ်မှတ်သည့် အမြင်များကို ဘန်ကောက်ပို့စ် ဆောင်းပါးရှင် ဆနိဆူဒါ အီကာချိုင်က ရှုတ်ချသည်။ ထိုင်းမှရိုးရာ အစဉ်အလာ ဗုဒ္ဓဘာသာ တရားတော်များတွင် အမျိုးသမီးများကို အမျိုးသားများ၏ စိတ်ဓာတ်ဖြူစင်မှု ရန်သူအဖြစ် မကြာခဏ ပုံဖော်ကြသည်။ ထိုသို့သော ယုံကြည်မှုကြောင့် အမျိုးသမီးများကို ဘိက္ခူနီဝတ်ခြင်းမှ ပိတ်ပင်ထားသည်မှာ ကြာပြီ ဖြစ်သည်။
“ကျမ်းဂန်တွေမှာ အမျိုးသမီးတွေကို ဘုန်းကြီးတွေ သီလကျိုးစေတဲ့ အန္တရာယ်အဖြစ် သရုပ်ဖော်တယ်။ ဘုရားကျောင်း နံရံပန်းချီတွေမှာ သူတို့ကို မြွေတွေ (ကျောင်းကြီးဖျက်မ) အဖြစ် ဖော်ပြတယ်။ ဒါကြောင့်မို့ သံဃာတွေက အမျိုးသမီးတွေကို ဘိက္ခူနီဝတ်ခွင့် ပိတ်ထားတယ်” ဟု ၎င်းက ပြောသည်။
“ဒီအရှုပ်တော်ပုံက ဆရာတော်ကြီးတွေကြားက လိမ်ညာမှုစနစ်တခုနဲ့ သူတော်ကောင်း ဟန်ဆောင်မှုကို ဖော်ထုတ်လိုက်တယ်” ဟု အီကာချိုင်က ရေးသည်။ “အရေအတွက် ဒီလောက်များနေတော့ ဒီကိစ္စဟာ သီးခြားသက်သက် ဖြစ်နေတဲ့ကိစ္စ မဟုတ်ကြောင်း ပြသနေတယ်။ ဘုန်းကြီးကျောင်းအတွင်းမှာ အမြဲတမ်း ပုံမှန်ဖြစ်နေတဲ့ ကိစ္စပဲ” ဟုလည်း သူက ဆက်လက်ရေးသားသည်။
အဓိက ပြဿနာသည် သံဃာစနစ်၏ တင်းကျပ်သော အထက်အောက် အဆင့်ဆင့် တည်ဆောက်ပုံစနစ် ဖြစ်ကြောင်း၊ ထိုစနစ်ကြောင့် ဖော်ထုတ် သတိပေးခြင်းကို အားနည်းနေကြောင်း ဘာသာရေးပညာရှင်များက ပြောသည်။
“ဒါဟာ ထိုင်းဗျူရိုကရေစနစ်နဲ့ တူတဲ့ အာဏာရှင်စနစ်ဖြစ်ပြီး ဆရာတော်ကြီးတွေက အဆင့်မြင့်အရာရှိတွေဖြစ်ပြီး သံဃာငယ်တွေက သူတို့လက်အောက်ခံ ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းက မောင်းထုတ်ပစ်တာ အရမ်းလွယ်လို့ သူတို့တွေ မသင့်တော်တာတွေ့ရင်တောင် မပြောရဲကြဘူး” ဟု ဘာသာရေးပညာရှင် ဆူရာပေါ့ သာဝီဆက်က ထိုင်း BBC သို့ ပြောသည်။
လုပ်ထုံးလုပ်နည်း အကျပ်အတည်း
ထိုင်းနိုင်ငံသားများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် ဗုဒ္ဓဘာသာဝင်များအဖြစ် ခံယူကြပြီး မည်သည့် အချိန်တွင်မဆို ဘုန်းကြီး အပါး ၂၀၀,၀၀၀ ကျော်ရှိပြီး ကိုရင် ၈၅,၀၀၀ ရှိသည်။ ဘုန်းကြီးများနှင့် ဝိနည်းချိုးဖောက်မှုများ ပါဝင်ပတ်သက်သည့် အရှုပ်တော်ပုံများသည် အသစ်အဆန်း မဟုတ်သော်လည်း ယခုကိစ္စ၏ အတိုင်းအတာနှင့် ဝါကြီးမှုကြောင့် ထိုင်းသံဃာထုအတွင်း အကျင့်ပျက်ခြစားမှု၊ ကျင့်ဝတ်ပျက်စီးမှုနှင့် အဟန့်အတားမရှိသည့် အာဏာတို့နှင့် ပတ်သက်ပြီး ပိုမိုကျယ်ပြန့်သည့် စိုးရိမ်မှုဖြစ်စေသည်။
ရဟန်းများ၏ ဝိနည်းစည်းကမ်းများကို ပြန်လည်သုံးသပ်ရန် အထူးကော်မတီတခု ဖွဲ့စည်းမည်ဟု ထိုင်းဗုဒ္ဓဘာသာ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော သံဃာ့မဟာကောင်စီက ကြေညာသည်။ တချိန်တည်းတွင် ထိုင်းအစိုးရသည် သံဃာ့ဝိနည်း ချိုးဖောက်သော ဘုန်းကြီးများကို ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်နိုင်သည့် ပိုမိုတင်းကျပ်သော ဥပဒေကို စဉ်းစားနေသည်။
ရဟန်းများ၏ ဝိနည်းစည်းကမ်းများကို ပြန်လည်သုံးသပ်ရန် အထူးကော်မတီတခု ဖွဲ့စည်းမည်ဟု ထိုင်းဗုဒ္ဓဘာသာ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော သံဃာ့မဟာကောင်စီက ကြေညာသည်။ တချိန်တည်းတွင် ထိုင်းအစိုးရသည် သံဃာ့ဝိနည်း ချိုးဖောက်သော ဘုန်းကြီးများကို ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်နိုင်သည့် ပိုမိုတင်းကျပ်သော ဥပဒေကို စဉ်းစားနေသည်။
ထိုင်းတော်ဝင် အသိုက်အဝန်း၏ စိတ်ပျက်မှုကို ဖော်ပြသည့် လက္ခဏာအဖြစ် ဘုရင် ဝိဇယလောင်ကွန်းက ဘုန်းကြီး ၈၁ ပါးသို့ ပေးအပ်ထားသည့် ဘွဲ့များကို ရုတ်သိမ်းပြီး ၎င်းတို့၏ ဝိနည်းချိုးဖောက်မှုသည် ဘာသာရေး ယုံကြည်မှုနှင့် အများပြည်သူ ကြည်ညိုမှုကို ပျက်စီးစေသည်ဟု ပြောသည်။
(Indian Express ပါ 80,000 nude files, Rs 102 crore in extortion: How a sex scandal toppled Thailand’s top monks ကို ဘာသာပြန်သည်။)
You may also like these stories:
ဘတ် ၇ သန်းတန် ဇိမ်ခံကားကို လက်ခံသောကြောင့် ထိုင်းဘုန်းကြီး ဝေဖန်ခံနေရ
ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ
သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ
ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း
ဝိပဿနာ ပေါင်းကူးပေးသူ ဖရိုက်ဂတ် လော့တာမိုဆာ (သို့မဟုတ်) ဆရာကြီး ဒေါ်အကိဉ္စန














