• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

RCSS နှင့် TNLA ကြား ပဋိပက္ခများ ညှိနှိုင်းနိုင်ခြင်း မရှိသေး

by ချစ်မင်းထွန်း
21 December 2017
in သတင်း
A A
RCSS/SSA တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

RCSS/SSA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

5.5k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ကြား ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း လှုပ်ရှားနယ်မြေ အငြင်းပွား၍ စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေမှုကို နှစ်ဖက် တွေ့ဆုံ ဆွေးနွေးရန် မူဝါဒများ ချမှတ်ထားသော်လည်း ယနေ့အထိ ညှိနှိုင်းနိုင်ခြင်း မရှိသေးကြောင်း သိရ သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ စတင်၍ ၂၀၁၇ ခုနှစ် အစောပိုင်းကာလ အထိ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ သီပေါမြို့နယ်၊ နမ္မတူမြို့နယ် စသည့် ဒေသများတွင် RCSS နှင့် TNLA ကြား လှုပ်ရှားနယ်မြေ အငြင်းပွား၍ စစ်ရေး ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

အဆိုပါ စစ်ရေး ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသူ ထောင်ချီရှိခဲ့သလို နေအိမ်များ အပေါ် လက်နက်ကြီး ကျည် ကျရောက်ခြင်းကြောင့် မီးလောင်ကျွမ်းခဲ့ရပြီး သံသယ အဝင်ခံရသော အရပ်သားများ ဖမ်းဆီး ရိုက်နှိပ်ခံရမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

RCSS/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းဦးက “ညှိနှိုင်းဖို့ လုပ်တာကို ကြိုဆိုတယ်။ ကျနော်တို့ကို တိုက်ရိုက် ဆက်သွယ်ဖို့ လိုတယ်။ ကြားက မပြောခိုင်းနဲ့ TNLA အနေနဲ့ ဖုန်းနဲ့လည်း ဆက်သွယ်လို့ ရသလို စာပို့ ပြီးတော့လည်း ဆက်သွယ်လို့ ရပါတယ်။ ကျနော်တို့ ဘက်ကတော့ တွေ့ဖို့ အဆင်သင့်ပါပဲ။ ကြားခံမလုပ်ပဲ စာကို တိုက်ရိုက်ပို့ရင် ရပါ တယ်”ဟု ပြောသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် TNLA က RCSS နှင့် တွေ့ဆုံမှု မဖြစ်မြောက်သေးသည့် အပေါ် ရှင်းလင်းချက်ဟု ဆိုကာ ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် TNLA နှင့် RCSS ကြား ဖြစ်ပွားနေသည့် ပဋိပက္ခများကို Center of Humanitari an Dialogue-HD ၏ ကြားဝင် ညှိနှိုင်းမှုဖြင့် တွေ့ဆုံ ဆွေးနွေး ဖြေရှင်းနိုင်ရန် အတွက် ကြိုးပမ်းခဲ့ရာ လတ်တလော အခြေအနေများ ကြောင့် တွေ့ဆုံ ဆွေးနွေးမှု မဖြစ်မြောက်နိုင်သေးကြောင်း ပြောဆိုထားသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ထို့အပြင် ဒုဥက္ကဌ ဗိုလ်မှူးချုပ် တားခူလန်း ဦးဆောင်သည့် မိမိတို့ တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့သည် ပန်းဆန်း – မိုင်း လား ဒေသသို့ ဒီဇင်ဘာ ၅ ရက်တွင် ရောက်ရှိပြီး တွေ့ဆုံနိုင်ရန် အဆင်သင့် စောင့်ဆိုင်းခဲ့ကြောင်း၊ သို့ပါသော် RCSS က အဖွဲ့အစည်းတွင်း လုပ်ငန်း များပြားနေသဖြင့် မအားလပ်နိုင်သေးခြင်းနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရန် အတွက် မိမိတို့ TNLA မှ တရားဝင် စာပေးပို့ရန် တောင်းဆိုခဲ့ပါကြောင်းလည်း ဆိုသည်။

အလားတူ မိုင်းလားဒေသသို့ ရောက်ရှိနေသည့် မိမိတို့ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်သည် RCSS/SSA နှင့် တွေ့ဆုံ ဆွေးနွေးရန် အတွက် တောင်းခံခြင်း တရားဝင်စာကို RCSS/SSA ၏ ဥက္ကဌထံ လိပ်မူပြီး ဒီဇင်ဘာ ၁၁ ရက်တွင် HD မှ တဆင့် ပေးပို့ခဲ့သည်ဟုလည်း TNLA က ထုတ်ပြန် ပြောဆိုထားသည်။

ထိုထုတ်ပြန်ချက်တွင် ပါရှိသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး မိမိတို့ထံ တရားဝင် စာပို့လာခြင်း မရှိကြောင်း၊ မိုင်းလားတွင် တွေ့ဆုံရန် မိမိတို့အနေဖြင့် သဘောတူထားခြင်းမရှိသကဲ့သို့ TNLA ကိုယ် စားလှယ်များ မိုင်းလား၌ စောင့်နေခြင်းဆိုသည်မှာလည်း မသိရကြောင်း RCSS ဘက်က ပြောဆိုသည်။

“တရားဝင် စာပို့တာ မကြားဘူး။ တကယ် တွေ့မယ်ဆိုရင် တိုက်ရိုက် ဆက်သွယ်ပါ။ ကျနော်တို့ အဲ့ဒီထုတ်ပြန်ချက်ကို တွေ့တယ်။ သူတို့ မိုင်းလားမှာ လာစောင့်နေတယ် ဆိုတာ ကျနော် ဌာနချုပ်မှာ ရှိတယ်။ မသိတောင် မသိရဘူး။ မိုင်း လား မှာ တွေ့ဖို့လည်း ချိန်းထားတာ မရှိဘူး”ဟု RCSS မှ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

RCSS နှင့် TNLA ကြား စစ်ရေး ပဋိပက္ခများ ဖြေရှင်းနိုင်ရေးအတွက် TNLA ဘက်က မိုင်းလား သို့မဟုတ် ပန်ဆန်းမြို့ တွင် တွေ့ဆုံရန် အဆိုပြုထားပြီး RCSS ဘက်ကမူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံရန် ဆန္ဒရှိနေကြောင်း သိရသည်။

“သူတို့ ဘက်ကကျတော့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ အဆိုပြုတယ်။ မိုင်းလားနဲ့ ပန်ဆန်းကို ကျနော်တို့က အဆိုပြု ထား တယ်။ သူတို့က လက်ရှိ အပစ်အခတ် ရပ်ထားတဲ့ ကာလဖြစ်တော့ သွားလို့ရတယ်။ ကျနော်တို့က အပစ်အခတ် မရပ် ထားတော့ ထိုင်းဘက်ကို ဘယ်လိုမှ သွားလို့ အဆင်မပြေဘူး။ နေရာညှိနှိုင်းမှုက အဆင်မပြေဘဲ ဖြစ်နေတယ်”ဟု TNLA မှ ဗိုလ်မှူး မိုင်အိုက်ကျော်က ပြောသည်။

RCSS နှင့် TNLA ကြား ဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခ ချုပ်ငြိမ်းရေး အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြားဝင်စေ့စပ် ညှိနှိုင်းပေးသော်လည်း အဆင်မပြေခဲ့ခြင်းကြောင့် နောက်ဆုတ်သွားခဲ့သည်။

TNLA သည် ယခင်က UNFC အဖွဲ့ဝင်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီလအတွင်းက UNFC အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက် ကြောင်း စာပို့ခဲ့ပြီးနောက် လက်ရှိ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင် အဖြစ် ပါဝင်လျက်ရှိသည်။

လက်ရှိတွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း TNLA နှင့် RCSS တို့ စစ်ရေး လှုပ်ရှားနေ ခြင်း ကြောင့် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်တဦးက ပြောသည်။

Your Thoughts …
Tags: RCSS နှင့် TNLA ကြား ပဋိပက္ခ
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ပဋိပက္ခအတွင်း မီးလောင်ခံထားရသော ဒုက္ဗသည် ကလေးငယ် ၂ ဦး / Reuters

ရခိုင်အရေးကြောင့် ကမ္ဘာ့အလယ်မှာ မြန်မာ သိုးမည်း ဖြစ်နေရဦးမည်

iflix မှ Sai Sai Collection ကဏ္ဍအသစ် မိတ်ဆက်ပွဲ / သီဟတိုး / ဧရာဝတီ

iflix မှာ စိုင်းစိုင်း ဇာတ်ကားများ ကြည့်ရှုနိုင်မယ့် Sai Sai Collection ကဏ္ဍအသစ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved