• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

by ဧရာဝတီ
19 July 2024
in အင်တာဗျူး
A A
ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

ဤတကြိမ် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ က SSPP နှင့် ဝတပ်ဖွဲ့တို့က နေရာဝင်ယူလာသလို TNLA နဲ့ SSPP/SSA ကြား ပစ်ခတ်မှုများ ဖြစ်လာသည်။

16.7k
VIEWS
Share on FacebookShare on Twitter

တိုင်းနှင့် ပြည်နယ်များအနက် အကျယ်ဝန်းဆုံးဖြစ်သော ရှမ်းပြည်နယ်၌ ရှမ်း၊ ကချင်၊ ပလောင်(တအာင်း)၊ ဝ၊ ကိုးကန့်၊ ပအိုဝ်၊ တောင်ရိုး၊ ဓနု၊ အင်းသား၊ လီဆူး၊ လားဟူ၊ အာခါစသည့် တိုင်းရင်းသားများနေကြသလို မိမိတို့ လူမျိုးစုအလိုက် တပ်များဖွဲ့စည်းကာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလကမူ ရှမ်းမြောက်ရှိ ကိုးကန့်၊ ပလောင်(တအာင်း)တို့က ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်ကောင်စီ တပ်ကို တိုက်ခိုက်ရာ ကိုးကန့်တနယ်လုံး လွတ်မြောက်ခဲ့သည်သာမက မြောက်ပိုင်း မြို့တော်လားရှိုး အခြေရှိ သိန်းနီမြို့နယ် ကိုပါ သိမ်းပိုက်နိုင်ခဲ့သလို အနီးဝန်းကျင်ရှိ နမ့်ခမ်း၊ နမ့်ဆန်၊ နမ္မတူစသည့် မြို့များကိုပါ တိုင်းရင်းသားတပ်များ ရရှိခဲ့သည်။

ယခု ဇွန်လနှောင်းပိုင်း ပြန်စခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အပိုင်း ၂ ၌ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် ပူးပေါင်းတပ်များက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့ကို တိုက်ခိုက်နေသလို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကလည်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့အား ဇူလိုင် ၃ ရက်ကစ၍ ထိုးစစ်ဆင်လျှက်ရှိသည်။

ဤတကြိမ် TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ပစ်ခတ်မှုများ ဖြစ်လာသလို SSPP က စစ်ဆင်ရေးဧရိယာနှင့် ဆက်စပ်နေသည့် မိုင်းရယ်မြို့၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က တန့်ယန်းမြို့နယ်သို့ ဝင်ရောက်တပ်ဖြန့်နေရာယူ လာသဖြင့် ရှမ်းလူထုအပါအဝင် ဒေသတွင်းရှိတိုင်းရင်းသားများကြား စိုးရိမ်ပူပန်မှုများဖြစ်လာကို တွေ့ရသည်။

ထိုသို့ ရှည်လျားသည့် သမိုင်းကြောင်းရှိသည့် ရှမ်းပြည်နယ်၏ တိုင်းရင်းသားလက်နက်ကိုင် လူမျိုးစုများကြား နိုင်ငံရေး၊ စစ်ရေး ဆက်ဆံရေး အပြင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုအခြေအနေတို့ကို ရှမ်းသံတော်ဆင့်သတင်းဌာန တည်ထောင်သူ ဝါရင့် အယ်ဒီတာ ဦးခွန်းဆိုင်းရဲ့ အမြင်သဘောထားတွေကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (လားရှိုး) အပါအဝင် ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန် ထိုးစစ်အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ကျနော်ကြားရသလောက် အခု ဒုတိယအကျော့TNLA တို့ MNDAA တို့ရဲ့ ပြင်ဆင်မှုက အရင်လို ဖောဖော သီသီ မရှိဘူးလို့ ကြားရတယ်။ နံပါတ်နှစ်က သူတို့ရဲ့ စစ်ဆင်ရေးကို ကြည့်ရင် အရင်လို ပူးတွဲစစ်ဆင်ရေး မဟုတ်ဘဲနဲ့ အချိန်ကိုက်လိုမျိုး ဖြစ်တယ်။ နောက်တခုက အရင်ကဆို စစ်တပ်ဘက်က အဆင်သင့် ဘာမှမရှိဘူး နောက် ရန်သူကို အထင်သေးတာပေါ့ဗျာ။ ဒီတော့ အလူးအလဲ ခံခဲ့ရတယ်။ ဒီတခေါက်တော့ သူတို့လည်း အဆင်သင့် တော်တော်များများ ရှိတဲ့ အခါကျတော့ တိုက်ပွဲဟာ ရှည်ကြာကောင်း ရှည်ကြာနိုင်တယ်။

ကျနော်ကြားသိရတာကတော့ တရုတ်ဘက်ကလည်း နေပြည်တော်မှာ အကြိမ်ကြိမ်သွားဆွေးနွေးတာရှိတယ်၊ အသေးစိတ်တော့ မသိဘူး။ အခု TNLA သိမ်းထားတဲ့ နယ်မြေတွေကို အသိအမှတ်ပြုဖို့ သွားပြောတယ်လို့ သတင်းသဲ့သဲ့ ကြားရတယ်။ မှန် မမှန်တော့မသိဘူး။ သို့သော် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး SAC (စစ်ကောင်စီ) ဘက်ကနေ လုံလောက်တဲ့ သဘောတူ ညီချက်ကို မရရှိတဲ့အတွက်ကြောင့် လုပ်တယ်လို့ ပြောလို့ရပါတယ်။

မေး။ ။ ရှမ်းမြောက်ဒေသရဲ့ တကျော့ပြန်စစ်ဆင်ရေးကာလမှာပဲ SSPP နဲ့ “ဝ” တပ်တွေက တိုက်ပွဲဧရိယာနဲ့ ဆက်စပ်နေတဲ့ မိုင်းရယ်နဲ့ တန့်ယန်းတို့ကို နေရာဝင်ယူလာတဲ့ အခြေအနေကိုရော ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ။ ။ ဘာကြောင့် တန့်ယန်းကို ထိန်းသိမ်းရတယ်ဆိုတာ “ဝ” ရဲ့ ကြေညာချက်လည်း ရှိပါတယ်။ သို့သော်လည်း အကြောင်းအရင်းက ဒီထက်မကနိုင်ဘူး။ “ဝ” ကိုတိုက်ခိုက်မယ့် အဖွဲ့အစည်းတရပ်ရပ် ရှိမယ်ဆိုရင် ဝင်ပေါက်က တန့်ယန်း လို့ ပြောလို့ရတယ်။ တန့်ယန်းကနေ တာကော်အက်တံတား၊ အဲဒီကနေ ပန်ဆန်းကို တိုက်ရိုက် ဝင်ရောက်နိုင်တယ်။ ဒါကို ကြိုတင်ပြီးတော့ ကာကွယ်တဲ့ သဘောလို့လည်း ပြောလို့ရပါတယ်။

ကျနော် ကြားရတာကတော့ “ဝ” နဲ့ နေပြည်တော် လောက်ပဲ မဟုတ်ဘူး၊ တရုတ်ဘက်ကလည်း ပါဝင်တယ်ဆိုတဲ့ သတင်း သဲ့သဲ့ရှိတယ်။ ဒါဟာလည်း ဖြစ်နိုင်တယ်လို့ တွက်ဆနိုင်တယ်။

အခုလောလောဆယ်ကတော့ ကျနော်တို့အပြင်က ကြည့်ရတာပေါ့နော်၊ အတွင်းက ကြည့်တာနဲ့ တမျိုးဖြစ်နိုင်ပါတယ်၊ အပြင်က ကြည့်မယ်ဆို အခုဖြစ်နေတဲ့ စစ်ဆင်ရေးမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်နေတာက အာရက္ခတပ်တော် (AA) ကို မတွက်ဘူးဆိုရင် ၅ ဖွဲ့ဖြစ်တယ်။

SSPP က အခုနောက်ဆုံးမှ ပါဝင်ပတ်သက်လာတာဖြစ်တယ်။ တကယ်လို့ သူ့အနေနဲ့ ပါဝင် မပတ်သက်ဘူးဆိုရင် အနေရခက်မယ်။ ဒီပြင်အဖွဲ့တွေ တိုက်နေတုန်းက သူကမပါဘူး၊ တိုက်ပြီးတော့မှ သူကအခွင့်အလမ်း ရယူချင်တယ်ဆိုရင် အင်မတန်မှ အခက်အခဲရှိတယ်။

သူနဲ့ “ဝ” နဲ့ ပေါင်းပြီး ပူးတွဲပြီးတော့ သူတို့ဆောင်ရွက်နိုင်တဲ့ဟာကို ကြည့်မယ်ဆိုရင် ဒီဟာက ပထမခြေလှမ်းကောင်းဖြစ်တယ်။ သို့သော်လည်းပဲ ဒီလောက်နဲ့ ကျေနပ်ဖို့ မသင့်ဘူး။ သူတို့အနေနဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC) ဆိုတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့အတွင်းမှာ သေသေချာချာ စစ်ရေးသပ်သပ် သဘောတူညီချက် ရယူရုံမကဘူး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးအတွက်လည်း သဘောတူညီချက်ရဖို့ သူတို့ ကြိုးစားရလိမ့်မယ်လို့ ပြောပါရစေ။

ရှမ်းသံတော်ဆင့်သတင်းဌာန တည်ထောင်ခဲ့သူ ဦးခွန်းဆိုင်း (ဧရာဝတီ)

မေး။ ။ SSPP နဲ့ “ဝ”နေရာဝင်ယူမှုကြောင့် ရှမ်းမြောက်ဒေသ စစ်ဆင်ရေးကို ရိုက်ခတ်မှု ရှိလာနိုင်ပါသလား။

ဖြေ ။ ။ ရိုက်ခတ်မှုတွေကတော့ ဖြစ်နိုင်ပါတယ်၊ သေချာတာကတော့ TNLA တို့ MNDAA တို့ကလည်း စစ်တပ်က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တို့၊ တြိဂံတိုင်း စစ်ဌာနချုပ်တို့ကနေ လာပြီးတော့ စစ်ကူဖြည့် လာတိုက်တာတို့၊ ဘာတို့ကို အရင်လောက် စိတ်ပူစရာမလို့တော့ဘူးလို့ ပြောလို့ရပါတယ်၊ စစ်တပ်ဘက်က လှုပ်ရှားမှုရှိတယ်ဆိုရင် “ဝ” တို့ SSPP တို့ လည်း သိမှာပဲ၊ သိရင် သူတို့သတင်းဖလှယ်မှုက ရှိမှာပဲလို့ ထင်ပါတယ်။ အခုလောလောဆယ်မှာ သူတို့အတွက် စောင့်ကြည့်ပေးမယ့် ကိုယ်စားရှိနေပြီလို့ ပြောလို့ရပါတယ်။

မေး ။ ။ စစ်တပ်ကရော လားရှိုးကို ကာကွယ်ချင်လို့ ဒေသထဲက အင်အားကြီးတဲ့ SSPP နဲ့ “ဝ” ကို နယ်မြေထိန်းချုပ် ခွင့် ပေးပြီး ကြိုးစားတာမျိုး ဖြစ်နိုင်ပါသလား။

ဖြေ ။ ။ သူတို့အတွက်လည်း ရှေ့မှာတိုက်နေတဲ့အချိန်မှာ သူတို့ရဲ့ နောက်ကျောကို သိပ်ပြီးတော့မှ မစိုးရိမ်ရဘူးလို့လည်း ပြောလို့ရပါတယ်။

မေး ။ ။ SSPP ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ နယ်မြေဝင်ရောက် ထိန်းချုပ်မှုတွေကြောင့် လတ်တလော စစ်ဆင်ရေး ဖော်ဆောင်နေတဲ့ TNLA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းကြား ပဋိပက္ခတွေ ဖြစ်လာနိုင်သလား။

ဖြေ ။ ။ ဒါတွေက SSPP နဲ့ TNLA ကြားတွင် မကပါဘူး၊ ရှမ်းမြောက်ပိုင်းမှာရှိနေတဲ့ အဖွဲ့တွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဥပမာပေးရရင် KIA နဲ့လည်း TNLA က နယ်မြေပြဿနာရှိတယ်၊ MNDAA နဲ့လည်းရှိတယ်။ အဲဒီတော့ ဒီကိစ္စမှာ လုပ်သင့်တာက စစ်ရေးတင်မကပါဘူး၊ နိုင်ငံရေးသဘောတူညီချက် ရှိထားဖို့လိုပါလိမ့်မယ်။

နိုင်ငံရေး သဘောတူညီချက်မရှိဘဲ စစ်ရေးပဲလုပ်မယ်ဆိုရင် ငါရတာ ငါယူမယ်ဆိုတဲ့ဘက်ကို ယိမ်းသွားမယ်၊ အဲဒီလို ယိမ်းသွားပြီဆိုတာနဲ့ တပြိုင်နက် ပြဿနာကဖြစ်မှာပဲ။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
15
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
11
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
158

မေး ။ ။ လက်ရှိ ရှမ်းပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ရဲ့ ပါဝင်ပတ်သက်မှု အနေအထားကိုရော ဘယ်လိုထင်မြင်ပါသလဲ။

ဖြေ ။ ။ RCSS ကတော့ သူမြောက်ပိုင်းကို တက်သွားတဲ့အခါတုန်းက လက်မခံတဲ့အတွက် သူလည်း ပြန်ဆင်းလာခဲ့ရတယ်၊ အခု လောလောဆယ်ကတော့ သူလည်း SSPP နဲ့ နှိုင်းယှဉ်နိုင်တာကတော့ သူက နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ပဲ ဖြေရှင်မယ်လို့ကြေညာထားပြီးသား။ သူက အဖွဲ့တိုင်းနဲ့လည်း ဆက်ဆံမယ်လို့ ကျနော်ထင်တယ်။

ဒီတော့ တကယ်လို့ FPNCC အနေနဲ့ သူတို့ ရှေ့ဆက်ပြီးတော့ နိုင်ငံရေး ရည်ရွယ်ချက်တွေ၊ စစ်ရေး ရည်ရွယ်ချက်တွေ ရှမ်းပြည်တောင်ပိုင်းမှာ ရှိတယ်ဆိုရင် RCSS နဲ့ သေသေချာချာ ဆွေးနွေးနိုင်တာ အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရှမ်းတောင်ပိုင်းမှာရှိနေတဲ့ လူထုအများစုက စစ်ပွဲဖြစ်မှာကို မလိုလားကြဘူး။

အခုမြောက်ပိုင်းမှာဖြစ်နေတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့တောင်မှ သူတို့အတော်ကြီး ဒုက္ခရောက်နေပြီ။ အဲဒီတော့ သူတို့ကလည်း ထပ်ဆင့်ပြန်ပြီးတော့ ပြေးရမယ်ဆိုရင် ဒါကသူတို့အတွက် အဆင် လုံးဝမပြေနိုင်ဘူးပေါ့နော်။ နောက်တခုက ဘာလဲဆိုတော့ နိုင်ငံရေး သဘောတူညီချက် မရှိဘဲနဲ့ တောင်ပိုင်းကို အတင်းတိုးလာမယ်ဆိုရင် အိမ်နီးနားချင်း နိုင်ငံတွေ ကလည်း စိုးရိမ်ကြောင့်ကြတာတွေ ရှိလာနိုင်တယ်။ ဒါတွေကို ကြိုတင်ကာကွယ်ထားဖို့ လိုပါလိမ့်မယ်။

မေး။ ။ လက်ရှိတော်လှန်ရေး ကာလမှာ တခြားတိုင်းရင်းသားလက်နက်ကိုင်တွေက စစ်တပ်ကို ပါဝင် တိုက်ခိုက် နေကြပေမယ့် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့က စစ်တပ်ကို မတိုက်တဲ့အပေါ်မှာ လူထုကအားမလို၊အားမရ ဝေဖန်နေကြတာနဲ့ ပတ်သက်လို့ရော ဘာများပြောချင်ပါသလဲ။

ဖြေ ။ ။ လူထုရဲ့ သဘောထားမေးရင် ကျနော်တို့ ရှမ်းတောင်ပြင်ပက လူထုနဲ့ ရှမ်းတောင်အတွင်းထဲက လူထုကို သေသေချာချာမေးရမှာပဲ။ ဥပမာဆိုပါတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားနဲ့ နယ်နိမိတ်ပြဿနာဖြစ်တဲ့အခါကျတော့ ဘန်ကောက်နဲ့ ဒီပြင်မြို့တွေရွာတွေက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ကိုသွားပြီးတော့မှ ဒါ ငါတို့နယ်မြေပဲ တိုက်မယ် ခိုက်မယ် လို့ ပြောနေကြတာ။

သို့သော်လည်း အဲဒီနယ်စပ်မှာရှိတဲ့ ထိုင်းလူထုကတော့ အင်မတန်မှစိုးရိမ်တယ်၊ တကယ်လို့ တိုက်ပွဲဖြစ်လာရင် ဘန်ကောက်တို့ ဒီပြင်နယ်မြေတို့မှာ ဖြစ်မှာမဟုတ်ဘူး၊ ငါတို့နယ်စပ်ဒေသမှာပဲဖြစ်မှာ၊ တကယ်ခံရမှာလည်း ငါတို့ပဲဖြစ်တယ်၊ ဒီပြင် ထိုင်းတွေကနေလာပြီးတော့ ဆန္ဒပြတာ၊ တိုက်ခိုက်ဖို့ လှုံ့ဆော်တာ လုံးဝ မလိုလားတာ တွေ့ရပါတယ်။

ကျနော်တို့ ရှမ်းတောင်မှာရှိနေတဲ့ လူထုအများစုလည်း အဲဒီလိုပဲ သဘောထားရှိတယ်လို့ ကြားရပါတယ်၊ မှန်တယ် မမှန်ဘူးကတော့ ဝိုင်းပြီးတော့ Survey(စစ်တမ်း)လုပ်ကြရမှာပဲ။

မေး။ ။ လတ်တလောတိုက်ပွဲတွေကြားမှာ နယ်မြေသိမ်းပိုက်မှုတွေ၊ အုပ်ချုပ်ရေး ထူထောင်မှုတွေနဲ့ ပတ်သက်ပြီး ရှမ်းလူထုသဘောထားက ဘယ်လိုရှိတယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ ရှမ်းလူထုရဲ့သဘောထားကို ကျနော်တို့ ကောင်းကောင်း မတီးခေါက်ရပါဘူး။ သို့သော်လည်း ကျနော် နားလည်တာက အခုနတုန်းက ပြောတာကို ပြန်ကောက်ပါရစေ။

သိမ်းပိုက်ရရှိထားတဲ့ နယ်မြေကို အသိအမှတ်ပြုဖို့ဆိုတာ နေပြည်တော်မှာ တောင်းမယ့်အစား ကိုယ်သိမ်းထားတဲ့ နယ်မြေထဲက လူထုတွေရဲ့ သဘောတူညီချက် ရယူဖို့ လိုပါလိမ့်မယ်။ တကယ်လို့ ကိုယ်သိမ်းပိုက်ထားတဲ့ နယ်မြေထဲက ရှမ်းတင်မကပါဘူး၊ ကချင်လည်း ပါမယ်၊ တိုင်းရင်းသားပေါင်းစုံလူထုက TNLA သိမ်းတာကို သဘောတူညီတယ်ဆိုလို့ရှိရင် ဒါဟာအလိုလို တရားဝင်မှုဖြစ်သွားမှာပဲ။

ဒါကို နေပြည်တော်တင် မကဘူး၊ ဘယ်အဖွဲ့အစည်းမှ ဆန့်ကျင်လို့မရပါဘူး။ ဒါကိုကျနော်တို့ နားလည်ဖို့လိုပါလိမ့်မယ်။

ကျနော်ဆိုရင် ပလောင်စော်ဘွားအုပ်ချုပ်တဲ့ တောင်ပိုင်းနယ်က လာတာဖြစ်ပါတယ်။ ကျနော်တို့အပိုင်းက သုံးပိုင်းရှိတဲ့အထဲ တပိုင်းက ရှမ်းတွေ အများစုနေတဲ့အပိုင်းဖြစ်တယ်။ ကျနော်တို့လိုပေါ့၊ အဲဒီမှာ တနှစ်အခွန်ဆောင်ဖို့ ကလွဲလို့ လွတ်လွတ် လပ်လပ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတယ်။ အဲဒီအချိန်မှာဆိုရင် ကျနော်တို့ ပလောင်စော်ဘွားကို ဆန့်ကျင်မယ်ဆိုတာမျိုး မရှိဘူး။ မရှိရုံတင် မကဘူး၊ ဒီပလောင်စော်ဘွားအောက်မှာနေရတာကို ဂုဏ်ယူတဲ့ရှမ်းတွေ ကျနော့ရဲ့ အဖိုး၊ အဖွားတွေ ပြောတာကို ကျနော်တို့ကြားဖူးပါတယ်။ အဲဒီနည်း၊ အဲဒီထုံးကို နှလုံးမူသင့်တယ်လို့ပဲ ကျနော်ပြောပါရစေ။

မေး ။ ။ ရှမ်းမြောက်ဒေသ နိုင်ငံရေး၊ စစ်ရေးမှာ တရုတ်အစိုးရရဲ့ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍကိုရော ဘယ်လိုမြင်ပါ သလဲ။

ဖြေ ။ ။ တရုတ်နဲ့ပတ်သက်လို့တော့ ကျနော်လည်း ကောင်းကောင်း မသိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့လပိုင်းတွေတုန်းက တရုတ်ရဲ့ အထူးသံတမန်ကနေပြီးတော့ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ကို ပြောကြားတဲ့အချိန်မှာ အထူးသံတမန် တိန့်ရှီကျွင်း က တောင်းဆိုချက် ၅ ချက် ပြောတယ်လို့ပြောတယ်။ ဘယ်လောက်မှန်လဲတော့ မသိဘူးနော်၊

၁။ နယ်စပ်မျဉ်းနားမှာ တိုက်ပွဲ မလုပ်ပါနဲ့။
၂။ တရုတ်စီးပွားရေး ပရောဂျက်တွေကို မထိခိုက်ပါနဲ့
၃။ NUG ၊ PDF တွေကို အားမပေးပါနဲ့။
၄ ။ ကျားဖြန့်ကိစ္စမလုပ်နဲ့ ကူညီပါ။
၅။ အနောက်အုပ်စုနဲ့ မဆက်သွယ်ဖို့ ဆိုပါတယ်။

တရုတ်က ဒါတွေကိုပဲ အဓိကထားမယ်လို့ ကျနော်ထင်တယ်။ နောက်ပြီးဆက်ပြောတာက မူဆယ်ကနေ လားရှိုး-မန္တလေးကားလမ်းတလျောက်လုံးကို သူတို့က လမ်းဖွင့်ထားချင်တယ်၊ မထိခိုက်စေချင်ဘူးပြောတယ်။ သို့သော်လည်း အခုတိုက်ပွဲဖြစ်နေတာကို ကြည့်ရင်တော့ မြောက်ပိုင်းအဖွဲ့တွေကလည်း တရုတ်စကားကို လုံးဝ လိုက်နာပုံမရဘူးလို့ ပြောရမလားမသိဘူး။

မေး။ ။ လတ်တလောဖြစ်ပေါ်တဲ့ ရှမ်းပြည်အရေးနဲ့ ပတ်သက်ပြီး လူထုကို ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ သူတို့ကို ဘာအားပေးနိုင်မလဲ ကျနော်လည်း နေ့တိုင်းစဉ်းစားနေတာ။ သူတို့ကို ကူညီချင်တယ်၊ ဒါပေမယ့် ကျနော်ဘယ်လိုကူရမှန်း မသိတဲ့အတွက်ကြောင့် အင်မတန်မှဝမ်းနည်းတယ်။ ကျနော် ဒီနေရာမှာ သုံးပြည်ထောင် ဝတ္ထုကြီးထဲက မစ္စတာလီယိုပိတ်၊ သူက တရုတ်ထီးနန်းကို သူ့ဘုရင်အတွက် ပြန်ရဖို့ကြိုးစားနေတယ်၊ ဒါပေမယ့် သူသွားတိုက်တိုင်း ဘာဖြစ်လဲဆိုတော့ လူထုက ဒုက္ခရောက်တယ်။ သူကတိုက်ပြီးတော့ မနိုင်ဘူးဆိုရင် လူထုကပိုပြီးတော့မှ ဒုက္ခရောက်တယ်။ လူထုအပေါ်မှာ ရန်သူက လာမဲတာပေါ့။

အဲဒီတော့ နောက်ဆုံးကျတော့ ငါက လူထုကို ကူညီချင်လို့ လာပြီးတော့မှတိုက်တာ၊ လူထုကပိုဒုက္ခရောက်နေပါလား ဆိုပြီး တော့မှ သူ့ကိုယ်သူတောင် သတ်သေဖို့ စဉ်းစားဖူးတယ်၊ ပြီးတော့မှ ဝတ္ထုထဲမှာရေးထားတယ်။ အဲဒီတော့ ကျနော် လူထုကို မှာချင်တာတော့ သူတို့ခံနိုင်သလောက် ခံရမှာပဲ၊ ကျနော်မကူနိုင်တာ ဝမ်းနည်းပါတယ်။ သို့သော်လည်းပဲ တော်လှန်နေတဲ့ ခေါင်းဆောင်တွေ အများစုကတော့ လူထုရဲ့ ဒုက္ခကို စာနာစေချင်တယ်၊ စာနာပြီးတော့မှ တိုက်ပွဲလုပ်မယ်ဆိုရင် အမြန်ဆုံး နိုင်မယ့်တိုက်ပွဲ၊ လူထုအသက်သာဆုံးဖြစ်မယ့် တိုက်ပွဲမျိုးကို ဆင်နွှဲစေလိုပါတယ်။

You may also like these stories:

မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

မြန်မာ့အနာဂတ်က လူမျိုးစုံလင်မှုလား၊ လူမျိုးစုံ ပဋိပက္ခလား

စစ်တပ်နှင့် ညှိ၍ တန့်ယန်းမြို့ကို “ဝ” တို့ ထိန်းချုပ်

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: “ဝ”၁၀၂၇ စစ်ဆင်ရေးMNDAASSPPTNLAရှမ်းမြောက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
မြန်မာရွှေ့ပြောင်းများ ပန်းရောင်ကတ်ဖြင့် နေခွင့်ပြုရန် ထိုင်းလွှတ်တော်သို့ တောင်းဆို

မြန်မာရွှေ့ပြောင်းများ ပန်းရောင်ကတ်ဖြင့် နေခွင့်ပြုရန် ထိုင်းလွှတ်တော်သို့ တောင်းဆို

အမျိုးသမီးအို တဦး နှင့် အမျိုးသမီးပျို တဦး

အမျိုးသမီးအို တဦး နှင့် အမျိုးသမီးပျို တဦး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved