• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီနှင့် RCSS ဆွေးနွေးပွဲ လတ်တလောနိုင်ငံရေး အကျပ်အတည်းမပါ

by ဧရာဝတီ
20 May 2022
in သတင်း
A A
အာဏာသိမ်းခေါင်းဆောင်နှင့် ယနေ့သွားတွေ့သည့် RCSS ခေါင်းဆောင်များ  /  Popular News

အာဏာသိမ်းခေါင်းဆောင်နှင့် ယနေ့သွားတွေ့သည့် RCSS ခေါင်းဆောင်များ / Popular News

9.1k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ ယနေ့နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း လက်တလော တိုင်းပြည် အတွင်းဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းများ မပါဝင်ကြောင်းသိရသည်။

ဆွေးနွေးပွဲသို့ စစ်ကောင်စီဘက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ခဲ့ကြောင်း နေပြည်တော်မှ လာသည့် သတင်းများအရသိရသည်။

RCSS ဘက်ကမူ ဗိုလ်ချုပ်ကြီး ယွက်ဆစ်အပါအဝင် RCSS အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်းနှင့် ဗိုလ်မှူးကြီး ဆောင်းဟန်တို့ ကိုယ်စားပြုတက်ရောက်ခဲ့ ကြောင်း RCSS ဘက်က ပြောသည်။

နေပြည်တော်သွားသည့် RCSS ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက “သဘောတူညီချက်တခုခုတော့ မရှိထားသေးဘူး။ ကျန်တဲ့ အခြား ဆက်လက်ဆွေးနွေးကြမယ်။ ဆက်လက်ပြီး မကြာမကြာ တွေ့ဆုံကြမယ်ဆိုတဲ့သဘောမျိုးပဲ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက စစ်ကောင်စီခေါင်းဆောင်များနှင့် ဆွေးနွေးပွဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးမည်ကဲ့သို့ ဆောင်ရွက်ပေးမည် ဆိုသည့် ကိစ္စများမပါဝင်ဘဲ ဒေသဖွံ့ဖြိုးရေးကိစ္စများ မည်ကဲ့သို့ ဆောင်ရွက်နိုင်မည်ကို ဆွေးနွေးခဲ့ကြောင်း ရှင်းပြသည်။

ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက “ဥပမာ လမ်းတို့ ၊ တံတားတို့ ၊ ကျောင်းတို့ ဆောက်ချင်တဲ့ ဖွံ့ဖြိုးရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ ဆွေးနွေးသွားပါတယ်” ဟု ဆိုသည်။

အာဏာသိမ်းခေါင်းဆောင်နှင့် ယနေ့သွားတွေ့သည့် RCSS ခေါင်းဆောင်များ (ဓာတ်ပုံ – Popular News)

ထို့အပြင် ၂ ဖက်အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန်နှင့် ငြိမ်းချမ်းရေးကိစ္စအပါအဝင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စများကိုလည်း RCSS ဘက်က ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
331
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
157
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
47

ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက“အဲဒီယုံကြည်မှုဆိုတာက ဟိုတဖွဲ့ ဒီတဖွဲ့ရယ်တော့ မဟုတ်ဘူး။ အားလုံးပေါ့။ အားလုံးဆိုတာက ချက်ချင်းအားလုံး မပါဝင်နိုင်သေးရင်တောင်မှ ဖြစ်နိုင်တဲ့ တွေ့ဆုံနိုင်တဲ့ ညှိနှိုင်းနိုင်တဲ့ အဖွဲ့ကနေ တွေ့ဆုံသွားရမယ်ပေါ့။ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ သဘောတူထားတဲ့ ကိစ္စတခုခုကို တူထားတဲ့ အကောင် အထည်ဖော်ပေးရင်တော့ ယုံကြည်မှုရလာမယ်လို့ မြင်တယ်ပေါ့” ဟု ရှင်းပြသည်။

စစ်ကောင်စီ၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မေလ ၁၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) ခေါင်းဆောင်များ၏ ဆွေးနွေးပွဲသည် ရလဒ်တစုံတရာ ထွက်လာစေရမည်ဟု စစ်ကောင်စီဥက္ကဌ ကိုယ်တိုင် အာမခံထားကြောင်း ထပ်လောင်း ပြောခဲ့သေးသည်။

အာဏာသိမ်းခေါင်းဆောင်နှင့် ယနေ့သွားတွေ့သည့် RCSS ခေါင်းဆောင်များ (ဓာတ်ပုံ – Popular News)

သို့သော်လည်း လက်တွေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တွေ့ဆုံသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် EAOs များ လိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေးကို တစုံတရာ အာမခံချက်ပေးနိုင်သော ရလဒ်ထွက် မလာဘဲ ယခင်က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတိုင်း ယုံကြည်မှုတည်ဆောက်မည်ဆိုသည့် အချက်နှင့် မကြာခဏ တွေ့ဆုံဆွေးနွေးကြမည်ဆိုသည့် အချက်သာ ထွက်လာခြင်းဖြစ်သည်။

စစ်ကောင်စီဥက္ကဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတက်ရောက်ရန် ငြင်းပယ်ထားသည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ အတွင်းရေးမှူး (၂) ဖြစ်သူ ဦးအောင်ဆန်းမြင့်ကလည်း စစ်ကောင်စီက ဖိတ်ခေါ်သည့် ဆွေးနွေးပွဲ၏ ရလဒ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လိုလားသည့် အချက်များ ပါဝင်လာခြင်းမရှိသဖြင့် နိုင်ငံရေးအရ ထူးထူးခြားခြားမျှော်လင့်စရာ မရှိကြောင်း ပြောသည်။

အာဏာသိမ်းခေါင်းဆောင်နှင့် ယနေ့သွားတွေ့သည့် RCSS ခေါင်းဆောင်များ (ဓာတ်ပုံ – Popular News)

“ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး ဦးတည်ချက်က တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုချင်တာလေ။ စစ်ရေးအရကလည်း ကျနော်တို့ ပြည်နယ်တွေထဲမှာ စစ်အင်အားတိုးချဲ့တာတွေ သာလွန်အင်အားတွေနဲ့ စစ်ဆင်ရေးထိုး နေတာတွေ ရပ်တန့်ပြီးတော့မှ လူသားချင်းစာနာတဲ့ အကူအညီတွေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ဆိုတာ ကျနော်တို့ ဦးတည်ချက်ရှိတယ်။ အခု ဒီနေ့သွားတွေ့တဲ့ အဖွဲ့တွေက ခုနက ကျနော်တို့လို နိုင်ငံရေးအရသော် လည်းကောင်း စစ်ရေးအရသော်လည်းကောင်း ပြဿနာအခက်အခဲရှိတဲ့ အဖွဲ့အစည်းတွေ မပါဘူး။ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး စစ်ရေး အဖြေရလဒ်ကတော့ ရမှာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ဦးအောင်ဆန်းမြင့်က စစ်ကောင်စီဥက္ကဌ၏ ဆွေးနွေးပွဲသည် အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကို နိုင်ငံရေးအရ အပြကောင်းရုံသာ ဖြစ်နေကြောင်း ထောက်ပြသည်။

အာဏာသိမ်းခေါင်းဆောင်နှင့် ယနေ့သွားတွေ့သည့် RCSS ခေါင်းဆောင်များ (ဓာတ်ပုံ – Popular News)

၎င်းက “ကုလသမဂ္ဂ (UN) အပါအဝင်အာဆီယံ ၊ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မြန်မာပြည်အတွင်း ပြန်လည် တည်ငြိမ် အေးချမ်းရေးကို ဖိအားပေး တိုက်တွန်းနေတာရှိတယ်။ သူ့အနေနဲ့ ကတော့ နိုင်ငံရေးအရ မြေပြင်မှာ ဘယ်လိုပဲ အကြမ်းဖက်တယ်လို့ ဖြစ်နေပါစေ။ နိုင်ငံရေးအရကတော့ နိုင်ငံတကာကို ပြဖို့လိုတယ်လေ။ ဆိုတော့ နိုင်ငံရေး အဖြေရလဒ်ထွက်တာမထွက်တာက နောက်ထား။ ဒီလိုအဖွဲ့အစည်းတွေနဲ့ ဒီလိုတွေ့တယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး ငြိမ်းချမ်းရေးလုပ်ဆောင်ပါတယ်။ ဒီလိုဆွေးနွေးပါတယ်ဆိုတဲ့ အသံနဲ့ ဓာတ်ပုံလေးတွေ ထွက်ဖို့လိုပါတယ်။ အဲဒါပါပဲ” ဟု ဆိုသည်။

တိုင်းရင်းသား အရေးလေ့လာသည့် သုတေသီတဦးကမူ စစ်ကောင်စီဥက္ကဌနှင့် RCSS ဥက္ကဌ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ၂ ဦး ၂ဖက် စစ်မတိုက်ဘဲ အချိန်ဆွဲကြမည့် သဘောသာ ဖြစ်ကြောင်း သုံးသပ်သည်။

၎င်းက “ယုံကြည်မှုတည်ဆောက်ဖို့ အချိန်ယူသွားမယ်ဆိုကတည်းက အချိန်ဆွဲတာပေါ့။ ဒါပါပဲ။ အနှစ်သာရကတော့ ဒါပါပဲ။ တဖွဲ့ကို စစ်မတိုက်ဘဲ အချိန်ဆွဲထားလို့ရပြီပေါ့။ RCSS ကတော့ ဝ တို့ SSPP (ရှမ်းပြည်တိုးတက်ရေးပါတီ) တို့နဲ့ တဖက်ကလည်း တိုက်နေတော့ စစ်တပ်နဲ့ မတိုက်ရရင် သူအမြတ်ထွက်တယ်လို့ ပြောရမှာပေါ့။ သူက စစ်တပ်နဲ့ လည်း တိုက်ရ ဝ တို့ SSPP တို့နဲ့လည်းတိုက်ရဆိုရင် ကြားညှပ်နေတာကိုး။ RCSS အနေနဲ့ကတော့ စစ်မတိုက်ချင်တာဆိုတော့ အဲဒီအတွက် သူအကျိုးရှိမှာပေါ့” ဟု ပြောသည်။

Your Thoughts …
Tags: RCSSဗိုလ်ချုပ်ကြီး ယွက်စစ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.8k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

by မိုးစက်ငြိမ်းချမ်း
22 July 2023
13.5k

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

by ကိုဦး
9 March 2024
12.1k

SSPP ရော RCSS ပါ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ကို လုံးဝ လက်နက်ကိုင် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ

by Anthony Davis
13 August 2024
8.2k

အခြေခံအချက်အလက် သုံးခုအရ မြန်မာနိုင်ငံမြောက်ပိုင်းမှ နောက်ဆုံး တိုက်ပွဲများသည် ပဋိပက္ခ၏ အခြေအနေကို လုံးဝ ပြောင်းလဲသွားစေသည်။

Next Post
ကလေးမြို့တောင်ပိုင်း အရှေ့စည်းရွာ မီးရှို့ခံရမှု  / CJ

ကလေးမြို့နယ်မှ ကျေးရွာများအား စစ်တပ်မီးရှို့၊ ထောင်နှင့်ချီသည့် ပြည်သူများ အိုးမဲ့ အိမ်မဲ့ဖြစ်

စစ်ရေးအရ အရေးပါတဲ့ စခန်းတွေကို KNU တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ရေးအရ အရေးပါတဲ့ စခန်းတွေကို KNU တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved