• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Obituary

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဘဝကောက်ကြောင်း

by ဧရာဝတီ
7 October 2024
in Obituary
A A
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဘဝကောက်ကြောင်း

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်

5.4k
VIEWS
Share on FacebookShare on Twitter

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုဥက္ကဋ္ဌလည်းဖြစ်သူ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (၇၃ နှစ်) သည် ယနေ့ နံနက် ၃ နာရီက မန္တလေးဆေးရုံကြီးတွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်သည်။

မကွယ်လွန်မီ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနက လူမှုရေးအရ ငဲ့ညှာထောက်ထားပြီး၊ နိုင်ငံ တော်၏ မေတ္တာစေတနာကို နားလည်ရန် ဆိုကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသည်ဆိုကာ လာရောက်ဖတ်ကြား သွားသည် ဟု သိရသည်။ သို့သော် ယင်းလွတ်ငြိမ်းထုတ်ပြန်မိန့်ကို ဒေါက်တာ ဇော်မြင့်မောင် သိရှိသွားဟန်မရကြောင်း မိသားစု ဝင်များက ဆိုကြသည်။

လက်ရှိတွင် ၎င်း၏ရုပ်အလောင်းမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီ တွင် ကျွဲဆည်ကန်နေအိမ်မှနေ တောင်အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင်၍ မီးသဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများက အသိပေးထားသည်။

ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဇာတိ ဖြစ်ပြီး ၁၉၇၉ ခုနှစ်တွင် ဆရာဝန်ဘွဲ့ကို မန္တလေး ဆေးတက္ကသိုလ်မှ ပင်ရရှိသည်။ ဇနီးမှာ ဒေါက်တာ ယုယုမေ ဖြစ်ပြီး သားသမီး ၃ ယောက်ရှိသည်။

၁၉၈၁- ၈၂ ခုနှစ်များက မန္တလေးတိုင်းနှင့် စစ်ကိုင်းရွာသစ်ကြီး တိုက်နယ်ဆေးရုံတို့တွင် တာဝန်ထမ်းခဲ့ပြီးနောက် ၁၉၈၃ မှ ၁၉၈၈ ခုနှစ်အထိ မန္တလေးတက္ကသိုလ်မှာ ဇီဝဓာတုသရုပ်ပြဆရာ လုပ်ခဲ့သလို ၁၉၈၅ခုနှစ်တွင် ဆေးပညာ မဟာသိပ္ပံ ဇီဝဓာတု ဘွဲ့လွန်သင်တန်း ပထမနှစ်အောင်မြင်သည်။

သို့သော် ၁၉၈၈ လူထုအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သဖြင့် ရန်ကုန်သို့ ပြောင်းရွှေ့ခံရသည့်အတွက် နုတ်ထွက် စာတင် ကာ အမရပူရရှိ အိုးတော်ရပ်နေအိမ်တွင် ကိုယ်ပိုင်ဆေးခန်းဖွင့်ခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းသည့်အခါ ပါဝင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ၌ မန္တလေးတိုင်း အမရပူရမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှဝင်ရောက်ယှဉ်ပြိုင်ရာ အရွေးခံခဲ့ရသည်။

သို့သော် အာဏာသိမ်းထားသည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) က အာဏာလွှဲမပေးသဖြင့် ယာယီအစိုးရဖွဲ့စည်းရန် အမရပူရမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ် ဦးဘဘွားနေအိမ်တွင် အစည်းအဝေး လုပ်ရာ ဒေါက်တာ ဇော်မြင့်မောင်က နေရာထိုင်ခင်းနှင့် ဧည့်ခံကျွေးမွေးရေး ကမကထပြုသည့်အပြင် ဦးဘိုလှတင့်၊ ဦးဝင်းကို၊ ဦးလှဖေ၊ ဦးသိန်းဦးတို့ လွတ်မြောက်နယ်မြေသို့ ထွက်ခွာမည့် အစီအစဉ်ကို ကြိုတင်သိရှိသူဖြစ်သဖြင့် ပုဒ်မ ၁၂၂(၁) ဖြင့် အရေး ယူခံရပြီး ထောင်ဒဏ် ၂၅ နှစ် ချခံရသလို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရသည်။

မြစ်ကြီးနားထောင်တွင် ၁၉ နှစ် ပြစ်ဒဏ်ကျခံခဲ့ပြီးနောက် ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီ ၂၁ ရက်တွင် လွတ်မြောက်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် နိုင်ငံတော် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ)က ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှတ်ပုံတင်ရေး မတင်ရေးနှင့် ပတ်သက်၍ ဦးဝင်းတင်၊ ဦးဉာဏ် ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်တို့ ဦးဆောင်သည့် ရွှေဂုံတိုင်ကြေညာစာတမ်း ဆက်လက် ကိုင်ဆွဲလိုသူများနှင့် ရွေး ကောက်ပွဲ ဝင်လိုသည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွှန့်၊ ဦးစိန်လှဦးတို့ကြား အယူအဆ ကွဲလွဲမှုတွင် ဦးဝင်းတင်တို့နှင့်အတူ ရပ်တည်ခဲ့သည်။

ဒေါက်တာဇော်မြင့်မောင် ဈာပနပြင်ဆင်ထားစဉ်/ CJ

ဦးခင်မောင်ဆွေနှင့် အဖွဲ့ NLD ပါတီမှ ခွဲထွက်၍ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) အဖွဲ့ တည်ထောင်ကာ ရွေး ကောက်ပွဲ ဝင်ခဲ့သလို ၂၀၂၁ အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖွဲ့စည်းသည့် စစ်ကောင်စီတွင်ပါ ထပ်မံပူးပေါင်းခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းမှ ဒေါက်တာ ဇော်မြင့်မောင်သည် ဦးသိန်းတန်အပါအဝင် တခြားသော ပါတီဝင် များနှင့်အတူ NLD ပါတီဘက်မှ ခိုင်မာစွာ ရပ်တည်ကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲတွင်မူ NLD ပါတီသဘောထားအတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

ထို့နောက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် အမရပူရမြို့နယ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ဒေါက်တာဇော်မြင့်မောင် ဈာပနပြင်ဆင်ထားစဉ်/ CJ

၎င်းဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ၂၀၁၉ ခုနှစ် ဩဂုတ်၂၃ ရက်တွင် မန္တလေးမြို့ရှိ Hotel Mandalay တွင် ပြုလုပ်သည့် မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲ၌ စတုတ္ထမဏ္ဍိုင်မရှိဟု ပြောဆိုခဲ့သည့်အတွက် ဝေဖန်မှုများ ခံခဲ့ရသေးသည်။

“အခြေခံဥပဒေမှာ မဏ္ဍိုင် ၃ ရပ်ပဲ ရှိတယ်ဗျ။ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင် ဒါပဲ။ စတုတ္ထမဏ္ဍိုင် မရှိဘူး” ဟု ပြောဆိုခဲ့သဖြင့် ရွေးကောက်ပွဲကာလအတွင်း မီဒီယာများအား ဝန်းရံရန် ၎င်းပြောကြားခဲ့သည်ကို ပြန်လည်ထောက်ပြကာ ပြောဆိုဝေဖန်ခဲ့ကြခြင်းဖြစ်သည်။

၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းသည့်အခါ အထိန်းသိမ်းခံရပြီး ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ခံ ခဲ့ရသည်။ ထို့နောက် အိုးဘိုထောင်သို့ ပို့ဆောင်ကာ အဂတိလိုက်စားမှု၊ သဘာဝဘေးပုဒ်မ၊ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၃၀ စသည့် ပုဒ်မ အမျိုးမျိုးဖြင့် တရားစွဲကာ စုစုပေါင်း ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံထားရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များအနက် ရှေ့နေကြီး ဦးဉာဏ်ဝင်း၊ စာရေးဆရာ မုံရွာအောင်ရှင် နောက် ယခုအခါ ဒေါက်တာဇော်မြင့်မောင် ထပ်မံကွယ်လွန်ခြင်း ဖြစ်သည်။

၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမမျိုးဆက်ခေါင်းဆောင်များဖြစ် သည့် စာရေးဆရာ မောင်သော်က၊ ခရမ်း ဦးစိန်ဝင်း၊ ဦးတင်မောင်ဝင်း၊ ရှေ့နေ ဦးတင်ရွှေတို့ ထောင်တွင်း ဆေးကုသမှု ကောင်းစွာ ခံယူခွင့်မရ၍ ကွယ်လွန်ခဲ့ရသည်။

You may also like these stories:

ဒေါက်တာဇော်မြင့်မောင် အဂတိမှုများဖြင့် ထောင် ၂၁ နှစ် ထပ်မံချခံရ

NLD ခေါင်းဆောင် ဒေါက်တာ ဇော်မြင့်မောင် မန္တလေးဆေးရုံတက်ရ

စစ်ကောင်စီ ဖမ်းဆီး စွပ်စွဲ ထောင်ချထားသည့် NLD အစိုးရ အဖွဲ့ဝင်များ

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
61
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
18
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
46

ဒေါက်တာ ဇော်မြင့်မောင် မျက်စိခွဲစိတ်မည်ဖြစ်၍ ရုံးချိန်းများ ရွှေ့ဆိုင်း

အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အောက်ခြေ လွတ်သွားပြီဟု အာဏာရ ပါတီ ပြော

“စတုတ္ထမဏ္ဍိုင် မရှိဘူး” ဟု မန်းဝန်ကြီးချုပ် သတင်းသမားများကို စိန်ခေါ်

Your Thoughts …
Tags: NLDဒေါက်တာဇော်မြင့်မောင်မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
မတ္တရာကို အင်အားသုံး စစ်ကြောင်းထိုးနေ၍ PDF စခန်းအချို့ ယာယီဆုတ်ခွာ

မတ္တရာကို အင်အားသုံး စစ်ကြောင်းထိုးနေ၍ PDF စခန်းအချို့ ယာယီဆုတ်ခွာ

သန်းခေါင်စာရင်းကောက်သူတွေကို PDF က ဖမ်းဆီးစစ်ဆေး (ရုပ်/သံ)

သန်းခေါင်စာရင်းကောက်သူတွေကို PDF က ဖမ်းဆီးစစ်ဆေး (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved